သတိထားရမည့္ မိတ္ေဆြအတုေယာင္ (၇)မ်ိဳး

သတိထားရမည့္ မိတ္ေဆြအတုေယာင္ (၇)မ်ိဳး

(Zawgyi)

ကၽြန္ေတာ္တို႔အားလံုးမွာ သူငယ္ခ်င္းမိတ္ေဆြလို႔ ေခၚလို႔ရတဲ့သူေတြ အမ်ားႀကီးရွိတတ္ၾကပါတယ္။ ဒီလို မိတ္ေဆြသူငယ္ခ်င္း အေပါင္းအသင္းေတြထဲမွာ ကၽြန္ေတာ္တို႔အတြက္ အက်ိဳးျဖစ္ေစႏိုင္တဲ့ မိတ္ေဆြစစ္ မိိတ္ေဆြမွန္ေတြ ရွိသလို အက်ိဳးေမွ်ာ္ေပါင္းသင္းၿပီး အခြင့္အေရးရတာနဲ႔ ေျခထိုးခံဖို႔ ႀကိဳးစားေနတဲ့ မိတ္ေဆြအတုအေယာင္ေတြလည္း ရွိႏိုင္ပါတယ္။ ဒီလိုလူအမ်ိဳးမ်ိဳးနဲ႔ မိတ္ေဆြျဖစ္တဲ့အခါ သူတို႔ကို ယုံၾကည္ထားမယ္၊ သူတို႔နဲ႔အခ်ိန္ျဖဳန္းမယ္ဆိုေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးၾကံဳရတဲ့အခါက်မွ သူတို႔ရဲ႕သဘာ၀အမွန္ေတြကို ေတြ႕ရႏိုင္တာျဖစ္ပါတယ္။ မိတ္ေဆြအတုအေယာင္ေတြကို ခြဲျခားဖို႔က ခက္ခဲပါတယ္။ သူတို႔ရဲ႕ ရည္ရြယ္ခ်က္ကိုလည္း နားလည္ႏိုင္ဖို႔ မလြယ္ပါဘူး။ ဒါေပမယ့္ အခုေဖာ္ျပမယ့္လူမ်ိဳးေတြကေတာ့ မိတ္ေဆြတုျဖစ္ဖို႔ အလားအလာမ်ားတာေၾကာင့္ သတိနဲ႔ေပါင္းသင္းဆက္ဆံဖို႔ လိုပါတယ္။

၁။ ေျမွာက္ပင့္ခ်ီးက်ဴးသူ
ခ်ီးက်ဴးခံရတာကို သေဘာက်တာက လူေတြရဲ႕သဘာ၀ျဖစ္ပါတယ္။ ဒါအျပင္ ကၽြန္ေတာ္တို႔ကို ခ်ီးက်ဴးစကား ေျပာေလ့ရွိသူကိုလည္း သေဘာက်တတ္ၾကပါတယ္။ ဒီအခ်က္ကို သူတို႔လည္း သိထားတာေၾကာင့္ ေျမွာက္ပင့္ေျပာတတ္သူမ်ိဳးေတြကို သတိထားပါ။ အေျမွာက္သမားေတြဟာ ခ်ီးက်ဴးစကား၊ အေျမွာက္အပင့္စကားေတြနဲ႔ အရင္ဆံုးနီးစပ္ေအာင္ ႀကိဳးစားေလ့ရွိပါတယ္။ စဥ္းစားရမွာက သူတို႔ဘာျဖစ္လို႔ သင့္နားကို ခ်ဥ္းကပ္လာရတာလဲဆိုတာပါပဲ။ သူတို႔ရဲ႕ ရည္ရြယ္ခ်က္က ဘာမ်ားလဲ။ သူတို႔က တကယ္ကို ယုံၾကည္မႈရွိၿပီး ၾကင္နာတတ္တဲ့လူမ်ိဳးလား။ ဒါမွမဟုတ္ သင့္ဆီက တစ္ခုခုလိုခ်င္လို႔လားဆိုတာကို စဥ္းစားပါ။ ဆန္႔က်င္ဘက္လိင္ျဖစ္ခဲ့မယ္ဆိုရင္ ပိုသတိထားသင့္ပါတယ္။ ကံေကာင္းတာက အေျမွာက္သမားေတြက သိရွိဖို႔ လြယ္ပါတယ္။ သူတို႔ရဲ႕ အလြန္အကြ်ံခင္မင္ရင္းႏွီးသလိုလုပ္ျပေနတာကလည္း အတုေယာင္မွန္းသိသာပါတယ္။

၂။ ႀကိဳးကိုင္ခ်ယ္လွယ္သူ
ႀကိဳးကိုင္ခ်ယ္လွယ္သူေတြက သိရွိႏိုင္ဖို႔ ခက္ခဲတာေၾကာင့္ အႏၱရာယ္အမ်ားဆံုး မိတ္ေဆြတုေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးေတြက ကၽြန္ေတာ္တို႔ရဲ႕ အသိအမွတ္ျပဳမႈနဲ႔ ယုံၾကည္မႈကို ရၿပီဆိုတာနဲ႔ သူတို႔စိတ္တိုင္းက် ႀကိဳးကိုင္ခ်ယ္လွယ္ဖို႔ ၀န္မေလးၾကပါဘူး။ မိတ္ေဆြစစ္ေတြ၊ သူငယ္ခ်င္းေကာင္းေတြက ဘယ္ေတာ့မဆို သင့္စိတ္ကူးနဲ႔ ခံစားခ်က္ကို ထည့္သြင္းစဥ္းစားတတ္ၾကပါတယ္။ ႀကိဳးကိုင္ခ်ယ္လွယ္သူေတြကေတာ့ သူတို႔လိုခ်င္တာရဖို႔အတြက္ သင့္ကို နယ္ရုပ္တစ္ခုလိုသေဘာထားၿပီး အသံုးခ်သြားမွာျဖစ္ပါတယ္။ သူတို႔လိုခ်င္တာရၿပီးသြားၿပီဆိုရင္ သင့္နားမွာ ဆက္ရွိေနမယ္လို႔ ေမွ်ာ္လင့္မထားပါနဲ႔။

၃။ လူမႈေရးအျမတ္ထုတ္သူ
လူမႈေရးအျမတ္ထုတ္သူေတြကေတာ့ သူငယ္ခ်င္းမိတ္ေဆြေတြကို သူတို႔ကို ပိုၿပီးၾကည့္ေကာင္းေစမယ့္ တန္ဖိုးႀကီးအ၀တ္အစား ဒါမွမဟုတ္ ပစၥည္းတစ္ခုလို သေဘာထားတတ္သူေတြျဖစ္ပါတယ္။ သူတို႔နဲ႔ ေပါင္းသင္းဆက္ဆံေနသူေတြကို အတြင္းစိတ္ကေန တခ်ိန္လံုးအကဲျဖတ္ေနတတ္ပါတယ္။ သူတို႔အတြက္ ဂုဏ္မတက္ေစႏိုင္ေလာက္ဘူးလို႔ ထင္တဲ့အခါမ်ိဳးမွာ ဆက္ၿပီးအေပါင္းအသင္းမလုပ္ေတာ့ဖို႔ အဆင္သင့္ရွိေနတတ္ပါတယ္။ ႀကိဳးကိုင္ခ်ယ္လွယ္သူေတြလိုပါပဲ။ သူတို႔နဲ႔ လိုက္ဖက္မယ္လို႔ ထင္ရင္သာ ေပါင္းသင္းတတ္ၿပီး သင့္ရဲ႕စိတ္ကူးနဲ႔ ခံစားခ်က္ကို သိပ္ထည့္စဥ္းစားတတ္သူေတြ မဟုတ္ပါဘူး။

၄။ ပုံတူကူးခ်သူ
ပံုတူကူးခ်သူေတြကေတာ့ သူငယ္ခ်င္းမိတ္ေဆြလို႔ေတာင္ ေျပာလို႔မရပါဘူး။ သူတို႔က သင့္ပရိသတ္ျဖစ္ပါတယ္။ အေျမွာက္သမား၊ ႀကိဳးကိုင္ခ်ယ္လွယ္သူနဲ႔ လူမႈေရးအျမတ္ထုတ္သူေတြက သူတို႔အက်ိဳးအတြက္ သင့္ကိုအသံုးခ်ေပမယ့္ ပံုတူးကူးခ်သူကေတာ့ သင္နဲ႔တူႏိုင္သမွ် တူႏိုင္ဖို႔အတြက္ သူတို႔ရဲ႕ ပင္ကိုယ္ ကိုယ္ရည္ကိုယ္ေသြး၊ အက်င့္စရိုက္အားလံုးကို စြန္႔ပယ္တတ္ပါတယ္။ ဒီလိုလုိက္တုပတာရဲ႕ ရည္ရြယ္ခ်က္က ဘာလဲဆိုတာလဲ သူတို႔ေသခ်ာမသိပါဘူး။ သင္နဲ႔ တူညီတဲ့ ကိုယ္ရည္ကို္ယ္ေသြးမ်ိဳး လိုခ်င္တာပဲ ျဖစ္ပါတယ္။ သူငယ္ခ်င္းေကာင္းေတြနဲ႔ဆိုရင္ အခ်င္းခ်င္း စိန္ေခၚမႈေတြ၊ တစ္ေယာက္အေၾကာင္းတစ္ေယာက္ နားလည္မႈ၊ ေလ့လာမႈေတြနဲ႔ တိုးတက္ႏိုင္ေခ်ရွိေပမယ့္ ပံုတူးကူးခ်တဲ့ ေနာက္လိုက္သမားနဲ႔ဆိုရင္ေတာ့ မွန္ထဲက ပံုရိပ္နဲ႔ ဆက္ဆံေနသလိုပဲ ျဖစ္ေနမွာပါ။

၅။ လိုတစ္မ်ိဳး မလိုတစ္မ်ိဳး ျပဳက်င့္တတ္သူ
ဒီလို လူမ်ိဳးေတြကေတာ့ သူတို႔အတြက္ အဆင္ေျပေနခ်ိန္မွာဆိုရင္ သင့္ရဲ႕မိတ္ေဆြေကာင္းတစ္ေယာက္လို႔ ျပဳမူတတ္ၾကသူေတြျဖစ္ပါတယ္။ သူတို႔က ခင္စရာေကာင္းၿပီး သူတို႔နဲ႔အတူရွိေနရတာလည္း ေပ်ာ္ဖို႔ေကာင္းပါလိမ့္မယ္။ ဒါေပမယ့္ သစၥာရွိသူေတြေတာ့ မဟုတ္ပါဘူး။ သူတို႔ဟာ သင့္ရဲ႕မိတ္ေဆြေကာင္းတစ္ေယာက္အျဖစ္ ဟန္ေဆာင္တတ္သလို သူတို႔အတြက္ မေကာင္းတာတစ္ခုခု သက္ေရာက္မႈရွိလာႏိုင္တယ္ဆိုရင္ သင့္မိတ္ေဆြတစ္ေယာက္မဟုတ္သလို ျပဳမူက်င့္ၾကံတတ္ၾကပါတယ္။ အျခားေသာ မိတ္ေဆြအတုေယာင္ေတြလိုပါပဲ သူတို႔ဟာလည္း သင့္အတြက္ထည့္စဥ္းစားတတ္သူေတြ မဟုတ္ပါဘူး။ စစ္မွန္တဲ့မိတ္ေဆြေတြက သင့္အနားမွာ ဘယ္လိုအခ်ိန္မ်ိဳးမဆို ရွိေနမွာျဖစ္ေပမယ့္ လိုတစ္မ်ိဳး မလိုတစ္မ်ိဳးသမားေတြကေတာ့ အခက္အခဲနဲ႔ရင္ဆိုင္ရၿပီဆိုရင္ေတာ့ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားတတ္ပါတယ္။

၆။ သစၥာေဖာက္
အျခား မိတ္ေဆြတုေတြနဲ႔ မတူတာက ဒီလူမ်ိဳးေတြက သင့္ရဲ႕ မိတ္ေဆြစစ္ျဖစ္ဖူးႏိုင္တာပဲ ျဖစ္ပါတယ္။ သင္တို႔ ႏွစ္ဦးၾကားမွာ အျပန္အလွန္အေရးပါမႈ၊ ယုံၾကည္မႈေတြ ရွိေနႏိုင္ပါတယ္။ သူတို႔ဖက္က ႐ုတ္တရက္ေျပာင္းလဲ သြားတဲ့အခ်ိန္ထိေတာင္မွ သင္ကေတာ့ မိတ္ေဆြရင္းေတြအျဖစ္ ယုံၾကည္ေနႏိုင္ပါေသးတယ္။ သစၥာေဖာက္မိတ္ေဆြေတြက သင္နဲ႔ သင့္ယုံၾကည္မႈကို သစၥာေဖာက္ဖို႔အတြက္ လ်ိဳ႕၀ွက္စြာၾကံစည္ေနခ်ိန္မွာ သင့္အတြက္ အေကာင္းဆံုးမိတ္ေဆြအျဖစ္ ျပဳမူေနထိုင္တတ္ၾကပါတယ္။ မ်ားေသာအားျဖင့္ေတာ့ သင့္ခ်စ္သူနဲ႔ ေဖာက္ျပန္တာမ်ိဳး ျဖစ္တတ္ပါတယ္။ စိတ္မေကာင္းစရာေကာင္းတာက ဒီလို သစၥာေဖာက္ေတြကို ေနာက္ေက်ာဓားနဲ႔ထိုးခံလိုက္ရၿပီးမွ သိႏိုင္တာပဲ ျဖစ္ပါတယ္။

၇။ ၿပိဳင္ဘက္
သူငယ္ခ်င္းမိ္တ္ေဆြေတြထဲမွာ ၿပိဳင္ဘက္ေတြကိုလည္း မိတ္ေဆြတုစာရင္းထဲ ထည့္လို႔ရပါတယ္။ သင္က တစ္ခုခုေျပာလိုက္တာနဲ႔ အျခားကိစၥတစ္ခုခုကို လုိက္ေျပာၿပီး သူွ႔ဆီကို အာ႐ုံစိုက္မိေအာင္ လုပ္တတ္တဲ့ သူငယ္ခ်င္းမ်ိဳး ရွိပါသလား။ ဒီလို သူငယ္ခ်င္းမ်ိဳးက ၿပိဳင္ဘက္အမ်ိဳးအစားျဖစ္ပါတယ္။

အခုေဖာ္ျပခဲ့တဲ့ မိတ္ေဆြအတုေယာင္ေတြကို မိတ္ေဆြသူငယ္ခ်င္းအျဖစ္ ဆက္လက္ရွိေနေစခ်င္ေသးတယ္ဆိုရင္ သင့္မွာ ေရြးခ်ယ္စရာႏွစ္ခုရွိပါတယ္။ သူတို႔အေၾကာင္းကို သိထားၿပီး ကိုယ္ေပါင္းစိတ္ခြာ အသိမိတ္ေဆြအဆင့္ပဲ ထားပါ။ ဒါမွမဟုတ္ရင္လည္း မိတ္ေဆြအျဖစ္ကေန ရပ္စဲလိုက္ပါ။ ေနာက္တစ္ခု သတိျပဳရမွာက မိတ္ေဆြအေပါင္းအသင္းဆိုတာ ျပတ္ၾကစဲၾကတဲ့ သေဘာသဘာ၀ရွိပါတယ္။ အခ်စ္ဆံုးသူငယ္ခ်င္းေတြဆိုေပမယ့္လည္း တစ္ေန႔ေန႔မွာ မေခၚႏိုင္မေျပာႏိုင္တဲ့အထိ ျဖစ္သြားႏိုင္တယ္ ဆိုတာပါပဲ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++

သတိထားရမည့် မိတ်ဆွေအတုယောင် (၇)မျိုး

(Unicode)

