Game Of Thrones ဇာတ္လမ္းမွ ရရွိႏိုင္သည့္ ဘ၀သင္ခန္းစာမ်ား

Game Of Thrones ဇာတ္လမ္းမွ ရရွိႏိုင္သည့္ ဘ၀သင္ခန္းစာမ်ား

(Zawgyi)

နာမည္ေက်ာ္ Game Of Thrones ရုပ္သံဇာတ္လမ္းတြဲကို ၾကည့္ဖူးတဲ့သူေတြအတြက္ ဇာတ္လမ္းရဲ႕ထူးျခားမႈေတြက ေျပာစရာသိပ္မလိုေလာက္ပါဘူး။ Game Of Thrones ဟာ ရက္ရက္စက္စက္ ေခါင္းျဖတ္သတ္တဲ့အခန္းေတြ၊ အေဖာ္အခၽြတ္အခန္းေတြေၾကာင့္ခ်ည္းပဲ နာမည္ႀကီးေနတာမဟုတ္ပါဘူး။ အလုိရမၼက္၊ ေလာဘေဒါသနဲ႔ အာဏာကို စြဲလမ္းတပ္မက္စိတ္ေတြနဲ႔ အမွန္နဲ႔ အမွားၾကားက အားၿပိဳင္မႈေတြကို လက္ေတြ႕က်က် သ႐ုပ္ေဖာ္ထားႏိုင္တဲ့ ဇာတ္လမ္းတစ္ခုျဖစ္ပါတယ္။ ဇာတ္လမ္းၾကည့္ရင္း ခံယူတတ္မယ္ဆိုရင္ ဘ၀အတြက္ အသံုး၀င္မယ့္ သင္ခန္းစားေတြကို ရရွိႏိုင္ပါတယ္။ အခုဆိုရင္ သိပ္မၾကာခင္မွာ ေနာက္ထပ္ Season 7 လည္း ထုတ္လႊင့္ျပသေတာ့မွာဆိုေတာ့ ၿပီးခဲ့တဲ့ Season ေျခာက္ခုကို ၾကည့္ရင္း ရရွိႏိုင္တဲ့ လက္ေတြ႕ဘ၀မွာ ျပန္လည္အသံုးခ်လို႔ ရႏိုင္တဲ့ ဘ၀သင္ခန္းစာေတြကို ေ၀မွ်ေပးခ်င္ပါတယ္။

၁။ ယုံၾကည္ထိုက္သူကို သိထားပါ
မယုံၾကည္သင့္တဲ့သူကို ယုံၾကည္မိရင္ သင့္ေခါင္းနဲ႔ ကိုယ္ အိုးစားကြဲသြားႏိုင္တယ္ဆိုတာ Game of Thrones ထဲမွာ ေကာင္းေကာင္းသ႐ုပ္ေဖာ္ထားပါတယ္။ မွန္ကန္တဲ့သူကို ယုံၾကည္တာက သင့္အတြက္ အက်ိဳးျဖစ္ထြန္းေစႏိုင္တာလည္း သိသာပါတယ္။ နာမည္ေက်ာ္ Red Wedding အခန္းကို ၾကည့္ဖူးတဲ့သူတိုင္း သိၾကမွာပါ။ ေ၀ါလ္ဒါ ဖေရးကို ယုံၾကည္မိတဲ့အတြက္ ေရာ့ဘ္စတာ့ခ္ အသတ္ခံလိုက္တာျဖစ္ပါတယ္။ ေနာက္တစ္ခုၾကည့္မယ္ဆိုရင္ တိုင္ရီယြန္ လန္နစ္စတာက ေလာ့ဒ္ဗားရီးစ္ကို ယုံၾကည္ဖို႔ ေရြးခ်ယ္လိုက္တဲ့အတြက္ ေခါင္းျဖတ္သတ္ခံရမယ့္ ေဘးကို လြတ္ေျမာက္သြားခဲ့ရပါတယ္။ ဒီအခန္းေတြကို ၾကည့္ျခင္းကေန လူေတြအေပၚထားတဲ့ ယုံၾကည္မႈက သင့္ဘ၀ကို ေျပာင္းလဲေစႏိုင္တာကို သင္ခန္းစာယူႏိုင္ပါတယ္။

တကယ္လက္ေတြ႕ဘ၀မွာလည္း မယုံၾကည္ထိုက္သူေတြနဲ႔ ပတ္သက္မိရင္ မိတ္ပ်က္ရတာ၊ ခ်စ္သူလင္မယားၾကား စကားမ်ားရတာ၊ အလုပ္အကိုင္အခြင့္အလမ္းေတြ ဆံုး႐ႈံးရတာ စသျဖင့္ ေတြ႕ၾကံဳရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္သူ႔ကိုမွ သင့္ရဲ႕လ်ိဳ႕၀ွက္ခ်က္ေတြ မေျပာမိပါေစနဲ႔။ အလုပ္ရွင္သူေဌးအေၾကာင္း လုပ္ေဖာ္ကိုင္ဖက္ေတြကိုလည္း မေျပာမိပါေစနဲ႔။ အေရးႀကီးၿပီး အႏၱရာယ္ရွိတဲ့ သတင္းအခ်က္အလက္ေတြကို ေ၀မွ်တဲ့ေနရာမွာ မွန္ကန္တဲ့သူကို ေရြးခ်ယ္တတ္ဖို႔ လိုပါတယ္။

၂။ သင့္ဖက္မွာ မိသားစုနဲ႔ မိတ္ရင္းေဆြရင္းေတြပဲ ရွိတယ္
Game of Thrones ကို ေသခ်ာၾကည့္မယ္ဆိုရင္ မိသားစုႀကီးေတြဟာ သူတို႔ရဲ႕ မ်ိဳးရိုး၊ သူတို႔ရဲ႕ အိမ္ေတာ္၊ သူတို႔ရဲ႕ မိသားစုကို ကိုယ္စားျပဳၿပီး တိုက္ခိုက္ၾက၊ ေသဆံုးၾက၊ အခ်င္းခ်င္းကာကြယ္ၾကတာကို ေတြ႕ႏိုင္ပါတယ္။ လန္နစ္စတာ၊ စတာ့ခ္၊ တာဂါရီယန္ စတဲ့ မိသားစုေတြ၊ မ်ိဳးရိုးေတြဟာ တစ္ေယာက္ေယာက္ ဒုကၡေရာက္ၿပီး အႏၱရာယ္ၾကံဳၿပီဆိုတာနဲ႔ ဘာမဆိုလုပ္ဖို႔ အသင့္ျဖစ္ေနတတ္ပါတယ္။ မိသားစုဦးစားေပး စိတ္ကို မိဖုရား ဆာဆီ ထံမွာ ထင္ထင္ရွားရွားျမင္ေတြ႕ႏိုင္ပါတယ္။ သူမဟာ တကယ္ကိုစိတ္ဓာတ္မေကာင္းတဲ့ လူတစ္ေယာက္ျဖစ္ေပမယ့္ သူလုပ္သမွ်အရာအားလံုးဟာ သူ႔မိသားစုနဲ႔ သူ႕ကေလးေတြ အတြက္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္မိသားစုထက္ သင့္အေပၚေကာင္းႏိုင္မယ့္သူ မရွိပါဘူး။ မိသားစုကို တန္ဖိုးထားတတ္ဖို႔ လိုပါတယ္။

သင့္အေနနဲ႔ ဘ၀မွာအခက္အခဲေတြ ၾကံဳေတြ႕ရၿပီး ကူကယ္ရာမဲ့ေနတဲ့အခ်ိန္မွာ သင့္အနားမွာရွိေနမယ့္သူေတြက သင့္မိသားစုပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိသားစုကို အေလးထားပါ။ မိဘေတြကို ဆက္သြယ္ပါ။ ဂရုစိုက္ပါ။ ညီအစ္ကိုေမာင္ႏွမေတြအေပၚ ေကာင္းေကာင္းမြန္မြန္ဆက္ဆံပါ။ မိတ္ေဆြသူငယ္ခ်င္းေတြကိုလည္း ေမ့မထားပါနဲ႔။ တတ္ႏိုင္သမွ် ႀကိဳးစားဆက္သြယ္ပါ။

