အလုပ္ရွင္ အထက္လူႀကီး သေဘာက်သည့္ အေလ့အက်င့္မ်ား

(Zawgyi)

လုပ္ငန္းတစ္ခုမွာ ၀န္ထမ္းလုပ္ၿပီဆိုတာနဲ႔ အလုပ္ရွင္ ဒါမွမဟုတ္ အထက္လူႀကီးနဲ႔ ပတ္သက္ရမွာ ျဖစ္ပါတယ္။ လုပ္ငန္းခြင္အတြင္းမွာ ရာထူးေနရာ၊ လုပ္ခလစာ စတာေတြအျပင္ အျခားအခြင့္အေရးနဲ႔ တက္လမ္းေတြ ရရွိဖို႔အတြက္ သူတို႔နဲ႔ ဆက္ဆံေရးေကာင္းတစ္ခုကို တည္ေဆာက္ႏိုင္႐ုံသာမက ယုံၾကည္အားကိုးခံရသူ ျဖစ္ဖို႔ အေရးႀကီးပါတယ္။ ဒါေပမယ့္ အခြင့္အေရးေမွ်ာ္ကိုးၿပီး အလုပ္ရွင္ ဒါမွမဟုတ္ အထက္လူႀကီးကို မ်က္ၤႏွာလိုမ်က္ႏွာရလုပ္တာကေတာ့ နည္းလမ္းမက်သလို လုပ္ေဖာ္ကိုင္ဖက္ေတြကပါ မ်က္စိစပါးေမႊးစူးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကပ္ဖားရပ္ဖားလုပ္စရာမလိုပဲ ကိုယ့္အလုပ္ကိုယ္လုပ္ရင္း အလုပ္ရွင္နဲ႔ အထက္လူႀကီးေတြ သေဘာက်လာႏိုင္မယ့္ လုပ္ငန္းခြင္အေလ့အက်င့္တခ်ိဳ႕ကို သိထားဖို႔ လိုပါတယ္။

တာ၀န္ယူမႈ၊ တာ၀န္ခံမႈ ရွိပါေစ။

အလုပ္ရွင္ အထက္လူႀကီးေတြမွာ လုပ္စရာေတြ အမ်ားႀကီးရွိတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ သင့္ကိုေပးအပ္ထားတဲ့ အလုပ္တာ၀န္အတြက္ စိတ္ပူေနရတာ၊ ျပန္လုပ္ရတာ၊ စစ္ေဆးေနရတာေတြကို မလုပ္ခ်င္ၾကပါဘူး။ ဒါ့ေၾကာင့္ သင့္ကိုေပးအပ္တဲ့ အလုပ္တာ၀န္ကို တိတိက်က်နဲ႔ သတ္မွတ္ခ်ိန္အတိုင္း ၿပီးစီးေအာင္ လုပ္ပါ။ တာ၀န္ယူမႈ၊ တာ၀န္ခံမႈဆိုတဲ့ေနရာမွာ အလုပ္ကို တာ၀န္ယူႏိုင္စြမ္းရွိသလို အလုပ္တာ၀န္ ေအာင္ျမင္မႈအတြက္ေရာ အဆင္မေျပလြဲေခ်ာ္မႈ တစ္စံုတစ္ရာအတြက္ပါ တာ၀န္ခံႏိုင္ရမွာ ျဖစ္ပါတယ္။ အလုပ္ကို သတ္မွတ္ထားတဲ့အတိုင္း ၿပီးေျမာက္ေအာင္မလုပ္ႏိုင္ပဲ ဆင္ေျခေပးတာ၊ အေၾကာင္းျပတာက အလုပ္ရွင္နဲ႔ အထက္လူႀကီးေတြ မႀကိဳက္တဲ့အခ်က္တစ္ခု ျဖစ္ပါတယ္။ ဘယ္သူမွမလုပ္ႏိုင္တဲ့ ကိစၥနဲ႔ အေျခအေနကို အလုပ္ရွင္နဲ႔ အထက္လူႀကီးေတြက နားလည္ပါတယ္။ ဒါေပမယ့္ ဒီအေျခအေနေတြကို သင္ ဘယ္လိုတံု႔ျပန္လဲဆိုတာေပၚမွာ မူတည္ပါတယ္။ တာ၀န္ယူတတ္သူေတြက ဘယ္ေတာ့မွ ဆင္ေျခမေပးၾကပါဘူး။ လုပ္စရာရွိတာကို လုပ္ၾကပါတယ္။

ႀကိဳတင္ျပင္ဆင္ထားတတ္ပါေစ။
ေအာင္ျမင္မႈ ဒါမွမဟုတ္ ကံေကာင္းျခင္းဟာ အခြင့္အလမ္းေပၚေပါက္လာခ်ိန္မွာ အရယူႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားျခင္းရဲ႕ ရလဒ္ပဲ ျဖစ္ပါတယ္။ သင့္အေနနဲ႔ အစည္းအေ၀းတစ္ခု တက္စရာရွိတယ္ ဆိုပါစို႔။ အဲ့ဒီအစည္းအေ၀းက တကယ့္အစည္းအေ၀းပြဲႀကီးတစ္ခုပဲျဖစ္ျဖစ္၊ အလုပ္ရွင္ အထက္လူႀကီးနဲ႔ တစ္ေယာက္ခ်င္းေတြ႕ရတဲ့ အစည္းအေ၀းပဲျဖစ္ျဖစ္ သင့္အေနနဲ႔ သင့္ေတာ္တဲ့သတင္းအခ်က္အလက္ေတြကို ျပင္ဆင္ယူေဆာင္သြားဖို႔ လိုပါတယ္။ သင့္ေတာ္တဲ့သတင္းအခ်က္အလက္ဆိုတာက အစည္းအေ၀းအတြက္လိုအပ္ခ်က္ေတြ၊ သင့္ရာထူး၊ လုပ္ငန္းအေျခအေနနဲ႔ ပတ္သက္ၿပီး တင္ျပမယ့္အခ်က္အလက္ေတြကို ျပင္ဆင္သြားရမွာပါ။ ဘာအေၾကာင္းအရာကိုပဲ ျဖစ္ျဖစ္ ႀကိဳတင္ျပင္ဆင္ထားတတ္တဲ့ ၀န္ထမ္းေတြကို အလုပ္ရွင္နဲ႔ အထက္လူႀကီးေတြက သေဘာက်ၾကပါတယ္။ ဒီလိုႀကိဳတင္ျပင္ဆင္တတ္တာဟာ အလုပ္ကို တန္ဖိုးထားတယ္၊ စိတ္အားတက္ၾကြမႈရွိတယ္၊ မိမိကိုယ္ကို ယုံၾကည္ရွိတယ္ဆိုတဲ့ အခ်က္ေတြကို ေဖာ္ျပေနတာပါပဲ။

