အလုပ္မွာ စိတ္မပါတဲ့အခါ ဒီနည္းလမ္းေတြနဲ႔ အားျပန္ျဖည့္လိုက္ပါ

အလုပ္မွာ စိတ္မပါတဲ့အခါ ဒီနည္းလမ္းေတြနဲ႔ အားျပန္ျဖည့္လိုက္ပါ

(Zawgyi)

အလုပ္ထဲမွာ စိတ္အားထက္သန္မႈအျပည့္နဲ႔ စိတ္ေရာကိုယ္ပါႏွစ္ၿပီး လုပ္ၾကတဲ့ ေန႔ေတြရွိသလို၊ တစ္ခါတစ္ေလမွာ လံုး၀အလုပ္လုပ္ခ်င္စိတ္မရွိတဲ့ ေန႔ရက္ေတြလည္း ရွိမွာပါ။ မ်ားေသာအားျဖင့္ မြန္းလြဲ(၃)နာရီေလာက္ဆိုရင္ အပ်င္းေရာဂါထလာတတ္ၾကပါတယ္။ ဒီအခ်ိန္မ်ိဳးမွာ ႐ိုးရွင္းလြယ္ကူတဲ့ အလုပ္ေလးေတြကိုေတာင္မွ လုပ္ခ်င္စိတ္မရွိေလာက္ေအာင္ ခက္ခဲေနတတ္ၿပီး အိမ္ျပန္ခ်င္စိတ္ပဲ ရွိေနတတ္ပါတယ္။ ဒီလိုမ်ိဳး အလုပ္ကို စိတ္မပါေတာ့ဘူးဆိုရင္ ေအာက္ေဖာ္ျပပါ နည္းလမ္း(၈)ခုနဲ႔ အားျပန္ျဖည့္လိုက္ပါ။

၁။ သီခ်င္းနားေထာင္ပါ
သီခ်င္းနားေထာင္ျခင္းက ႐ုံးခန္းထဲက ပ်င္းရိၿငီးေငြ႕မႈကို ေက်ာ္ျဖတ္ဖို႔ နည္းလမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။ သင္အႀကိဳက္ဆံုး သီခ်င္းေတြကို ဖြင့္ၿပီး ပ်င္းရိၿငီးေငြ႕မႈကို ရွင္းထုတ္လိုက္ပါ။

၂။ ရယ္ေမာေပ်ာ္ရႊင္ရမယ့္ ဗီဒီယိုေတြ ၾကည့္ပါ
တစ္ခါတစ္ေလမွာ ရယ္ေမာေပ်ာ္ရႊင္မႈကလည္း ပ်င္းရိမႈကို ရွင္းႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဟာသေျပာတဲ့ ဗီဒီယိုေတြ၊ ဒါမွမဟုတ္ အြန္လိုင္းေပၚက Funny Video ေတြ ဘာပဲျဖစ္ျဖစ္ ရယ္ေမာရမယ့္အရာေတြကို ၾကည့္လိုက္ပါ။

၃။ သူငယ္ခ်င္းေတြနဲ႔ စကားေျပာပါ
သင့္ ခ်စ္သူ ဒါမွမဟုတ္ မိတ္ေဆြအေပါင္းအသင္းေတြဆီကို ဖုန္းဆက္တာ၊ စာပို႔တာ Chatting လုပ္တာေတြ လုပ္ၾကည့္ပါ။ ဒါဆိုရင္ သူတို႔နဲ႔လည္း ဆက္သြယ္မိေနမွာျဖစ္သလို အပ်င္းေျပေစမယ့္ အေၾကာင္းေတြ ေျပာျဖစ္ႏိုင္ပါတယ္။ ဒီေလာက္နဲ႔မရေလာက္ေအာင္ အရမ္းပ်င္းေနတယ္ဆိုရင္ေတာ့ သင့္သူငယ္ခ်င္းေတြနဲ႔ Group Chat တစ္ခုဖြင့္ၿပီး တကယ္မသြားမယ့္ ခရီးစဥ္တစ္ခုကို သြားဖို႔တိုင္ပင္ၾကည့္ပါ။ တကယ္ေပ်ာ္စရာေကာင္းပါလိမ့္မယ္။