၃။ ဘ၀ဆိုတာက ခက္ခဲတယ္။
Game of Thrones ကို ၾကည့္ရင္း သိသာထင္ရွားစြာ ျမင္ႏိုင္တဲ့အခ်က္တစ္ခုက ေလာကႀကီးဟာ အျမဲတမ္း သာယာၿပီး ေပ်ာ္ရႊင္စရာ ေကာင္းေနတာ မဟုတ္ဘူးဆိုတာပါပဲ။ ဂၽြန္စႏိုးက သူ႔လူေတြကပဲ သစၥာေဖာက္သြားခဲ့တယ္။ ဘရန္စတာ့ခ္က ဒုကၡိတျဖစ္ၿပီး လမ္းမေလွ်ာက္ႏိုင္ဘူး။ ဆာဆီရဲ႕ သားႏွစ္ေယာက္ ေသခဲ့ရတယ္။ နက္စတာ့ခ္၊ ကိတ္တလင္းစတာ့ခ္နဲ႔ ေရာ့ဘ္ စတာ့ခ္တို႔ဟာ လူပံုအလယ္မွာပဲ ရက္ရက္စက္စက္ အသတ္ခံရတယ္။ သီယြန္ဂေရးဂြိ်ဳင္းဟာလည္း ေယာကၤ်ားအဂၤါကို ဆံုး႐ႈံးရၿပီး လူတစ္ေယာက္ရဲ႕ ခံယူခ်က္ေတြ ရိုက္ခ်ိဳးဖ်က္စီးခံလိုက္ရတယ္။ စတန္းနစ္ဘရာသီယြန္ကလည္း သမီးျဖစ္သူကို မီး႐ွိဳ႕သတ္ဖို႔ ကိုယ္တိုင္ပဲ အမိန္႔ေပးခဲ့ရတယ္။ ဆက္ေျပာရင္ အမ်ားႀကီးရွိပါေသးတယ္။ ဒါေတြကိုၾကည့္မယ္ဆိုရင္ ဇာတ္လမ္းထဲက ခုႏွစ္ျပည္ေထာင္ေလာကရဲ႕ ရက္စက္မႈေတြျဖစ္ပါတယ္။ ဒီထဲက ဘယ္သူမွ အခက္အခဲေတြ၊ ဒုကၡေတြ၊ နာက်ဥ္မႈေတြနဲ႔ မလြတ္ႏိုင္ၾကပါဘူး။

တကယ့္ေလာကမွာလည္း ဘ၀ဆိုတာက ခက္ခဲၾကမ္းတမ္းပါတယ္။ ၿပီးျပည့္စံုတဲ့အလုပ္အကိုင္တစ္ခုနဲ႔ ေက်နပ္စရာဘ၀တစ္ခုရဖို႔ဆိုတာ မလြယ္ကူပါဘူး။ ဘယ္ေနရာမွာမဆို ၿပိဳင္ဆိုင္မႈေတြ၊ တိုက္ခိုက္မႈေတြရွိေနပါတယ္။ ဒါေပမယ့္ အခက္အခဲေတြကို ျဖတ္ေက်ာ္ၿပီး သင့္ရည္မွန္းခ်က္ေတြဆီကို ေရာက္ဖို႔အတြက္ ရည္မွန္းခ်က္ထားၿပီး စိတ္ရွည္သည္းခံႏိုင္ဖို႔ လိုပါတယ္။

 

၄။ အေတြ႕အၾကံဳက ခြန္အားနဲ႔ ရင့္က်က္မႈကို ေပးတယ္။
Game of Thrones ထဲက အာရာစတာ့ခ္ကို ၾကည့္ပါ။ ဒီကေလးမေလးဟာ သူ႔အေဖကို လူပံုအလယ္မွာ ေခါင္းျဖတ္ကြပ္ျမက္တာကို ျမင္ခဲ့ရတယ္။ အားကိုးတႀကီးသြားရွာတဲ့ အေမနဲ႔ အကိုႀကီး အသတ္ခံလိုက္ရတာကို သိလိုက္ရတယ္။ လန္နစ္စတာေတြက သူမရဲ႕ မိသားစုကို တစစီျဖစ္ေအာင္ လုပ္ပစ္လိုက္ၾကတယ္။ အရြယ္နဲ႔မလိုက္ေအာင္ ခက္ခဲၾကမ္းတမ္းတဲ့ဘ၀တစ္ခုကို ေတြ႕ၾကံဳခဲ့ရတယ္။ ဒါေပမယ့္ သူမက လြယ္လြယ္နဲ႔ အ႐ႈံးေပးတတ္သူ တစ္ေယာက္မဟုတ္ခဲ့ပါဘူး။ သူ႔အေဖအတြက္၊ သူ႔မိသားစုအတြက္ လက္စားေခ်ဖို႔ နာမည္ေတြ ေခါင္းထဲမွာအျပည့္ရွိေနၿပီး ဓားေရးေကာင္းေအာင္ ေလ့က်င့္ခဲ့တယ္။ အေျခအေနေပၚမူတည္ၿပီး အေကာင္းဆံုး လႈပ္ရွားခဲ့ရတယ္။ မ်က္စိကန္းၿပီး လမ္းေဘးမွာေတာင္းစားရတဲ့အေျခအေနကေန ျပန္လည္ ရုန္းထႏိုင္တဲ့ သူမရဲ႕ စိတ္ဓာတ္မာေက်ာမႈကို ေတြ႕ႏိုင္ပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ အဆိုးေတြကို အားမေလ်ာ့တမ္းရင္ဆိုင္ႏိုင္ဖို႔ လိုတယ္ဆိုတာ သေဘာေပါက္လာႏိုင္ပါတယ္။

တကယ္ေလာကမွာလည္း အဆင္မေျပတာေတြ၊ အခက္အခဲေတြအတြက္ ညည္းတြားေနတာက ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး။ ရင္ဆိုင္ေတြ႕ၾကံဳရတဲ့ကိစၥေတြကေန အေတြ႕အၾကံဳနဲ႔ သင္ခန္းစာယူပါ။ အျပဳသေဘာေဆာင္တဲ့ အျမင္နဲ႔ ျမင္တတ္ၿပီး အားမေလွ်ာ့စတမ္းေရွ႕ဆက္ေလွ်ာက္ပါ။ ဥပမာေျပာရရင္ စာေမးပြဲၾကတာ ရွက္စရာပါ။ ဒါေပမယ့္ ျပန္ျပင္လို႔ရတဲ့ ကိစၥမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ေသခ်ာႀကိဳးစားၿပီး ေနာက္တစ္ခါမွာ အေကာင္းဆံုးရလဒ္ထြက္ေအာင္ လုပ္ပါ။ လုပ္ငန္းခြင္မွာလည္း ထိုနည္းလည္းေကာင္းပါပဲ။ အေတြ႕အၾကံဳေတြက ခြန္အားနဲ႔ ရင့္က်က္မႈကို ေပးႏိုင္ပါတယ္။ အားမေလွ်ာ့ပါနဲ႔။

 

၅။ အသိပညာက စြမ္းအား ျဖစ္တယ္။
ေလာ့ဒ္ဗားရီးစ္မွာ တိုင္းျပည္အတြင္းျဖစ္ေပၚေနတဲ့ အေၾကာင္းအရာေတြ၊ လ်ိဳ႕၀ွက္ခ်က္ေတြ၊ အေရးႀကီးသတင္းေတြကို သိရွိႏိုင္ဖို႔အတြက္ ေနရာအႏွံ႔ သူလွ်ိဳကြန္ယက္တည္ေဆာက္ထားၿပီး နားေတြ၊ မ်က္စိေတြအမ်ားႀကီး ရွိပါတယ္။ ဒီအခ်က္ကပဲ သူ႔ကို တန္ဖိုးရွိတဲ့လူတစ္ေယာက္ ျဖစ္ေနေစပါတယ္။ မိဖုရားဆာဆီဟာလည္း ရန္သူေတြကို အၾကပ္ကိုင္ခ်ိမ္းေျခာက္ၿပီး သတင္းအခ်က္္အလက္ေတြ ရယူႏိုင္စြမ္းရွိပါတယ္။ လက္သန္းေလးကေတာ့ သူ႔ရဲ႕ အသိပညာၾကြယ္၀မႈ၊ ပါးနပ္မႈေတြေၾကာင့္ ေျဗာင္းဆန္ေနတဲ့ အေျခအေနမွာေတာင္မွ ရွင္သန္ႏိုင္သူ ျဖစ္ပါတယ္။ လူပုေလးတိုင္ရီယြန္ လန္နစ္စတာဆိုရင္လည္း ရုပ္ပိုင္းဆိုင္ရာ ခြန္အားမရွိေပမယ့္ အသိဥာဏ္ပညာနဲ႔ လူေတြကို လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္စြမ္းရွိသူ တစ္ေယာက္ျဖစ္ပါတယ္။ သတိထားၾကည့္ရင္ ဒီလူေတြအားလံုး အျခားလူေတြလို႔ ေသဆံုးမသြားေသးပဲ အသက္ရွင္ေနေသးတာကို ေတြ႕ရမွာပါ။ ဒါဟာ သူတို႔ရဲ႕ အသိပညာေၾကာင့္ ျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္ အသိပညာ၊ အတတ္ပညာဟာ စြမ္းအားတစ္ခုဆိုတာကို သေဘာေပါက္လာေစပါတယ္။

လက္ေတြ႕ဘ၀မွာလည္း ထိုနည္းတူပါပဲ။ ေက်ာင္းကသင္ေပးလိုက္ရုံနဲ႔ မလံုေလာက္ပါဘူး။ သင့္အေနနဲ႔ နယ္ပယ္တစ္ခုမွာ ေရွ႕ေရာက္ေနခ်င္ရင္၊ တျခားသူေတြ နင္းျဖတ္ေက်ာ္တက္သြားတာ မခံခ်င္ဘူးဆိုရင္ သက္ဆိုင္ရာနယ္ပယ္နဲ႔ပတ္သက္ၿပီး အသိပညာဗဟုသုတေတြကို တတ္ႏိုင္သမွ် ဆည္းပူးေလ့လာေနရမွာ ျဖစ္ပါတယ္။

 

၆။ ဘယ္အရာမွ တစ္ေယာက္တည္း မၿပီးပါဘူး။
Game of Thrones မွာ ေနာက္ထပ္အသားေပးေဖာ္ျပထားတဲ့ အခ်က္တစ္ခုကေတာ့ ေအာင္ျမင္မႈ ႀကီးႀကီးမားမားကို အေကာင္အထည္ေဖာ္ခ်င္ရင္ တစ္ဦးတစ္ေယာက္တည္း အစြမ္းနဲ႔ လုပ္လို႔ မရဘူးဆိုတာပါပဲ။ နဂါးသံုးေကာင္ရဲ႕ မိခင္ ခဲလက္စီေတာင္မွ နယ္ေျမသစ္ေတြ ပိုၿပီး သိမ္းပိုက္ႏိုင္ဖို႔အတြက္ အၾကံေပးပုဂၢိဳဟ္ေတြ၊ အကူအညီေပးမယ့္သူေတြကို လိုအပ္ခဲ့ပါတယ္။ ေနာက္ဆံုး အပိုင္းမွာ ရမ္းေဆးလ္ ဘိုတန္ရဲ႕တပ္ကို တိုက္ခိုက္ၿပီး ၀င္းတာဖဲလ္ကို ျပန္လည္သိမ္းယူဖို႔အတြက္ ဂၽြန္စႏိုးနဲ႔ ဆန္ဆာစတာ့ခ္တို႔ဟာလည္း ေျမာက္ပိုင္းက အိမ္ေတာ္ေတြကို သြားၿပီး အကူအညီေတာင္းခဲ့ရပါတယ္။ ဒီအခ်က္ကို ၾကည့္ၿပီး လိုအပ္တဲ့အခါတိုင္းမွာ အကူအညီေတာင္းတတ္ဖို႔ လိုတယ္ဆိုတာကို သိႏိုင္ပါတယ္။

သင့္အေနနဲ႔လည္း အလုပ္ပေရာဂ်က္ေတြ၊ လုပ္ငန္းေတြကို တစ္ေယာက္တည္းလုပ္လို႔ ၿပီးေျမာက္ေအာင္ျမင္သြားမယ္ဆိုရင္ ေကာင္းပါတယ္။ ဒါေပမယ့္ တစ္ေယာက္တည္းစြမ္းအားနဲ႔ တည္ေဆာက္တဲ့ ေအာင္ျမင္မႈဟာ ေသးငယ္ပါတယ္။ ႀကီးမားတဲ့ ေအာင္ျမင္မႈကို ရယူခ်င္ရင္ေတာ့ လုိအပ္တဲ့အကူအညီကို မွန္ကန္တဲ့လူေတြဆီက ေတာင္းဖို႔လိုအပ္ပါတယ္။

 

၇။ လုပ္စရာရွိတာကို လုပ္ေဆာင္ပါ။
ပက္ထရီဘဲလစ္ရွ္နဲ႔ ဒနဲရစ္တာဂါရီယန္(ခဲလက္စီ) တို႔ဟာ သံပုလႅင္နဲ႔ ခုႏွစ္ျပည္ေထာင္ ထီးနန္းကို သိမ္းပိုက္ႏိုင္ဖို႔ ရည္မွန္းခ်က္အတြက္ လုပ္စရာရွိတာေတြကို အျမဲတမ္းလုပ္ေနခဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔အတြက္ ဘာနည္းဗ်ဴဟာမွမရွိ၊ ဘာလုပ္ေဆာင္ခ်က္မွ မရွိတာဟာ တိုးတက္မႈမရွိတာပဲ ျဖစ္ပါတယ္။ ဂၽြန္းစႏိုးဆိုရင္လည္း တိုက္ပြဲမွာပဲျဖစ္ျဖစ္၊ ႏိုင္ငံေရးမွာပဲျဖစ္ျဖစ္ လုပ္စရာရွိတာကို ဦးေဆာင္လုပ္တတ္သူ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ပဲ သူ႔အေပၚမွာ လူေတြက ယုံၾကည္အားကိုးလာၾကတာျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး။ Game of Thrones ထဲက ဇာတ္ရုပ္တိုင္းက သူတို႔မွန္တယ္ထင္တာကို မတြန္႔မဆုတ္ လုပ္တတ္ၾကပါတယ္။

ဒီလိုပါပဲ။ သင့္အေနနဲ႔ တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ အေကာင္းဆံုးအခ်ိန္ကို ေစာင့္မေနပါနဲ႔။ လုပ္စရာရွိတာကို လုပ္ပါ။ လက္ရွိအလုပ္မွာ မေပ်ာ္ရင္ ေနာက္ထပ္ စိတ္၀င္စားတဲ့အလုပ္တစ္ခုကို ေျပာင္းပါ။ ကမာၻေလာကႀကီးရဲ႕ အလွအပကို ေလ့လာပါ။ အခ်စ္ခံရတဲ့ ခံစားခ်က္နဲ႔ အျခားသူေတြကို ခ်စ္တဲ့ခံစားခ်က္ေတြကို ခံစားပါ။ ဘ၀ကို ဒီအတိုင္းထိုင္ေနၿပီး အလဟႆအျဖစ္မခံပါနဲ႔။ စိတ္ကူးအိပ္မက္ေတြကို အေကာင္အထည္ေဖာ္ပါ။

 

၈။ အေကာင္းအဆိုးႏွစ္ခုစလံုး ၾကံ႕ၾကံခံႏိုင္ရမယ္။
Game of Thrones ဇာတ္လမ္းရဲ႕ ထူးျခားခ်က္က အျခားဇာတ္လမ္းေတြလို ေကာင္းတဲ့ဖက္က အျမဲႏိုင္ေနတာ မဟုတ္တာပဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းလို႔၊ ေကာင္းတာေတြလုပ္လို႔ အႏိုင္ရမယ္ဆိုတဲ့ အယူအဆက Game of Thrones ထဲမွာ မေတြ႕ရပါဘူး။ ဒီလိုပါပဲ မေကာင္းတာလုပ္တဲ့လူေတြ၊ စိတ္ထားမေကာင္းတဲ့သူေတြကလည္း ဆိုးဆိုး၀ါး၀ါး ဇာတ္သိမ္းသြားမယ္လို႔ အာမမခံႏိုင္ပါဘူး။ တစ္ခါတစ္ေလမွာ လူဆိုးေတြက ေအာင္ပြဲခံၿပီး လူေကာင္းေတြ မ႐ႈမလွရႈံးနိမ့္သြားရတတ္ပါတယ္။

အျပင္ေလာကမွာလည္း ဒီလိုပါပဲ။ လူေကာင္းတစ္ေယာက္ျဖစ္တိုင္း ေကာင္းတာေတြပဲ ၾကံဳေတြ႕ရမယ္လို႔ မေမွ်ာ္လင့္ထားပါနဲ႔။ မေကာင္းတာေတြ လုပ္ေနလို႔ အဆိုးခ်ည္းပဲ ျဖစ္ေနမွာမဟုတ္ပါဘူး။ ဘ၀ရဲ႕သတ္မွတ္ခ်က္အရ အေကာင္းေတြရွိသလို အဆိုးေတြလည္း ျဖတ္သန္းရမွာပါ။

 

၉။ လူတိုင္းမွာ ကိုယ္ပိုင္ခံယူခ်က္နဲ႔ အျမင္ေတြရွိၾကတယ္။
Game of Thrones ဇာတ္လမ္းထဲမွာ ဇာတ္ေဆာင္ေတြရဲ႕ မ်က္လံုးကေနတဆင့္ အျမင္အမ်ိဳးမ်ိဳးကို ျမင္ေတြ႕ရႏိုင္ပါတယ္။ ၿမိဳ႕တစ္ၿမိဳ႕ကို ၾကည့္တဲ့ေနရာေပၚလိုက္ၿပီး ႐ႈခင္းေျပာင္းသလိုပဲ လူတိုင္းကလည္း သူတို႔ျမင္ေတြ႕တဲ့ေပၚမွာ မူတည္ၿပီး ကြဲျပားျခားနားတဲ့ အျမင္နဲ႔ ခံယူခ်က္ေတြ ရွိၾကပါတယ္။ Game of Thrones ထဲမွာ အက္ဒက္စတာ့ခ္ဟာ ၾကည့္႐ႈသူပရိသတ္အတြက္ သူရဲေကာင္းတစ္ေယာက္ျဖစ္ၿပီး အခ်ည္းႏွီး အသက္ဆံုး႐ႈံးခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ဒနဲရစ္တာဂါရီယန္(ခဲလက္စီ)အတြက္ေတာ့ သူမရဲ႕ မိသားစုကို သတ္ျဖတ္ခဲ့တဲ့ လူသတ္သမားတစ္ေယာက္သာ ျဖစ္ပါတယ္။ ေျမာက္ပိုင္းနံရံအျပင္ဖက္က အ႐ိုင္းအစိုင္းေတြဟာ ခုႏွစ္ျပည္ေထာင္က လူေတြအတြက္ လူ႐ိုင္းသာသာျဖစ္ေပမယ့္ မန္႔ေရဒါနဲ႔ ဂၽြန္စႏိုးတို႔အတြက္ေတာ့ လြတ္လပ္မႈကို ျမတ္ႏိုးတန္ဖိုးထားသူေတြ ျဖစ္ၾကပါတယ္။ အေနာက္ဖက္က အရွင္သခင္ေတြအတြက္ ခုႏွစ္ျပည္ေထာင္က အေရးႀကီးေပမယ့္ ကြာ့သ္ၿမိဳ႕ ကုန္သည္ေတြအတြက္ကေတာ့ ကုန္သြယ္ေရးနဲ႔ ေငြကလြဲၿပီး အျခားဘာမွ အေရးမႀကီးပါဘူး။

အျပင္ေလာကမွာလည္း လူတစ္ဦးခ်င္းစီေပၚမွာ မူတည္ၿပီး မတူညီတဲ့အျမင္ေတြ၊ အဓိပၸါယ္ေတြရွိၾကပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မီးနဲ႔ေရလို ကြဲျပားႏိုင္ၾကပါတယ္။ ဒါ့ေၾကာင့္ လူတိုင္းမွာ ကိုယ္ပိုင္ခံယူခ်က္နဲ႔ အျမင္ေတြရွိတယ္ဆိုတာကို နားလည္လက္ခံထားဖိုပ လိုပါတယ္။ ဒါဆိုရင္ အျခားသူေတြကို ပိုနားလည္ႏိုင္ၿပီး လူမႈဆက္ဆံေရး တိုးတက္လာမွာျဖစ္ပါတယ္။

 

၁၀။ ကိုယ့္အေပၚ လူေတြရဲ႕ ထင္ျမင္ခ်က္က အေရးမႀကီးဘူး။
Game of Thrones ထဲမွာ ဇာတ္ေဆာင္စရိုက္မ်ိဳးစံုကို ေတြ႕ႏိုင္ပါတယ္။ လူပုေလး တိုင္ရီယြန္၊ မ်ိဳးမစစ္သား ဂၽြန္စႏိုး၊ ဒုကၡိတ ဘရန္စတာ့ခ္၊ ေၾကးစားသူရဲေကာင္း ေဒးဗိုးစ္ စသျဖင့္ အမ်ားႀကီးပါ။ ဇာတ္ေဆာင္တိုင္းမွာ အားသာခ်က္၊ အားနည္းခ်က္ေတြ ရွိၾကပါတယ္။ သူတို႔အားလံုးဟာ ဒီအားနည္းခ်က္ေတြကို လက္ခံထားၿပီး သူတို႔ရဲ႕ အားသာခ်က္ေတြနဲ႔ ရပ္တည္ၾကပါတယ္။ ဘရန္စတာ့ခ္ဟာ လမ္းမေလွ်ာက္ႏိုင္တဲ့ ဒုကၡိတျဖစ္ေပမယ့္ Warg တစ္ေယာက္ရဲ႕ အစြမ္းေတြနဲ႔ ရပ္တည္ပါတယ္။ တိုင္ရီယြန္ လန္နစ္စတာဟာ လူပုေလးတစ္ေယာက္ျဖစ္ေပမယ့္…. သူဘယ္လိုေတာ္လဲ၊ ဘယ္ေလာက္ထိ အရည္အခ်င္းရွိလဲဆိုတာကို ၾကည့္ဖူးရင္ သိပါလိမ့္မယ္။

လက္ေတြ႕ဘ၀မွာလည္း လူေတြက သင့္ကို ဘယ္လိုျမင္တယ္၊ ဘယ္လိုသတ္မွတ္တယ္ဆိုတာက အေရးမႀကီးပါဘူး။ ကိုယ့္ကိုယ္ကိုယ္ နားလည္သေဘာေပါက္ဖို႔ အေရးႀကီးပါတယ္။ ကိုယ္ ဘာလဲဆိုတာကို ကိုယ္ကိုယ္တိုင္ပဲ သိႏိုင္ပါတယ္။ လူေတြရဲ႕ သတ္မွတ္ခ်က္အတိုင္း လိုက္မေယာင္မိပါေစနဲ႔။ တိုင္ရီယြန္ လန္နစ္စတာေျပာသလိုပါပဲ။ သင့္ကိုယ္သင္ ဘာဆိုတာလဲ မေမ့ရင္ တစ္ေလာကလံုးကလည္း သင့္ကိုေမ့ႏိုင္မွာ မဟုတ္ပါဘူး။

 

၁၁။ အျခားသူေတြကို နားလည္ကိုယ္ခ်င္းစာႏိုင္ေအာင္ ႀကိဳးစားပါ။
လူေတြကို အကဲျဖတ္ဖို႔က လြယ္ပါတယ္။ တစ္စံုတစ္ေယာက္က သင့္လက္မခံတဲ့အရာတစ္ခု၊ မလုပ္သင့္ဘူးလို႔ ယူဆထားတာတစ္ခုကို လုပ္လိုက္တာနဲ႔ မေကာင္းတဲ့လူတစ္ေယာက္အျဖစ္ တံဆိပ္ကပ္ ဆက္ဆံဖို႔ မ်ားပါတယ္။ Game of Thrones ကို ၾကည့္တဲ့အခါမွာ အဓိကဇာတ္ေဆာင္ေတြရဲ႕ ဆံုးျဖတ္ခ်က္အမွားေတြ၊ လုပ္ရပ္အမွားေတြကို ေတြ႕ရေပမယ့္ သူတို႔ဘာေၾကာင့္ ဒီလိုလုပ္တယ္ဆိုတာကို သိထားတဲ့အတြက္ ကိုယ္ခ်င္းစာႏိုင္ပါေသးတယ္။ သီယြန္ဂေရးဂြိ်ဳင္းဟာ စတာ့ခ္မိသားစုကို ျပန္တိုက္ခိုက္တဲ့အတြက္ ရက္စက္ယုတ္မာတဲ့သူတစ္ေယာက္လို႔ ျမင္စရာရွိေပမယ့္ သူ႔ငယ္ဘ၀မွာ စတာ့ခ္ေတြက ေခၚေဆာင္သြားျခင္းခံရတယ္။ သူ႔အိမ္ေတာ္ျပန္ေရာက္တဲ့အခါမွာ အရာအားလံုးက ေျပာင္းလဲေနၿပီး အေမြဆက္ဆံရဖို႔အတြက္ ဒီလိုလုပ္တဲ့အေၾကာင္းကို ေတြ႕ျမင္ႏိုင္ပါတယ္။ မိဖုရားဆာဆီရဲ႕ လုပ္ရပ္ေတြဟာ သူ႔ကေလးေတြေပၚထားတဲ့ ခ်စ္ျခင္းေမတၱာေၾကာင့္ဆိုတာကိုလည္း ေတြ႕ႏိုင္ပါတယ္။

ဒီအခ်က္ဟာ လက္ေတြ႕ေလာကမွာ ေပ်ာက္ဆံုးေနတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။ သူငယ္ခ်င္းျဖစ္သူက ဘာေၾကာင့္ ဒီစကားကိုေျပာတာလဲ။ သင့္ကို တိုက္မိမလိုျဖစ္သြားတဲ့ ကားက ဘာေၾကာင့္ ဒီေလာက္အျမန္ေမာင္းသြားတာလဲ စတဲ့အေၾကာင္းရင္းေတြကို စဥ္းစားေနဖို႔ထက္ သင္မႀကိဳက္တာေတြ လုပ္တဲ့အတြက္ မေကာင္းတဲ့လူအျဖစ္သတ္မွတ္လိုက္တာက ပိုမ်ားပါလိမ့္မယ္။ လူတိုင္းမွာ ကိုယ္ပို္င္ ထင္ျမင္ခ်က္ေတြ ရွိသလို အေၾကာင္းရင္းေတြလည္း ရွိပါတယ္။ ဒါကို နားလည္ထားရင္ ကိုယ္ခ်င္းစာစိတ္ ပိုထားႏိုင္မွာ ျဖစ္ပါတယ္။

[sg_popup id=6]

၁၂။ အခ်ိန္တိုင္းက အေရးႀကီးတယ္။
ေဗာ္လာ ေမာ္ဂိုးလပ္စ္။ လူတိုင္းေသရမယ္။ ကၽြန္ေတာ္တို႔ အမ်ားစုက ေသျခင္းတရားနဲ႔ အလွမ္းေ၀းေနဆဲလို႔ ထင္တတ္ၾကပါတယ္။ Game of Thrones ထဲမွာေတာ့ ေသျခင္းတရားဟာ ျမင့္ျမတ္တဲ့အရွင္သခင္တစ္ေယာက္ပဲျဖစ္ျဖစ္၊ ဆင္းရဲႏြမ္းပါးတဲ့ ကေလးတစ္ေယာက္ပဲျဖစ္ျဖစ္ ဘယ္သူ႔ဆီကိုမဆို အခ်ိန္မေရြးေရာက္လာႏိုင္တာကို ပံုေဖာ္ထားပါတယ္။ ေသျခင္းတရားက လက္တကမ္းအကြာမွာ အျမဲရွိေနတာကို မေမ့ပါနဲ႔။ ဒါ့ေၾကာင့္ ရွင္သန္ေနခုိက္မွာ အခ်ိန္တိုင္းက တန္ဖိုးရွိပါတယ္။ သင္ စိတ္ကူးထားတာေတြကို လုပ္ပါ။ ခ်စ္ခင္ရသူေတြနဲ႔ အခ်ိန္ျဖဳန္းပါ။ အခ်ိန္အခိုက္အတန္႔တိုင္းဟာ သင့္အတြက္ ေနာက္ဆံုးျဖစ္သြားႏိုင္ပါတယ္။

ဒီအခ်က္ေတြကေတာ့ Game of Thrones ဇာတ္လမ္းၾကည့္ရင္း ရလာတဲ့ ဘ၀သင္ခန္းစာေတြ ျဖစ္ပါတယ္။ GM ပရိသတ္ထဲက Game of Thrones Fan ေတြ ရွိခဲ့မယ္ဆိုရင္ ေတြးမိတဲ့ ဘ၀သင္ခန္းစာေတြနဲ႔ ဘယ္ဇာတ္ေဆာင္ကို အႀကိဳက္ဆံုးလဲ၊ ဘာေၾကာင့္ ႀကိဳက္တာလဲဆိုတာေတြကို Comment မွာ ေ၀မွ်ခဲ့ေစခ်င္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++

Game Of Thrones ဇာတ်လမ်းမှ ရရှိနိုင်သည့် ဘဝသင်ခန်းစာများ

(Unicode)

နာမည်ကျော် Game Of Thrones ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ဖူးတဲ့သူတွေအတွက် ဇာတ်လမ်းရဲ့ထူးခြားမှုတွေက ပြောစရာသိပ်မလိုလောက်ပါဘူး။ Game Of Thrones ဟာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်တဲ့အခန်းတွေ၊ အဖော်အချွတ်အခန်းတွေကြောင့်ချည်းပဲ နာမည်ကြီးနေတာမဟုတ်ပါဘူး။ အလိုရမ္မက်၊ လောဘဒေါသနဲ့ အာဏာကို စွဲလမ်းတပ်မက်စိတ်တွေနဲ့ အမှန်နဲ့ အမှားကြားက အားပြိုင်မှုတွေကို လက်တွေ့ကျကျ သရုပ်ဖော်ထားနိုင်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းကြည့်ရင်း ခံယူတတ်မယ်ဆိုရင် ဘဝအတွက် အသုံးဝင်မယ့် သင်ခန်းစားတွေကို ရရှိနိုင်ပါတယ်။ အခုဆိုရင် သိပ်မကြာခင်မှာ နောက်ထပ် Season 7 လည်း ထုတ်လွှင့်ပြသတော့မှာဆိုတော့ ပြီးခဲ့တဲ့ Season ခြောက်ခုကို ကြည့်ရင်း ရရှိနိုင်တဲ့ လက်တွေ့ဘဝမှာ ပြန်လည်အသုံးချလို့ ရနိုင်တဲ့ ဘဝသင်ခန်းစာတွေကို ဝေမျှပေးချင်ပါတယ်။

၁။ ယုံကြည်ထိုက်သူကို သိထားပါ
မယုံကြည်သင့်တဲ့သူကို ယုံကြည်မိရင် သင့်ခေါင်းနဲ့ ကိုယ် အိုးစားကွဲသွားနိုင်တယ်ဆိုတာ Game of Thrones ထဲမှာ ကောင်းကောင်းသရုပ်ဖော်ထားပါတယ်။ မှန်ကန်တဲ့သူကို ယုံကြည်တာက သင့်အတွက် အကျိုးဖြစ်ထွန်းစေနိုင်တာလည်း သိသာပါတယ်။ နာမည်ကျော် Red Wedding အခန်းကို ကြည့်ဖူးတဲ့သူတိုင်း သိကြမှာပါ။ ဝေါလ်ဒါ ဖရေးကို ယုံကြည်မိတဲ့အတွက် ရော့ဘ်စတာ့ခ် အသတ်ခံလိုက်တာဖြစ်ပါတယ်။ နောက်တစ်ခုကြည့်မယ်ဆိုရင် တိုင်ရီယွန် လန်နစ်စတာက လော့ဒ်ဗားရီးစ်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်တဲ့အတွက် ခေါင်းဖြတ်သတ်ခံရမယ့် ဘေးကို လွတ်မြောက်သွားခဲ့ရပါတယ်။ ဒီအခန်းတွေကို ကြည့်ခြင်းကနေ လူတွေအပေါ်ထားတဲ့ ယုံကြည်မှုက သင့်ဘဝကို ပြောင်းလဲစေနိုင်တာကို သင်ခန်းစာယူနိုင်ပါတယ်။

တကယ်လက်တွေ့ဘဝမှာလည်း မယုံကြည်ထိုက်သူတွေနဲ့ ပတ်သက်မိရင် မိတ်ပျက်ရတာ၊ ချစ်သူလင်မယားကြား စကားများရတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးရတာ စသဖြင့် တွေ့ကြုံရနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်သူ့ကိုမှ သင့်ရဲ့လျို့ဝှက်ချက်တွေ မပြောမိပါစေနဲ့။ အလုပ်ရှင်သူဌေးအကြောင်း လုပ်ဖော်ကိုင်ဖက်တွေကိုလည်း မပြောမိပါစေနဲ့။ အရေးကြီးပြီး အန္တရာယ်ရှိတဲ့ သတင်းအချက်အလက်တွေကို ဝေမျှတဲ့နေရာမှာ မှန်ကန်တဲ့သူကို ရွေးချယ်တတ်ဖို့ လိုပါတယ်။

 

၂။ သင့်ဖက်မှာ မိသားစုနဲ့ မိတ်ရင်းဆွေရင်းတွေပဲ ရှိတယ်
Game of Thrones ကို သေချာကြည့်မယ်ဆိုရင် မိသားစုကြီးတွေဟာ သူတို့ရဲ့ မျိုးရိုး၊ သူတို့ရဲ့ အိမ်တော်၊ သူတို့ရဲ့ မိသားစုကို ကိုယ်စားပြုပြီး တိုက်ခိုက်ကြ၊ သေဆုံးကြ၊ အချင်းချင်းကာကွယ်ကြတာကို တွေ့နိုင်ပါတယ်။ လန်နစ်စတာ၊ စတာ့ခ်၊ တာဂါရီယန် စတဲ့ မိသားစုတွေ၊ မျိုးရိုးတွေဟာ တစ်ယောက်ယောက် ဒုက္ခရောက်ပြီး အန္တရာယ်ကြံုပြီဆိုတာနဲ့ ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ မိသားစုဦးစားပေး စိတ်ကို မိဖုရား ဆာဆီ ထံမှာ ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။ သူမဟာ တကယ်ကိုစိတ်ဓာတ်မကောင်းတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် သူလုပ်သမျှအရာအားလုံးဟာ သူ့မိသားစုနဲ့ သူ့ကလေးတွေ အတွက်ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်မိသားစုထက် သင့်အပေါ်ကောင်းနိုင်မယ့်သူ မရှိပါဘူး။ မိသားစုကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။

သင့်အနေနဲ့ ဘဝမှာအခက်အခဲတွေ ကြံုတွေ့ရပြီး ကူကယ်ရာမဲ့နေတဲ့အချိန်မှာ သင့်အနားမှာရှိနေမယ့်သူတွေက သင့်မိသားစုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မိသားစုကို အလေးထားပါ။ မိဘတွေကို ဆက်သွယ်ပါ။ ဂရုစိုက်ပါ။ ညီအစ်ကိုမောင်နှမတွေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပါ။ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း မေ့မထားပါနဲ့။ တတ်နိုင်သမျှ ကြိုးစားဆက်သွယ်ပါ။

၃။ ဘဝဆိုတာက ခက်ခဲတယ်။
Game of Thrones ကို ကြည့်ရင်း သိသာထင်ရှားစွာ မြင်နိုင်တဲ့အချက်တစ်ခုက လောကကြီးဟာ အမြဲတမ်း သာယာပြီး ပျော်ရွှင်စရာ ကောင်းနေတာ မဟုတ်ဘူးဆိုတာပါပဲ။ ဂျွန်စနိုးက သူ့လူတွေကပဲ သစ္စာဖောက်သွားခဲ့တယ်။ ဘရန်စတာ့ခ်က ဒုက္ခိတဖြစ်ပြီး လမ်းမလျှောက်နိုင်ဘူး။ ဆာဆီရဲ့ သားနှစ်ယောက် သေခဲ့ရတယ်။ နက်စတာ့ခ်၊ ကိတ်တလင်းစတာ့ခ်နဲ့ ရော့ဘ် စတာ့ခ်တို့ဟာ လူပုံအလယ်မှာပဲ ရက်ရက်စက်စက် အသတ်ခံရတယ်။ သီယွန်ဂရေးဂွိျုင်းဟာလည်း ယောင်္ကျားအင်္ဂါကို ဆုံးရှုံးရပြီး လူတစ်ယောက်ရဲ့ ခံယူချက်တွေ ရိုက်ချိုးဖျက်စီးခံလိုက်ရတယ်။ စတန်းနစ်ဘရာသီယွန်ကလည်း သမီးဖြစ်သူကို မီးရှို့သတ်ဖို့ ကိုယ်တိုင်ပဲ အမိန့်ပေးခဲ့ရတယ်။ ဆက်ပြောရင် အများကြီးရှိပါသေးတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် ဇာတ်လမ်းထဲက ခုနှစ်ပြည်ထောင်လောကရဲ့ ရက်စက်မှုတွေဖြစ်ပါတယ်။ ဒီထဲက ဘယ်သူမှ အခက်အခဲတွေ၊ ဒုက္ခတွေ၊ နာကျဉ်မှုတွေနဲ့ မလွတ်နိုင်ကြပါဘူး။

တကယ့်လောကမှာလည်း ဘဝဆိုတာက ခက်ခဲကြမ်းတမ်းပါတယ်။ ပြီးပြည့်စုံတဲ့အလုပ်အကိုင်တစ်ခုနဲ့ ကျေနပ်စရာဘဝတစ်ခုရဖို့ဆိုတာ မလွယ်ကူပါဘူး။ ဘယ်နေရာမှာမဆို ပြိုင်ဆိုင်မှုတွေ၊ တိုက်ခိုက်မှုတွေရှိနေပါတယ်။ ဒါပေမယ့် အခက်အခဲတွေကို ဖြတ်ကျော်ပြီး သင့်ရည်မှန်းချက်တွေဆီကို ရောက်ဖို့အတွက် ရည်မှန်းချက်ထားပြီး စိတ်ရှည်သည်းခံနိုင်ဖို့ လိုပါတယ်။

၄။ အတွေ့အကြံုက ခွန်အားနဲ့ ရင့်ကျက်မှုကို ပေးတယ်။
Game of Thrones ထဲက အာရာစတာ့ခ်ကို ကြည့်ပါ။ ဒီကလေးမလေးဟာ သူ့အဖေကို လူပုံအလယ်မှာ ခေါင်းဖြတ်ကွပ်မြက်တာကို မြင်ခဲ့ရတယ်။ အားကိုးတကြီးသွားရှာတဲ့ အမေနဲ့ အကိုကြီး အသတ်ခံလိုက်ရတာကို သိလိုက်ရတယ်။ လန်နစ်စတာတွေက သူမရဲ့ မိသားစုကို တစစီဖြစ်အောင် လုပ်ပစ်လိုက်ကြတယ်။ အရွယ်နဲ့မလိုက်အောင် ခက်ခဲကြမ်းတမ်းတဲ့ဘဝတစ်ခုကို တွေ့ကြံုခဲ့ရတယ်။ ဒါပေမယ့် သူမက လွယ်လွယ်နဲ့ အရှုံးပေးတတ်သူ တစ်ယောက်မဟုတ်ခဲ့ပါဘူး။ သူ့အဖေအတွက်၊ သူ့မိသားစုအတွက် လက်စားချေဖို့ နာမည်တွေ ခေါင်းထဲမှာအပြည့်ရှိနေပြီး ဓားရေးကောင်းအောင် လေ့ကျင့်ခဲ့တယ်။ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံး လှုပ်ရှားခဲ့ရတယ်။ မျက်စိကန်းပြီး လမ်းဘေးမှာတောင်းစားရတဲ့အခြေအနေကနေ ပြန်လည် ရုန်းထနိုင်တဲ့ သူမရဲ့ စိတ်ဓာတ်မာကျောမှုကို တွေ့နိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အဆိုးတွေကို အားမလျော့တမ်းရင်ဆိုင်နိုင်ဖို့ လိုတယ်ဆိုတာ သဘောပေါက်လာနိုင်ပါတယ်။

တကယ်လောကမှာလည်း အဆင်မပြေတာတွေ၊ အခက်အခဲတွေအတွက် ညည်းတွားနေတာက ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ရင်ဆိုင်တွေ့ကြံုရတဲ့ကိစ္စတွေကနေ အတွေ့အကြံုနဲ့ သင်ခန်းစာယူပါ။ အပြုသဘောဆောင်တဲ့ အမြင်နဲ့ မြင်တတ်ပြီး အားမလျှော့စတမ်းရှေ့ဆက်လျှောက်ပါ။ ဥပမာပြောရရင် စာမေးပွဲကြတာ ရှက်စရာပါ။ ဒါပေမယ့် ပြန်ပြင်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါ့ကြောင့် သေချာကြိုးစားပြီး နောက်တစ်ခါမှာ အကောင်းဆုံးရလဒ်ထွက်အောင် လုပ်ပါ။ လုပ်ငန်းခွင်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အတွေ့အကြံုတွေက ခွန်အားနဲ့ ရင့်ကျက်မှုကို ပေးနိုင်ပါတယ်။ အားမလျှော့ပါနဲ့။

၅။ အသိပညာက စွမ်းအား ဖြစ်တယ်။
လော့ဒ်ဗားရီးစ်မှာ တိုင်းပြည်အတွင်းဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေ၊ လျို့ဝှက်ချက်တွေ၊ အရေးကြီးသတင်းတွေကို သိရှိနိုင်ဖို့အတွက် နေရာအနှံ့ သူလျှိုကွန်ယက်တည်ဆောက်ထားပြီး နားတွေ၊ မျက်စိတွေအများကြီး ရှိပါတယ်။ ဒီအချက်ကပဲ သူ့ကို တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်နေစေပါတယ်။ မိဖုရားဆာဆီဟာလည်း ရန်သူတွေကို အကြပ်ကိုင်ချိမ်းခြောက်ပြီး သတင်းအချက််အလက်တွေ ရယူနိုင်စွမ်းရှိပါတယ်။ လက်သန်းလေးကတော့ သူ့ရဲ့ အသိပညာကြွယ်ဝမှု၊ ပါးနပ်မှုတွေကြောင့် ဗြောင်းဆန်နေတဲ့ အခြေအနေမှာတောင်မှ ရှင်သန်နိုင်သူ ဖြစ်ပါတယ်။ လူပုလေးတိုင်ရီယွန် လန်နစ်စတာဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ ခွန်အားမရှိပေမယ့် အသိဉာဏ်ပညာနဲ့ လူတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်ပါတယ်။ သတိထားကြည့်ရင် ဒီလူတွေအားလုံး အခြားလူတွေလို့ သေဆုံးမသွားသေးပဲ အသက်ရှင်နေသေးတာကို တွေ့ရမှာပါ။ ဒါဟာ သူတို့ရဲ့ အသိပညာကြောင့် ဖြစ်ပါတယ်။ ဒီအချက်ကြောင့် အသိပညာ၊ အတတ်ပညာဟာ စွမ်းအားတစ်ခုဆိုတာကို သဘောပေါက်လာစေပါတယ်။

လက်တွေ့ဘဝမှာလည်း ထိုနည်းတူပါပဲ။ ကျောင်းကသင်ပေးလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ သင့်အနေနဲ့ နယ်ပယ်တစ်ခုမှာ ရှေ့ရောက်နေချင်ရင်၊ တခြားသူတွေ နင်းဖြတ်ကျော်တက်သွားတာ မခံချင်ဘူးဆိုရင် သက်ဆိုင်ရာနယ်ပယ်နဲ့ပတ်သက်ပြီး အသိပညာဗဟုသုတတွေကို တတ်နိုင်သမျှ ဆည်းပူးလေ့လာနေရမှာ ဖြစ်ပါတယ်။

၆။ ဘယ်အရာမှ တစ်ယောက်တည်း မပြီးပါဘူး။
Game of Thrones မှာ နောက်ထပ်အသားပေးဖော်ပြထားတဲ့ အချက်တစ်ခုကတော့ အောင်မြင်မှု ကြီးကြီးမားမားကို အကောင်အထည်ဖော်ချင်ရင် တစ်ဦးတစ်ယောက်တည်း အစွမ်းနဲ့ လုပ်လို့ မရဘူးဆိုတာပါပဲ။ နဂါးသုံးကောင်ရဲ့ မိခင် ခဲလက်စီတောင်မှ နယ်မြေသစ်တွေ ပိုပြီး သိမ်းပိုက်နိုင်ဖို့အတွက် အကြံပေးပုဂ္ဂိုဟ်တွေ၊ အကူအညီပေးမယ့်သူတွေကို လိုအပ်ခဲ့ပါတယ်။ နောက်ဆုံး အပိုင်းမှာ ရမ်းဆေးလ် ဘိုတန်ရဲ့တပ်ကို တိုက်ခိုက်ပြီး ၀င်းတာဖဲလ်ကို ပြန်လည်သိမ်းယူဖို့အတွက် ဂျွန်စနိုးနဲ့ ဆန်ဆာစတာ့ခ်တို့ဟာလည်း မြောက်ပိုင်းက အိမ်တော်တွေကို သွားပြီး အကူအညီတောင်းခဲ့ရပါတယ်။ ဒီအချက်ကို ကြည့်ပြီး လိုအပ်တဲ့အခါတိုင်းမှာ အကူအညီတောင်းတတ်ဖို့ လိုတယ်ဆိုတာကို သိနိုင်ပါတယ်။

သင့်အနေနဲ့လည်း အလုပ်ပရောဂျက်တွေ၊ လုပ်ငန်းတွေကို တစ်ယောက်တည်းလုပ်လို့ ပြီးမြောက်အောင်မြင်သွားမယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းစွမ်းအားနဲ့ တည်ဆောက်တဲ့ အောင်မြင်မှုဟာ သေးငယ်ပါတယ်။ ကြီးမားတဲ့ အောင်မြင်မှုကို ရယူချင်ရင်တော့ လိုအပ်တဲ့အကူအညီကို မှန်ကန်တဲ့လူတွေဆီက တောင်းဖို့လိုအပ်ပါတယ်။

၇။ လုပ်စရာရှိတာကို လုပ်ဆောင်ပါ။
ပက်ထရီဘဲလစ်ရှ်နဲ့ ဒနဲရစ်တာဂါရီယန်(ခဲလက်စီ) တို့ဟာ သံပုလ္လင်နဲ့ ခုနှစ်ပြည်ထောင် ထီးနန်းကို သိမ်းပိုက်နိုင်ဖို့ ရည်မှန်းချက်အတွက် လုပ်စရာရှိတာတွေကို အမြဲတမ်းလုပ်နေခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့အတွက် ဘာနည်းဗျူဟာမှမရှိ၊ ဘာလုပ်ဆောင်ချက်မှ မရှိတာဟာ တိုးတက်မှုမရှိတာပဲ ဖြစ်ပါတယ်။ ဂျွန်းစနိုးဆိုရင်လည်း တိုက်ပွဲမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ် လုပ်စရာရှိတာကို ဦးဆောင်လုပ်တတ်သူ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ သူ့အပေါ်မှာ လူတွေက ယုံကြည်အားကိုးလာကြတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Game of Thrones ထဲက ဇာတ်ရုပ်တိုင်းက သူတို့မှန်တယ်ထင်တာကို မတွန့်မဆုတ် လုပ်တတ်ကြပါတယ်။

ဒီလိုပါပဲ။ သင့်အနေနဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင် အကောင်းဆုံးအချိန်ကို စောင့်မနေပါနဲ့။ လုပ်စရာရှိတာကို လုပ်ပါ။ လက်ရှိအလုပ်မှာ မပျော်ရင် နောက်ထပ် စိတ်ဝင်စားတဲ့အလုပ်တစ်ခုကို ပြောင်းပါ။ ကမ္ဘာလောကကြီးရဲ့ အလှအပကို လေ့လာပါ။ အချစ်ခံရတဲ့ ခံစားချက်နဲ့ အခြားသူတွေကို ချစ်တဲ့ခံစားချက်တွေကို ခံစားပါ။ ဘဝကို ဒီအတိုင်းထိုင်နေပြီး အလဟဿအဖြစ်မခံပါနဲ့။ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပါ။

၈။ အကောင်းအဆိုးနှစ်ခုစလုံး ကြံ့ကြံခံနိုင်ရမယ်။
Game of Thrones ဇာတ်လမ်းရဲ့ ထူးခြားချက်က အခြားဇာတ်လမ်းတွေလို ကောင်းတဲ့ဖက်က အမြဲနိုင်နေတာ မဟုတ်တာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းလို့၊ ကောင်းတာတွေလုပ်လို့ အနိုင်ရမယ်ဆိုတဲ့ အယူအဆက Game of Thrones ထဲမှာ မတွေ့ရပါဘူး။ ဒီလိုပါပဲ မကောင်းတာလုပ်တဲ့လူတွေ၊ စိတ်ထားမကောင်းတဲ့သူတွေကလည်း ဆိုးဆိုးဝါးဝါး ဇာတ်သိမ်းသွားမယ်လို့ အာမမခံနိုင်ပါဘူး။ တစ်ခါတစ်လေမှာ လူဆိုးတွေက အောင်ပွဲခံပြီး လူကောင်းတွေ မရှုမလှရှုံးနိမ့်သွားရတတ်ပါတယ်။

အပြင်လောကမှာလည်း ဒီလိုပါပဲ။ လူကောင်းတစ်ယောက်ဖြစ်တိုင်း ကောင်းတာတွေပဲ ကြံုတွေ့ရမယ်လို့ မမျှော်လင့်ထားပါနဲ့။ မကောင်းတာတွေ လုပ်နေလို့ အဆိုးချည်းပဲ ဖြစ်နေမှာမဟုတ်ပါဘူး။ ဘဝရဲ့သတ်မှတ်ချက်အရ အကောင်းတွေရှိသလို အဆိုးတွေလည်း ဖြတ်သန်းရမှာပါ။

၉။ လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက်နဲ့ အမြင်တွေရှိကြတယ်။
Game of Thrones ဇာတ်လမ်းထဲမှာ ဇာတ်ဆောင်တွေရဲ့ မျက်လုံးကနေတဆင့် အမြင်အမျိုးမျိုးကို မြင်တွေ့ရနိုင်ပါတယ်။ မြို့တစ်မြို့ကို ကြည့်တဲ့နေရာပေါ်လိုက်ပြီး ရှုခင်းပြောင်းသလိုပဲ လူတိုင်းကလည်း သူတို့မြင်တွေ့တဲ့ပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားတဲ့ အမြင်နဲ့ ခံယူချက်တွေ ရှိကြပါတယ်။ Game of Thrones ထဲမှာ အက်ဒက်စတာ့ခ်ဟာ ကြည့်ရှုသူပရိသတ်အတွက် သူရဲကောင်းတစ်ယောက်ဖြစ်ပြီး အချည်းနှီး အသက်ဆုံးရှုံးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဒနဲရစ်တာဂါရီယန်(ခဲလက်စီ)အတွက်တော့ သူမရဲ့ မိသားစုကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားတစ်ယောက်သာ ဖြစ်ပါတယ်။ မြောက်ပိုင်းနံရံအပြင်ဖက်က အရိုင်းအစိုင်းတွေဟာ ခုနှစ်ပြည်ထောင်က လူတွေအတွက် လူရိုင်းသာသာဖြစ်ပေမယ့် မန့်ရေဒါနဲ့ ဂျွန်စနိုးတို့အတွက်တော့ လွတ်လပ်မှုကို မြတ်နိုးတန်ဖိုးထားသူတွေ ဖြစ်ကြပါတယ်။ အနောက်ဖက်က အရှင်သခင်တွေအတွက် ခုနှစ်ပြည်ထောင်က အရေးကြီးပေမယ့် ကွာ့သ်မြို့ ကုန်သည်တွေအတွက်ကတော့ ကုန်သွယ်ရေးနဲ့ ငွေကလွဲပြီး အခြားဘာမှ အရေးမကြီးပါဘူး။

အပြင်လောကမှာလည်း လူတစ်ဦးချင်းစီပေါ်မှာ မူတည်ပြီး မတူညီတဲ့အမြင်တွေ၊ အဓိပ္ပါယ်တွေရှိကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မီးနဲ့ရေလို ကွဲပြားနိုင်ကြပါတယ်။ ဒါ့ကြောင့် လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက်နဲ့ အမြင်တွေရှိတယ်ဆိုတာကို နားလည်လက်ခံထားဖိုပ လိုပါတယ်။ ဒါဆိုရင် အခြားသူတွေကို ပိုနားလည်နိုင်ပြီး လူမှုဆက်ဆံရေး တိုးတက်လာမှာဖြစ်ပါတယ်။

၁၀။ ကိုယ့်အပေါ် လူတွေရဲ့ ထင်မြင်ချက်က အရေးမကြီးဘူး။
Game of Thrones ထဲမှာ ဇာတ်ဆောင်စရိုက်မျိုးစုံကို တွေ့နိုင်ပါတယ်။ လူပုလေး တိုင်ရီယွန်၊ မျိုးမစစ်သား ဂျွန်စနိုး၊ ဒုက္ခိတ ဘရန်စတာ့ခ်၊ ကြေးစားသူရဲကောင်း ဒေးဗိုးစ် စသဖြင့် အများကြီးပါ။ ဇာတ်ဆောင်တိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိကြပါတယ်။ သူတို့အားလုံးဟာ ဒီအားနည်းချက်တွေကို လက်ခံထားပြီး သူတို့ရဲ့ အားသာချက်တွေနဲ့ ရပ်တည်ကြပါတယ်။ ဘရန်စတာ့ခ်ဟာ လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတဖြစ်ပေမယ့် Warg တစ်ယောက်ရဲ့ အစွမ်းတွေနဲ့ ရပ်တည်ပါတယ်။ တိုင်ရီယွန် လန်နစ်စတာဟာ လူပုလေးတစ်ယောက်ဖြစ်ပေမယ့်…. သူဘယ်လိုတော်လဲ၊ ဘယ်လောက်ထိ အရည်အချင်းရှိလဲဆိုတာကို ကြည့်ဖူးရင် သိပါလိမ့်မယ်။

လက်တွေ့ဘဝမှာလည်း လူတွေက သင့်ကို ဘယ်လိုမြင်တယ်၊ ဘယ်လိုသတ်မှတ်တယ်ဆိုတာက အရေးမကြီးပါဘူး။ ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ကိုယ် ဘာလဲဆိုတာကို ကိုယ်ကိုယ်တိုင်ပဲ သိနိုင်ပါတယ်။ လူတွေရဲ့ သတ်မှတ်ချက်အတိုင်း လိုက်မယောင်မိပါစေနဲ့။ တိုင်ရီယွန် လန်နစ်စတာပြောသလိုပါပဲ။ သင့်ကိုယ်သင် ဘာဆိုတာလဲ မမေ့ရင် တစ်လောကလုံးကလည်း သင့်ကိုမေ့နိုင်မှာ မဟုတ်ပါဘူး။

၁၁။ အခြားသူတွေကို နားလည်ကိုယ်ချင်းစာနိုင်အောင် ကြိုးစားပါ။
လူတွေကို အကဲဖြတ်ဖို့က လွယ်ပါတယ်။ တစ်စုံတစ်ယောက်က သင့်လက်မခံတဲ့အရာတစ်ခု၊ မလုပ်သင့်ဘူးလို့ ယူဆထားတာတစ်ခုကို လုပ်လိုက်တာနဲ့ မကောင်းတဲ့လူတစ်ယောက်အဖြစ် တံဆိပ်ကပ် ဆက်ဆံဖို့ များပါတယ်။ Game of Thrones ကို ကြည့်တဲ့အခါမှာ အဓိကဇာတ်ဆောင်တွေရဲ့ ဆုံးဖြတ်ချက်အမှားတွေ၊ လုပ်ရပ်အမှားတွေကို တွေ့ရပေမယ့် သူတို့ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို သိထားတဲ့အတွက် ကိုယ်ချင်းစာနိုင်ပါသေးတယ်။ သီယွန်ဂရေးဂွိျုင်းဟာ စတာ့ခ်မိသားစုကို ပြန်တိုက်ခိုက်တဲ့အတွက် ရက်စက်ယုတ်မာတဲ့သူတစ်ယောက်လို့ မြင်စရာရှိပေမယ့် သူ့ငယ်ဘဝမှာ စတာ့ခ်တွေက ခေါ်ဆောင်သွားခြင်းခံရတယ်။ သူ့အိမ်တော်ပြန်ရောက်တဲ့အခါမှာ အရာအားလုံးက ပြောင်းလဲနေပြီး အမွေဆက်ဆံရဖို့အတွက် ဒီလိုလုပ်တဲ့အကြောင်းကို တွေ့မြင်နိုင်ပါတယ်။ မိဖုရားဆာဆီရဲ့ လုပ်ရပ်တွေဟာ သူ့ကလေးတွေပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့်ဆိုတာကိုလည်း တွေ့နိုင်ပါတယ်။

ဒီအချက်ဟာ လက်တွေ့လောကမှာ ပျောက်ဆုံးနေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူက ဘာကြောင့် ဒီစကားကိုပြောတာလဲ။ သင့်ကို တိုက်မိမလိုဖြစ်သွားတဲ့ ကားက ဘာကြောင့် ဒီလောက်အမြန်မောင်းသွားတာလဲ စတဲ့အကြောင်းရင်းတွေကို စဉ်းစားနေဖို့ထက် သင်မကြိုက်တာတွေ လုပ်တဲ့အတွက် မကောင်းတဲ့လူအဖြစ်သတ်မှတ်လိုက်တာက ပိုများပါလိမ့်မယ်။ လူတိုင်းမှာ ကိုယ်ပို်င် ထင်မြင်ချက်တွေ ရှိသလို အကြောင်းရင်းတွေလည်း ရှိပါတယ်။ ဒါကို နားလည်ထားရင် ကိုယ်ချင်းစာစိတ် ပိုထားနိုင်မှာ ဖြစ်ပါတယ်။

၁၂။ အချိန်တိုင်းက အရေးကြီးတယ်။
ဗော်လာ မော်ဂိုးလပ်စ်။ လူတိုင်းသေရမယ်။ ကျွန်တော်တို့ အများစုက သေခြင်းတရားနဲ့ အလှမ်းဝေးနေဆဲလို့ ထင်တတ်ကြပါတယ်။ Game of Thrones ထဲမှာတော့ သေခြင်းတရားဟာ မြင့်မြတ်တဲ့အရှင်သခင်တစ်ယောက်ပဲဖြစ်ဖြစ်၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးတစ်ယောက်ပဲဖြစ်ဖြစ် ဘယ်သူ့ဆီကိုမဆို အချိန်မရွေးရောက်လာနိုင်တာကို ပုံဖော်ထားပါတယ်။ သေခြင်းတရားက လက်တကမ်းအကွာမှာ အမြဲရှိနေတာကို မမေ့ပါနဲ့။ ဒါ့ကြောင့် ရှင်သန်နေခိုက်မှာ အချိန်တိုင်းက တန်ဖိုးရှိပါတယ်။ သင် စိတ်ကူးထားတာတွေကို လုပ်ပါ။ ချစ်ခင်ရသူတွေနဲ့ အချိန်ဖြုန်းပါ။ အချိန်အခိုက်အတန့်တိုင်းဟာ သင့်အတွက် နောက်ဆုံးဖြစ်သွားနိုင်ပါတယ်။

ဒီအချက်တွေကတော့ Game of Thrones ဇာတ်လမ်းကြည့်ရင်း ရလာတဲ့ ဘဝသင်ခန်းစာတွေ ဖြစ်ပါတယ်။ GM ပရိသတ်ထဲက Game of Thrones Fan တွေ ရှိခဲ့မယ်ဆိုရင် တွေးမိတဲ့ ဘဝသင်ခန်းစာတွေနဲ့ ဘယ်ဇာတ်ဆောင်ကို အကြိုက်ဆုံးလဲ၊ ဘာကြောင့် ကြိုက်တာလဲဆိုတာတွေကို Comment မှာ ဝေမျှခဲ့စေချင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%