အရင္းအႏွီးနည္းနည္းနဲ႔ ေအာင္ျမင္တဲ့လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ဖို႔ နည္းလမ္း(၄)ခု

အရင္းအႏွီးနည္းနည္းနဲ႔ ေအာင္ျမင္တဲ့လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ဖို႔ နည္းလမ္း(၄)ခု

(Zawgyi)

လုပ္ငန္းရွင္ တစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈရရွိဖို႔အတြက္ အခက္ခဲဆံုးအပိုင္းကေတာ့ ပထမဆံုးေျခလွမ္းကို စတင္ႏိုင္ဖို႔ပဲျဖစ္ပါတယ္။ လုပ္ငန္းရွင္တစ္ေယာက္ရဲ႕ လမ္းခရီးမွာ စိန္ေခၚမႈေတြအမ်ားႀကီးရွိေနေပမယ့္ ေငြရင္းအနည္းငယ္နဲ႔ သန္းၾကြယ္သူေဌးျဖစ္လာႏိုင္တဲ့ နည္းလမ္းတစ္ခ်ိဳ႕ရွိေနပါတယ္။

၁။ အရင္ဆံုး ေလ့လာသင္ယူဖို႔ အာ႐ုံစိုက္ပါ။ အက်ိဳးအျမတ္ရဖို႔ ဦးစားမေပးပါနဲ႔။
ေလ့လာသင္ယူမႈဟာ အေကာင္းဆံုးလက္နက္ျဖစ္ပါတယ္။ အစပိုင္းမွာ ေလ့လာသင္ယူႏိုင္ဖုိ႔ အာ႐ုံစိုက္ရမွာ ျဖစ္ပါတယ္။ အစပိုင္းမွာ အက်ိဳးအျမတ္ ႀကီးႀကီးမားမားရဖို႔အတြက္ ဦးစားေပးတာက အမွားတစ္ခုပဲ ျဖစ္ပါတယ္။ တတ္ႏိုင္သမွ် အရာအားလံုးကို ေလ့လာသင္ယူပါ။ ဒါမွသာ ေရရွည္အက်ိဳးအျမတ္အတြက္ အေျခခံေကာင္းေတြကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။
ပညာေရႊအိုး လူမခိုးဆိုတဲ့ စကားလိုပါပဲ။ လက္ရွိေအာင္ျမင္ေနတဲ့ လုပ္ငန္းရွင္သန္းၾကြယ္သူေဌးေတြဟာလည္း မြဲသြားႏိုင္ပါတယ္။ သူတို႔ေတြအတြက္ ဆင္းရဲမြဲေတမႈက ခဏပါပဲ။ သူတို႔ရဲ႕ ေငြေၾကးဥစၥာေတြကို ဆံုး႐ႈံးသြားရေပမယ့္ ဘယ္လိုျပန္လည္ရယူႏိုင္မလဲဆိုတာကို သိေနၾကတဲ့အတြက္ ျပန္ရွာႏိုင္ၾကတာေၾကာင့္ ျဖစ္ပါတယ္။

[sg_popup id=6]

၂။ အြန္လိုင္းမွာ ဘယ္အရာမဆို သင္ယူႏိုင္ပါတယ္။
အင္တာနက္ကို တီထြင္ဖန္တီးခဲ့တဲ့အတြက္ ေက်းဇူးတင္ရမွာ ျဖစ္ပါတယ္။ အင္တာနက္ဟာ ကမာၻမွာ အႀကီးဆံုး စာၾကည့္တိုက္ႀကီးပဲ ျဖစ္ပါတယ္။ အခုေခတ္မွာ အရင္တုန္းက အလြယ္တကူေလ့လာလို႔ မရႏိုင္တဲ့ ပညာရပ္ေတြ၊ အေၾကာင္းအရာေတြ အားလံုးက လက္တကမ္းမွာပဲ ရွိေနပါတယ္။ အင္တာနက္ အြန္လိုင္းကို အက်ိဳးရွိရွိအသံုးခ်ပါ။ စာအုပ္ေတြဖတ္ပါ။ ေဆာင္းပါးေတြ ရွာေဖြပါ။ ဗီဒီယိုသင္ခန္းစာေတြကေန သင္ယူပါ။ အြန္လိုင္းကေန တစ္ခုခုသင္ယူႏိုင္ဖို႔အတြက္ တစ္ေန႔တာမွာ အခ်ိန္တစ္ခု သတ္မွတ္ထားပါ။ ပံုမွန္ေလ့လာတတ္တဲ့ အေလ့အက်င့္ရသြားၿပီဆိုရင္ တစ္ေန႔တစ္ျခား အသိပညာ၊ အတတ္ပညာေတြ တိုးတက္လာမွာ ျဖစ္ပါတယ္။

၃။ စိတ္ပါ၀င္စားသည့္ အလုပ္ကို အာ႐ုံစိုက္လုပ္ေဆာင္ပါ။
အခုေခတ္မွာ ဘာမဆိုေလ့လာသင္ယူႏိုင္ေနၿပီျဖစ္ေပမယ့္ သင္ကိုယ္တိုင္ စိတ္ပါ၀င္စားၿပီး စိတ္အားထက္သန္တဲ့ အလုပ္တစ္ခုကိုပဲ ဦးတည္ခ်က္ထားရမွာ ျဖစ္ပါတယ္။ ေစ်းကြက္ထဲမွာ ဘယ္သူမွ မျမင္ေသးတဲ့ လုပ္ကြက္ေတြ ရွိေနပါတယ္။ ဒီလို လုပ္ကြက္ေတြထဲက သင္စိတ္တိုင္းက်တစ္ခုကို ေရြးခ်ယ္လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

၄။ အခမဲ့၀န္ေဆာင္မႈေတြနဲ႔ ကၽြမ္းက်င္မႈကို သက္ေသျပပါ။
သင္ဖက္က ေပးႏိုင္သမွ် အခမဲ့၀န္ေဆာင္မႈေတြနဲ႔ သင့္အလုပ္ကို ဘယ္ေလာက္ထိကၽြမ္းက်င္လဲဆိုတာကို ျပသရမွာ ျဖစ္ပါတယ္။ လူမႈကြန္ယက္ေတြေပၚမွာပဲျဖစ္ျဖစ္ စာေတြေရးတာ၊ ပံုေတြတင္တာ ဘာပဲျဖစ္ျဖစ္ သင့္ေဖာက္သည္ျဖစ္လာႏိုင္သူေတြအတြက္ အလြယ္တကူသိရွိႏိုင္တဲ့ နည္းလမ္းေတြကို အသံုးျပဳရမွာ ျဖစ္ပါတယ္။ သင့္ သက္ေသျပႏိုင္တဲ့ နည္းလမ္းေတြကတဆင့္ ေအာင္ျမင္မႈကို တည္ေဆာက္လာႏို္င္မွာပါ။

ေငြရင္းနည္းနည္းနဲ႔လည္း လုပ္ႏိုင္ပါတယ္။
ရင္းႏွီးျမဳပ္ႏွံေငြ အေျမာက္အမ်ားရွိမွ ေအာင္ျမင္တဲ့ေခတ္က ကုန္သြားပါၿပီ။ အခုေခတ္မွာ ေငြရင္းနည္းနည္းနဲ႔လည္း ေအာင္ျမင္ႏိုင္ပါတယ္။ သင္စိတ္အားထက္သန္တဲ့ အလုပ္ကို ရွာပါ။ ထိုအလုပ္နဲ႔ သက္ဆိုင္ရာနယ္ပယ္ထဲက အသိပညာဗဟုသုတေတြကို ေလ့လာပါ။ ေစ်းကြက္လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ ထုတ္ကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈတစ္ခုခုကို ဖန္တီးပါ။ ဒါေတြအားလံုးလုပ္ႏိုင္မယ္ဆိုရင္ ေအာင္ျမင္ခ်မ္းသာဖို႔က မခက္ခဲပါဘူး။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++++

အရင်းအနှီးနည်းနည်းနဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ နည်းလမ်း(၄)ခု

(Unicode)

လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ အောင်မြင်မှုရရှိဖို့အတွက် အခက်ခဲဆုံးအပိုင်းကတော့ ပထမဆုံးခြေလှမ်းကို စတင်နိုင်ဖို့ပဲဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ယောက်ရဲ့ လမ်းခရီးမှာ စိန်ခေါ်မှုတွေအများကြီးရှိနေပေမယ့် ငွေရင်းအနည်းငယ်နဲ့ သန်းကြွယ်သူဌေးဖြစ်လာနိုင်တဲ့ နည်းလမ်းတစ်ချို့ရှိနေပါတယ်။

၁။ အရင်ဆုံး လေ့လာသင်ယူဖို့ အာရုံစိုက်ပါ။ အကျိုးအမြတ်ရဖို့ ဦးစားမပေးပါနဲ့။
လေ့လာသင်ယူမှုဟာ အကောင်းဆုံးလက်နက်ဖြစ်ပါတယ်။ အစပိုင်းမှာ လေ့လာသင်ယူနိုင်ဖို့ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ အစပိုင်းမှာ အကျိုးအမြတ် ကြီးကြီးမားမားရဖို့အတွက် ဦးစားပေးတာက အမှားတစ်ခုပဲ ဖြစ်ပါတယ်။ တတ်နိုင်သမျှ အရာအားလုံးကို လေ့လာသင်ယူပါ။ ဒါမှသာ ရေရှည်အကျိုးအမြတ်အတွက် အခြေခံကောင်းတွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ပညာရွှေအိုး လူမခိုးဆိုတဲ့ စကားလိုပါပဲ။ လက်ရှိအောင်မြင်နေတဲ့ လုပ်ငန်းရှင်သန်းကြွယ်သူဌေးတွေဟာလည်း မွဲသွားနိုင်ပါတယ်။ သူတို့တွေအတွက် ဆင်းရဲမွဲတေမှုက ခဏပါပဲ။ သူတို့ရဲ့ ငွေကြေးဥစ္စာတွေကို ဆုံးရှုံးသွားရပေမယ့် ဘယ်လိုပြန်လည်ရယူနိုင်မလဲဆိုတာကို သိနေကြတဲ့အတွက် ပြန်ရှာနိုင်ကြတာကြောင့် ဖြစ်ပါတယ်။

၂။ အွန်လိုင်းမှာ ဘယ်အရာမဆို သင်ယူနိုင်ပါတယ်။
အင်တာနက်ကို တီထွင်ဖန်တီးခဲ့တဲ့အတွက် ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ အင်တာနက်ဟာ ကမ္ဘာမှာ အကြီးဆုံး စာကြည့်တိုက်ကြီးပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ အရင်တုန်းက အလွယ်တကူလေ့လာလို့ မရနိုင်တဲ့ ပညာရပ်တွေ၊ အကြောင်းအရာတွေ အားလုံးက လက်တကမ်းမှာပဲ ရှိနေပါတယ်။ အင်တာနက် အွန်လိုင်းကို အကျိုးရှိရှိအသုံးချပါ။ စာအုပ်တွေဖတ်ပါ။ ဆောင်းပါးတွေ ရှာဖွေပါ။ ဗီဒီယိုသင်ခန်းစာတွေကနေ သင်ယူပါ။ အွန်လိုင်းကနေ တစ်ခုခုသင်ယူနိုင်ဖို့အတွက် တစ်နေ့တာမှာ အချိန်တစ်ခု သတ်မှတ်ထားပါ။ ပုံမှန်လေ့လာတတ်တဲ့ အလေ့အကျင့်ရသွားပြီဆိုရင် တစ်နေ့တစ်ခြား အသိပညာ၊ အတတ်ပညာတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။

၃။ စိတ်ပါ၀င်စားသည့် အလုပ်ကို အာရုံစိုက်လုပ်ဆောင်ပါ။
အခုခေတ်မှာ ဘာမဆိုလေ့လာသင်ယူနိုင်နေပြီဖြစ်ပေမယ့် သင်ကိုယ်တိုင် စိတ်ပါ၀င်စားပြီး စိတ်အားထက်သန်တဲ့ အလုပ်တစ်ခုကိုပဲ ဦးတည်ချက်ထားရမှာ ဖြစ်ပါတယ်။ စျေးကွက်ထဲမှာ ဘယ်သူမှ မမြင်သေးတဲ့ လုပ်ကွက်တွေ ရှိနေပါတယ်။ ဒီလို လုပ်ကွက်တွေထဲက သင်စိတ်တိုင်းကျတစ်ခုကို ရွေးချယ်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

၄။ အခမဲ့ဝန်ဆောင်မှုတွေနဲ့ ကျွမ်းကျင်မှုကို သက်သေပြပါ။
သင်ဖက်က ပေးနိုင်သမျှ အခမဲ့ဝန်ဆောင်မှုတွေနဲ့ သင့်အလုပ်ကို ဘယ်လောက်ထိကျွမ်းကျင်လဲဆိုတာကို ပြသရမှာ ဖြစ်ပါတယ်။ လူမှုကွန်ယက်တွေပေါ်မှာပဲဖြစ်ဖြစ် စာတွေရေးတာ၊ ပုံတွေတင်တာ ဘာပဲဖြစ်ဖြစ် သင့်ဖောက်သည်ဖြစ်လာနိုင်သူတွေအတွက် အလွယ်တကူသိရှိနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ သင့် သက်သေပြနိုင်တဲ့ နည်းလမ်းတွေကတဆင့် အောင်မြင်မှုကို တည်ဆောက်လာနို်င်မှာပါ။

ငွေရင်းနည်းနည်းနဲ့လည်း လုပ်နိုင်ပါတယ်။
ရင်းနှီးမြုပ်နှံငွေ အမြောက်အများရှိမှ အောင်မြင်တဲ့ခေတ်က ကုန်သွားပါပြီ။ အခုခေတ်မှာ ငွေရင်းနည်းနည်းနဲ့လည်း အောင်မြင်နိုင်ပါတယ်။ သင်စိတ်အားထက်သန်တဲ့ အလုပ်ကို ရှာပါ။ ထိုအလုပ်နဲ့ သက်ဆိုင်ရာနယ်ပယ်ထဲက အသိပညာဗဟုသုတတွေကို လေ့လာပါ။ စျေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုတစ်ခုခုကို ဖန်တီးပါ။ ဒါတွေအားလုံးလုပ်နိုင်မယ်ဆိုရင် အောင်မြင်ချမ်းသာဖို့က မခက်ခဲပါဘူး။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%