၄။ ခဏနားၿပီး လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အျပင္ထြက္ပါ
ဘာပဲျဖစ္ျဖစ္ သင့္အလုပ္စားပြဲမွာ သံုးနာရီထက္ပိုၿပီး ေတာက္ေလွ်ာက္မထိုင္ႏိုင္ပါဘူး။ ဒီထက္လည္း ပိုၿပီး ၾကာၾကာထိုင္မေနသင့္ပါဘူး။ အလုပ္စားပြဲကေနထၿပီး ဟိုနားဒီနားလမ္းေလွ်ာက္ပါ။ လုပ္ေဖာ္ကိုင္ဖက္ေတြကို အေဖာ္ညွိၿပီး လက္ဖက္ရည္ေလးဘာေလး သြားေသာက္ပါ။

၅။ လုပ္စရာ စာရင္းကို စစ္ေဆးပါ
အလုပ္လုပ္ေနရင္း ပ်င္းလာၿပီဆိုရင္ တစ္ေန႔တာအတြက္ သင္လုပ္ရမယ့္ အလုပ္စာရင္းကို စစ္ေဆးၿပီး အခုခ်ိန္ထိ ဘာေတြလုပ္ၿပီးသြားၿပီ၊ ဘာေတြလုပ္ဖို႔က်န္ေနေသးလဲဆိုတာ ၾကည့္လိုက္ပါ။ လုပ္ၿပီးတာေတြကို ျခစ္ထားလိုက္ပါ။ ဒါဆိုရင္ ဘာေတြလုပ္ဖို႔ က်န္ေနေသးလဲဆိုတာ သိလာႏိုင္သလို အလုပ္ဆက္လုပ္ဖို႔ စိတ္အားတက္ၾကြမႈလည္း ရရွိလာႏိုင္ပါတယ္။

၆။ မနက္ျဖန္မွာ လုပ္စရာေတြ၊ လုပ္ခ်င္တာေတြကို ခ်ေရးပါ
အလုပ္မလုပ္ခ်င္ပါဘူးဆိုမွ အလုပ္ေတြလုပ္ခိုင္းေနတာလားလို႔ မထင္လိုက္ပါနဲ႔။ တကယ္ဆိုရင္ လက္ရွိလုပ္ေနတဲ့ အလုပ္ကိုပဲ လုပ္ခ်င္စိတ္မရွိေလာက္ေအာင္ ပ်င္းလာတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေနာက္က်မွ လုပ္မယ့္အရာေတြဆီကို အာ႐ုံေျပာင္းေပးတဲ့ သေဘာျဖစ္ပါတယ္။ ဒါဆိုရင္ ပိုေကာင္းတဲ့ အိုင္ဒီယာေတြ ရလာႏိုင္သလို အလုပ္ျပန္လုပ္ရင္လည္း ဆန္းသစ္တဲ့အျမင္ေတြ ရလာႏိုင္ပါတယ္။

၇။ စိတ္၀င္စားစရာ အေၾကာင္းအရာေတြ ဖတ္႐ႈပါ
အလုပ္ေတြ အားလံုးကိုပစ္ခ်ထားခဲ့ၿပီး ၀တၳဳရွည္ႀကီးေတြ၊ စိတ္၀င္စားစရာ ၀တၳဳေတြ သြားဖတ္ဖို႔ ေျပာေနတာမဟုတ္ပါဘူး။ တစ္ခါတစ္ေလ အလုပ္မွာ အခ်ိန္အၾကာႀကီး အာ႐ုံစိုက္ႏိုင္ဖို႔ ခက္ခဲပါတယ္။ ဒါ့ေၾကာင့္ ခဏေလာက္ အလုပ္ကိုရပ္နားၿပီး စိတ္၀င္စားစရာေကာင္းတဲ့ အေၾကာင္းအရာေလးေတြကို ဖတ္ရမွာ ျဖစ္ပါတယ္။ ဒါဆိုရင္ အာ႐ုံစူးစိုက္မႈေျပာင္းသြားၿပီး လုပ္ခ်င္တဲ့အလုပ္အတြက္လည္း စိတ္ကူးသစ္ေတြ ရလာႏိုင္ပါတယ္။

[sg_popup id=6]