စမတ္က်က်အလုပ္လုပ္တတ္ပါေစ။

အလုပ္တစ္ခုကို အခ်ိန္နည္းနည္း၊ ကုန္က်စရိတ္နည္းနည္းနဲ႔ ထိထိေရာက္ေရာက္လုပ္ႏိုင္တာကို အလုပ္ရွင္ေတြ၊ အထက္လူႀကီးေတြ အားလံုးက သေဘာက်ၾကပါတယ္။ သင့္ရဲ႕ အခ်ိန္ကို ဘယ္လိုစီမံခန္႔ခြဲၿပီး အသံုးခ်မလဲဆိုတာကို ေလ့လာဖို႔ လိုအပ္ပါတယ္။ အလုပ္ေတြ ၿပီးသြားတာနဲ႔ အခ်ိန္ကုန္ လူပန္းသက္သက္သာသာနဲ႔ ၿပီးသြားတာက မတူပါဘူး။ အိမ္ျပန္ေနာက္က်တဲ့အထိ အခ်ိန္ပိုဆင္းၿပီး အလုပ္ေတြ လုပ္ေနတိုင္းလည္း သင့္ကို အလုပ္ႀကိဳးစားေနတယ္လို႔ အလုပ္ရွင္ေတြက ျမင္မွာမဟုတ္ပါဘူး။ တနည္းအားျဖင့္ သင့္အေနနဲ႔ ဒီအလုပ္ကို အခ်ိန္တိုအတြင္း ထိထိေရာက္ေရာက္ၿပီးစီးသြားေအာင္ လုပ္ႏိုင္စြမ္းမရွိဘူးလို႔ေတာင္ ျမင္သြားႏိုင္ပါေသးတယ္။ တကယ္လို႔ အလုပ္ၿပီးစီးဖို႔အတြက္ အခ်ိန္ပိုလိုအပ္တယ္ဆိုရင္ေတာင္ အလုပ္ကို ေစာေစာလာၿပီး လုပ္တာက အလုပ္ရွင္ရဲ႕ အထင္ႀကီးမႈကို ရႏိုင္ပါေသးတယ္။

ေခတ္ေရစီးေၾကာင္းကို လိုက္မွီပါေစ။
သတင္းအခ်က္အလက္၊ နည္းပညာ၊ လိုအပ္တဲ့ အရည္အခ်င္း ဘာကိုပဲျဖစ္ျဖစ္ ေခတ္ေရစီးေၾကာင္းကို အမွီလိုက္ႏိုင္တာက အက်ိဳးျဖစ္ထြန္းေစမွာပါ။ အလုပ္နဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို အျမဲတမ္း သိေနတာ၊ နည္းပညာအေျပာင္းအလဲေတြကို ေလ့လာထားတာ၊ သင္တန္းေတြ၊ အျခားအရည္အခ်င္းေတြ ျဖည့္ထားတာေတြ လုပ္ဖို႔ လိုအပ္ပါတယ္။ ေခတ္ေရစီးေၾကာင္းကို လိုက္ႏိုင္တာက သင့္ကို စိတ္အားတက္ၾကြမႈရွိသူ၊ ဥာဏ္ရည္ထက္ျမက္သူ၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိသူ တစ္ေယာက္အျဖစ္နဲ႔ အလုပ္ရွင္၊ အထက္လူႀကီးေတြက သေဘာက်မွာေသခ်ာပါတယ္။ သင့္ရဲ႕ အသိပညာ၊ အရည္အခ်င္းေတြနဲ႔ အလုပ္ရွင္၊ အထက္လူႀကီးေတြရဲ႕ အလုပ္ေတြကို ပိုမိုလြယ္ကူျမန္ဆန္ေအာင္ ကူညီေပးႏုိင္တာေၾကာင့္ ျဖစ္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++

အလုပ်ရှင် အထက်လူကြီး သဘောကျသည့် အလေ့အကျင့်များ

(Unicode)

လုပ်ငန်းတစ်ခုမှာ ၀န်ထမ်းလုပ်ပြီဆိုတာနဲ့ အလုပ်ရှင် ဒါမှမဟုတ် အထက်လူကြီးနဲ့ ပတ်သက်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ ရာထူးနေရာ၊ လုပ်ခလစာ စတာတွေအပြင် အခြားအခွင့်အရေးနဲ့ တက်လမ်းတွေ ရရှိဖို့အတွက် သူတို့နဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်နိုင်ရုံသာမက ယုံကြည်အားကိုးခံရသူ ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် အခွင့်အရေးမျှော်ကိုးပြီး အလုပ်ရှင် ဒါမှမဟုတ် အထက်လူကြီးကို မျက်င်္နှာလိုမျက်နှာရလုပ်တာကတော့ နည်းလမ်းမကျသလို လုပ်ဖော်ကိုင်ဖက်တွေကပါ မျက်စိစပါးမွှေးစူးနိုင်ပါတယ်။ ဒါ့ကြောင့် ကပ်ဖားရပ်ဖားလုပ်စရာမလိုပဲ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အလုပ်ရှင်နဲ့ အထက်လူကြီးတွေ သဘောကျလာနိုင်မယ့် လုပ်ငန်းခွင်အလေ့အကျင့်တချို့ကို သိထားဖို့ လိုပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပါစေ။

အလုပ်ရှင် အထက်လူကြီးတွေမှာ လုပ်စရာတွေ အများကြီးရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ သင့်ကိုပေးအပ်ထားတဲ့ အလုပ်တာဝန်အတွက် စိတ်ပူနေရတာ၊ ပြန်လုပ်ရတာ၊ စစ်ဆေးနေရတာတွေကို မလုပ်ချင်ကြပါဘူး။ ဒါ့ကြောင့် သင့်ကိုပေးအပ်တဲ့ အလုပ်တာဝန်ကို တိတိကျကျနဲ့ သတ်မှတ်ချိန်အတိုင်း ပြီးစီးအောင် လုပ်ပါ။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့နေရာမှာ အလုပ်ကို တာဝန်ယူနိုင်စွမ်းရှိသလို အလုပ်တာဝန် အောင်မြင်မှုအတွက်ရော အဆင်မပြေလွဲချော်မှု တစ်စုံတစ်ရာအတွက်ပါ တာဝန်ခံနိုင်ရမှာ ဖြစ်ပါတယ်။ အလုပ်ကို သတ်မှတ်ထားတဲ့အတိုင်း ပြီးမြောက်အောင်မလုပ်နိုင်ပဲ ဆင်ခြေပေးတာ၊ အကြောင်းပြတာက အလုပ်ရှင်နဲ့ အထက်လူကြီးတွေ မကြိုက်တဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ဘယ်သူမှမလုပ်နိုင်တဲ့ ကိစ္စနဲ့ အခြေအနေကို အလုပ်ရှင်နဲ့ အထက်လူကြီးတွေက နားလည်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို သင် ဘယ်လိုတုံ့ပြန်လဲဆိုတာပေါ်မှာ မူတည်ပါတယ်။ တာဝန်ယူတတ်သူတွေက ဘယ်တော့မှ ဆင်ခြေမပေးကြပါဘူး။ လုပ်စရာရှိတာကို လုပ်ကြပါတယ်။

ကြိုတင်ပြင်ဆင်ထားတတ်ပါစေ။
အောင်မြင်မှု ဒါမှမဟုတ် ကံကောင်းခြင်းဟာ အခွင့်အလမ်းပေါ်ပေါက်လာချိန်မှာ အရယူနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ အစည်းအဝေးတစ်ခု တက်စရာရှိတယ် ဆိုပါစို့။ အဲ့ဒီအစည်းအဝေးက တကယ့်အစည်းအဝေးပွဲကြီးတစ်ခုပဲဖြစ်ဖြစ်၊ အလုပ်ရှင် အထက်လူကြီးနဲ့ တစ်ယောက်ချင်းတွေ့ရတဲ့ အစည်းအဝေးပဲဖြစ်ဖြစ် သင့်အနေနဲ့ သင့်တော်တဲ့သတင်းအချက်အလက်တွေကို ပြင်ဆင်ယူဆောင်သွားဖို့ လိုပါတယ်။ သင့်တော်တဲ့သတင်းအချက်အလက်ဆိုတာက အစည်းအဝေးအတွက်လိုအပ်ချက်တွေ၊ သင့်ရာထူး၊ လုပ်ငန်းအခြေအနေနဲ့ ပတ်သက်ပြီး တင်ပြမယ့်အချက်အလက်တွေကို ပြင်ဆင်သွားရမှာပါ။ ဘာအကြောင်းအရာကိုပဲ ဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားတတ်တဲ့ ၀န်ထမ်းတွေကို အလုပ်ရှင်နဲ့ အထက်လူကြီးတွေက သဘောကျကြပါတယ်။ ဒီလိုကြိုတင်ပြင်ဆင်တတ်တာဟာ အလုပ်ကို တန်ဖိုးထားတယ်၊ စိတ်အားတက်ကြွမှုရှိတယ်၊ မိမိကိုယ်ကို ယုံကြည်ရှိတယ်ဆိုတဲ့ အချက်တွေကို ဖော်ပြနေတာပါပဲ။

စမတ်ကျကျအလုပ်လုပ်တတ်ပါစေ။

အလုပ်တစ်ခုကို အချိန်နည်းနည်း၊ ကုန်ကျစရိတ်နည်းနည်းနဲ့ ထိထိရောက်ရောက်လုပ်နိုင်တာကို အလုပ်ရှင်တွေ၊ အထက်လူကြီးတွေ အားလုံးက သဘောကျကြပါတယ်။ သင့်ရဲ့ အချိန်ကို ဘယ်လိုစီမံခန့်ခွဲပြီး အသုံးချမလဲဆိုတာကို လေ့လာဖို့ လိုအပ်ပါတယ်။ အလုပ်တွေ ပြီးသွားတာနဲ့ အချိန်ကုန် လူပန်းသက်သက်သာသာနဲ့ ပြီးသွားတာက မတူပါဘူး။ အိမ်ပြန်နောက်ကျတဲ့အထိ အချိန်ပိုဆင်းပြီး အလုပ်တွေ လုပ်နေတိုင်းလည်း သင့်ကို အလုပ်ကြိုးစားနေတယ်လို့ အလုပ်ရှင်တွေက မြင်မှာမဟုတ်ပါဘူး။ တနည်းအားဖြင့် သင့်အနေနဲ့ ဒီအလုပ်ကို အချိန်တိုအတွင်း ထိထိရောက်ရောက်ပြီးစီးသွားအောင် လုပ်နိုင်စွမ်းမရှိဘူးလို့တောင် မြင်သွားနိုင်ပါသေးတယ်။ တကယ်လို့ အလုပ်ပြီးစီးဖို့အတွက် အချိန်ပိုလိုအပ်တယ်ဆိုရင်တောင် အလုပ်ကို စောစောလာပြီး လုပ်တာက အလုပ်ရှင်ရဲ့ အထင်ကြီးမှုကို ရနိုင်ပါသေးတယ်။

ခေတ်ရေစီးကြောင်းကို လိုက်မှီပါစေ။
သတင်းအချက်အလက်၊ နည်းပညာ၊ လိုအပ်တဲ့ အရည်အချင်း ဘာကိုပဲဖြစ်ဖြစ် ခေတ်ရေစီးကြောင်းကို အမှီလိုက်နိုင်တာက အကျိုးဖြစ်ထွန်းစေမှာပါ။ အလုပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အမြဲတမ်း သိနေတာ၊ နည်းပညာအပြောင်းအလဲတွေကို လေ့လာထားတာ၊ သင်တန်းတွေ၊ အခြားအရည်အချင်းတွေ ဖြည့်ထားတာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ခေတ်ရေစီးကြောင်းကို လိုက်နိုင်တာက သင့်ကို စိတ်အားတက်ကြွမှုရှိသူ၊ ဉာဏ်ရည်ထက်မြက်သူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူ တစ်ယောက်အဖြစ်နဲ့ အလုပ်ရှင်၊ အထက်လူကြီးတွေက သဘောကျမှာသေချာပါတယ်။ သင့်ရဲ့ အသိပညာ၊ အရည်အချင်းတွေနဲ့ အလုပ်ရှင်၊ အထက်လူကြီးတွေရဲ့ အလုပ်တွေကို ပိုမိုလွယ်ကူမြန်ဆန်အောင် ကူညီပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine