သင့္ဘ၀ကို သိသာစြာ ေျပာင္းလဲတိုးတက္ေစႏိုင္မည့္ အေလ့အက်င့္(၇)ခု

သင့္ဘ၀ကို သိသာစြာ ေျပာင္းလဲတိုးတက္ေစႏိုင္မည့္ အေလ့အက်င့္(၇)ခု

(Zawgyi)

လူတစ္ေယာက္ရဲ႕ တိုးတက္မႈ၊ ဆုတ္ယုတ္မႈဆိုတာေတြဟာ အခ်ိန္ကို ဘယ္လိုစီမံခန္႔ခြဲလဲဆိုတာေပၚမွာ မူတည္ပါတယ္။ တစ္ေန႔တာကို ျဖတ္သန္းရာမွာ မေရမတြက္ႏိုင္ေလာက္တဲ့ စိတ္အေႏွာက္ယွက္ျဖစ္စရာေတြ၊ အာ႐ုံလြင့္ပ်ံစရာေတြ အမ်ားႀကီးရွိေပမယ့္ အလုပ္ကို ဦးစားေပးတတ္သူေတြကေတာ့ ေအာင္ျမင္မႈဆီကို ပိုပိုၿပီး နီးစပ္ေအာင္ သြားႏိုင္ၾကပါတယ္။ ေအာင္ျမင္မႈဆီသို႔ သြားရာလမ္းမွာ သင့္ဘ၀ကို သိသိသာသာတိုးတက္ေျပာင္းလဲေစႏိုင္မယ့္ အေလ့အက်င့္ေလးေတြ ရွိဖို႔ လိုအပ္ပါတယ္။ ဒီလိုအေလ့အက်င့္ေတြထဲက တစ္ခ်ဳိ႕ကေတာ့….

အေကာင္းျမင္စိတ္ေမြးပါ။

ျပကၡဒိန္ကၾကည့္ၿပီး လုပ္စရာေတြကို တစ္ခုၿပီးတစ္ခု လုပ္ေနတာက ဘာမွအဓိပၸါယ္မရွိသလို ခံစားရလာေစပါတယ္။ ဒါေပမယ့္ အေကာင္းျမင္စိတ္နဲ႔ စဥ္းစားတတ္မယ္ဆိုရင္ေတာ့ ဒီလိုခံစားခ်က္မ်ိဳး မရွိလာႏိုင္တဲ့အျပင္ အခက္အခဲေတြ အားလံုးက စိတ္၀င္စားစရာေကာင္းလာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အေကာင္းျမင္စိတ္ရဲ႕ အျခားေကာင္းက်ိဳးေတြကိုလည္း ခံစားရမွာပါ။

က်န္းမာေရးႏွင့္ ညီညြတ္ေအာင္ စားေသာက္ပါ။

လူအမ်ားစုက ခႏၶာကိုယ္က်န္းမာေရးကို ဂ႐ုမစိုက္တတ္ၾကပါဘူး။ အခုေခတ္လို စိတ္ဖိစီးမႈမ်ားျပားလွတဲ့ ဘ၀ေနထိုင္မႈမွာ စိတ္ေရာကိုယ္ပါ ပင္ပန္းႏြမ္းနယ္ၾကရပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုနာမက်န္းမႈကိုပဲျဖစ္ျဖစ္ ကာကြယ္ထားႏိုင္ဖို႔ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအေသာက္ေတြကို တတ္ႏိုင္သမွ် မ်ားမ်ားသံုးေဆာင္ေပးရမွာ ျဖစ္ပါတယ္။

ဒီေန႔ပဲ ေလ့က်င့္ခန္း စလုပ္လုိက္ပါ။

က်န္းမာေရးနဲ႔ ညီညြတ္တာေတြ စားေသာက္ေန႐ုံနဲ႔ မလံုေလာက္ေသးပါဘူး။ ထိပ္ဆံုးေအာင္ျမင္မႈဆီကို ေရာက္ရွိဖို႔အတြက္ ခႏၶာကိုယ္ၾကံ႕ခိုင္ေနဖို႔ရာ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းလုပ္ဖို႔လည္း လိုအပ္ပါတယ္။ ကိုယ္လက္ေလ့က်င့္ခန္းေတြက ႐ုပ္ပိုင္းဆိုင္ရာသာမက စိတ္ဓာတ္ပိုင္းဆိုင္ရာ ေကာင္းက်ိဳးေတြကိုပါ ေပးစြမ္းႏိုင္ပါတယ္။ ၿပီးျပည့္စံုတဲ့ ခႏၶာကိုယ္ရရွိဖို႔ အဟန္႔အတားျဖစ္ေစတဲ့အရာက တစ္ခုပဲ ရွိပါတယ္။ အဲ့ဒါကေတာ့ ပ်င္းရိမႈပါ။

စိုးရိမ္စိတ္ကို ေလွ်ာ့ပါ။

ဖြံ႕ၿဖိဳးတိုးတက္ၿပီး အျပန္အလွန္အလြယ္တကူဆက္သြယ္ႏိုင္ျခင္းရဲ႕ ျပႆနာတစ္ခုကေတာ့ သတင္းအခ်က္အလက္ေတြ အမ်ားႀကီးကို အခ်ိန္နဲ႔တစ္ေျပးညီ ရရွိေနတာေၾကာင့္ ကၽြန္ေတာ္တို႔အားလံုးကို တိုက္႐ိုက္ေသာ္လည္ေကာင္း၊ သြယ္၀ိုက္၍ေသာ္လည္းေကာင္း စိုးရိမ္ေသာကေရာက္ေစတာပဲျဖစ္ပါတယ္။ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားစစ္ျဖစ္မယ့္ကိစၥကို စိုးရိမ္ေနလို႔လည္း ကၽြန္ေတာ္တို႔ ထိန္းခ်ဳပ္လို႔ မရပါဘူး။ ဒီလိုပါပဲ။ ထိန္းခ်ဳပ္လို႔ မရႏိုင္တဲ့ကိစၥေတြအတြက္ စိုးရိမ္ေနမယ္ဆိုရင္ အလကားစြမ္းအင္ျဖဳန္းတီးရာ ေရာက္ပါတယ္။

အလုပ္ႀကိဳးစားပါ။
၂၀ ရာစုႏွစ္လူငယ္ေတြက အလုပ္ႀကိဳးစားဖို႔ထက္ အလုပ္ကို ထက္ထက္ျမက္ျမက္နဲ႔ လုပ္ဖို႔အယူအဆကို ပိုမိုလက္ခံထားၾကပါတယ္။ ဒီအယူအဆက မွန္သလိုရွိေပမယ့္ တကယ္လက္ေတြ႕မွာေတာ့ ဘယ္ေလာက္ပဲ ထက္ျမက္ပါးနပ္ပါေစ အလုပ္မႀကိဳးစားရင္ အဆင္မေျပႏိုင္ပါဘူး။ ပါးပါးနပ္နပ္အလုပ္လုပ္တာက အလုပ္ကို လြယ္ေအာင္လုပ္ေပးႏိုင္ေပမယ့္ မႀကိဳးစားဘူးဆိုရင္ေတာ့ ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္မွာမဟုတ္ပါဘူး။

[sg_popup id=6]

ရယ္ေမာေပ်ာ္ရႊင္လိုက္ပါ။
မလိုအပ္တဲ့ စိုးရိမ္ေသာကေတြ၊ စိတ္ဖိစီးမႈေတြနဲ႔ ျပည့္ေနတဲ့ အခ်ိန္မွာ ရယ္ေမာေပ်ာ္ရႊင္ဖို႔ကိုေတာင္မွ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ စိတ္ကိုေပါ့ပါးလန္းဆန္းသြားေစဖို႔အတြက္ လြတ္လြတ္လပ္လပ္ ရယ္ေမာေပ်ာ္ရႊင္သြားေစႏိုင္မယ့္ အခ်ိန္ေတြလည္း လိုအပ္ပါတယ္။

ေကာင္းေကာင္းအိပ္ပါ။
ေကာင္းေကာင္းအိပ္စက္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကေတာ့ အမ်ားႀကီးပါပဲ။ အခုလို ဆိုရွယ္မီဒီယာေတြနဲ႔ အျခားအျခားေသာ မီဒီယာေတြလႊမ္းမိုးေနတဲ့အခ်ိန္မွာ အိပ္ခ်ိန္ေတြ ေလ်ာ့နည္းလာၾကပါတယ္။ ဒါ့ေၾကာင့္ အိပ္ခ်ိန္ကို ဂ႐ုစိုက္ပါ။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတုိင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++++

သင့်ဘဝကို သိသာစွာ ပြောင်းလဲတိုးတက်စေနိုင်မည့် အလေ့အကျင့်(၇)ခု

(Unicode)

လူတစ်ယောက်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုဆိုတာတွေဟာ အချိန်ကို ဘယ်လိုစီမံခန့်ခွဲလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ တစ်နေ့တာကို ဖြတ်သန်းရာမှာ မရေမတွက်နိုင်လောက်တဲ့ စိတ်အနှောက်ယှက်ဖြစ်စရာတွေ၊ အာရုံလွင့်ပျံစရာတွေ အများကြီးရှိပေမယ့် အလုပ်ကို ဦးစားပေးတတ်သူတွေကတော့ အောင်မြင်မှုဆီကို ပိုပိုပြီး နီးစပ်အောင် သွားနိုင်ကြပါတယ်။ အောင်မြင်မှုဆီသို့ သွားရာလမ်းမှာ သင့်ဘဝကို သိသိသာသာတိုးတက်ပြောင်းလဲစေနိုင်မယ့် အလေ့အကျင့်လေးတွေ ရှိဖို့ လိုအပ်ပါတယ်။ ဒီလိုအလေ့အကျင့်တွေထဲက တစ်ချို့ကတော့….

အကောင်းမြင်စိတ်မွေးပါ။

ပြက္ခဒိန်ကကြည့်ပြီး လုပ်စရာတွေကို တစ်ခုပြီးတစ်ခု လုပ်နေတာက ဘာမှအဓိပ္ပါယ်မရှိသလို ခံစားရလာစေပါတယ်။ ဒါပေမယ့် အကောင်းမြင်စိတ်နဲ့ စဉ်းစားတတ်မယ်ဆိုရင်တော့ ဒီလိုခံစားချက်မျိုး မရှိလာနိုင်တဲ့အပြင် အခက်အခဲတွေ အားလုံးက စိတ်ဝင်စားစရာကောင်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကောင်းမြင်စိတ်ရဲ့ အခြားကောင်းကျိုးတွေကိုလည်း ခံစားရမှာပါ။

ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ပါ။

လူအများစုက ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုမစိုက်တတ်ကြပါဘူး။ အခုခေတ်လို စိတ်ဖိစီးမှုများပြားလှတဲ့ ဘဝနေထိုင်မှုမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကြရပါတယ်။ ဒါ့ကြောင့် ဘယ်လိုနာမကျန်းမှုကိုပဲဖြစ်ဖြစ် ကာကွယ်ထားနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ များများသုံးဆောင်ပေးရမှာ ဖြစ်ပါတယ်။

ဒီနေ့ပဲ လေ့ကျင့်ခန်း စလုပ်လိုက်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားသောက်နေရုံနဲ့ မလုံလောက်သေးပါဘူး။ ထိပ်ဆုံးအောင်မြင်မှုဆီကို ရောက်ရှိဖို့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်နေဖို့ရာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းတွေက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ရရှိဖို့ အဟန့်အတားဖြစ်စေတဲ့အရာက တစ်ခုပဲ ရှိပါတယ်။ အဲ့ဒါကတော့ ပျင်းရိမှုပါ။

စိုးရိမ်စိတ်ကို လျှော့ပါ။

ဖွံ့ဖြိုးတိုးတက်ပြီး အပြန်အလှန်အလွယ်တကူဆက်သွယ်နိုင်ခြင်းရဲ့ ပြဿနာတစ်ခုကတော့ သတင်းအချက်အလက်တွေ အများကြီးကို အချိန်နဲ့တစ်ပြေးညီ ရရှိနေတာကြောင့် ကျွန်တော်တို့အားလုံးကို တိုက်ရိုက်သော်လည်ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း စိုးရိမ်သောကရောက်စေတာပဲဖြစ်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားစစ်ဖြစ်မယ့်ကိစ္စကို စိုးရိမ်နေလို့လည်း ကျွန်တော်တို့ ထိန်းချုပ်လို့ မရပါဘူး။ ဒီလိုပါပဲ။ ထိန်းချုပ်လို့ မရနိုင်တဲ့ကိစ္စတွေအတွက် စိုးရိမ်နေမယ်ဆိုရင် အလကားစွမ်းအင်ဖြုန်းတီးရာ ရောက်ပါတယ်။

အလုပ်ကြိုးစားပါ။
၂၀ ရာစုနှစ်လူငယ်တွေက အလုပ်ကြိုးစားဖို့ထက် အလုပ်ကို ထက်ထက်မြက်မြက်နဲ့ လုပ်ဖို့အယူအဆကို ပိုမိုလက်ခံထားကြပါတယ်။ ဒီအယူအဆက မှန်သလိုရှိပေမယ့် တကယ်လက်တွေ့မှာတော့ ဘယ်လောက်ပဲ ထက်မြက်ပါးနပ်ပါစေ အလုပ်မကြိုးစားရင် အဆင်မပြေနိုင်ပါဘူး။ ပါးပါးနပ်နပ်အလုပ်လုပ်တာက အလုပ်ကို လွယ်အောင်လုပ်ပေးနိုင်ပေမယ့် မကြိုးစားဘူးဆိုရင်တော့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။

ရယ်မောပျော်ရွှင်လိုက်ပါ။
မလိုအပ်တဲ့ စိုးရိမ်သောကတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နေတဲ့ အချိန်မှာ ရယ်မောပျော်ရွှင်ဖို့ကိုတောင်မှ မေ့လျော့နေတတ်ကြပါတယ်။ ဒါ့ကြောင့် စိတ်ကိုပေါ့ပါးလန်းဆန်းသွားစေဖို့အတွက် လွတ်လွတ်လပ်လပ် ရယ်မောပျော်ရွှင်သွားစေနိုင်မယ့် အချိန်တွေလည်း လိုအပ်ပါတယ်။

ကောင်းကောင်းအိပ်ပါ။
ကောင်းကောင်းအိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ အခုလို ဆိုရှယ်မီဒီယာတွေနဲ့ အခြားအခြားသော မီဒီယာတွေလွှမ်းမိုးနေတဲ့အချိန်မှာ အိပ်ချိန်တွေ လျော့နည်းလာကြပါတယ်။ ဒါ့ကြောင့် အိပ်ချိန်ကို ဂရုစိုက်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%