ကျွန်တော်တို့အားလုံးမှာ သူငယ်ချင်းမိတ်ဆွေလို့ ခေါ်လို့ရတဲ့သူတွေ အများကြီးရှိတတ်ကြပါတယ်။ ဒီလို မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေထဲမှာ ကျွန်တော်တို့အတွက် အကျိုးဖြစ်စေနိုင်တဲ့ မိတ်ဆွေစစ် မိိတ်ဆွေမှန်တွေ ရှိသလို အကျိုးမျှော်ပေါင်းသင်းပြီး အခွင့်အရေးရတာနဲ့ ခြေထိုးခံဖို့ ကြိုးစားနေတဲ့ မိတ်ဆွေအတုအယောင်တွေလည်း ရှိနိုင်ပါတယ်။ ဒီလိုလူအမျိုးမျိုးနဲ့ မိတ်ဆွေဖြစ်တဲ့အခါ သူတို့ကို ယုံကြည်ထားမယ်၊ သူတို့နဲ့အချိန်ဖြုန်းမယ်ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြုံရတဲ့အခါကျမှ သူတို့ရဲ့သဘာဝအမှန်တွေကို တွေ့ရနိုင်တာဖြစ်ပါတယ်။ မိတ်ဆွေအတုအယောင်တွေကို ခွဲခြားဖို့က ခက်ခဲပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အခုဖော်ပြမယ့်လူမျိုးတွေကတော့ မိတ်ဆွေတုဖြစ်ဖို့ အလားအလာများတာကြောင့် သတိနဲ့ပေါင်းသင်းဆက်ဆံဖို့ လိုပါတယ်။

၁။ မြှောက်ပင့်ချီးကျူးသူ
ချီးကျူးခံရတာကို သဘောကျတာက လူတွေရဲ့သဘာဝဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ကို ချီးကျူးစကား ပြောလေ့ရှိသူကိုလည်း သဘောကျတတ်ကြပါတယ်။ ဒီအချက်ကို သူတို့လည်း သိထားတာကြောင့် မြှောက်ပင့်ပြောတတ်သူမျိုးတွေကို သတိထားပါ။ အမြှောက်သမားတွေဟာ ချီးကျူးစကား၊ အမြှောက်အပင့်စကားတွေနဲ့ အရင်ဆုံးနီးစပ်အောင် ကြိုးစားလေ့ရှိပါတယ်။ စဉ်းစားရမှာက သူတို့ဘာဖြစ်လို့ သင့်နားကို ချဉ်းကပ်လာရတာလဲဆိုတာပါပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာများလဲ။ သူတို့က တကယ်ကို ယုံကြည်မှုရှိပြီး ကြင်နာတတ်တဲ့လူမျိုးလား။ ဒါမှမဟုတ် သင့်ဆီက တစ်ခုခုလိုချင်လို့လားဆိုတာကို စဉ်းစားပါ။ ဆန့်ကျင်ဘက်လိင်ဖြစ်ခဲ့မယ်ဆိုရင် ပိုသတိထားသင့်ပါတယ်။ ကံကောင်းတာက အမြှောက်သမားတွေက သိရှိဖို့ လွယ်ပါတယ်။ သူတို့ရဲ့ အလွန်အကျွံခင်မင်ရင်းနှီးသလိုလုပ်ပြနေတာကလည်း အတုယောင်မှန်းသိသာပါတယ်။

၂။ ကြိုးကိုင်ချယ်လှယ်သူ
ကြိုးကိုင်ချယ်လှယ်သူတွေက သိရှိနိုင်ဖို့ ခက်ခဲတာကြောင့် အန္တရာယ်အများဆုံး မိတ်ဆွေတုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေက ကျွန်တော်တို့ရဲ့ အသိအမှတ်ပြုမှုနဲ့ ယုံကြည်မှုကို ရပြီဆိုတာနဲ့ သူတို့စိတ်တိုင်းကျ ကြိုးကိုင်ချယ်လှယ်ဖို့ ၀န်မလေးကြပါဘူး။ မိတ်ဆွေစစ်တွေ၊ သူငယ်ချင်းကောင်းတွေက ဘယ်တော့မဆို သင့်စိတ်ကူးနဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားတတ်ကြပါတယ်။ ကြိုးကိုင်ချယ်လှယ်သူတွေကတော့ သူတို့လိုချင်တာရဖို့အတွက် သင့်ကို နယ်ရုပ်တစ်ခုလိုသဘောထားပြီး အသုံးချသွားမှာဖြစ်ပါတယ်။ သူတို့လိုချင်တာရပြီးသွားပြီဆိုရင် သင့်နားမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်မထားပါနဲ့။

၃။ လူမှုရေးအမြတ်ထုတ်သူ
လူမှုရေးအမြတ်ထုတ်သူတွေကတော့ သူငယ်ချင်းမိတ်ဆွေတွေကို သူတို့ကို ပိုပြီးကြည့်ကောင်းစေမယ့် တန်ဖိုးကြီးအဝတ်အစား ဒါမှမဟုတ် ပစ္စည်းတစ်ခုလို သဘောထားတတ်သူတွေဖြစ်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံနေသူတွေကို အတွင်းစိတ်ကနေ တချိန်လုံးအကဲဖြတ်နေတတ်ပါတယ်။ သူတို့အတွက် ဂုဏ်မတက်စေနိုင်လောက်ဘူးလို့ ထင်တဲ့အခါမျိုးမှာ ဆက်ပြီးအပေါင်းအသင်းမလုပ်တော့ဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။ ကြိုးကိုင်ချယ်လှယ်သူတွေလိုပါပဲ။ သူတို့နဲ့ လိုက်ဖက်မယ်လို့ ထင်ရင်သာ ပေါင်းသင်းတတ်ပြီး သင့်ရဲ့စိတ်ကူးနဲ့ ခံစားချက်ကို သိပ်ထည့်စဉ်းစားတတ်သူတွေ မဟုတ်ပါဘူး။

၄။ ပုံတူကူးချသူ
ပုံတူကူးချသူတွေကတော့ သူငယ်ချင်းမိတ်ဆွေလို့တောင် ပြောလို့မရပါဘူး။ သူတို့က သင့်ပရိသတ်ဖြစ်ပါတယ်။ အမြှောက်သမား၊ ကြိုးကိုင်ချယ်လှယ်သူနဲ့ လူမှုရေးအမြတ်ထုတ်သူတွေက သူတို့အကျိုးအတွက် သင့်ကိုအသုံးချပေမယ့် ပုံတူးကူးချသူကတော့ သင်နဲ့တူနိုင်သမျှ တူနိုင်ဖို့အတွက် သူတို့ရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်အားလုံးကို စွန့်ပယ်တတ်ပါတယ်။ ဒီလိုလိုက်တုပတာရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာလဲ သူတို့သေချာမသိပါဘူး။ သင်နဲ့ တူညီတဲ့ ကိုယ်ရည်ကို်ယ်သွေးမျိုး လိုချင်တာပဲ ဖြစ်ပါတယ်။ သူငယ်ချင်းကောင်းတွေနဲ့ဆိုရင် အချင်းချင်း စိန်ခေါ်မှုတွေ၊ တစ်ယောက်အကြောင်းတစ်ယောက် နားလည်မှု၊ လေ့လာမှုတွေနဲ့ တိုးတက်နိုင်ချေရှိပေမယ့် ပုံတူးကူးချတဲ့ နောက်လိုက်သမားနဲ့ဆိုရင်တော့ မှန်ထဲက ပုံရိပ်နဲ့ ဆက်ဆံနေသလိုပဲ ဖြစ်နေမှာပါ။

၅။ လိုတစ်မျိုး မလိုတစ်မျိုး ပြုကျင့်တတ်သူ
ဒီလို လူမျိုးတွေကတော့ သူတို့အတွက် အဆင်ပြေနေချိန်မှာဆိုရင် သင့်ရဲ့မိတ်ဆွေကောင်းတစ်ယောက်လို့ ပြုမူတတ်ကြသူတွေဖြစ်ပါတယ်။ သူတို့က ခင်စရာကောင်းပြီး သူတို့နဲ့အတူရှိနေရတာလည်း ပျော်ဖို့ကောင်းပါလိမ့်မယ်။ ဒါပေမယ့် သစ္စာရှိသူတွေတော့ မဟုတ်ပါဘူး။ သူတို့ဟာ သင့်ရဲ့မိတ်ဆွေကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်တတ်သလို သူတို့အတွက် မကောင်းတာတစ်ခုခု သက်ရောက်မှုရှိလာနိုင်တယ်ဆိုရင် သင့်မိတ်ဆွေတစ်ယောက်မဟုတ်သလို ပြုမူကျင့်ကြံတတ်ကြပါတယ်။ အခြားသော မိတ်ဆွေအတုယောင်တွေလိုပါပဲ သူတို့ဟာလည်း သင့်အတွက်ထည့်စဉ်းစားတတ်သူတွေ မဟုတ်ပါဘူး။ စစ်မှန်တဲ့မိတ်ဆွေတွေက သင့်အနားမှာ ဘယ်လိုအချိန်မျိုးမဆို ရှိနေမှာဖြစ်ပေမယ့် လိုတစ်မျိုး မလိုတစ်မျိုးသမားတွေကတော့ အခက်အခဲနဲ့ရင်ဆိုင်ရပြီဆိုရင်တော့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်ပါတယ်။

၆။ သစ္စာဖောက်
အခြား မိတ်ဆွေတုတွေနဲ့ မတူတာက ဒီလူမျိုးတွေက သင့်ရဲ့ မိတ်ဆွေစစ်ဖြစ်ဖူးနိုင်တာပဲ ဖြစ်ပါတယ်။ သင်တို့ နှစ်ဦးကြားမှာ အပြန်အလှန်အရေးပါမှု၊ ယုံကြည်မှုတွေ ရှိနေနိုင်ပါတယ်။ သူတို့ဖက်က ရုတ်တရက်ပြောင်းလဲ သွားတဲ့အချိန်ထိတောင်မှ သင်ကတော့ မိတ်ဆွေရင်းတွေအဖြစ် ယုံကြည်နေနိုင်ပါသေးတယ်။ သစ္စာဖောက်မိတ်ဆွေတွေက သင်နဲ့ သင့်ယုံကြည်မှုကို သစ္စာဖောက်ဖို့အတွက် လျို့ဝှက်စွာကြံစည်နေချိန်မှာ သင့်အတွက် အကောင်းဆုံးမိတ်ဆွေအဖြစ် ပြုမူနေထိုင်တတ်ကြပါတယ်။ များသောအားဖြင့်တော့ သင့်ချစ်သူနဲ့ ဖောက်ပြန်တာမျိုး ဖြစ်တတ်ပါတယ်။ စိတ်မကောင်းစရာကောင်းတာက ဒီလို သစ္စာဖောက်တွေကို နောက်ကျောဓားနဲ့ထိုးခံလိုက်ရပြီးမှ သိနိုင်တာပဲ ဖြစ်ပါတယ်။

၇။ ပြိုင်ဘက်
သူငယ်ချင်းမိ်တ်ဆွေတွေထဲမှာ ပြိုင်ဘက်တွေကိုလည်း မိတ်ဆွေတုစာရင်းထဲ ထည့်လို့ရပါတယ်။ သင်က တစ်ခုခုပြောလိုက်တာနဲ့ အခြားကိစ္စတစ်ခုခုကို လိုက်ပြောပြီး သူှ့ဆီကို အာရုံစိုက်မိအောင် လုပ်တတ်တဲ့ သူငယ်ချင်းမျိုး ရှိပါသလား။ ဒီလို သူငယ်ချင်းမျိုးက ပြိုင်ဘက်အမျိုးအစားဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ မိတ်ဆွေအတုယောင်တွေကို မိတ်ဆွေသူငယ်ချင်းအဖြစ် ဆက်လက်ရှိနေစေချင်သေးတယ်ဆိုရင် သင့်မှာ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ သူတို့အကြောင်းကို သိထားပြီး ကိုယ်ပေါင်းစိတ်ခွာ အသိမိတ်ဆွေအဆင့်ပဲ ထားပါ။ ဒါမှမဟုတ်ရင်လည်း မိတ်ဆွေအဖြစ်ကနေ ရပ်စဲလိုက်ပါ။ နောက်တစ်ခု သတိပြုရမှာက မိတ်ဆွေအပေါင်းအသင်းဆိုတာ ပြတ်ကြစဲကြတဲ့ သဘောသဘာဝရှိပါတယ်။ အချစ်ဆုံးသူငယ်ချင်းတွေဆိုပေမယ့်လည်း တစ်နေ့နေ့မှာ မခေါ်နိုင်မပြောနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%