ခံတြင္းနံ႔ဆိုးျခင္း ေပ်ာက္ကင္းေစဖို႔ နည္းလမ္းေကာင္းတခ်ိဳ႕

ခံတြင္းနံ႔ဆိုးျခင္း ေပ်ာက္ကင္းေစဖို႔ နည္းလမ္းေကာင္းတခ်ိဳ႕

(Zawgyi)

ခံတြင္းနံ႔ဆိုးတာဟာ ေကာင္းတဲ့အခ်က္တစ္ခု မဟုတ္ပါဘူး။ မနက္ခင္းအိပ္ရာထခါစ ခံတြင္းနံ႔ဆိုးတာ၊ ဘယ္အခ်ိန္ျဖစ္ျဖစ္ ဆိုးတာေတြက အနမ္းေခၽြတဲ့အခါမွာ လက္မခံႏိုင္စရာ အေၾကာင္းခ်င္းရာတစ္ခု ျဖစ္လာႏိုင္ပါတယ္။ မိန္းကေလးေတြကလည္း ဒီအခ်က္ကို မႀကိဳက္ပါဘူး။ ပတ္၀န္းက်င္ကလူေတြကလည္း မလိုလားပါဘူး။ ဒါ့ေၾကာင့္ သင့္ခံတြင္းနံ႔ကို ထိန္းသိမ္းႏိုင္မယ့္ နည္းလမ္းတစ္ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ သြားေတြကို ႀကိဳးေလးနဲ႔ သန္႔ရွင္းေပးပါ။
ကၽြန္ေတာ္တို႔ အားလံုးက ေန႔တိုင္း သြားတိုက္ၾကပါတယ္။ ဒါေပမယ့္ သြားေတြကို ႀကိဳးနဲ႔ သန္႔ရွင္းေပးဖို႔ေတာ့ ေမ့ေနတတ္ၾကပါတယ္။ ဘယ္လိုလုပ္ရလဲဆိုရင္ –
သြားတိုက္ႀကိဳး စင္တီမီတာ (၅၀)ေလာက္ကို ျဖတ္လိုက္ပါ။ သြားနဲ႔ခံတြင္းသန္႔ရွင္းေရးလုပ္တဲ့ ႀကိဳးေလးေတြကို အလြယ္တကူ၀ယ္လို႔ရပါတယ္။
လက္ေခ်ာင္းေလးေတြမွာ ေသခ်ာရစ္ပတ္ၿပီး ႀကိဳးကိုတင္းတင္းေလး ဆန္႔တန္းထားပါ။
ၿပီးရင္ ပါးစပ္ထဲမွာရွိတဲ့ သြားတစ္ေခ်ာင္းခ်င္းစီတိုင္းကို ေသခ်ာပြတ္တိုက္ သန္႔ရွင္းေပးပါ။

၂။ အိပ္ရာမ၀င္ခင္ သြားတိုက္ဖို႔ လံုး၀(လံုး၀) မပ်က္ကြက္ပါနဲ႔။
မနက္ခင္းမွာ ဘာလို႔ သြားတိုက္ၾကတာပါလဲ။ ခံတြင္းနံ႔ ရွင္းေစခ်င္လို႔ မဟုတ္ပါလား။ ဒါဆိုရင္ ဘာျဖစ္လို႔ ညဖက္ေရာ သြားမတိုက္ၾကတာပါလဲ။ ညဖက္သြားမတိုက္ရင္လည္း ခံတြင္းနံ႔ကို ဆိုးရြားေစပါတယ္။ ညဖက္ အိပ္ရာမ၀င္ခင္မွာ သြားတိုက္တာက ပါးစပ္ထဲမွာ ပိုလွ်ံေနတဲ့ ဘက္တီးရီးယားေတြကို ရွင္းထုတ္ေပးႏိုင္သလို မနက္ခင္း အိပ္ရာထခ်ိန္မွာ ခံတြင္းနံ႔ မဆိုးေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။

၃။ လွ်ာကို သန္႔ရွင္းေပးပါ။
သြားေတြလိုပါပဲ။ သင့္ရဲ႕ လွ်ာကလည္း ဘက္တီးရီးယားေတြ ေပါက္ဖြားမွီတင္းေနထုိင္ရာ ေနရာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခံတြင္းနံ႔ကို ဆိုးရြားေစႏိုင္တဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ သြားတိုက္တဲ့အခါတိုင္းမွာ သင့္ရဲ႕လွ်ာကိုလည္း ပြတ္တိုက္ၿပီး သန္႔ရွင္းေပးရမွာ ျဖစ္ပါတယ္။

၄။ သြားတိုက္ၿပီးခ်ိန္မွာ ခံတြင္းသန္႔စင္ေဆးရည္ေတြ မသံုးပါနဲ႔။
ခံတြင္းသန္႔စင္ေဆးရည္ေတြက သင့္ရဲ႕ ခံတြင္းကို ေျခာက္ေသြ႕ေစပါတယ္။ ၿပီးေတာ့ ခံတြင္းနံ႔ဆိုးကို အျမဲတမ္း ထိန္းခ်ဳပ္ႏိုင္တာလည္း မဟုတ္ပါဘူး။ ေန႔ဖက္မွာ ခံတြင္းသန္႔စင္ေဆးရည္ေတြ သံုးတာ ျပႆနာမဟုတ္ေပမယ့္ ညအိပ္ရာ၀င္ခါနီး သြားတိုက္ၿပီးခ်ိန္မွာ ခံတြင္းသန္႔စင္ေဆးရည္သံုးတာကေတာ့ အနံ႔ထြက္ေစတဲ့ ဘက္တီးရီးယားေတြ ပိုမိုေပါက္ဖြားလာေစႏိုင္ပါတယ္။

၅။ ေရမ်ားမ်ားေသာက္ပါ။
ေရဟာ အသက္ရွင္သန္ဖို႔ လိုအပ္သလို ကိုယ္အေလးခ်ိန္က်ဖို႔လည္း လိုအပ္ပါတယ္။ တစ္ေန႔တာလံုးမွာ ေရကို လိုအပ္ပါတယ္။ သင့္ရဲ႕ ခံတြင္းကို ေဆးေၾကာႏိုင္ဖို႔အတြက္လည္း ေရကို တတ္ႏိုင္သမွ် မ်ားမ်ားေသာက္ေပးရမွာပါ။ ေရမ်ားမ်ားေသာက္ေပးျခင္းအားျဖင့္ ကိုယ္တြင္းအပူေၾကာင့္ျဖစ္တဲ့ ခံတြင္းဆိုးကလည္း ကာကြယ္ေပးႏိုင္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္းေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++

ခံတွင်းနံ့ဆိုးခြင်း ပျောက်ကင်းစေဖို့ နည်းလမ်းကောင်းတချို့

(Unicode)

ခံတွင်းနံ့ဆိုးတာဟာ ကောင်းတဲ့အချက်တစ်ခု မဟုတ်ပါဘူး။ မနက်ခင်းအိပ်ရာထခါစ ခံတွင်းနံ့ဆိုးတာ၊ ဘယ်အချိန်ဖြစ်ဖြစ် ဆိုးတာတွေက အနမ်းချွေတဲ့အခါမှာ လက်မခံနိုင်စရာ အကြောင်းချင်းရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ မိန်းကလေးတွေကလည်း ဒီအချက်ကို မကြိုက်ပါဘူး။ ပတ်ဝန်းကျင်ကလူတွေကလည်း မလိုလားပါဘူး။ ဒါ့ကြောင့် သင့်ခံတွင်းနံ့ကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတစ်ခုကို ဖော်ပြလိုက်ပါတယ်။

၁။ သွားတွေကို ကြိုးလေးနဲ့ သန့်ရှင်းပေးပါ။
ကျွန်တော်တို့ အားလုံးက နေ့တိုင်း သွားတိုက်ကြပါတယ်။ ဒါပေမယ့် သွားတွေကို ကြိုးနဲ့ သန့်ရှင်းပေးဖို့တော့ မေ့နေတတ်ကြပါတယ်။ ဘယ်လိုလုပ်ရလဲဆိုရင် –
သွားတိုက်ကြိုး စင်တီမီတာ (၅၀)လောက်ကို ဖြတ်လိုက်ပါ။ သွားနဲ့ခံတွင်းသန့်ရှင်းရေးလုပ်တဲ့ ကြိုးလေးတွေကို အလွယ်တကူဝယ်လို့ရပါတယ်။
လက်ချောင်းလေးတွေမှာ သေချာရစ်ပတ်ပြီး ကြိုးကိုတင်းတင်းလေး ဆန့်တန်းထားပါ။
ပြီးရင် ပါးစပ်ထဲမှာရှိတဲ့ သွားတစ်ချောင်းချင်းစီတိုင်းကို သေချာပွတ်တိုက် သန့်ရှင်းပေးပါ။

၂။ အိပ်ရာမဝင်ခင် သွားတိုက်ဖို့ လုံးဝ(လုံးဝ) မပျက်ကွက်ပါနဲ့။
မနက်ခင်းမှာ ဘာလို့ သွားတိုက်ကြတာပါလဲ။ ခံတွင်းနံ့ ရှင်းစေချင်လို့ မဟုတ်ပါလား။ ဒါဆိုရင် ဘာဖြစ်လို့ ညဖက်ရော သွားမတိုက်ကြတာပါလဲ။ ညဖက်သွားမတိုက်ရင်လည်း ခံတွင်းနံ့ကို ဆိုးရွားစေပါတယ်။ ညဖက် အိပ်ရာမဝင်ခင်မှာ သွားတိုက်တာက ပါးစပ်ထဲမှာ ပိုလျှံနေတဲ့ ဘက်တီးရီးယားတွေကို ရှင်းထုတ်ပေးနိုင်သလို မနက်ခင်း အိပ်ရာထချိန်မှာ ခံတွင်းနံ့ မဆိုးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ လျှာကို သန့်ရှင်းပေးပါ။
သွားတွေလိုပါပဲ။ သင့်ရဲ့ လျှာကလည်း ဘက်တီးရီးယားတွေ ပေါက်ဖွားမှီတင်းနေထိုင်ရာ နေရာဖြစ်ပါတယ်။ ဒါ့ကြောင့် ခံတွင်းနံ့ကို ဆိုးရွားစေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ သွားတိုက်တဲ့အခါတိုင်းမှာ သင့်ရဲ့လျှာကိုလည်း ပွတ်တိုက်ပြီး သန့်ရှင်းပေးရမှာ ဖြစ်ပါတယ်။

၄။ သွားတိုက်ပြီးချိန်မှာ ခံတွင်းသန့်စင်ဆေးရည်တွေ မသုံးပါနဲ့။
ခံတွင်းသန့်စင်ဆေးရည်တွေက သင့်ရဲ့ ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ပြီးတော့ ခံတွင်းနံ့ဆိုးကို အမြဲတမ်း ထိန်းချုပ်နိုင်တာလည်း မဟုတ်ပါဘူး။ နေ့ဖက်မှာ ခံတွင်းသန့်စင်ဆေးရည်တွေ သုံးတာ ပြဿနာမဟုတ်ပေမယ့် ညအိပ်ရာဝင်ခါနီး သွားတိုက်ပြီးချိန်မှာ ခံတွင်းသန့်စင်ဆေးရည်သုံးတာကတော့ အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားလာစေနိုင်ပါတယ်။

၅။ ရေများများသောက်ပါ။
ရေဟာ အသက်ရှင်သန်ဖို့ လိုအပ်သလို ကိုယ်အလေးချိန်ကျဖို့လည်း လိုအပ်ပါတယ်။ တစ်နေ့တာလုံးမှာ ရေကို လိုအပ်ပါတယ်။ သင့်ရဲ့ ခံတွင်းကို ဆေးကြောနိုင်ဖို့အတွက်လည်း ရေကို တတ်နိုင်သမျှ များများသောက်ပေးရမှာပါ။ ရေများများသောက်ပေးခြင်းအားဖြင့် ကိုယ်တွင်းအပူကြောင့်ဖြစ်တဲ့ ခံတွင်းဆိုးကလည်း ကာကွယ်ပေးနိုင်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%