အျပာကား စြဲလမ္းမႈကို ဘယ္လိုကုစားမလဲ
(Zawgyi)
ေယာကၤ်ားေလးေတြ အမ်ားစုက အျပာကားၾကည့္ရတာကို စိတ္၀င္စားတတ္ၾကပါတယ္။ ဒါေပမယ့္ သာမန္ထက္ပိုၿပီး ၾကည့္ေနမယ္၊ မၾကည့္ရမေနႏိုင္ေအာင္ ျဖစ္လာမယ္ဆိုရင္ေတာ့ အျပာကားေတြကို စြဲလမ္းေနတာပဲျဖစ္ပါတယ္။ ဒီလိုအျပာကား စြဲလမ္းမႈကို ဘယ္လိုကုစားၾကမလဲ…..???
၁။ တကယ္လိင္ဆက္ဆံမႈ လုပ္ေဆာင္ပါ။
အျပာကားစြဲလမ္းမႈကို ေဖ်ာက္ဖ်က္ႏိုင္ဖို႔ အေကာင္းဆံုးနည္းလမ္းတစ္ခုကေတာ့ တကယ့္ လက္ေတြ႕ဘ၀မွာ လိင္ဆက္ဆံမႈ လုပ္ေဆာင္ဖို႔ပဲျဖစ္ပါတယ္။ ပံုမွန္လုပ္ေဆာင္ေပးႏိုင္ရင္ ပိုေကာင္းပါတယ္။ ဒါမွသာ သင့္စိတ္ထဲက လႈံ႕ေဆာ္မႈေတြကို လက္ေတြ႕ကမာၻမွာ ပံုေဖာ္လို႔ရႏိုင္မွာျဖစ္ၿပီး အျမင္နဲ႔သာယာမႈကေန ႐ုန္းထြက္ႏိုင္မွာ ျဖစ္ပါတယ္။
၂။ တစ္ကိုယ္ရည္ အာသာေျဖပါ။
တကယ့္လိင္ဆက္ဆံမႈကို လုပ္ေဆာင္ဖို႔ အခြင့္အေရးမရဘူးဆိုရင္ ေနာက္ထပ္လုပ္ေဆာင္သင့္တဲ့ နည္းလမ္းတစ္ခုကေတာ့ အာသာေျဖတာပဲျဖစ္ပါတယ္။ ဒါကေတာ့ သိပ္ေျပာစရာလိုမယ္မထင္ပါဘူး။ အျပာကားၾကည့္ၿပီဆိုကတည္းက မ်က္လံုးနဲ႔ လက္နဲ႔တၿပိဳင္နက္လႈပ္ရွားၾကသူေတြ မ်ားပါတယ္။ ဘာပဲျဖစ္ျဖစ္ အာသာေျဖျခင္းက လိင္စိတ္ႏိုးၾကားမႈကို ေလ်ာ့ပါးသြားေစပါတယ္။
၃။ တကယ့္မိန္းကေလးေတြနဲ႔ စကားေျပာပါ။
အျပာကားစြဲေနသူေတြဟာ လူမႈေရးကို လစ္လ်ဴ႐ႈထားတတ္ၿပီး တစ္ေယာက္တည္းေနတတ္ၾကပါတယ္။ ဒီလို ျပင္ပေလာကနဲ႔ ထိေတြ႕မႈနည္းတာက လူမႈဆက္ဆံေရး စြမ္းရည္ကို က်ဆင္းေစၿပီး အခ်င္းခ်င္းအျပန္အလွန္ ဆက္သြယ္မႈလည္း အားနည္းသြားေစပါတယ္။ အျပာကားစြဲေနတာကို ကုစားခ်င္ရင္ေတာ့ ျပင္ပေလာကက တကယ့္မိန္းကေလးေတြနဲ႔ အေပါင္းအသင္းလုပ္၊ စကားေျပာဆို ဆက္သြယ္ပါ။ အျပာဇာတ္လမ္းေတြမွာ ပံုေဖာ္ထားတဲ့ အမ်ိဳးသမီးေတြရဲ႕ ပံုစံနဲ႔ အက်င့္စရိုက္ေတြက တကယ္လက္ေတြ႕နဲ႔တျခားစီပါ။ ဒါေပမယ့္ အျပာကားစြဲေနသူေတြက အတူတူပဲလို႔ ထင္ေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ တကယ့္မိန္းကေလးေတြနဲ႔ ေျပာဆိုဆက္သြယ္ၾကည့္တဲ့အခါမွ ဒီထင္ျမင္ခ်က္က မွားေနတယ္ဆိုတာ သေဘာေပါက္လာမွာပါ။
၄။ မိဘေတြနဲ႔ ေနပါ။
တစ္ေယာက္တည္းေနတာက ကိုယ္လုပ္ခ်င္တာ လုပ္ဖို႔ ပိုအားေပးရာေရာက္ပါတယ္။ တစ္ေယာက္တည္းေနခ်ိန္ေတြမွာ အ၀တ္အစား မ၀တ္ပဲေနတာ၊ အရွက္ကို ထိန္းေနစရာမလိုတာ၊ အျပာကားေတြကို စိတ္ႀကိဳက္ၾကည့္ေနႏိုင္တာ စသျဖင့္ ဒီကိစၥဆီကို ေရာက္သြားႏိုင္ေခ် မ်ားပါတယ္။ ဒါ့ေၾကာင့္ မိဘေတြ၊ ေဆြမ်ိဳးသားခ်င္းေတြနားမွာ ေနတာ၊ စကားေျပာေနတာ၊ အလုပ္ေတြ ၀ိုင္းလုပ္ေပးတာေတြက တစ္ေယာက္တည္းလုပ္ခ်င္တာမလုပ္ရေအာင္ ကူညီေပးႏိုင္ပါတယ္။
၅။ ၀ါသနာအသစ္တစ္ခု ရွာေဖြလုပ္ေဆာင္ပါ။
သင့္အတြက္ စိတ္၀င္စားစရာ၊ လုပ္ခ်င္စရာ တစ္ခုခုမရွိတာကလည္း အျပာကားေတြ ၾကည့္ျဖစ္ေစဖို႔ အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္၀င္စားစရာေကာင္းတဲ့ ၀ါသနာတစ္ခုခုကို ရွာေဖြ လုပ္ေဆာင္ပါ။ တူရိယာပစၥည္းတစ္ခုခု တီးတတ္ေအာင္ သင္ၾကားတာ၊ ဘာသာစကားသင္တန္းတစ္ခုခု တက္တာ၊ အားကစားတစ္ခုခုလုပ္တာ၊ စာဖတ္တာ၊ စာေရးတာ စသျဖင့္ တစ္ခုခုကို လုပ္ေဆာင္ၾကည့္ပါ။ သင့္ရဲ႕ ၀ါသနာသစ္က အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ယူသြားတဲ့အတြက္ အျပာကားၾကည့္ျဖစ္တဲ့ အခ်ိန္ေတြ နည္းသြားမွာ ျဖစ္ပါတယ္။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++++++++++++++++++++++++
အပြာကား စွဲလမ်းမှုကို ဘယ်လိုကုစားမလဲ
(Unicode)
ယောင်္ကျားလေးတွေ အများစုက အပြာကားကြည့်ရတာကို စိတ်ဝင်စားတတ်ကြပါတယ်။ ဒါပေမယ့် သာမန်ထက်ပိုပြီး ကြည့်နေမယ်၊ မကြည့်ရမနေနိုင်အောင် ဖြစ်လာမယ်ဆိုရင်တော့ အပြာကားတွေကို စွဲလမ်းနေတာပဲဖြစ်ပါတယ်။ ဒီလိုအပြာကား စွဲလမ်းမှုကို ဘယ်လိုကုစားကြမလဲ…..???
၁။ တကယ်လိင်ဆက်ဆံမှု လုပ်ဆောင်ပါ။
အပြာကားစွဲလမ်းမှုကို ဖျောက်ဖျက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ တကယ့် လက်တွေ့ဘဝမှာ လိင်ဆက်ဆံမှု လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ပုံမှန်လုပ်ဆောင်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒါမှသာ သင့်စိတ်ထဲက လှုံ့ဆော်မှုတွေကို လက်တွေ့ကမ္ဘာမှာ ပုံဖော်လို့ရနိုင်မှာဖြစ်ပြီး အမြင်နဲ့သာယာမှုကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။
၂။ တစ်ကိုယ်ရည် အာသာဖြေပါ။
တကယ့်လိင်ဆက်ဆံမှုကို လုပ်ဆောင်ဖို့ အခွင့်အရေးမရဘူးဆိုရင် နောက်ထပ်လုပ်ဆောင်သင့်တဲ့ နည်းလမ်းတစ်ခုကတော့ အာသာဖြေတာပဲဖြစ်ပါတယ်။ ဒါကတော့ သိပ်ပြောစရာလိုမယ်မထင်ပါဘူး။ အပြာကားကြည့်ပြီဆိုကတည်းက မျက်လုံးနဲ့ လက်နဲ့တပြိုင်နက်လှုပ်ရှားကြသူတွေ များပါတယ်။ ဘာပဲဖြစ်ဖြစ် အာသာဖြေခြင်းက လိင်စိတ်နိုးကြားမှုကို လျော့ပါးသွားစေပါတယ်။
၃။ တကယ့်မိန်းကလေးတွေနဲ့ စကားပြောပါ။
အပြာကားစွဲနေသူတွေဟာ လူမှုရေးကို လစ်လျူရှုထားတတ်ပြီး တစ်ယောက်တည်းနေတတ်ကြပါတယ်။ ဒီလို ပြင်ပလောကနဲ့ ထိတွေ့မှုနည်းတာက လူမှုဆက်ဆံရေး စွမ်းရည်ကို ကျဆင်းစေပြီး အချင်းချင်းအပြန်အလှန် ဆက်သွယ်မှုလည်း အားနည်းသွားစေပါတယ်။ အပြာကားစွဲနေတာကို ကုစားချင်ရင်တော့ ပြင်ပလောကက တကယ့်မိန်းကလေးတွေနဲ့ အပေါင်းအသင်းလုပ်၊ စကားပြောဆို ဆက်သွယ်ပါ။ အပြာဇာတ်လမ်းတွေမှာ ပုံဖော်ထားတဲ့ အမျိုးသမီးတွေရဲ့ ပုံစံနဲ့ အကျင့်စရိုက်တွေက တကယ်လက်တွေ့နဲ့တခြားစီပါ။ ဒါပေမယ့် အပြာကားစွဲနေသူတွေက အတူတူပဲလို့ ထင်နေတတ်ကြပါတယ်။ ဒါ့ကြောင့် တကယ့်မိန်းကလေးတွေနဲ့ ပြောဆိုဆက်သွယ်ကြည့်တဲ့အခါမှ ဒီထင်မြင်ချက်က မှားနေတယ်ဆိုတာ သဘောပေါက်လာမှာပါ။
၄။ မိဘတွေနဲ့ နေပါ။
တစ်ယောက်တည်းနေတာက ကိုယ်လုပ်ချင်တာ လုပ်ဖို့ ပိုအားပေးရာရောက်ပါတယ်။ တစ်ယောက်တည်းနေချိန်တွေမှာ အဝတ်အစား မဝတ်ပဲနေတာ၊ အရှက်ကို ထိန်းနေစရာမလိုတာ၊ အပြာကားတွေကို စိတ်ကြိုက်ကြည့်နေနိုင်တာ စသဖြင့် ဒီကိစ္စဆီကို ရောက်သွားနိုင်ချေ များပါတယ်။ ဒါ့ကြောင့် မိဘတွေ၊ ဆွေမျိုးသားချင်းတွေနားမှာ နေတာ၊ စကားပြောနေတာ၊ အလုပ်တွေ ၀ိုင်းလုပ်ပေးတာတွေက တစ်ယောက်တည်းလုပ်ချင်တာမလုပ်ရအောင် ကူညီပေးနိုင်ပါတယ်။
၅။ ၀ါသနာအသစ်တစ်ခု ရှာဖွေလုပ်ဆောင်ပါ။
သင့်အတွက် စိတ်ဝင်စားစရာ၊ လုပ်ချင်စရာ တစ်ခုခုမရှိတာကလည်း အပြာကားတွေ ကြည့်ဖြစ်စေဖို့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ ၀ါသနာတစ်ခုခုကို ရှာဖွေ လုပ်ဆောင်ပါ။ တူရိယာပစ္စည်းတစ်ခုခု တီးတတ်အောင် သင်ကြားတာ၊ ဘာသာစကားသင်တန်းတစ်ခုခု တက်တာ၊ အားကစားတစ်ခုခုလုပ်တာ၊ စာဖတ်တာ၊ စာရေးတာ စသဖြင့် တစ်ခုခုကို လုပ်ဆောင်ကြည့်ပါ။ သင့်ရဲ့ ၀ါသနာသစ်က အချိန်တော်တော်များများကို ယူသွားတဲ့အတွက် အပြာကားကြည့်ဖြစ်တဲ့ အချိန်တွေ နည်းသွားမှာ ဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine