အမ်ား ေလးစားမႈ ရရွိႏိုင္မည့္ နည္းလမ္း(၅)ခု

အမ်ား ေလးစားမႈ ရရွိႏိုင္မည့္ နည္းလမ္း(၅)ခု

(Zawgyi)

အမ်ားသူငွာရဲ႕ ေလးစားမႈကို မခံယူခ်င္တဲ့သူ မရွိပါဘူး။ လူေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕အလုပ္ရွင္ေတြက ေလးစားသမႈနဲ႔ မဆက္ဆံဘူးလို႔ ခံစားရတဲ့အတြက္ အလုပ္ကေနထြက္တတ္ၾကပါတယ္။ အျပန္အလွန္ေလးစားမႈဆိုတာက လုပ္ငန္းခြင္မွာပဲ ျဖစ္ျဖစ္ အျပင္ေလာကမွာပဲျဖစ္ျဖစ္ ရရွိဖို႔ လိုအပ္တဲ့အရာတစ္ခု ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ပတ္၀န္းက်င္က လူေတြ သင့္ကိုေလးစားသမႈရွိေနဖို႔အတြက္ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကို ေ၀မွ်ေပးခ်င္ပါတယ္။

၁။ ေလးစားမႈ ရွိပါ။
ဒီအခ်က္က လြယ္တယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ ေလးစားမႈမခံရတဲ့သူေတြဟာ အျခားသူေတြအေပၚမွာလည္း ေလးစာမႈ မရွိၾကပါဘူး။ လူေတြက မွန္လိုက်င့္ၾကံတတ္ၾကပါတယ္။ သင့္နဲ႔ ဆက္ဆံေနရတဲ့သူေတြကို သင္ကိုယ္တိုင္က မေလးစားဘူးဆိုရင္ သူတုိ႔ကိုလည္း သင့္ကိုေလးစားမွာ မဟုတ္ပါဘူး။

၂။ စည္းရွိပါ။
စည္းကမ္းရွိတဲ့သူေတြကို လူေတြက ေလးစားၾကပါတယ္။ တစ္ခါတစ္ေလမွာ သင့္သူငယ္ခ်င္းေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ေလးစားမႈကို ရရွိဖို႔ ဒါမွမဟုတ္ လိုက္ေလ်ာညီေထြျဖစ္ဖို႔အတြက္ စည္းကမ္းေတြကို စြန္႔လႊတ္ရတာမ်ိဳး ရွိေပမယ့္ ရွားပါတယ္။ သူငယ္ခ်င္းေတြအေနနဲ႔ ခင္မင္မႈအတိုင္းအတာ တိုးတက္လာႏိုင္ေပမယ့္ ေလးစားမႈ ေပ်ာက္ဆံုးသြားႏိုင္ေခ်ပိုမ်ားပါတယ္။ ဒါ့ေၾကာင့္ ဘယ္သူ႔ကိုပဲျဖစ္ျဖစ္ သင့္အေပၚအထင္အျမင္ေသးၿပီး ေလးစားမႈေပ်ာက္မသြားေအာင္ စည္းထားၿပီး ဆက္ဆံပါ။

၃။ အရပ္ျမင့္ေအာင္ လုပ္ပါ။
ဒီအခ်က္ကေတာ့ ေလ့လာမႈေတြအရေျပာတာ ျဖစ္ပါတယ္။ ေလ့လာမႈေတြအရ အရပ္ျမင့္တဲ့လူေတြဟာ အျခားသူေတြရဲ႕ ေလးစားမႈကို ပိုၿပီးရရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ရွိရင္းစြဲ အရပ္ကို ျမင့္လာေအာင္ လုပ္ဖို႔ဆိုတာက ျဖစ္ႏိုင္ေခ်နည္းပါတယ္။ သင့္အရပ္ကို အနည္းငယ္ေလာက္ တိုးျမင့္လာေအာင္ လုပ္ႏိုင္တဲ့ နည္းလမ္းတစ္ခ်ိဳ႕ေတာ့ရွိပါတယ္။ ဖိနပ္အျမင့္စီးတာ၊ အရပ္ရွည္တယ္လို႔ ထင္ရေစတဲ့ အကႌ်အစင္းေတြ ၀တ္ဆင္တာေတြ လုပ္လုို႔ရပါတယ္။

၄။ အေကာင္းျမင္စိတ္ေမြးပါ။
လူအမ်ားစုဟာ ေလာကႀကီးအေပၚ အဆိုးျမင္စိတ္ေတြ ရွိၾကပါတယ္။ သူတို႔က ကိစၥတိုင္းကို မေကာင္းတဲ့ဖက္ကပဲ ျမင္ေလ့ရွိၾကပါတယ္။ ဒီလိုလူမ်ိဳးေတြက ေလးစားခံရဖို႔ မလြယ္ကူပါဘူး။ အေကာင္းျမင္စိတ္ရွိသူေတြကေတာ့ အရာရာကို ေကာင္းတဲ့ဖက္က ျမင္တတ္ၿပီး လူတိုင္းကိုလည္း အေကာင္းျမင္စိတ္ရွိေအာင္ ကူညီေပးတတ္ပါတယ္။ အဆိုးျမင္တဲ့ ထင္ျမင္ခ်က္တစ္ခုကို မေျပာဆိုခင္မွာ လွ်ာကို ကိုက္ၾကည့္ပါ။

၅။ အေကာင္းဆံုးျဖစ္ပါေစ။
အရာအားလံုးကို အေကာင္းဆံုးျဖစ္စရာေတာ့ မလိုပါဘူး။ တစ္ခ်ိဳ႕ကိစၥေတြမွာ အေကာင္းဆံုးျဖစ္ရင္ ရပါၿပီ။ သင့္ဘ၀ကို သာမန္အဆင့္နဲ႔ ေက်နပ္မေနပါနဲ႔။ ၀ါသနာတစ္ခုခုပဲ ျဖစ္ျဖစ္၊ အလုပ္နဲ႔ပတ္သက္တာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ သင့္အတြက္ အေကာင္းဆံုးလုပ္ႏိုင္တာတစ္ခုကို ေရြးခ်ယ္လုပ္ေဆာင္ပါ။ အရည္အခ်င္းတစ္ခုခုရွိသူေတြကို လူေတြက ေလးစားတတ္ၾကပါတယ္။ ဒါေပမယ့္ သင္ကၽြမ္းက်င္လိမၼာတဲ့အရာမွာလည္း လူအျမင္ကတ္စရာေကာင္းေလာက္ေအာင္ ေမာ္ၾကြားဂုဏ္ယူမေနပဲ ႏွိမ္ခ်တတ္ရမွာ ျဖစ္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

[sg_popup id=6]

+++++++++++++++++++++++++

အများ လေးစားမှု ရရှိနိုင်မည့် နည်းလမ်း(၅)ခု

(Unicode)

အများသူငှာရဲ့ လေးစားမှုကို မခံယူချင်တဲ့သူ မရှိပါဘူး။ လူတော်တော်များများဟာ သူတို့ရဲ့အလုပ်ရှင်တွေက လေးစားသမှုနဲ့ မဆက်ဆံဘူးလို့ ခံစားရတဲ့အတွက် အလုပ်ကနေထွက်တတ်ကြပါတယ်။ အပြန်အလှန်လေးစားမှုဆိုတာက လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် အပြင်လောကမှာပဲဖြစ်ဖြစ် ရရှိဖို့ လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ပတ်ဝန်းကျင်က လူတွေ သင့်ကိုလေးစားသမှုရှိနေဖို့အတွက် နည်းလမ်းကောင်းတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

၁။ လေးစားမှု ရှိပါ။
ဒီအချက်က လွယ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် လေးစားမှုမခံရတဲ့သူတွေဟာ အခြားသူတွေအပေါ်မှာလည်း လေးစာမှု မရှိကြပါဘူး။ လူတွေက မှန်လိုကျင့်ကြံတတ်ကြပါတယ်။ သင့်နဲ့ ဆက်ဆံနေရတဲ့သူတွေကို သင်ကိုယ်တိုင်က မလေးစားဘူးဆိုရင် သူတို့ကိုလည်း သင့်ကိုလေးစားမှာ မဟုတ်ပါဘူး။

၂။ စည်းရှိပါ။
စည်းကမ်းရှိတဲ့သူတွေကို လူတွေက လေးစားကြပါတယ်။ တစ်ခါတစ်လေမှာ သင့်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုကို ရရှိဖို့ ဒါမှမဟုတ် လိုက်လျောညီထွေဖြစ်ဖို့အတွက် စည်းကမ်းတွေကို စွန့်လွှတ်ရတာမျိုး ရှိပေမယ့် ရှားပါတယ်။ သူငယ်ချင်းတွေအနေနဲ့ ခင်မင်မှုအတိုင်းအတာ တိုးတက်လာနိုင်ပေမယ့် လေးစားမှု ပျောက်ဆုံးသွားနိုင်ချေပိုများပါတယ်။ ဒါ့ကြောင့် ဘယ်သူ့ကိုပဲဖြစ်ဖြစ် သင့်အပေါ်အထင်အမြင်သေးပြီး လေးစားမှုပျောက်မသွားအောင် စည်းထားပြီး ဆက်ဆံပါ။

၃။ အရပ်မြင့်အောင် လုပ်ပါ။
ဒီအချက်ကတော့ လေ့လာမှုတွေအရပြောတာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အရပ်မြင့်တဲ့လူတွေဟာ အခြားသူတွေရဲ့ လေးစားမှုကို ပိုပြီးရရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရှိရင်းစွဲ အရပ်ကို မြင့်လာအောင် လုပ်ဖို့ဆိုတာက ဖြစ်နိုင်ချေနည်းပါတယ်။ သင့်အရပ်ကို အနည်းငယ်လောက် တိုးမြင့်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ချို့တော့ရှိပါတယ်။ ဖိနပ်အမြင့်စီးတာ၊ အရပ်ရှည်တယ်လို့ ထင်ရစေတဲ့ အင်္ကျီအစင်းတွေ ၀တ်ဆင်တာတွေ လုပ်လိုု့ရပါတယ်။

၄။ အကောင်းမြင်စိတ်မွေးပါ။
လူအများစုဟာ လောကကြီးအပေါ် အဆိုးမြင်စိတ်တွေ ရှိကြပါတယ်။ သူတို့က ကိစ္စတိုင်းကို မကောင်းတဲ့ဖက်ကပဲ မြင်လေ့ရှိကြပါတယ်။ ဒီလိုလူမျိုးတွေက လေးစားခံရဖို့ မလွယ်ကူပါဘူး။ အကောင်းမြင်စိတ်ရှိသူတွေကတော့ အရာရာကို ကောင်းတဲ့ဖက်က မြင်တတ်ပြီး လူတိုင်းကိုလည်း အကောင်းမြင်စိတ်ရှိအောင် ကူညီပေးတတ်ပါတယ်။ အဆိုးမြင်တဲ့ ထင်မြင်ချက်တစ်ခုကို မပြောဆိုခင်မှာ လျှာကို ကိုက်ကြည့်ပါ။

၅။ အကောင်းဆုံးဖြစ်ပါစေ။
အရာအားလုံးကို အကောင်းဆုံးဖြစ်စရာတော့ မလိုပါဘူး။ တစ်ချို့ကိစ္စတွေမှာ အကောင်းဆုံးဖြစ်ရင် ရပါပြီ။ သင့်ဘဝကို သာမန်အဆင့်နဲ့ ကျေနပ်မနေပါနဲ့။ ၀ါသနာတစ်ခုခုပဲ ဖြစ်ဖြစ်၊ အလုပ်နဲ့ပတ်သက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သင့်အတွက် အကောင်းဆုံးလုပ်နိုင်တာတစ်ခုကို ရွေးချယ်လုပ်ဆောင်ပါ။ အရည်အချင်းတစ်ခုခုရှိသူတွေကို လူတွေက လေးစားတတ်ကြပါတယ်။ ဒါပေမယ့် သင်ကျွမ်းကျင်လိမ္မာတဲ့အရာမှာလည်း လူအမြင်ကတ်စရာကောင်းလောက်အောင် မော်ကြွားဂုဏ်ယူမနေပဲ နှိမ်ချတတ်ရမှာ ဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%