၈။ ဖုန္းနဲ႔ ဂိမ္းကစားပါ
ဒါက သိပ္ေတာ့မေကာင္းပါဘူး။ ဒါေပမယ့္ သင့္ကိုယ္သင္ အားျပန္ျဖည့္ခ်င္ရင္ေတာ့ အလုပ္ျဖစ္ပါတယ္။ အာ႐ုံေျပာင္းေစႏိုင္မယ့္ ဂိမ္းတစ္ခုခုကို ကစားလိုက္ပါ။ ဒါေပမယ့္ ခဏတာ စိတ္အပန္းေျဖဖို႔ထက္ပိုၿပီး မကစားမိပါေစနဲ႔။ အလုပ္အေပၚစိတ္၀င္စားမႈ ေပ်ာက္ဆံုးသြားႏိုင္တဲ့အျပင္ အလုပ္ထုတ္ခံရတဲ့အထိ ျဖစ္ႏိုင္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++

အလုပ်မှာ စိတ်မပါတဲ့အခါ ဒီနည်းလမ်းတွေနဲ့ အားပြန်ဖြည့်လိုက်ပါ

(Unicode)

အလုပ်ထဲမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကြတဲ့ နေ့တွေရှိသလို၊ တစ်ခါတစ်လေမှာ လုံးဝအလုပ်လုပ်ချင်စိတ်မရှိတဲ့ နေ့ရက်တွေလည်း ရှိမှာပါ။ များသောအားဖြင့် မွန်းလွဲ(၃)နာရီလောက်ဆိုရင် အပျင်းရောဂါထလာတတ်ကြပါတယ်။ ဒီအချိန်မျိုးမှာ ရိုးရှင်းလွယ်ကူတဲ့ အလုပ်လေးတွေကိုတောင်မှ လုပ်ချင်စိတ်မရှိလောက်အောင် ခက်ခဲနေတတ်ပြီး အိမ်ပြန်ချင်စိတ်ပဲ ရှိနေတတ်ပါတယ်။ ဒီလိုမျိုး အလုပ်ကို စိတ်မပါတော့ဘူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်း(၈)ခုနဲ့ အားပြန်ဖြည့်လိုက်ပါ။

၁။ သီချင်းနားထောင်ပါ
သီချင်းနားထောင်ခြင်းက ရုံးခန်းထဲက ပျင်းရိငြီးငွေ့မှုကို ကျော်ဖြတ်ဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ သင်အကြိုက်ဆုံး သီချင်းတွေကို ဖွင့်ပြီး ပျင်းရိငြီးငွေ့မှုကို ရှင်းထုတ်လိုက်ပါ။

၂။ ရယ်မောပျော်ရွှင်ရမယ့် ဗီဒီယိုတွေ ကြည့်ပါ
တစ်ခါတစ်လေမှာ ရယ်မောပျော်ရွှင်မှုကလည်း ပျင်းရိမှုကို ရှင်းနိုင်ပါတယ်။ ဒါ့ကြောင့် ဟာသပြောတဲ့ ဗီဒီယိုတွေ၊ ဒါမှမဟုတ် အွန်လိုင်းပေါ်က Funny Video တွေ ဘာပဲဖြစ်ဖြစ် ရယ်မောရမယ့်အရာတွေကို ကြည့်လိုက်ပါ။

၃။ သူငယ်ချင်းတွေနဲ့ စကားပြောပါ
သင့် ချစ်သူ ဒါမှမဟုတ် မိတ်ဆွေအပေါင်းအသင်းတွေဆီကို ဖုန်းဆက်တာ၊ စာပို့တာ Chatting လုပ်တာတွေ လုပ်ကြည့်ပါ။ ဒါဆိုရင် သူတို့နဲ့လည်း ဆက်သွယ်မိနေမှာဖြစ်သလို အပျင်းပြေစေမယ့် အကြောင်းတွေ ပြောဖြစ်နိုင်ပါတယ်။ ဒီလောက်နဲ့မရလောက်အောင် အရမ်းပျင်းနေတယ်ဆိုရင်တော့ သင့်သူငယ်ချင်းတွေနဲ့ Group Chat တစ်ခုဖွင့်ပြီး တကယ်မသွားမယ့် ခရီးစဉ်တစ်ခုကို သွားဖို့တိုင်ပင်ကြည့်ပါ။ တကယ်ပျော်စရာကောင်းပါလိမ့်မယ်။

