သင့္ ကိုယ္ပိုင္ပစၥည္းနဲ႔ ပတ္သက္ၿပီး သင္မသိႏိုင္ေသးတဲ့ အခ်က္မ်ား

သင့္ ကိုယ္ပိုင္ပစၥည္းနဲ႔ ပတ္သက္ၿပီး သင္မသိႏိုင္ေသးတဲ့ အခ်က္မ်ား

(Zawgyi)

ေယာကၤ်ားေလးအမ်ားစုက ခါးေအာက္ပိုင္းကိစၥေတြကို စိတ္၀င္စားတတ္ၾကေပမယ့္ ကိုယ္ပိုင္ပစၥည္းနဲ႔ပတ္သက္ၿပီး သိပ္အမ်ားႀကီးသိေလ့မရွိၾကပါဘူး။ ဟုတ္ပါတယ္။ အခုေျပာေနတာ ခင္ဗ်ားတို႔ ကၽြန္ေတာ္တို႔ရဲ႕ ဖြားဖက္ေတာ္အေၾကာင္းပါ။ ဖြားဖက္ေတာ္ေတာ္နဲ႔ ပတ္သက္ၿပီး ေတာ္႐ုံနဲ႔ မသိႏိုင္တဲ့ အခ်က္တစ္ခ်ိဳ႕ရွိပါတယ္။

 

၁။ ေဆးလိပ္ေသာက္ျခင္းက သင့္ပစၥည္းကို တိုသြားေစႏိုင္တယ္။

ဟုတ္ပါတယ္။ သိသိသာသာႀကီးမဟုတ္လို႔ မျဖစ္ႏိုင္ဘူးလို႔ မထင္ပါနဲ႔။ တစ္စင္တီမီတာေလာက္အထိ တိုသြားေစႏိုင္ပါတယ္။ အေၾကာင္းရင္းကေတာ့ ေဆးလိပ္ေသာက္ျခင္းဟာ ေသြးေၾကာေတြကို ပိတ္ေစႏိုင္တာေၾကာင့္ သင့္ပစၥည္းကို ေသြးလည္ပတ္မႈ ေလ်ာ့နည္းသြားေစတဲ့အတြက္ ျဖစ္ပါတယ္။ ေသြးလည္ပတ္မႈ မွန္ကန္ေကာင္းမြန္မွ သင့္ပစၥည္းက အစြမ္းကုန္ ရပ္တည္ႏိုင္မွာပါ။

 

၂။ ကေလးငယ္ေတြရဲ႕ လိင္အဂၤါထိပ္ျဖတ္တဲ့ အေရျပားကို မီးေလာင္ဒဏ္ရာ ကုစားတဲ့ေနရာမွာ သံုးလို႔ရတယ္။

ဆရာ၀န္ေတြက ကေလးငယ္ေတြရဲ႕ လိင္အဂၤါထိပ္ပိုင္းအေရမ်ားကို မီးေလာင္ဒဏ္ရာအေပၚမွာ အေရျပားအစားထိုး ကုသဖို႔အတြက္ သံုးၾကပါတယ္။ ကေလးငယ္ေတြရဲ႕ ထိပ္ျဖတ္အေရျပားအစတစ္ခုက စတုရန္းမီတာ ၂၃၀၀၀ အထိ အေရျပားပြားလာႏိုင္စြမ္းရွိပါတယ္။ ဒီအတိုင္းတာက ေမဂ်ာလိဂ္ကြင္းတစ္ခုလံုးကို ဖံုးလႊမ္းပစ္လို႔ရပါတယ္။

 

၃။ ဆီးက်ိတ္ႀကီးမားလာတာက ျပႆနာရွိပါတယ္။

ဆီးက်ိတ္ၾကီးလာတာဟာ ပန္းေသပန္းညွိဳး နဲ႔ သုက္လႊတ္ေစာတဲ့ ျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒီကိစၥႏွစ္ခုအတြက္ အျခားအေၾကာင္းရင္းေတြ အေျဖရွာမရရင္ ဆရာ၀န္ဆီသြားၿပီး ဆီးက်ိတ္ကို စစ္ေဆးၾကည့္ပါ။

 

၄။ ေယာကၤ်ားေလးေတြရဲ႕ ကိစၥၿပီးျခင္းက (၆)စကၠန္႔ပဲ ၾကာပါတယ္။

ပ်မ္းမွ်အားျဖင့္ ေယာကၤ်ားေလးတစ္ေယာက္က ကိစၥၿပီးျခင္းရဲ႕ သာယာမႈကို ခံစားရခ်ိန္က (၆)စကၠန္႔ပဲ ရွိပါတယ္။ မိန္းကေလးေတြက (၂၃)စကၠန္႔ၾကာပါတယ္။ ဒါ့ေၾကာင့္ မိန္းကေလးေတြ တစ္ခါကိစၥၿပီးေနခ်ိန္မွာ ေယာကၤ်ားေလးေတြက ေလးခါျပန္ၿပီးႏိုင္ပါတယ္။

 

၅။ ျဖတ္ထားတဲ့ ထိပ္အေရျပားကို ျပန္ေမြးယူလို႔ရပါတယ္။

ဒီလိုပါ။ ထိပ္ျဖတ္ၿပီးလို႔ က်န္ေနတဲ့ အေရျပားကို လိင္တံရဲ႕ထိပ္ကို ဆြဲအုပ္ထားတဲ့ နည္းလမ္းနဲ႔ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ဆရာ၀န္ေတြက ပလတ္စတစ္ကြင္းေလးေတြ၊ အဖံုးေလးေတြကို သံုးၿပီး လုပ္ေပးၾကပါတယ္။ အခ်ိန္တစ္ခုၾကာလာတဲ့အခါမွာ ထိပ္မျဖတ္ခင္ကလိုပဲ ျပန္ၿပီး လံုျခံဳသြားပါလိမ့္မယ္။

 

၆။ လူ(၄၀၀)မွာ တစ္ေယာက္ပဲ ကိုယ့္ပစၥည္းကိုယ္ ျပန္ငံုလို႔ရပါတယ္။

အမ်ိဳးသား ဦးေရ(၄၀၀)မွာ တစ္ေယာက္ေလာက္ကပဲ ကိုယ့္ပစၥည္းကို ကိုယ္တိုင္ျပန္ၿပီး ေဖ်ာ္ေျဖေပးလို႔ရႏိုင္ေအာင္ ေပ်ာ့ေပ်ာင္းၾကပါတယ္။ ဒါေပမယ့္လည္း က်န္တဲ့သူ (၃၉၉)ေယာက္ကလည္း အနည္းဆံုး ရလိုရငွား ႀကိဳးစားၾကည့္ဖူးႏိုင္ပါတယ္။

 

၇။ ဖြားဖက္ေတာ္ ႏွစ္မ်ိဳးႏွစ္စား ရွိပါတယ္။

တစ္မ်ိဳးကေတာ့ စိတ္မပါလာေသးခင္မွာ သာမန္အရြယ္အစားျဖစ္ၿပီး စိတ္ပါလာခ်ိန္မွာေတာ့ ႀကီးထြားရွည္ထြက္လာတတ္ပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ ဒီအတိုင္းၾကည့္လိုက္ရင္ေတာင္မွ အႀကီးႀကီးလို႔ထင္ရေပမယ့္ စိတ္ပါလာရင္လည္း သိပ္ၿပီး ႀကီးမလာတဲ့အမ်ိဳးအစားျဖစ္ပါတယ္။

 

၈။ ပ်မ္းမွ်ၾကာခ်ိန္က နည္းနည္းေလးပါ။

ေလ့လာမႈေတြအရ အမွန္တကယ္ ဖိုမပစၥည္းခ်င္း ကာမဆက္ယွက္ၿပီး ကိစၥၿပီးတဲ့အထိ ပ်မ္းမွ်ၾကာခ်ိန္က (၂)မိနစ္နဲ႔ စကၠန္႔(၅၀)ပဲ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္ကို မိန္းကေလးေတြက (၅)မိနစ္ခန္႔ ၾကာတယ္လို႔ ထင္မွတ္တတ္ၾကပါတယ္။

 

၉။ တြန္ဂါႏိုင္ငံက ဘုရင္က မိန္းမအေရအတြက္အမ်ားဆံုးနဲ႔ အတူေနဖူးသူျဖစ္ပါတယ္။

တြန္ဂါႏိုင္ငံက ဘုရင္ ဖာတီဖယ္ဟီဟာ ၁၇၇၀ ခုႏွစ္နဲ႔ ၁၇၈၄ ခုႏွစ္ၾကားမွာ မိန္းကေလး (၃၇၈၀၀)ရဲ႕ ပန္းဦးကို ေခၽြခဲ့တယ္လို႔ ေျပာၾကပါတယ္။ ဒါဟာ တစ္ေန႔ကို အပ်ိဳစင္ခုႏွစ္ေယာက္ႏႈန္းနဲ႔ အတူေနတဲ့သေဘာျဖစ္ပါတယ္။

 

၁၀။ ၾကည့္ေကာင္းတဲ့ေယာကၤ်ားေတြက သန္မာတဲ့ သုက္ပိုးရွိတယ္။

ေလ့လာမႈေတြအရ ႐ုပ္ရည္ၾကည့္ေကာင္းသူေတြမွာ က်န္းမာသန္စြမ္းတဲ့ သုက္ပိုးရွိတာမ်ားတယ္လို႔ဆိုပါတယ္။

 

၁၁။ သုက္လႊတ္ျခင္းကို ဦးေႏွာက္က လုပ္ေဆာင္တာမဟုတ္ပါဘူး။

ခႏၶာကိုယ္က သုက္လႊတ္ဖို႔အတြက္ကို ဦးေႏွာက္က ညႊန္ၾကားတာမဟုတ္ပါဘူး။ ဒီအမိန္႔ကို ေက်ာ႐ုိးက အာ႐ုံေၾကာေတြက ညႊန္ၾကားတာျဖစ္ပါတယ္။

 

၁၂။ လိင္တံထိခိုက္မႈေတြက အာသာေျဖရင္းျဖစ္တာမ်ားပါတယ္။

ဟုတ္ပါတယ္။ လိင္တံက်ိဳးတာနဲ႔ အျခားထိခိုက္မႈေတြ အမ်ားစုဟာ အလြန္အကၽြံအာသာေျဖတာ၊ ေပါက္ကရနည္းလမ္းေတြနဲ႔ အာသာေျဖတာေတြေၾကာင့္ ျဖစ္တာမ်ားပါတယ္။ ကိုယ့္ဒုကၡ ကိုယ္မရွာဖို႔ အၾကံေပးခ်င္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္

Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++

သင့် ကိုယ်ပိုင်ပစ္စည်းနဲ့ ပတ်သက်ပြီး သင်မသိနိုင်သေးတဲ့ အချက်များ

(Unicode)

ယောင်္ကျားလေးအများစုက ခါးအောက်ပိုင်းကိစ္စတွေကို စိတ်ဝင်စားတတ်ကြပေမယ့် ကိုယ်ပိုင်ပစ္စည်းနဲ့ပတ်သက်ပြီး သိပ်အများကြီးသိလေ့မရှိကြပါဘူး။ ဟုတ်ပါတယ်။ အခုပြောနေတာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ဖွားဖက်တော်အကြောင်းပါ။ ဖွားဖက်တော်တော်နဲ့ ပတ်သက်ပြီး တော်ရုံနဲ့ မသိနိုင်တဲ့ အချက်တစ်ချို့ရှိပါတယ်။

၁။ ဆေးလိပ်သောက်ခြင်းက သင့်ပစ္စည်းကို တိုသွားစေနိုင်တယ်။
ဟုတ်ပါတယ်။ သိသိသာသာကြီးမဟုတ်လို့ မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။ တစ်စင်တီမီတာလောက်အထိ တိုသွားစေနိုင်ပါတယ်။ အကြောင်းရင်းကတော့ ဆေးလိပ်သောက်ခြင်းဟာ သွေးကြောတွေကို ပိတ်စေနိုင်တာကြောင့် သင့်ပစ္စည်းကို သွေးလည်ပတ်မှု လျော့နည်းသွားစေတဲ့အတွက် ဖြစ်ပါတယ်။ သွေးလည်ပတ်မှု မှန်ကန်ကောင်းမွန်မှ သင့်ပစ္စည်းက အစွမ်းကုန် ရပ်တည်နိုင်မှာပါ။

၂။ ကလေးငယ်တွေရဲ့ လိင်အင်္ဂါထိပ်ဖြတ်တဲ့ အရေပြားကို မီးလောင်ဒဏ်ရာ ကုစားတဲ့နေရာမှာ သုံးလို့ရတယ်။
ဆရာဝန်တွေက ကလေးငယ်တွေရဲ့ လိင်အင်္ဂါထိပ်ပိုင်းအရေများကို မီးလောင်ဒဏ်ရာအပေါ်မှာ အရေပြားအစားထိုး ကုသဖို့အတွက် သုံးကြပါတယ်။ ကလေးငယ်တွေရဲ့ ထိပ်ဖြတ်အရေပြားအစတစ်ခုက စတုရန်းမီတာ ၂၃၀၀၀ အထိ အရေပြားပွားလာနိုင်စွမ်းရှိပါတယ်။ ဒီအတိုင်းတာက မေဂျာလိဂ်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းပစ်လို့ရပါတယ်။

၃။ ဆီးကျိတ်ကြီးမားလာတာက ပြဿနာရှိပါတယ်။
ဆီးကျိတ်ကြီးလာတာဟာ ပန်းသေပန်းညှိုး နဲ့ သုက်လွှတ်စောတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီကိစ္စနှစ်ခုအတွက် အခြားအကြောင်းရင်းတွေ အဖြေရှာမရရင် ဆရာဝန်ဆီသွားပြီး ဆီးကျိတ်ကို စစ်ဆေးကြည့်ပါ။

၄။ ယောင်္ကျားလေးတွေရဲ့ ကိစ္စပြီးခြင်းက (၆)စက္ကန့်ပဲ ကြာပါတယ်။
ပျမ်းမျှအားဖြင့် ယောင်္ကျားလေးတစ်ယောက်က ကိစ္စပြီးခြင်းရဲ့ သာယာမှုကို ခံစားရချိန်က (၆)စက္ကန့်ပဲ ရှိပါတယ်။ မိန်းကလေးတွေက (၂၃)စက္ကန့်ကြာပါတယ်။ ဒါ့ကြောင့် မိန်းကလေးတွေ တစ်ခါကိစ္စပြီးနေချိန်မှာ ယောင်္ကျားလေးတွေက လေးခါပြန်ပြီးနိုင်ပါတယ်။

၅။ ဖြတ်ထားတဲ့ ထိပ်အရေပြားကို ပြန်မွေးယူလို့ရပါတယ်။
ဒီလိုပါ။ ထိပ်ဖြတ်ပြီးလို့ ကျန်နေတဲ့ အရေပြားကို လိင်တံရဲ့ထိပ်ကို ဆွဲအုပ်ထားတဲ့ နည်းလမ်းနဲ့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန်တွေက ပလတ်စတစ်ကွင်းလေးတွေ၊ အဖုံးလေးတွေကို သုံးပြီး လုပ်ပေးကြပါတယ်။ အချိန်တစ်ခုကြာလာတဲ့အခါမှာ ထိပ်မဖြတ်ခင်ကလိုပဲ ပြန်ပြီး လုံခြုံသွားပါလိမ့်မယ်။

၆။ လူ(၄၀၀)မှာ တစ်ယောက်ပဲ ကိုယ့်ပစ္စည်းကိုယ် ပြန်ငုံလို့ရပါတယ်။
အမျိုးသား ဦးရေ(၄၀၀)မှာ တစ်ယောက်လောက်ကပဲ ကိုယ့်ပစ္စည်းကို ကိုယ်တိုင်ပြန်ပြီး ဖျော်ဖြေပေးလို့ရနိုင်အောင် ပျော့ပျောင်းကြပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့သူ (၃၉၉)ယောက်ကလည်း အနည်းဆုံး ရလိုရငှား ကြိုးစားကြည့်ဖူးနိုင်ပါတယ်။

၇။ ဖွားဖက်တော် နှစ်မျိုးနှစ်စား ရှိပါတယ်။
တစ်မျိုးကတော့ စိတ်မပါလာသေးခင်မှာ သာမန်အရွယ်အစားဖြစ်ပြီး စိတ်ပါလာချိန်မှာတော့ ကြီးထွားရှည်ထွက်လာတတ်ပါတယ်။ နောက်တစ်မျိုးကတော့ ဒီအတိုင်းကြည့်လိုက်ရင်တောင်မှ အကြီးကြီးလို့ထင်ရပေမယ့် စိတ်ပါလာရင်လည်း သိပ်ပြီး ကြီးမလာတဲ့အမျိုးအစားဖြစ်ပါတယ်။

၈။ ပျမ်းမျှကြာချိန်က နည်းနည်းလေးပါ။
လေ့လာမှုတွေအရ အမှန်တကယ် ဖိုမပစ္စည်းချင်း ကာမဆက်ယှက်ပြီး ကိစ္စပြီးတဲ့အထိ ပျမ်းမျှကြာချိန်က (၂)မိနစ်နဲ့ စက္ကန့်(၅၀)ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကို မိန်းကလေးတွေက (၅)မိနစ်ခန့် ကြာတယ်လို့ ထင်မှတ်တတ်ကြပါတယ်။

၉။ တွန်ဂါနိုင်ငံက ဘုရင်က မိန်းမအရေအတွက်အများဆုံးနဲ့ အတူနေဖူးသူဖြစ်ပါတယ်။
တွန်ဂါနိုင်ငံက ဘုရင် ဖာတီဖယ်ဟီဟာ ၁၇၇၀ ခုနှစ်နဲ့ ၁၇၈၄ ခုနှစ်ကြားမှာ မိန်းကလေး (၃၇၈၀၀)ရဲ့ ပန်းဦးကို ချွေခဲ့တယ်လို့ ပြောကြပါတယ်။ ဒါဟာ တစ်နေ့ကို အပျိုစင်ခုနှစ်ယောက်နှုန်းနဲ့ အတူနေတဲ့သဘောဖြစ်ပါတယ်။

၁၀။ ကြည့်ကောင်းတဲ့ယောင်္ကျားတွေက သန်မာတဲ့ သုက်ပိုးရှိတယ်။
လေ့လာမှုတွေအရ ရုပ်ရည်ကြည့်ကောင်းသူတွေမှာ ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးရှိတာများတယ်လို့ဆိုပါတယ်။

၁၁။ သုက်လွှတ်ခြင်းကို ဦးနှောက်က လုပ်ဆောင်တာမဟုတ်ပါဘူး။
ခန္ဓာကိုယ်က သုက်လွှတ်ဖို့အတွက်ကို ဦးနှောက်က ညွှန်ကြားတာမဟုတ်ပါဘူး။ ဒီအမိန့်ကို ကျောရိုးက အာရုံကြောတွေက ညွှန်ကြားတာဖြစ်ပါတယ်။

၁၂။ လိင်တံထိခိုက်မှုတွေက အာသာဖြေရင်းဖြစ်တာများပါတယ်။
ဟုတ်ပါတယ်။ လိင်တံကျိုးတာနဲ့ အခြားထိခိုက်မှုတွေ အများစုဟာ အလွန်အကျွံအာသာဖြေတာ၊ ပေါက်ကရနည်းလမ်းတွေနဲ့ အာသာဖြေတာတွေကြောင့် ဖြစ်တာများပါတယ်။ ကိုယ့်ဒုက္ခ ကိုယ်မရှာဖို့ အကြံပေးချင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

%d bloggers like this: