သက္ရွည္က်န္းမာေစႏိုင္သည့္ အစားအစာ (၇)မ်ိဳး

သက္ရွည္က်န္းမာေစႏိုင္သည့္ အစားအစာ (၇)မ်ိဳး

(Zawgyi)

[sg_popup id=6]

သင့္ရဲ႕ခႏၶာကိုယ္က်န္းမာေရးအတြက္ သင့္ေတာ္မယ့္ စားစရာေတြကို ေရြးခ်ယ္စားေသာက္မယ္ဆိုရင္ သင့္ဘ၀သက္တမ္းကို ရွည္ေစႏိုင္တယ္ဆိုတာ အမွန္ပါပဲ။ ကၽြန္ေတာ္တို႔ရဲ႕ ဘ၀သက္တမ္းဟာ အေၾကာင္းရင္းမ်ားစြာေပၚမွာ မူတည္ေနပါတယ္။ ဒါေပမယ့္ အဟာရျပည့္၀ၿပီး ခႏၶာကိုယ္အတြက္ သင့္ေတာ္တဲ့ စားစရာေတြက အိုမင္းရင့္ေရာ္မႈျဖစ္စဥ္ကို ေႏွးေကြးေစၿပီး ႏွလံုးေရာဂါအမ်ိဳးမ်ိဳး၊ အ႐ိုးပြေရာဂါ၊ ဆီးခ်ိဳေရာဂါ စတဲ့ ဇရာေၾကာင့္အျဖစ္မ်ားတဲ့ ေရာဂါေ၀ဒနာေတြကိုလည္း သက္သာေလ်ာ့ပါးေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကို သက္ရွည္က်န္းမာေစႏိုင္တဲ့ အစြမ္းရွိတဲ့ အစားအစာ(၇)မ်ိဳးကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ ငါး
ငါးအမ်ိဳးမ်ိဳးမွာ အသားဓာတ္နဲ႔ အိုမီဂါသရီးအဆီဓာတ္တို႔ ေပါၾကြယ္၀စြာပါတာေၾကာင့္ ေသြးေၾကာေတြထဲမွာ ကိုလက္စထေရာဓာတ္မ်ားျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဘာစားရမလဲ ေရြးခ်ယ္ရခက္ေနတိုင္းမွာ ငါးစားဖို႔ ဆံုးျဖတ္လိုက္ပါ။ အနီေရာင္အသားေတြက ေသြးေၾကာေတြကို ပိတ္ဆို႔ေစၿပီး ကိုလက္စထေရာပမာဏကိုလည္း မ်ားျပာေစတာေၾကာင့္ ေသြးဖိအားကို တိုးေစႏိုင္ပါတယ္။

၂။ ဒိန္ခ်ဥ္
ဒိန္ခ်ဥ္မွာ အ႐ိုးေတြကို သန္မာေစတဲ့ ကယ္စီယမ္ဓာတ္ေတြ မ်ားစြာပါ၀င္ပါတယ္။ ဗီတာမင္ ဒီ ထပ္ျဖည့္ထားတဲ့ ဒိန္ခ်ဥ္ဆိုရင္ သင့္ခႏၶာကိုယ္က အဟာရဓာတ္ေတြကို ပိုၿပီးစုပ္ယူႏိုင္ေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဒိန္ခ်ဥ္ဟာ အစာေခ်ျဖစ္စဥ္ကို ကူညီေပးၿပီး အသာဓာတ္လည္း ျဖည့္တင္းေပးႏိုင္ပါတယ္။ ထပ္ၿပီးအက်ိဳးမ်ားခ်င္တယ္ဆိုရင္ ဒိန္ခ်ဥ္ထဲကို သဘာ၀သီးႏွံေတြ ထည့္စားႏိုင္ပါတယ္။

၃။ ေခ်ာကလက္
ေခ်ာကလက္က ဇရာကို ဟန္႔တားႏိုင္တဲ့ စားစရာတစ္မ်ိဳးဆိုတာကို ယုံဖို႔ခက္ပါလိမ့္မယ္။ ေခ်ာကလက္ဟာ ေသြးေၾကာေတြကို ထိန္းသိမ္းႏိုင္ၿပီး ေသြးဖိအားျမင့္တက္ျခင္း (ေသြးတိုးျခင္း)၊ ဆီးခ်ိဳးအမ်ိဳးအစား(၂)၊ ေက်ာက္ကပ္ေရာဂါေတြနဲ႔ စိတ္ဂေယာင္ေခ်ာက္ျခား မျဖစ္ေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒီအစြမ္းအာနိသင္ေတြကို ေခ်ာကလက္ျပဳလုပ္ရာမွာ ပါ၀င္တဲ့ ကိုကိုးမႈန္႔ကေနရရွိတာျဖစ္ပါတယ္။ ဒါေပမယ့္ ႏို႔ပါ၀င္တဲ့ ေခ်ာကလက္ေတြအစား အနက္ေရာင္ေခ်ာကလက္ေတြကို စားေပးတာက ပိုေကာင္းပါတယ္။

၄။ အေစ့ အဆံေတြ
သီဟိုဠ္ေစ့၊ ဗာဒံေစ့တို႔လို အေစ့အဆံေတြဟာဆိုရင္ မျပည့္၀အဆီဓာတ္ေတြ ပါ၀င္ၿပီး စပ်စ္သီးနဲ႔ တြဲဖက္စားလို႔ေကာင္းတဲ့ သြားရည္စာေတြျဖစ္ပါတယ္။ ဒါ့အျပင္ ဗီတာမင္နဲ႔ သတၱဳဓာတ္မ်ိဳးစံုအျပင္ အိုမင္းရင့္ေရာ္ျခင္းကို ဆန္႔က်င္ေႏွးေကြးေစႏိုင္တဲ့ ဓာတ္ပစၥည္းေတြလည္း အမ်ားႀကီးပါ၀င္ပါတယ္။ ၀ိုင္နီနဲ႔ တြဲဖက္သံုးေဆာင္မယ္ဆိုရင္ ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာနဲ႔ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ မွတ္ဥာဏ္ခ်ိဳ႕ယြင္းမႈေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

၅။ သံလြင္ဆီ
သံလြင္ဆီက က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုေပမယ့္ သင့္ေတာ္႐ုံပဲစားသံုးဖို႔ အရင္ဆံုးအၾကံျပဳခ်င္ပါတယ္။ သံလြင္ဆီဟာ ႏွလံုးေရာဂါေတြနဲ႔ ကင္ဆာေရာဂါေတြကို တိုက္ဖ်က္ႏိုင္တဲ့ မျပည့္၀ဆီအမ်ိဳးအစားျဖစ္ပါတယ္။ ဒါ့အျပင္ ဦးေႏွာက္က်န္းမာေရးနဲ႔ ကင္ဆာကာကြယ္ေရးအတြက္လည္း သံုးႏိုင္ပါတယ္္။ ဒါေပမယ့္ သံလြင္ဆီမွာ ကယ္လိုရီမ်ားစြာပါ၀င္တာေၾကာင့္ တစ္ေန႔ကို စားပြဲတင္ဇြန္း (၂)စြန္း ထက္ပိုစားသံုးလို႔ မသင့္ေတာ္ပါဘူး။

၆။ ဥအမ်ိဳးမ်ိဳး
ၾကက္ဥ၊ ဘဲဥ အစရွိတဲ့ ဥေတြဟာ အသားဓာတ္ရင္းျမစ္တစ္ခုျဖစ္ၿပီး အ႐ိုးေတြ အားနည္းယိုယြင္းျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဗီတာမင္ ဘီ အုပ္စုေတြ ပါ၀င္တာေၾကာင့္ ဦးေႏွာက္ေရာင္ရမ္းျခင္းကို ေလ်ာ့ပါးသက္သာေစၿပီး အယ္ဇိုင္းမားေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဥေတြရဲ႕ အႏွစ္ကလည္း မ်က္စိမႈန္ျခင္းကို ျဖစ္ေစႏိုင္တဲ့ အျမင္အာရုံအားနည္းျခင္းကို ကာကြယ္ႏိုင္ပါတယ္။

၇။ ဘလူးဘယ္ရီ
ဘဘူးဘယ္ရီသီးေတြမွာ သင့္ခႏၶာကိုယ္က ဆဲလ္ေတြ ထိခိုက္ပ်က္စီးမႈကို ကာကြယ္ေပးႏိုင္တဲ့ ဇရာဆန္႔က်င့္ပစၥည္းေတြ အျပည့္အ၀ပါ၀င္ပါတယ္။ ဒါ့အျပင္ ဘလူးဘယ္ရီဟာ အက်ိတ္အဖုေတြ ႀကီးထြားလာမႈကို ဆန္႔က်င္တိုက္ဖ်က္ၿပီး ကင္ဆာျဖစ္ေစႏိုင္တဲ့ ဖရီးရက္ဒီကယ္လ္ေတြကိုလည္း တိုက္ဖ်က္ေပးႏိုင္ပါတယ္။ ဘလူးဘယ္ရီသီးေတြလို ခရမ္းေရာင္ရွိတဲ့ အစားအစာေတြျဖစ္တဲ့ ကန္စြန္းဥ၊ ရက္စ္ဘယ္ရီ၊ ခရမ္းသီးစတာေတြကို သံုးေဆာင္ရင္လည္း တူညီတဲ့အက်ိဳးေက်းဇူးေတြ ရႏိုင္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

သက်ရှည်ကျန်းမာစေနိုင်သည့် အစားအစာ (၇)မျိုး

(Unicode)

သင့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် သင့်တော်မယ့် စားစရာတွေကို ရွေးချယ်စားသောက်မယ်ဆိုရင် သင့်ဘဝသက်တမ်းကို ရှည်စေနိုင်တယ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော်တို့ရဲ့ ဘဝသက်တမ်းဟာ အကြောင်းရင်းများစွာပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် အဟာရပြည့်ဝပြီး ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ စားစရာတွေက အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို နှေးကွေးစေပြီး နှလုံးရောဂါအမျိုးမျိုး၊ အရိုးပွရောဂါ၊ ဆီးချိုရောဂါ စတဲ့ ဇရာကြောင့်အဖြစ်များတဲ့ ရောဂါဝေဒနာတွေကိုလည်း သက်သာလျော့ပါးအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကို သက်ရှည်ကျန်းမာစေနိုင်တဲ့ အစွမ်းရှိတဲ့ အစားအစာ(၇)မျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ ငါး
ငါးအမျိုးမျိုးမှာ အသားဓာတ်နဲ့ အိုမီဂါသရီးအဆီဓာတ်တို့ ပေါကြွယ်ဝစွာပါတာကြောင့် သွေးကြောတွေထဲမှာ ကိုလက်စထရောဓာတ်များခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဘာစားရမလဲ ရွေးချယ်ရခက်နေတိုင်းမှာ ငါးစားဖို့ ဆုံးဖြတ်လိုက်ပါ။ အနီရောင်အသားတွေက သွေးကြောတွေကို ပိတ်ဆို့စေပြီး ကိုလက်စထရောပမာဏကိုလည်း များပြာစေတာကြောင့် သွေးဖိအားကို တိုးစေနိုင်ပါတယ်။

၂။ ဒိန်ချဉ်
ဒိန်ချဉ်မှာ အရိုးတွေကို သန်မာစေတဲ့ ကယ်စီယမ်ဓာတ်တွေ များစွာပါ၀င်ပါတယ်။ ဗီတာမင် ဒီ ထပ်ဖြည့်ထားတဲ့ ဒိန်ချဉ်ဆိုရင် သင့်ခန္ဓာကိုယ်က အဟာရဓာတ်တွေကို ပိုပြီးစုပ်ယူနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်ဟာ အစာချေဖြစ်စဉ်ကို ကူညီပေးပြီး အသာဓာတ်လည်း ဖြည့်တင်းပေးနိုင်ပါတယ်။ ထပ်ပြီးအကျိုးများချင်တယ်ဆိုရင် ဒိန်ချဉ်ထဲကို သဘာဝသီးနှံတွေ ထည့်စားနိုင်ပါတယ်။

၃။ ချောကလက်
ချောကလက်က ဇရာကို ဟန့်တားနိုင်တဲ့ စားစရာတစ်မျိုးဆိုတာကို ယုံဖို့ခက်ပါလိမ့်မယ်။ ချောကလက်ဟာ သွေးကြောတွေကို ထိန်းသိမ်းနိုင်ပြီး သွေးဖိအားမြင့်တက်ခြင်း (သွေးတိုးခြင်း)၊ ဆီးချိုးအမျိုးအစား(၂)၊ ကျောက်ကပ်ရောဂါတွေနဲ့ စိတ်ဂယောင်ချောက်ခြား မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒီအစွမ်းအာနိသင်တွေကို ချောကလက်ပြုလုပ်ရာမှာ ပါ၀င်တဲ့ ကိုကိုးမှုန့်ကနေရရှိတာဖြစ်ပါတယ်။ ဒါပေမယ့် နို့ပါ၀င်တဲ့ ချောကလက်တွေအစား အနက်ရောင်ချောကလက်တွေကို စားပေးတာက ပိုကောင်းပါတယ်။

၄။ အစေ့ အဆံတွေ
သီဟိုဠ်စေ့၊ ဗာဒံစေ့တို့လို အစေ့အဆံတွေဟာဆိုရင် မပြည့်ဝအဆီဓာတ်တွေ ပါ၀င်ပြီး စပျစ်သီးနဲ့ တွဲဖက်စားလို့ကောင်းတဲ့ သွားရည်စာတွေဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံအပြင် အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်နှေးကွေးစေနိုင်တဲ့ ဓာတ်ပစ္စည်းတွေလည်း အများကြီးပါ၀င်ပါတယ်။ ၀ိုင်နီနဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင် နှလုံးရောဂါ၊ ဆီးချိုရောနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ သံလွင်ဆီ
သံလွင်ဆီက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သင့်တော်ရုံပဲစားသုံးဖို့ အရင်ဆုံးအကြံပြုချင်ပါတယ်။ သံလွင်ဆီဟာ နှလုံးရောဂါတွေနဲ့ ကင်ဆာရောဂါတွေကို တိုက်ဖျက်နိုင်တဲ့ မပြည့်ဝဆီအမျိုးအစားဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက်ကျန်းမာရေးနဲ့ ကင်ဆာကာကွယ်ရေးအတွက်လည်း သုံးနိုင်ပါတယ််။ ဒါပေမယ့် သံလွင်ဆီမှာ ကယ်လိုရီများစွာပါ၀င်တာကြောင့် တစ်နေ့ကို စားပွဲတင်ဇွန်း (၂)စွန်း ထက်ပိုစားသုံးလို့ မသင့်တော်ပါဘူး။

၆။ ဥအမျိုးမျိုး
ကြက်ဥ၊ ဘဲဥ အစရှိတဲ့ ဥတွေဟာ အသားဓာတ်ရင်းမြစ်တစ်ခုဖြစ်ပြီး အရိုးတွေ အားနည်းယိုယွင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီ အုပ်စုတွေ ပါ၀င်တာကြောင့် ဦးနှောက်ရောင်ရမ်းခြင်းကို လျော့ပါးသက်သာစေပြီး အယ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဥတွေရဲ့ အနှစ်ကလည်း မျက်စိမှုန်ခြင်းကို ဖြစ်စေနိုင်တဲ့ အမြင်အာရုံအားနည်းခြင်းကို ကာကွယ်နိုင်ပါတယ်။

၇။ ဘလူးဘယ်ရီ
ဘဘူးဘယ်ရီသီးတွေမှာ သင့်ခန္ဓာကိုယ်က ဆဲလ်တွေ ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ ဇရာဆန့်ကျင့်ပစ္စည်းတွေ အပြည့်အဝပါ၀င်ပါတယ်။ ဒါ့အပြင် ဘလူးဘယ်ရီဟာ အကျိတ်အဖုတွေ ကြီးထွားလာမှုကို ဆန့်ကျင်တိုက်ဖျက်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရက်ဒီကယ်လ်တွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီသီးတွေလို ခရမ်းရောင်ရှိတဲ့ အစားအစာတွေဖြစ်တဲ့ ကန်စွန်းဥ၊ ရက်စ်ဘယ်ရီ၊ ခရမ်းသီးစတာတွေကို သုံးဆောင်ရင်လည်း တူညီတဲ့အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%