၄။ ခဏနားပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြင်ထွက်ပါ
ဘာပဲဖြစ်ဖြစ် သင့်အလုပ်စားပွဲမှာ သုံးနာရီထက်ပိုပြီး တောက်လျှောက်မထိုင်နိုင်ပါဘူး။ ဒီထက်လည်း ပိုပြီး ကြာကြာထိုင်မနေသင့်ပါဘူး။ အလုပ်စားပွဲကနေထပြီး ဟိုနားဒီနားလမ်းလျှောက်ပါ။ လုပ်ဖော်ကိုင်ဖက်တွေကို အဖော်ညှိပြီး လက်ဖက်ရည်လေးဘာလေး သွားသောက်ပါ။

၅။ လုပ်စရာ စာရင်းကို စစ်ဆေးပါ
အလုပ်လုပ်နေရင်း ပျင်းလာပြီဆိုရင် တစ်နေ့တာအတွက် သင်လုပ်ရမယ့် အလုပ်စာရင်းကို စစ်ဆေးပြီး အခုချိန်ထိ ဘာတွေလုပ်ပြီးသွားပြီ၊ ဘာတွေလုပ်ဖို့ကျန်နေသေးလဲဆိုတာ ကြည့်လိုက်ပါ။ လုပ်ပြီးတာတွေကို ခြစ်ထားလိုက်ပါ။ ဒါဆိုရင် ဘာတွေလုပ်ဖို့ ကျန်နေသေးလဲဆိုတာ သိလာနိုင်သလို အလုပ်ဆက်လုပ်ဖို့ စိတ်အားတက်ကြွမှုလည်း ရရှိလာနိုင်ပါတယ်။

၆။ မနက်ဖြန်မှာ လုပ်စရာတွေ၊ လုပ်ချင်တာတွေကို ချရေးပါ
အလုပ်မလုပ်ချင်ပါဘူးဆိုမှ အလုပ်တွေလုပ်ခိုင်းနေတာလားလို့ မထင်လိုက်ပါနဲ့။ တကယ်ဆိုရင် လက်ရှိလုပ်နေတဲ့ အလုပ်ကိုပဲ လုပ်ချင်စိတ်မရှိလောက်အောင် ပျင်းလာတာဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ကျမှ လုပ်မယ့်အရာတွေဆီကို အာရုံပြောင်းပေးတဲ့ သဘောဖြစ်ပါတယ်။ ဒါဆိုရင် ပိုကောင်းတဲ့ အိုင်ဒီယာတွေ ရလာနိုင်သလို အလုပ်ပြန်လုပ်ရင်လည်း ဆန်းသစ်တဲ့အမြင်တွေ ရလာနိုင်ပါတယ်။

၇။ စိတ်ဝင်စားစရာ အကြောင်းအရာတွေ ဖတ်ရှုပါ
အလုပ်တွေ အားလုံးကိုပစ်ချထားခဲ့ပြီး ၀တ္ထုရှည်ကြီးတွေ၊ စိတ်ဝင်စားစရာ ၀တ္ထုတွေ သွားဖတ်ဖို့ ပြောနေတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ အလုပ်မှာ အချိန်အကြာကြီး အာရုံစိုက်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် ခဏလောက် အလုပ်ကိုရပ်နားပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖတ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အာရုံစူးစိုက်မှုပြောင်းသွားပြီး လုပ်ချင်တဲ့အလုပ်အတွက်လည်း စိတ်ကူးသစ်တွေ ရလာနိုင်ပါတယ်။

၈။ ဖုန်းနဲ့ ဂိမ်းကစားပါ
ဒါက သိပ်တော့မကောင်းပါဘူး။ ဒါပေမယ့် သင့်ကိုယ်သင် အားပြန်ဖြည့်ချင်ရင်တော့ အလုပ်ဖြစ်ပါတယ်။ အာရုံပြောင်းစေနိုင်မယ့် ဂိမ်းတစ်ခုခုကို ကစားလိုက်ပါ။ ဒါပေမယ့် ခဏတာ စိတ်အပန်းဖြေဖို့ထက်ပိုပြီး မကစားမိပါစေနဲ့။ အလုပ်အပေါ်စိတ်ဝင်စားမှု ပျောက်ဆုံးသွားနိုင်တဲ့အပြင် အလုပ်ထုတ်ခံရတဲ့အထိ ဖြစ်နိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%