ေအာင္ျမင္သူေတြ ဘယ္ေတာ့မွ မလုပ္တဲ့အရာ (၅)ခု
(Zawgyi)
ေအာင္ျမင္တဲ့သူေတြမွာ သာမန္သူေတြနဲ႔ မတူကြဲျပားတာေတြ အမ်ားႀကီးရွိပါတယ္။ ဒါေတြကလည္း လ်ိဳ႕၀ွက္ထားတဲ့အရာေတြ မဟုတ္ပါဘူး။ သူတို႔က အျခားသူေတြေလွ်ာက္တဲ့လမ္းအတိုင္း ေလွ်ာက္ၿပီး ထူးမျခားနားလမ္းကို မလိုက္ၾကပါဘူး။ ေအာင္ျမင္မႈအတြက္ နည္းလမ္းေတြ၊ အတုယူစရာေတြ အမ်ားႀကီးရွိတဲ့အထဲကမွ ေရွာင္ရွားသင့္တဲ့အရာေတြလည္း ရွိပါတယ္။ ဒါေတြကေတာ့ ေအာင္ျမင္သူေတြ ဘယ္ေတာ့မွမလုပ္တဲ့အရာေတြ ျဖစ္ပါတယ္။
၁။ အျခားသူေတြကို အျပစ္တင္တာ….
ေအာင္ျမင္သူေတြဟာ သူတို႔ဘ၀မွာ ေတြ႕ၾကံဳရတဲ့အေျခအေနနဲ႔ အခက္အခဲေတြအတြက္ အျခားဘယ္သူ႔ကိုမွ အျပစ္မတင္တတ္ၾကပါဘူး။ သင့္ျပႆနာေတြအတြက္ အျခားသူေတြကို အျပစ္တင္တာဟာ သင့္ဆီက စြမ္းအားေတြကို သူတို႔ဆီကို စီးဆင္းခြင့္ေပးလိုက္သလိုပါပဲ။ ဒီလိုအျပစ္တင္ေနလို႔လည္း အရာအားလံုး ေျပလည္သြားမွာမဟုတ္ပါဘူး။ အျပစ္မတင္ေတာ့ဘူးဆိုရင္ ကိုယ္တိုင္ကိုယ္က် တာ၀န္ယူေျဖရွင္းတတ္လာ႐ုံသာမက ကိုယ့္ဘ၀ကို ကိုယ္ကိုယ္တုိင္ ထိန္းခ်ဳပ္ၿပီး ေရာက္ခ်င္တဲ့ ရည္မွန္းခ်က္ပန္းတိုင္ဆီကို ေမာင္းႏွင္သြားႏိုင္မွာပါ။
၂။ ေျပာင္းလဲဖို႔ ေခါင္းမာတာ….
အေျပာင္းအလဲဆိုတာ ေရွာင္လႊဲလို႔မရႏိုင္သလို တိုးတက္မႈရွိဖို႔အတြက္ လိုအပ္တယ္ဆိုတာကို ေအာင္ျမင္သူေတြက နားလည္ၾကပါတယ္။ သင့္အေနနဲ႔ ေျပာင္းလဲမႈမလုပ္ရင္ ေနာက္ျပန္သြားေနတာနဲ႔ အတူတူပါပဲ။ ေျပာင္းလဲစရာရွိလာရင္ အတၱနဲ႔ စိုးရိမ္စိတ္ကို စြန္႔လႊတ္ၿပီး အေလ့အက်င့္နဲ႔ ယုံၾကည္မႈေတြကို ေျပာင္းလဲလိုက္ပါ။ ဒီလိုဆိုရင္ ဘ၀မွာေနာက္ထပ္ေအာင္ျမင္မႈ တဆင့္ကို တက္လွမ္းႏိုင္မွာ ျဖစ္ပါတယ္။
၃။ စိုးရိမ္စိတ္ေၾကာင့္ ေရွ႕မဆက္ႏိုင္တာ….
ကၽြန္ေတာ္တို႔ အားလံုးမွာ စိုးရိမ္စိတ္ေတြ၊ ကိုယ့္ကိုယ္ကိုယ္ ကန္႔သတ္ထားတဲ့ ယုံၾကည္မႈေတြ ရွိပါတယ္။ ေအာင္ျမင္သူေတြကေတာ့ အဲ့ဒါေတြကို ေက်ာ္ျဖတ္ႏိုင္ၾကပါတယ္။ ဒီအခ်က္က ကမာၻမွာ ေအာင္ျမင္ေက်ာ္ၾကားသူေတြနဲ႔ ေအာင္ျမင္ခ်င္ေပးမယ့္ မေအာင္ျမင္ႏိုင္သူေတြၾကားထဲက အႀကီးမားဆံုး ကြာျခားမႈျဖစ္ပါတယ္။ ဒီအခ်က္ကို ေက်ာ္လႊားခ်င္တယ္ဆိုရင္ သင့္ဘ၀အဘိဓာန္ထဲမွာ မလုပ္ႏိုင္ဘူးဆိုတဲ့ စကားကို လုပ္ႏိုင္တယ္လို႔ အရင္ျပင္ရမွာျဖစ္ပါတယ္။ သင့္ရဲ႕ စိုးရိမ္စိတ္ေတြက ယုတၱိရွိရဲ႕လား။ တကယ္ေရာ ျဖစ္လာႏိုင္လို႔လား ေသခ်ာစဥ္းစားပါ။
၄။ အကူအညီေတာင္းဖို႔ ရွက္ေၾကာက္တာ…..
ကၽြန္ေတာ္တို႔ အားလံုးမွာ မာနနဲ႔ပတ္သက္တဲ့ ျပႆနာေတြရွိၾကပါတယ္။ ဒီေနရာမွာ မာနက ဘာနဲ႔တူလဲဆိုရင္ ေအာင္ျမင္မႈပန္းတိုင္နဲ႔ ကၽြန္ေတာ္တို႔ၾကားမွာ ျခားထားတဲ့ မွန္တစ္ခ်ပ္လိုပါပဲ။ ကၽြန္ေတာ္တို႔က အခ်ိန္တိုအတြင္းမွာ အလံုးစံုကို တတ္သိနားလည္သြားဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒီအခါမွာ ကိုယ့္ထက္အေတြ႕အၾကံဳရွိသူေတြ၊ ၀ါရင့္နားလည္သူေတြဆီကေန အကူအညီရယူဖို႔ လိုအပ္ပါတယ္။ ဒီလို အကူအညီမေတာင္းတတ္ဘူးဆိုရင္ေတာ့ ေအာင္ျမင္မႈကို ျမင္ေနရၿပီး တပ္ေခါက္လွည့္ျပန္သြားရပါလိမ့္မယ္။ ဒါ့ေၾကာင့္ လိုအပ္တဲ့အခ်ိန္မွာ အကူအညီေတာင္းတတ္ဖို႔ လိုပါတယ္။
၅။ အေကာင္းဆံုးအခ်ိန္ကို ေစာင့္ေနတာ….
တစ္ခုခုလုပ္ဖို႔အတြက္ အခ်ိန္ေကာင္းကို ေစာင့္တာက အဓိပၸါယ္ရွိတယ္လို႔ ထင္ရပါမယ့္ ေသျခင္းတရားအေၾကာင္း စဥ္းစားၾကည့္ပါ။ ကၽြန္ေတာ္တို႔မွာ ရွိတဲ့အခ်ိန္က အကန္႔အသတ္ရွိတဲ့အတြက္ ေစာင့္ေနလို႔ မရပါဘူး။ ေအာင္ျမင္သူေတြကေတာ့ လက္ရွိအခ်ိန္ထက္ ပိုေကာင္းတာမရွိဘူးဆိုတာကို နားလည္ၾကပါတယ္။ ဟုတ္ပါတယ္။ အခုအခ်ိန္က အေကာင္းဆံုး အသင့္ေတာ္ဆံုးအခ်ိန္ျဖစ္ပါတယ္။ ေလာကႀကီးကလည္း အေကာင္းဆံုးမဟုတ္တဲ့အခ်ိန္မွာ ျဖစ္ေအာင္လုပ္ႏိုင္သူေတြကို မ်က္ႏွာသာေပးတတ္ပါတယ္။ သင္ ေစာင့္ေနဦးမယ္ဆိုရင္ေတာ့ ဘာလို႔ မလုပ္ေသးတာလဲဆိုတာကို ဆင္ေျခေပးစရာရွိေနမွာပါ။ အေကာင္းဆံုးအခ်ိန္ဆိုတာ သင့္စိတ္ကူးထဲမွာပဲ ရွိပါတယ္။ ျပင္ပေလာကႀကီးရဲ႕ သေဘာသဘာ၀ကိုက ဘယ္အရာမွ ၿပီးျပည့္စံုေကာင္းမြန္ေနတာ မဟုတ္ပါဘူး။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++++++
အောင်မြင်သူတွေ ဘယ်တော့မှ မလုပ်တဲ့အရာ (၅)ခု
(Unicode)
အောင်မြင်တဲ့သူတွေမှာ သာမန်သူတွေနဲ့ မတူကွဲပြားတာတွေ အများကြီးရှိပါတယ်။ ဒါတွေကလည်း လျို့ဝှက်ထားတဲ့အရာတွေ မဟုတ်ပါဘူး။ သူတို့က အခြားသူတွေလျှောက်တဲ့လမ်းအတိုင်း လျှောက်ပြီး ထူးမခြားနားလမ်းကို မလိုက်ကြပါဘူး။ အောင်မြင်မှုအတွက် နည်းလမ်းတွေ၊ အတုယူစရာတွေ အများကြီးရှိတဲ့အထဲကမှ ရှောင်ရှားသင့်တဲ့အရာတွေလည်း ရှိပါတယ်။ ဒါတွေကတော့ အောင်မြင်သူတွေ ဘယ်တော့မှမလုပ်တဲ့အရာတွေ ဖြစ်ပါတယ်။
၁။ အခြားသူတွေကို အပြစ်တင်တာ….
အောင်မြင်သူတွေဟာ သူတို့ဘဝမှာ တွေ့ကြုံရတဲ့အခြေအနေနဲ့ အခက်အခဲတွေအတွက် အခြားဘယ်သူ့ကိုမှ အပြစ်မတင်တတ်ကြပါဘူး။ သင့်ပြဿနာတွေအတွက် အခြားသူတွေကို အပြစ်တင်တာဟာ သင့်ဆီက စွမ်းအားတွေကို သူတို့ဆီကို စီးဆင်းခွင့်ပေးလိုက်သလိုပါပဲ။ ဒီလိုအပြစ်တင်နေလို့လည်း အရာအားလုံး ပြေလည်သွားမှာမဟုတ်ပါဘူး။ အပြစ်မတင်တော့ဘူးဆိုရင် ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူဖြေရှင်းတတ်လာရုံသာမက ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ထိန်းချုပ်ပြီး ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို မောင်းနှင်သွားနိုင်မှာပါ။
၂။ ပြောင်းလဲဖို့ ခေါင်းမာတာ….
အပြောင်းအလဲဆိုတာ ရှောင်လွှဲလို့မရနိုင်သလို တိုးတက်မှုရှိဖို့အတွက် လိုအပ်တယ်ဆိုတာကို အောင်မြင်သူတွေက နားလည်ကြပါတယ်။ သင့်အနေနဲ့ ပြောင်းလဲမှုမလုပ်ရင် နောက်ပြန်သွားနေတာနဲ့ အတူတူပါပဲ။ ပြောင်းလဲစရာရှိလာရင် အတ္တနဲ့ စိုးရိမ်စိတ်ကို စွန့်လွှတ်ပြီး အလေ့အကျင့်နဲ့ ယုံကြည်မှုတွေကို ပြောင်းလဲလိုက်ပါ။ ဒီလိုဆိုရင် ဘဝမှာနောက်ထပ်အောင်မြင်မှု တဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
၃။ စိုးရိမ်စိတ်ကြောင့် ရှေ့မဆက်နိုင်တာ….
ကျွန်တော်တို့ အားလုံးမှာ စိုးရိမ်စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေ ရှိပါတယ်။ အောင်မြင်သူတွေကတော့ အဲ့ဒါတွေကို ကျော်ဖြတ်နိုင်ကြပါတယ်။ ဒီအချက်က ကမ္ဘာမှာ အောင်မြင်ကျော်ကြားသူတွေနဲ့ အောင်မြင်ချင်ပေးမယ့် မအောင်မြင်နိုင်သူတွေကြားထဲက အကြီးမားဆုံး ကွာခြားမှုဖြစ်ပါတယ်။ ဒီအချက်ကို ကျော်လွှားချင်တယ်ဆိုရင် သင့်ဘဝအဘိဓာန်ထဲမှာ မလုပ်နိုင်ဘူးဆိုတဲ့ စကားကို လုပ်နိုင်တယ်လို့ အရင်ပြင်ရမှာဖြစ်ပါတယ်။ သင့်ရဲ့ စိုးရိမ်စိတ်တွေက ယုတ္တိရှိရဲ့လား။ တကယ်ရော ဖြစ်လာနိုင်လို့လား သေချာစဉ်းစားပါ။
၄။ အကူအညီတောင်းဖို့ ရှက်ကြောက်တာ…..
ကျွန်တော်တို့ အားလုံးမှာ မာနနဲ့ပတ်သက်တဲ့ ပြဿနာတွေရှိကြပါတယ်။ ဒီနေရာမှာ မာနက ဘာနဲ့တူလဲဆိုရင် အောင်မြင်မှုပန်းတိုင်နဲ့ ကျွန်တော်တို့ကြားမှာ ခြားထားတဲ့ မှန်တစ်ချပ်လိုပါပဲ။ ကျွန်တော်တို့က အချိန်တိုအတွင်းမှာ အလုံးစုံကို တတ်သိနားလည်သွားဖို့ မဖြစ်နိုင်ပါဘူး။ ဒီအခါမှာ ကိုယ့်ထက်အတွေ့အကြံုရှိသူတွေ၊ ၀ါရင့်နားလည်သူတွေဆီကနေ အကူအညီရယူဖို့ လိုအပ်ပါတယ်။ ဒီလို အကူအညီမတောင်းတတ်ဘူးဆိုရင်တော့ အောင်မြင်မှုကို မြင်နေရပြီး တပ်ခေါက်လှည့်ပြန်သွားရပါလိမ့်မယ်။ ဒါ့ကြောင့် လိုအပ်တဲ့အချိန်မှာ အကူအညီတောင်းတတ်ဖို့ လိုပါတယ်။
၅။ အကောင်းဆုံးအချိန်ကို စောင့်နေတာ….
တစ်ခုခုလုပ်ဖို့အတွက် အချိန်ကောင်းကို စောင့်တာက အဓိပ္ပါယ်ရှိတယ်လို့ ထင်ရပါမယ့် သေခြင်းတရားအကြောင်း စဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာ ရှိတဲ့အချိန်က အကန့်အသတ်ရှိတဲ့အတွက် စောင့်နေလို့ မရပါဘူး။ အောင်မြင်သူတွေကတော့ လက်ရှိအချိန်ထက် ပိုကောင်းတာမရှိဘူးဆိုတာကို နားလည်ကြပါတယ်။ ဟုတ်ပါတယ်။ အခုအချိန်က အကောင်းဆုံး အသင့်တော်ဆုံးအချိန်ဖြစ်ပါတယ်။ လောကကြီးကလည်း အကောင်းဆုံးမဟုတ်တဲ့အချိန်မှာ ဖြစ်အောင်လုပ်နိုင်သူတွေကို မျက်နှာသာပေးတတ်ပါတယ်။ သင် စောင့်နေဦးမယ်ဆိုရင်တော့ ဘာလို့ မလုပ်သေးတာလဲဆိုတာကို ဆင်ခြေပေးစရာရှိနေမှာပါ။ အကောင်းဆုံးအချိန်ဆိုတာ သင့်စိတ်ကူးထဲမှာပဲ ရှိပါတယ်။ ပြင်ပလောကကြီးရဲ့ သဘောသဘာဝကိုက ဘယ်အရာမှ ပြီးပြည့်စုံကောင်းမွန်နေတာ မဟုတ်ပါဘူး။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine