အလုပ္မွာ အာ႐ုံမစုိက္ႏိုင္ရင္ ဒီအခ်က္ေတြ လုပ္ၾကည့္ပါ

(Zawgyi)

အျမဲတမ္းအာရုံစူးစိုက္ေနႏိုင္ဖို႔ဆိုတာက ခက္ခဲတဲ့အရာတစ္ခုျဖစ္ပါတယ္။ ဟုတ္ပါတယ္။ တစ္ခါတစ္ေလမွာ ကိစၥအမ်ားႀကီးမဟုတ္ပဲ တစ္ခုတည္းကို အာ႐ုံစိုက္ထားဖို႔ကေတာင္ မလြယ္ကူပါဘူး။ အေရးမႀကီးတဲ့ ကိစၥေတြေၾကာင့္ အာ႐ုံလြင့္ပ်ံၿပီး အာ႐ုံစိုက္မႈ ပ်က္ယြင္းတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းခြင္ထဲမွာ အာ႐ုံစူးစိုက္မႈေကာင္းေကာင္းနဲ႔ လုပ္ငန္းေတြ အၿပီးသတ္လုပ္ေဆာင္ႏိုင္ဖို႔ နည္းလမ္းတစ္ခ်ိဳ႕ကို အၾကံျပဳလိုက္ပါတယ္။

၁။ အလုပ္ေတြကို ဦးစားေပးအစီအစဥ္သတ္မွတ္ပါ။
အာ႐ုံစူးစိုက္မႈ ေကာင္းလာေစဖို႔အတြက္ ပထမအဆင့္လုပ္ရမွာက သင့္အလုပ္ေတြကို ဦးစားေပးအဆင့္ေတြ သတ္မွတ္ထားဖို႔ပဲ ျဖစ္ပါတယ္။ မနက္ခင္းပိုင္းမွာ အေရးအႀကီးဆံုးအလုပ္ကေန အေရးမႀကီးတဲ့အလုပ္အထိ လုပ္ေဆာင္ရမယ့္ အလုပ္စာရင္းကို အစဥ္လိုက္ခ်ေရးလိုက္ပါ။ တစ္ေန႔တာအစီအစဥ္ေတြနဲ႔ ခ်ိန္ညွိထားပါ။

၂။ အီးေမးလ္ေတြ စစ္ေဆးဖို႔အတြက္ အခ်ိန္တစ္ခု သတ္မွတ္ပါ။
အာ႐ုံစိုက္ႏိုင္ပါတယ္ဆိုတဲ့ လူေတြေတာင္မွ အီးေမးလ္နဲ႔ ဆိုရွယ္မီဒီယာက Notification ေတြေၾကာင့္ အာ႐ုံပ်က္တတ္ၾကပါတယ္။ သာမန္လူေတြအတြက္ဆို (၁၀)ဆ ပိုၿပီးအာ႐ုံပ်ံလြင့္စရာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕အီးေမးလ္နဲ႔ Notification ေတြကို စစ္ေဆးဖို႔ အခ်ိန္တစ္ခု အတိအက်သတ္မွတ္ၿပီး ထိုအခ်ိန္ေရာက္မွ စစ္ေဆးပါ။

၃။ လက္ေတြ႕က်တဲ့ ရည္မွန္းခ်က္ခ်မွတ္ၿပီး အလုပ္ေတြကို ခြဲျခမ္းလုပ္ကိုင္ပါ။
သင့္ရဲ႕ လုပ္ေဆာင္ရမယ့္ အလုပ္စာရင္းထဲမွာ အမ်ားႀကီးျဖစ္ေနမယ္ဆိုရင္ မလုပ္ရေသးခင္မွာပဲ စိတ္ဖိစီးေနမွာ ျဖစ္ပါတယ္။ ဒီလိုမျဖစ္ေအာင္လို႔ တစ္ေန႔တာမွာ လုပ္ေဆာင္လို႔ ၿပီးႏိုင္သေလာက္ပဲ သတ္မွတ္ပါ။ ၿပီးရင္ အလုပ္ေတြကို အလြယ္တကူၿပီးႏိုင္တဲ့ ကိစၥေလးေတြအျဖစ္ ခြဲျခမ္းစိတ္ျဖာၿပီး တစ္ခုခ်င္းစီး လုပ္ေဆာင္သြားပါ။ လက္ေတြ႕ျဖစ္ႏိုင္ေခ်ရွိတဲ့ အၿပီးသတ္ခ်ိန္နဲ႔ ရည္မွန္းခ်က္ခ်မွတ္ၿပီး ထိုအခ်ိန္အတိုင္းၿပီးေအာင္ လုပ္ေဆာင္ပါ။

၄။ အလုပ္ကို တစ္ေနရာထဲမွာပဲ လုပ္ပါ။
အခုေခတ္မွာ အလုပ္ကို အိမ္ကေနလုပ္တဲ့သူေတြရွိပါတယ္။ ေအးေအးေဆးေဆး ေကာ္ဖီဆိုင္သြားထိုင္ရင္ လုပ္တဲ့သူေတြလည္းရွိပါတယ္။ ဘယ္မွာပဲျဖစ္ျဖစ္ပါ။ အာ႐ုံစူးစိုက္ၿပီး လုပ္ခ်င္တယ္ဆိုရင္ေတာ့ တစ္ေနရာထဲမွာပဲ ေသခ်ာလုပ္ေဆာင္သင့္ပါတယ္။ အိမ္မွာဆိုရင္လည္း အလုပ္ေနရာသတ္မွတ္ၿပီး လုပ္ေဆာင္ပါ။

၅။ တိတ္ဆိတ္ၿငိမ္သက္တဲ့ ေနရာတစ္ခုမွာ အလုပ္လုပ္ပါ။
ျပင္ပ ပတ္၀န္းက်င္က ဆူညံေနမယ္ဆိုရင္ အာ႐ုံစိုက္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ေအးေအးေဆးေဆး အလုပ္ လုပ္ႏိုင္မယ့္ေနရာတစ္ခုကို ရွာေဖြၿပီး လုပ္မယ္ဆိုရင္ေတာ့ အဆင္ေျပႏိုင္ပါတယ္။ အလြယ္ကူဆံုးနည္းလမး္ကေတာ့ သင့္ဖုန္းကေန သာယာညိမ့္ေညာင္းတဲ့ တီးလံုးေလးတစ္ခုကို ဖြင့္ထားၿပီး နားၾကပ္တပ္ထားလိုက္မယ္ဆိုရင္ ျပင္ပက ဆူညံသံေတြကိုလည္း ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။

၆။ အလုပ္ေနရာကို ရွင္းလင္းပါ။
အလုပ္လုပ္တဲ့စားပြဲ ဒါမွမဟုတ္ ေနရာမွာ ႐ႈပ္ပြေနတာကလည္း အာရုံစူးစိုက္မႈကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အလုပ္စားပြဲမွာ မလိုအပ္တာေတြကို ရွင္းလင္းထားၿပီး စနစ္က်သပ္ရပ္ေနေအာင္ ျပင္ဆင္ထားပါ။

၇။ စိတ္ကို အနားေပးႏိုင္မယ့္ ေလ့က်င့္ခန္းေတြ လုပ္ပါ။
အလုပ္လုပ္ေနရင္းနဲ႔ ဆက္လုပ္ခ်င္စိတ္မရွိေတာ့ေလာက္ေအာင္ အာရံုပ်က္ၿပီး ပ်င္းရိၿငီးေငြ႕လာၿပီးဆိုရင္ ဒီေလ့က်င့္ခန္းေတြ လုပ္ၾကည့္ပါ။ ခဲတံတစ္ေခ်ာင္းကို ကိုင္ၿပီး မ်က္လံုးနဲ႔ တတန္းတည္းမွာ ထားပါ။ မ်က္လံုးေတြကို ခဲတံေပၚမွာပဲ စိုက္ၾကည့္ေနပါ။ ဒါမွမဟုတ္ ကိုယ္လက္ အေၾကာဆန္႔တဲ့ ေလ့က်င့္ခန္းေတြ လုပ္တာ၊ တရားထိုင္တာ နဲ႔ ထိုင္ခံုေပၚမွာ ဒီအတိုင္းဘာမွမလုပ္ပဲ သက္ေတာင့္သက္သာထိုင္ေနတာေတြကလည္း အေထာက္အကူျဖစ္ေစႏုိင္ပါတယ္။

၈။ ေခတၱအနားယူပါ။
တစ္ေန႔လံုး ေတာက္ေလွ်ာက္အလုပ္လုပ္တာက စိတ္၀င္စားမႈေလ်ာ့ပါးေစၿပီး အာရုံပ်က္ေစပါတယ္။ ခဏတျဖဳတ္အနားယူဖို႔ လိုပါတယ္။ လက္ဘက္ရည္ေသာက္တာ ေဆးလိပ္ေသာက္တာေလာက္ပဲ မဟုတ္ပါဘူး။ အြန္လိုင္းကေန သေဘာက်တဲ့ စာအုပ္ေတြ၊ ေဆာင္းပါးေတြဖတ္တာ၊ ဖုန္းနဲ႔ ဂိမ္းကစားတာ၊ စိတ္၀င္စားတဲ့ ဇာတ္လမ္းတစ္ခုခုၾကည့္တာတို႔ပါ လုပ္ႏိုင္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

အလုပ်မှာ အာရုံမစိုက်နိုင်ရင် ဒီအချက်တွေ လုပ်ကြည့်ပါ

(Unicode)

အမြဲတမ်းအာရုံစူးစိုက်နေနိုင်ဖို့ဆိုတာက ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တစ်ခါတစ်လေမှာ ကိစ္စအများကြီးမဟုတ်ပဲ တစ်ခုတည်းကို အာရုံစိုက်ထားဖို့ကတောင် မလွယ်ကူပါဘူး။ အရေးမကြီးတဲ့ ကိစ္စတွေကြောင့် အာရုံလွင့်ပျံပြီး အာရုံစိုက်မှု ပျက်ယွင်းတတ်ကြပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်ထဲမှာ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ လုပ်ငန်းတွေ အပြီးသတ်လုပ်ဆောင်နိုင်ဖို့ နည်းလမ်းတစ်ချို့ကို အကြံပြုလိုက်ပါတယ်။

၁။ အလုပ်တွေကို ဦးစားပေးအစီအစဉ်သတ်မှတ်ပါ။
အာရုံစူးစိုက်မှု ကောင်းလာစေဖို့အတွက် ပထမအဆင့်လုပ်ရမှာက သင့်အလုပ်တွေကို ဦးစားပေးအဆင့်တွေ သတ်မှတ်ထားဖို့ပဲ ဖြစ်ပါတယ်။ မနက်ခင်းပိုင်းမှာ အရေးအကြီးဆုံးအလုပ်ကနေ အရေးမကြီးတဲ့အလုပ်အထိ လုပ်ဆောင်ရမယ့် အလုပ်စာရင်းကို အစဉ်လိုက်ချရေးလိုက်ပါ။ တစ်နေ့တာအစီအစဉ်တွေနဲ့ ချိန်ညှိထားပါ။

၂။ အီးမေးလ်တွေ စစ်ဆေးဖို့အတွက် အချိန်တစ်ခု သတ်မှတ်ပါ။
အာရုံစိုက်နိုင်ပါတယ်ဆိုတဲ့ လူတွေတောင်မှ အီးမေးလ်နဲ့ ဆိုရှယ်မီဒီယာက Notification တွေကြောင့် အာရုံပျက်တတ်ကြပါတယ်။ သာမန်လူတွေအတွက်ဆို (၁၀)ဆ ပိုပြီးအာရုံပျံလွင့်စရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အီးမေးလ်နဲ့ Notification တွေကို စစ်ဆေးဖို့ အချိန်တစ်ခု အတိအကျသတ်မှတ်ပြီး ထိုအချိန်ရောက်မှ စစ်ဆေးပါ။

၃။ လက်တွေ့ကျတဲ့ ရည်မှန်းချက်ချမှတ်ပြီး အလုပ်တွေကို ခွဲခြမ်းလုပ်ကိုင်ပါ။
သင့်ရဲ့ လုပ်ဆောင်ရမယ့် အလုပ်စာရင်းထဲမှာ အများကြီးဖြစ်နေမယ်ဆိုရင် မလုပ်ရသေးခင်မှာပဲ စိတ်ဖိစီးနေမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင်လို့ တစ်နေ့တာမှာ လုပ်ဆောင်လို့ ပြီးနိုင်သလောက်ပဲ သတ်မှတ်ပါ။ ပြီးရင် အလုပ်တွေကို အလွယ်တကူပြီးနိုင်တဲ့ ကိစ္စလေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာပြီး တစ်ခုချင်းစီး လုပ်ဆောင်သွားပါ။ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ အပြီးသတ်ချိန်နဲ့ ရည်မှန်းချက်ချမှတ်ပြီး ထိုအချိန်အတိုင်းပြီးအောင် လုပ်ဆောင်ပါ။

၄။ အလုပ်ကို တစ်နေရာထဲမှာပဲ လုပ်ပါ။
အခုခေတ်မှာ အလုပ်ကို အိမ်ကနေလုပ်တဲ့သူတွေရှိပါတယ်။ အေးအေးဆေးဆေး ကော်ဖီဆိုင်သွားထိုင်ရင် လုပ်တဲ့သူတွေလည်းရှိပါတယ်။ ဘယ်မှာပဲဖြစ်ဖြစ်ပါ။ အာရုံစူးစိုက်ပြီး လုပ်ချင်တယ်ဆိုရင်တော့ တစ်နေရာထဲမှာပဲ သေချာလုပ်ဆောင်သင့်ပါတယ်။ အိမ်မှာဆိုရင်လည်း အလုပ်နေရာသတ်မှတ်ပြီး လုပ်ဆောင်ပါ။

၅။ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုမှာ အလုပ်လုပ်ပါ။
ပြင်ပ ပတ်ဝန်းကျင်က ဆူညံနေမယ်ဆိုရင် အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အေးအေးဆေးဆေး အလုပ် လုပ်နိုင်မယ့်နေရာတစ်ခုကို ရှာဖွေပြီး လုပ်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ အလွယ်ကူဆုံးနည်းလမး်ကတော့ သင့်ဖုန်းကနေ သာယာညိမ့်ညောင်းတဲ့ တီးလုံးလေးတစ်ခုကို ဖွင့်ထားပြီး နားကြပ်တပ်ထားလိုက်မယ်ဆိုရင် ပြင်ပက ဆူညံသံတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၆။ အလုပ်နေရာကို ရှင်းလင်းပါ။
အလုပ်လုပ်တဲ့စားပွဲ ဒါမှမဟုတ် နေရာမှာ ရှုပ်ပွနေတာကလည်း အာရုံစူးစိုက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်စားပွဲမှာ မလိုအပ်တာတွေကို ရှင်းလင်းထားပြီး စနစ်ကျသပ်ရပ်နေအောင် ပြင်ဆင်ထားပါ။

၇။ စိတ်ကို အနားပေးနိုင်မယ့် လေ့ကျင့်ခန်းတွေ လုပ်ပါ။
အလုပ်လုပ်နေရင်းနဲ့ ဆက်လုပ်ချင်စိတ်မရှိတော့လောက်အောင် အာရုံပျက်ပြီး ပျင်းရိငြီးငွေ့လာပြီးဆိုရင် ဒီလေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။ ခဲတံတစ်ချောင်းကို ကိုင်ပြီး မျက်လုံးနဲ့ တတန်းတည်းမှာ ထားပါ။ မျက်လုံးတွေကို ခဲတံပေါ်မှာပဲ စိုက်ကြည့်နေပါ။ ဒါမှမဟုတ် ကိုယ်လက် အကြောဆန့်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ၊ တရားထိုင်တာ နဲ့ ထိုင်ခုံပေါ်မှာ ဒီအတိုင်းဘာမှမလုပ်ပဲ သက်တောင့်သက်သာထိုင်နေတာတွေကလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

၈။ ခေတ္တအနားယူပါ။
တစ်နေ့လုံး တောက်လျှောက်အလုပ်လုပ်တာက စိတ်ဝင်စားမှုလျော့ပါးစေပြီး အာရုံပျက်စေပါတယ်။ ခဏတဖြုတ်အနားယူဖို့ လိုပါတယ်။ လက်ဘက်ရည်သောက်တာ ဆေးလိပ်သောက်တာလောက်ပဲ မဟုတ်ပါဘူး။ အွန်လိုင်းကနေ သဘောကျတဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေဖတ်တာ၊ ဖုန်းနဲ့ ဂိမ်းကစားတာ၊ စိတ်ဝင်စားတဲ့ ဇာတ်လမ်းတစ်ခုခုကြည့်တာတို့ပါ လုပ်နိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine