ဘ၀မွာ လိုအပ္တဲ့ လူ(၃)မ်ိဳး
(Zawgyi)
သင့္ပတ္၀န္းက်င္မွာ ေျပာဆိုေပါင္းသင္းဆက္ဆံေနရသူေတြက သင့္ဘ၀နဲ႔ ေအာင္ျမင္မႈအေပၚမွာ သက္ေရာက္မႈရွိပါတယ္။ တည္ၿငိမ္တဲ့ဆက္ဆံေရးနဲ႔ အေထာက္အကူျပဳႏိုင္သူေတြ ရွိေနဖို႔ အေရးႀကီးပါတယ္။ ဒီဆက္ဆံေရးေတြမွာ ဟန္ခ်က္ညီမွ်မႈ မရွိပဲ မတည္မၿငိမ္ျဖစ္ေနမယ္ဆိုရင္ သင့္ရဲ႕ အလားအလားေတြကို ရပ္တန္႔သြားေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ဘ၀မွာ အမွန္တကယ္လိုအပ္တာ ဘယ္လိုလူမ်ိဳးေတြလဲ ဆိုတာကို သိရွိၿပီး ဆက္ဆံေရးတည္ေဆာက္ထားႏိုင္ဖို႔ လိုပါတယ္။ ဒါဆိုရင္ ဘယ္လိုလူမ်ိဳးေတြကို လုိအပ္ပါသလဲ…???
၁။ သင့္ကို လိုအပ္သူေတြ….
ဒီလူေတြက သင့္ကို ရည္ရြယ္ခ်က္ေတြ ေပးႏိုင္ပါတယ္။ ဒီအခ်က္ကို ကၽြန္ေတာ္တို႔ ကုန္ပၥည္းတစ္ခုကို တန္ဖိုးထားမႈနဲ႔ ႏႈိင္းယွဥ္စဥ္းစားၾကည့္ပါ။ ဘယ္သူမွ မလိုအပ္တဲ့ကုန္ပစၥည္းတစ္ခုကို ေကာင္းတယ္လို႔ ေျပာႏိုင္ပါသလား။ မေျပာႏိုင္ပါဘူး။ လိုအပ္ခ်က္က တန္ဖိုးထားမႈကို ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ သင့္ကို အလုပ္ႀကိဳးစားဖို႔၊ ဇြဲသတိၱရွိဖို႔ တြန္းအားေပးႏိုင္တဲ့ သင့္ကိုလုိအပ္ေနသူေတြ ရွိဖို႔ အေရးႀကီးပါတယ္။ သင့္ကို လိုအပ္တဲ့သူေတြထဲမွာ သင္ကူညီေပးေနရသူေတြ၊ သင္ေလ့က်င့္သင္ၾကားေပးေနရသူေတြနဲ႔ သင္ဦးေဆာင္ေနရသူေတြ ပါ၀င္ပါတယ္။
၂။ သင့္ကို ေကၽြးေမြးေထာက္ပံ့ႏိုင္သူေတြ….
သင့္ကို လိုအပ္ေနသူေတြ ရွိေနသလို သင္ကို ေကၽြးေမြးေထာက္ပ့ံေပးႏိုင္မယ့္ သင္က လိုအပ္ေနသူေတြလည္း ရွိေနရမွာ ျဖစ္ပါတယ္။ သင့္ကို လိုအပ္ေနသူေတြသာ ရွိၿပီး သင့္ကို ေထာက္ပံ့ေပးႏိုင္မယ္သူ မရွိဘူးဆိုရင္ မၾကာခင္မွာပဲ ဘ၀ပ်က္မွာ ေသခ်ာပါတယ္။ သင့္ကို ေကၽြေမြးေထာက္ပံ့တယ္ဆိုတဲ့ေနရာမွာ ရုပ္၀တၳဳပိုင္းေတြ၊ ေငြေၾကးနဲ႔ လက္ေရာက္အကူအညီေတြကိုပဲ ဆိုလိုတာမဟုတ္ပါဘူး။ အၾကံဥာဏ္ေကာင္းေတြ၊ အဆက္အသြယ္ေကာင္းေတြကိုလည္း ဆိုလိုပါတယ္။ ဒီလိုမ်ိဳး သင့္ကို ေကၽြးေမြးေထာက္ပံ့ႏိုင္သူေတြထဲမွာ လမ္းျပဆရာေတြ၊ ခ်စ္ခင္ျမတ္ႏိုးရသူေတြ၊ ယုံၾကည္အားကိုးထိုက္တဲ့ ေခါင္းေဆာင္ေတြနဲ႔ သင့္အတြက္ တစ္ခုခုသင္ယူလို႔ ရႏိုင္မယ့္သူေတြ အားလံုးပါ၀င္ပါတယ္။
၃။ သင္နဲ႔ အတူရွိေနခ်င္သူေတြ….
သင့္ကို လိုအပ္သူေတြ၊ ေထာက္ပံ့ႏိုင္သူေတြလိုပဲ ေနာက္ထပ္အေရးႀကီးတဲ့သူေတြကေတာ့ သင္နဲ႔ အတူရွိေနခ်င္သူေတြျဖစ္ပါတယ္။ ဆိုလိုတာက သူတို႔နဲ႔ဆိုရင္ ဘာပဲျဖစ္ျဖစ္ သင္လည္း ေပ်ာ္ရႊင္ရသလို၊ သူတို႔လည္း ေပ်ာ္ရႊင္ေနရသူေတြ ျဖစ္ပါတယ္။ သင့္ရဲ႕ အရင္းႏွီးဆံုးသူငယ္ခ်င္းေတြက ဒီလိုအမ်ိဳးအစားထဲမွာ ပါ၀င္ပါတယ္။ ရွင္းရွင္းေျပာရရင္ ဆိုးတူေကာင္းဖက္၊ ေပါေဖာ္ေပါဖက္ေတြလို႔ ဆိုႏိုင္ပါတယ္။ ဒီလူေတြက သင့္ရဲ႕ စိတ္ကိုအနားရေစႏိုင္ပါတယ္။
သင့္ဘ၀မွာ က်န္းမာေပ်ာ္ရႊင္ၿပီး၊ ေအာင္ျမင္ဖို႔အတြက္ သင့္ေဘးနားမွာ ဒီလိုလူသံုးမ်ိဳးနဲ႔ ၀န္းရံထားဖို႔ လိုပါတယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
[sg_popup id=6]
+++++++++++++++++++++++++++++++++++++++++++++++++++++++
ဘဝမှာ လိုအပ်တဲ့ လူ(၃)မျိုး
(Unicode)
သင့်ပတ်ဝန်းကျင်မှာ ပြောဆိုပေါင်းသင်းဆက်ဆံနေရသူတွေက သင့်ဘဝနဲ့ အောင်မြင်မှုအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ တည်ငြိမ်တဲ့ဆက်ဆံရေးနဲ့ အထောက်အကူပြုနိုင်သူတွေ ရှိနေဖို့ အရေးကြီးပါတယ်။ ဒီဆက်ဆံရေးတွေမှာ ဟန်ချက်ညီမျှမှု မရှိပဲ မတည်မငြိမ်ဖြစ်နေမယ်ဆိုရင် သင့်ရဲ့ အလားအလားတွေကို ရပ်တန့်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဘဝမှာ အမှန်တကယ်လိုအပ်တာ ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို သိရှိပြီး ဆက်ဆံရေးတည်ဆောက်ထားနိုင်ဖို့ လိုပါတယ်။ ဒါဆိုရင် ဘယ်လိုလူမျိုးတွေကို လိုအပ်ပါသလဲ…???
၁။ သင့်ကို လိုအပ်သူတွေ….
ဒီလူတွေက သင့်ကို ရည်ရွယ်ချက်တွေ ပေးနိုင်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့ ကုန်ပ္စည်းတစ်ခုကို တန်ဖိုးထားမှုနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ပါ။ ဘယ်သူမှ မလိုအပ်တဲ့ကုန်ပစ္စည်းတစ်ခုကို ကောင်းတယ်လို့ ပြောနိုင်ပါသလား။ မပြောနိုင်ပါဘူး။ လိုအပ်ချက်က တန်ဖိုးထားမှုကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် သင့်ကို အလုပ်ကြိုးစားဖို့၊ ဇွဲသတ္တိရှိဖို့ တွန်းအားပေးနိုင်တဲ့ သင့်ကိုလိုအပ်နေသူတွေ ရှိဖို့ အရေးကြီးပါတယ်။ သင့်ကို လိုအပ်တဲ့သူတွေထဲမှာ သင်ကူညီပေးနေရသူတွေ၊ သင်လေ့ကျင့်သင်ကြားပေးနေရသူတွေနဲ့ သင်ဦးဆောင်နေရသူတွေ ပါ၀င်ပါတယ်။
၂။ သင့်ကို ကျွေးမွေးထောက်ပံ့နိုင်သူတွေ….
သင့်ကို လိုအပ်နေသူတွေ ရှိနေသလို သင်ကို ကျွေးမွေးထောက်ပ့ံပေးနိုင်မယ့် သင်က လိုအပ်နေသူတွေလည်း ရှိနေရမှာ ဖြစ်ပါတယ်။ သင့်ကို လိုအပ်နေသူတွေသာ ရှိပြီး သင့်ကို ထောက်ပံ့ပေးနိုင်မယ်သူ မရှိဘူးဆိုရင် မကြာခင်မှာပဲ ဘဝပျက်မှာ သေချာပါတယ်။ သင့်ကို ကျွေမွေးထောက်ပံ့တယ်ဆိုတဲ့နေရာမှာ ရုပ်ဝတ္ထုပိုင်းတွေ၊ ငွေကြေးနဲ့ လက်ရောက်အကူအညီတွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ အကြံဉာဏ်ကောင်းတွေ၊ အဆက်အသွယ်ကောင်းတွေကိုလည်း ဆိုလိုပါတယ်။ ဒီလိုမျိုး သင့်ကို ကျွေးမွေးထောက်ပံ့နိုင်သူတွေထဲမှာ လမ်းပြဆရာတွေ၊ ချစ်ခင်မြတ်နိုးရသူတွေ၊ ယုံကြည်အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေနဲ့ သင့်အတွက် တစ်ခုခုသင်ယူလို့ ရနိုင်မယ့်သူတွေ အားလုံးပါ၀င်ပါတယ်။
၃။ သင်နဲ့ အတူရှိနေချင်သူတွေ….
သင့်ကို လိုအပ်သူတွေ၊ ထောက်ပံ့နိုင်သူတွေလိုပဲ နောက်ထပ်အရေးကြီးတဲ့သူတွေကတော့ သင်နဲ့ အတူရှိနေချင်သူတွေဖြစ်ပါတယ်။ ဆိုလိုတာက သူတို့နဲ့ဆိုရင် ဘာပဲဖြစ်ဖြစ် သင်လည်း ပျော်ရွှင်ရသလို၊ သူတို့လည်း ပျော်ရွှင်နေရသူတွေ ဖြစ်ပါတယ်။ သင့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေက ဒီလိုအမျိုးအစားထဲမှာ ပါ၀င်ပါတယ်။ ရှင်းရှင်းပြောရရင် ဆိုးတူကောင်းဖက်၊ ပေါဖော်ပေါဖက်တွေလို့ ဆိုနိုင်ပါတယ်။ ဒီလူတွေက သင့်ရဲ့ စိတ်ကိုအနားရစေနိုင်ပါတယ်။
သင့်ဘဝမှာ ကျန်းမာပျော်ရွှင်ပြီး၊ အောင်မြင်ဖို့အတွက် သင့်ဘေးနားမှာ ဒီလိုလူသုံးမျိုးနဲ့ ၀န်းရံထားဖို့ လိုပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine