အရက္နာက်ျခင္းအတြက္ နည္းလမ္းေကာင္းမ်ား
(Zawgyi)
အရက္ေသာက္ျခင္းမွာ ေကာင္းက်ိဳးေရာ ဆိုးက်ိဳးေရာ ရွိပါတယ္။ အဆိုးဆံုးအခ်က္ေတြထဲက တစ္ခုကေတာ့ ေသာက္ၿပီး ေနာက္တစ္ေန႔မနက္မွာ အရက္နာက်တာပဲျဖစ္ပါတယ္။ အရက္နာက်ျခင္းဟာ စိတ္ပ်က္စရာကိစၥတစ္ခုဆိုတာ အားလံုးသိၾကမွာပါ။ ေခါင္းကိုက္တာ၊ ေမာပန္းႏြမ္းနယ္တာ၊ ေရဆာတာ၊ ညည္းစီစီျဖစ္တာ၊ မအီမသာျဖစ္တာ နဲ႔ ခံတြင္းပ်က္တာ စတဲ့ လကၡဏာေတြပါ၀င္ပါတယ္။ ဒီလို စိတ္ပ်က္စရာေကာင္းတဲ့ အရက္နာက်ျခင္းကို ကုစားသက္သာေစႏိုင္တဲ့ နည္းလမ္းတစ္ခ်ို႕ရွိေနပါတယ္။
၁။ အသင့္အတင့္ပဲ ေသာက္သံုးပါ။
အရက္နာက်ျခင္း ျပင္းထန္မႈဟာ ေသာက္သံုးတဲ့ အရက္ပမာဏနဲ႔ သက္ဆိုင္ပါတယ္။ ဒါ့ေၾကာင့္ အရက္နာက်ျခင္းကို ကာကြယ္ႏိုင္ဖို႔အတြက္ အလြန္အကၽြံမေသာက္ပါနဲ႔။ အတန္အသင့္ပဲ ေသာက္သံုးပါ။ ဒါမွမဟုတ္ လံုး၀မေသာက္ပါနဲ႔။ ဒါေပမယ့္ လူတစ္ေယာက္နဲ႔တစ္ေယာက္ မတူပါဘူး။ တစ္ခ်ိဳ႕ေတြက တစ္ခြက္ႏွစ္ခြက္ေလာက္ ေသာက္ရုံနဲ႔လည္း အရက္နာက်တတ္ၿပီး တစ္ခ်ိဳ႕ေတြကေတာ့ အမ်ားႀကီးေသာက္မွ ျဖစ္တတ္ပါတယ္။ အရက္ေသာက္သူေတြရဲ႕ (၂၃)ရာခိုင္ႏႈန္းေလာက္ကေတာ့ ဘယ္ေလာက္ေသာက္ေသာက္ အရက္နာမက်တတ္ဘူးလို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ အတန္အသင့္ေသာက္သံုးျခငး္က အရမ္းေကာင္းတဲ့ နည္းလမ္းတစ္ခုေတာ့မဟုတ္ပါဘူး။ တစ္ခ်ိဳ႕ယမကာလုလင္ေတြကလည္း မနက္ခင္းမွာ အရက္နာက်မွာကို သိေပမယ့္ စိတ္ႀကိဳက္ေသာက္လိုက္ရမွ ေက်နပ္တတ္ၾကပါေသးတယ္။
၂။ ကြန္ေနဂါ ပါ၀င္တဲ့အရက္ေတြကို ေရွာင္ပါ။
အယ္ကိုေဟာပါ၀င္တဲ့ အေဖ်ာ္ယမကာေတြမွာ အီသေနာဓာတ္က အဓိကပါ၀င္ပစၥည္းျဖစ္ပါတယ္။ အီသေနာရရွိဖို႔အတြက္ သၾကားတေစးနဲ႔ ကေစာ္ေဖာက္တဲ့အခါ ကြန္ေနဂါဓာတ္ပစၥည္းလည္း ထြက္လာတတ္ပါတယ္။ ကြန္ေနဂါက အဆိပ္သင့္ဓာတုပစၥည္းျဖစ္ပါတယ္။ ကြန္ေနဂါပါ၀င္တဲ့ ယမကာေတြက အရက္နာက်ျခင္းကို ပိုမိုဆိုးရြားျပင္းထန္ေစပါတယ္။ ကြန္ေနဂါပါ၀င္မႈျမင့္မားတဲ့ ယမကာအမ်ိဳးအစားေတြကေတာ့ ၀ီစကီ၊ ေကာ့ညက္၊ တက္ကီလာတို႔ပဲ ျဖစ္ပါတယ္။ အေရာင္မရွိတဲ့ ယမကာေတြျဖစ္တဲ့ ေဗာ့ကာ၊ ဂ်င္နဲ႔ ရမ္တို႔ကေတာ့ ကြန္ေနဂါပါ၀င္မႈႏႈန္း နည္းပါတယ္။ ေဗာ့ကာက ကြန္ေနဂါ မပါ၀င္သေလာက္ကို နည္းပါတယ္။
၃။ မနက္ခင္းမွာ ျပန္ေျဖဖို႔ အနည္းငယ္ေသာက္သံုးပါ။
အရက္နာက်ျခင္းကို သက္သာေပ်ာက္ကင္းဖို႔အတြက္ အရက္ေသာက္ၿပီး ျပန္ေျဖတာက အျငင္းပြားစရာရွိပါတယ္။ ဒါေပမယ့္ အခုထိေတာ့ ဒီနည္းလမ္းဟာ အရက္နာက်ျခင္းအတြက္ လူသိမ်ားတဲ့ နည္းလမ္းတစ္ခုျဖစ္ေနပါတယ္။ အရက္ေသာက္ျခင္းဟာ မီသေနာဓာတ္ရဲ႕ ဇီ၀ကမၼျဖစ္စဥ္ကို သက္ေရာက္မႈရွိပါတယ္။ အရက္ေသာက္သံုးၿပီးတဲ့ေနာက္မွာ မီသေနာဓာတ္ဟာ အရက္နာျခင္းရဲ႕ အဓိကအေၾကာင္းရင္း အဆိပ္သင့္ ေဖာ္မယ္ဒီဟိုက္ဒ္အျဖစ္သို႔ ေျပာင္းလဲသြားပါတယ္။ ဒါေပမယ့္ မနက္ခင္းမွာ အရက္အနည္းငယ္ထပ္ေသာက္မယ္ဆိုရင္ အဆိပ္သင့္ ေဖာ္မယ္ဒီဟိုက္အျဖစ္ေျပာင္းလဲတဲ့ ျဖစ္စဥ္ကို တားဆီးေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မီသေနာဓာတ္ဟာ ခႏၶာကိုယ္ကို မထိခိုက္ေစပဲ ဆီးကေနတဆင့္ စြန္႔ထုတ္ခံလိုက္ရပါတယ္။ ဒီအခ်က္ေတြေၾကာင့္ အရက္နာက်တာကို ျပန္ေျဖဖို႔ မနက္ခင္းမွာ ထပ္ေသာက္ၾကတာျဖစ္ပါတယ္။ ဒီနည္းလမ္းကို အားမေပးခ်င္ပါဘူး။ အရက္ေသာက္လိုက္၊ အရက္နာက်တာကို ျပန္ေျဖလိုက္နဲ႔ အရက္စြဲတဲ့အဆင့္ကို ေရာက္ရွိသြားႏိုင္ပါတယ္။
၄။ ေရမ်ားမ်ားေသာက္ပါ။
အယ္ကိုေဟာဟာ ဆီးကိုရႊင္ေစတာေၾကာင့္ မ်ားမ်ားေသာက္မယ္ဆိုရင္ ဆီးမ်ားမ်ားသြားမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခႏၶာကိုယ္က ေရဓာတ္ကို ေလ်ာ့နည္းသြားေစႏိုင္ပါတယ္။ ေရဓာတ္ခန္းေျခာက္ျခင္းဟာ အရက္နာက်ျခင္းရဲ႕ အဓိကအေၾကာင္းရင္းမဟုတ္ေပမယ့္ ေရဆာျခင္း၊ ေမာပန္းႏြမ္းနယ္ျခင္းနဲ႔ ပါးစပ္ေျခာက္ျခင္းတို႔နဲ႔ သက္ဆိုင္ပါတယ္။ ဒါ့ေၾကာင့္ ေရမ်ားမ်ားေသာက္ေပးဖို႔ လိုပါတယ္။ ေရ ဒါမွမဟုတ္ အယ္ကိုေဟာမပါ၀င္တဲ့ ေဖ်ာရည္တစ္ခုခုကို ေသာက္ေပးပါ။ ညေနဖက္ေသာက္ျဖစ္ရင္ အိပ္ရာမ၀င္ခင္မွာ ေရဖန္ခြက္ႀကီးနဲ႔ တစ္ခြက္ေသာက္ပါ။
၅။ ေကာင္းေကာင္းအိပ္ပါ။
အယ္ကိုေဟာဓာတ္ဟာ အိပ္စက္ျခင္းကို ေနွာက္ယွက္တတ္ပါတယ္။ ေကာင္းေကာင္းအိပ္မေပ်ာ္ေအာင္၊ အိပ္ခ်ိန္နည္းေအာင္ လုပ္တတ္ပါတယ္။ အိပ္ေရးမ၀တာကလည္း အရက္နာက်ျခင္းရဲ႕ အဓိကအေၾကာင္းရင္း မဟုတ္ေပမယ့္ ပင္ပန္းႏြမ္းနယ္တာနဲ႔ေတာ့ သက္ဆိုင္ပါတယ္။ ဒါ့ေၾကာင့္ ေသာက္တာမ်ားသြားတဲ့အခါတိုင္း ေကာင္းေကာင္းျပန္အိပ္ေပးပါ။ အိပ္မေပ်ာ္ခဲ့ရင္လည္း ေနာက္တစ္ေန႔မွာ မေသာက္မိေအာင္ ႀကိဳးစားပါ။ ထပ္ေသာက္မိရင္ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။
၆။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ မနက္စာ စားသံုးပါ။
အရက္နာက်ျခင္းဟာ ေသြးတြင္းသၾကားဓာတ္နည္းသူေတြမွာ ပိုျဖစ္တတ္ပါတယ္။ ေသြးတြင္းသၾကားဓာတ္နည္းတာက အဓိကျပႆနာမဟုတ္ေပမယ့္ ေလးလံထိုင္းမႈိင္းျခင္း၊ ေခါက္ကိုက္ျခင္းတို႔နဲ႔ ပတ္သက္ပါတယ္။ ဒါ့ေၾကာင့္ ဗီတာမင္နဲ႔ သတၱဳဓာတ္ အားေဆးေတြ ေသာက္သံုးတာ၊ အဟာရျပည့္၀တဲ့ မနက္စာ စားသံုးတာ ဒါမွမဟုတ္ ညလည္စာေကာင္းေကာင္းစားတာေတြက ေသြးတြင္းသၾကားဓာတ္ကို ထိန္းေပးႏိုင္ပါတယ္။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++
အရက်နာကျခြင်းအတွက် နည်းလမ်းကောင်းများ
(Unicode)
အရက်သောက်ခြင်းမှာ ကောင်းကျိုးရော ဆိုးကျိုးရော ရှိပါတယ်။ အဆိုးဆုံးအချက်တွေထဲက တစ်ခုကတော့ သောက်ပြီး နောက်တစ်နေ့မနက်မှာ အရက်နာကျတာပဲဖြစ်ပါတယ်။ အရက်နာကျခြင်းဟာ စိတ်ပျက်စရာကိစ္စတစ်ခုဆိုတာ အားလုံးသိကြမှာပါ။ ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာ၊ ရေဆာတာ၊ ညည်းစီစီဖြစ်တာ၊ မအီမသာဖြစ်တာ နဲ့ ခံတွင်းပျက်တာ စတဲ့ လက္ခဏာတွေပါ၀င်ပါတယ်။ ဒီလို စိတ်ပျက်စရာကောင်းတဲ့ အရက်နာကျခြင်းကို ကုစားသက်သာစေနိုင်တဲ့ နည်းလမ်းတစ်ချို့ရှိနေပါတယ်။
၁။ အသင့်အတင့်ပဲ သောက်သုံးပါ။
အရက်နာကျခြင်း ပြင်းထန်မှုဟာ သောက်သုံးတဲ့ အရက်ပမာဏနဲ့ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် အရက်နာကျခြင်းကို ကာကွယ်နိုင်ဖို့အတွက် အလွန်အကျွံမသောက်ပါနဲ့။ အတန်အသင့်ပဲ သောက်သုံးပါ။ ဒါမှမဟုတ် လုံးဝမသောက်ပါနဲ့။ ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ တစ်ချို့တွေက တစ်ခွက်နှစ်ခွက်လောက် သောက်ရုံနဲ့လည်း အရက်နာကျတတ်ပြီး တစ်ချို့တွေကတော့ အများကြီးသောက်မှ ဖြစ်တတ်ပါတယ်။ အရက်သောက်သူတွေရဲ့ (၂၃)ရာခိုင်နှုန်းလောက်ကတော့ ဘယ်လောက်သောက်သောက် အရက်နာမကျတတ်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် အတန်အသင့်သောက်သုံးခြငး်က အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ တစ်ချို့ယမကာလုလင်တွေကလည်း မနက်ခင်းမှာ အရက်နာကျမှာကို သိပေမယ့် စိတ်ကြိုက်သောက်လိုက်ရမှ ကျေနပ်တတ်ကြပါသေးတယ်။
၂။ ကွန်နေဂါ ပါ၀င်တဲ့အရက်တွေကို ရှောင်ပါ။
အယ်ကိုဟောပါ၀င်တဲ့ အဖျော်ယမကာတွေမှာ အီသနောဓာတ်က အဓိကပါ၀င်ပစ္စည်းဖြစ်ပါတယ်။ အီသနောရရှိဖို့အတွက် သကြားတစေးနဲ့ ကစော်ဖောက်တဲ့အခါ ကွန်နေဂါဓာတ်ပစ္စည်းလည်း ထွက်လာတတ်ပါတယ်။ ကွန်နေဂါက အဆိပ်သင့်ဓာတုပစ္စည်းဖြစ်ပါတယ်။ ကွန်နေဂါပါ၀င်တဲ့ ယမကာတွေက အရက်နာကျခြင်းကို ပိုမိုဆိုးရွားပြင်းထန်စေပါတယ်။ ကွန်နေဂါပါ၀င်မှုမြင့်မားတဲ့ ယမကာအမျိုးအစားတွေကတော့ ၀ီစကီ၊ ကော့ညက်၊ တက်ကီလာတို့ပဲ ဖြစ်ပါတယ်။ အရောင်မရှိတဲ့ ယမကာတွေဖြစ်တဲ့ ဗော့ကာ၊ ဂျင်နဲ့ ရမ်တို့ကတော့ ကွန်နေဂါပါ၀င်မှုနှုန်း နည်းပါတယ်။ ဗော့ကာက ကွန်နေဂါ မပါ၀င်သလောက်ကို နည်းပါတယ်။
၃။ မနက်ခင်းမှာ ပြန်ဖြေဖို့ အနည်းငယ်သောက်သုံးပါ။
အရက်နာကျခြင်းကို သက်သာပျောက်ကင်းဖို့အတွက် အရက်သောက်ပြီး ပြန်ဖြေတာက အငြင်းပွားစရာရှိပါတယ်။ ဒါပေမယ့် အခုထိတော့ ဒီနည်းလမ်းဟာ အရက်နာကျခြင်းအတွက် လူသိများတဲ့ နည်းလမ်းတစ်ခုဖြစ်နေပါတယ်။ အရက်သောက်ခြင်းဟာ မီသနောဓာတ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို သက်ရောက်မှုရှိပါတယ်။ အရက်သောက်သုံးပြီးတဲ့နောက်မှာ မီသနောဓာတ်ဟာ အရက်နာခြင်းရဲ့ အဓိကအကြောင်းရင်း အဆိပ်သင့် ဖော်မယ်ဒီဟိုက်ဒ်အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ ဒါပေမယ့် မနက်ခင်းမှာ အရက်အနည်းငယ်ထပ်သောက်မယ်ဆိုရင် အဆိပ်သင့် ဖော်မယ်ဒီဟိုက်အဖြစ်ပြောင်းလဲတဲ့ ဖြစ်စဉ်ကို တားဆီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် မီသနောဓာတ်ဟာ ခန္ဓာကိုယ်ကို မထိခိုက်စေပဲ ဆီးကနေတဆင့် စွန့်ထုတ်ခံလိုက်ရပါတယ်။ ဒီအချက်တွေကြောင့် အရက်နာကျတာကို ပြန်ဖြေဖို့ မနက်ခင်းမှာ ထပ်သောက်ကြတာဖြစ်ပါတယ်။ ဒီနည်းလမ်းကို အားမပေးချင်ပါဘူး။ အရက်သောက်လိုက်၊ အရက်နာကျတာကို ပြန်ဖြေလိုက်နဲ့ အရက်စွဲတဲ့အဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်။
၄။ ရေများများသောက်ပါ။
အယ်ကိုဟောဟာ ဆီးကိုရွှင်စေတာကြောင့် များများသောက်မယ်ဆိုရင် ဆီးများများသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်က ရေဓာတ်ကို လျော့နည်းသွားစေနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းဟာ အရက်နာကျခြင်းရဲ့ အဓိကအကြောင်းရင်းမဟုတ်ပေမယ့် ရေဆာခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ ပါးစပ်ခြောက်ခြင်းတို့နဲ့ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးဖို့ လိုပါတယ်။ ရေ ဒါမှမဟုတ် အယ်ကိုဟောမပါ၀င်တဲ့ ဖျောရည်တစ်ခုခုကို သောက်ပေးပါ။ ညနေဖက်သောက်ဖြစ်ရင် အိပ်ရာမဝင်ခင်မှာ ရေဖန်ခွက်ကြီးနဲ့ တစ်ခွက်သောက်ပါ။
၅။ ကောင်းကောင်းအိပ်ပါ။
အယ်ကိုဟောဓာတ်ဟာ အိပ်စက်ခြင်းကို နှောက်ယှက်တတ်ပါတယ်။ ကောင်းကောင်းအိပ်မပျော်အောင်၊ အိပ်ချိန်နည်းအောင် လုပ်တတ်ပါတယ်။ အိပ်ရေးမဝတာကလည်း အရက်နာကျခြင်းရဲ့ အဓိကအကြောင်းရင်း မဟုတ်ပေမယ့် ပင်ပန်းနွမ်းနယ်တာနဲ့တော့ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် သောက်တာများသွားတဲ့အခါတိုင်း ကောင်းကောင်းပြန်အိပ်ပေးပါ။ အိပ်မပျော်ခဲ့ရင်လည်း နောက်တစ်နေ့မှာ မသောက်မိအောင် ကြိုးစားပါ။ ထပ်သောက်မိရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
၆။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာ စားသုံးပါ။
အရက်နာကျခြင်းဟာ သွေးတွင်းသကြားဓာတ်နည်းသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ သွေးတွင်းသကြားဓာတ်နည်းတာက အဓိကပြဿနာမဟုတ်ပေမယ့် လေးလံထိုင်းမှိုင်းခြင်း၊ ခေါက်ကိုက်ခြင်းတို့နဲ့ ပတ်သက်ပါတယ်။ ဒါ့ကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ် အားဆေးတွေ သောက်သုံးတာ၊ အဟာရပြည့်ဝတဲ့ မနက်စာ စားသုံးတာ ဒါမှမဟုတ် ညလည်စာကောင်းကောင်းစားတာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine