စိတ္ဆိုးေဒါသျဖစ္ေနသူတစ္ေယာက္ကို ဘယ္လိုဆက္ဆံမလဲ ???

စိတ္ဆိုးေဒါသျဖစ္ေနသူတစ္ေယာက္ကို ဘယ္လိုဆက္ဆံမလဲ ???

(Zawgyi)

သင့္ဖက္က စိတ္မဆိုးေပမယ့္ တစ္စံုတစ္ေယာက္က အႀကီးအက်ယ္စိတ္ဆိုး ေဒါသျဖစ္ေနတာကို ၾကံဳဖူးပါသလား။ ဒီလို စိတ္ဆိုးေနတဲ့သူဟာ သင့္ေကာင္မေလး၊ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္ ဒါမွမဟုတ္ အျခားသူစိမ္းတစ္ေယာက္ေယာက္လည္း ျဖစ္ေနႏိုင္ပါတယ္။ ဒီအေျခအေနက သင့္ကို ေနမထိထိုင္မသာျဖစ္ေစမွာပါ။ ဒါဆိုရင္ သင့္ကို စိတ္ဆိုးေနတဲ့သူကို ေဒါသေျပေပ်ာက္ၿပီး ပံုမွန္အတိုင္း ေကာင္းေကာင္းမြန္မြန္ျဖစ္သြားေအာင္ ဘယ္လိုလုပ္ႏိုင္မလဲ။။

ဒီကိစၥကို ေျဖရွင္းႏိုင္ဖို႔အတြက္ အဆင့္ေလးခုရွိပါတယ္။ စိတ္ဆိုးရတဲ့ အေၾကာင္းရင္းနဲ႔ အေျခအေနေတြက တစ္ခုနဲ႔တစ္ခု ကြဲျပားႏိုင္ေပမယ့္ ဒီအဆင့္ေတြကိုေတာ့ အေျခအေနအမ်ားစုမွာ အသံုးျပဳလို႔ရႏိုင္ပါတယ္။

၁။ ခြန္းတံု႔မျပန္ပါနဲ႔။
ပထမဆံုးအခ်က္က ခြန္းတံု႔ျပန္ မေျပာဖို႔ပဲျဖစ္ပါတယ္။ တဖက္လူက စိတ္ဆိုးၿပီး ဘာပဲေျပာေျပာ၊ ဘာပဲလုပ္လုပ္ ျပန္မတိုက္ခိုက္မိပါေစနဲ႔။ ဒီလို ျပန္ေျပာမယ္၊ ျပန္တိုက္ခိုက္မယ္ဆိုရင္ တဖက္လူကို ပိုၿပီးစိတ္ဆိုးေဒါသျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ စိတ္ဆိုးေဒါသျဖစ္ေနသူတစ္ေယာက္ကို ဘယ္ေတာ့မွ ေဒါသနဲ႔ မတု႔ံျပန္ပါနဲ႔။ သင့္အေနနဲ႔ ရွက္စရာေကာင္းတယ္လို႔ ခံစားရရင္ေတာင္မွ ဒီအခ်ိန္မွာ မာနကို ခဏတာေဘးခ်ိတ္ထားလိုက္ပါ။

၂။ ဂ႐ုစိုက္မႈကို ျပပါ။
စိတ္ဆိုးေနသူကို ျပန္ၿပီးေဒါသျဖစ္ေနမယ့္အစား သူတို႔ကို ဂ႐ုစိုက္တဲ့အေၾကာင္း ေပၚလြင္ေအာင္ ျပသရမွာပါ။ မ်ားေသာအားျဖင့္ စိတ္ဆိုးၾကသူေတြဟာ နားလည္မႈလြဲမွားေနတာေၾကာင့္ ျဖစ္တတ္ပါတယ္။ သူတို႔ေျပာတာကို ေသခ်ာနားေထာင္ၾကည့္တာက သူတို႔ရဲ႕ စိတ္ေနသေဘာထားကို ေျပာင္းလဲေပးႏိုင္ပါတယ္။ အေျခအေနေပၚမူတည္ၿပီး ျပန္ေျပာသင့္တဲ့စကားေတြကေတာ့ —–
ဘာမ်ားမွားယြင္းသြားလဲ ေျပာျပႏိုင္မလားခင္ဗ်။ ကၽြန္ေတာ္ကူညီေပးႏိုင္မွာပါ။
အခုလိုျဖစ္သြားတဲ့အတြက္ စိတ္မေကာင္းပါဘူး။ ကၽြန္ေတာ္ ဘာမ်ားလုပ္ေပးရမလဲခင္ဗ်။
ဒီလို ျဖစ္ရမွာမဟုတ္ပါဘူး။ အဆင္ေျပရဲ႕လားခင္ဗ်။
စတဲ့ စကားေလးေတြ ေျပာလိုက္မယ္ဆိုရင္ စိတ္ဆိုးေနသူဆီက စကားေတြၾကားရႏိုင္ပါတယ္။ ဒါဆိုရင္ သူတို႔ျပႆာကို နားေထာင္ၿပီး ရွင္းေပးလို႔ရႏိုင္ပါတယ္။

၃။ လူသားဆန္ျပလိုက္ပါ။
စိတ္ဆိုးေနသူက သင့္အေပၚမွာ ေဒါသေတြပံုခ်ေနၿပီဆိုရင္ အေျခအေနကို အေကာင္းဆံုးကိုင္တြယ္ဖို႔ အျမန္ဆံုးနည္းလမ္းကေတာ့ သင့္အေနနဲ႔ သူတို႔ေဒါသျဖစ္တာကို ဘယ္လိုခံစားရလဲဆိုတာ လုပ္ျပ၊ ေျပာျပလိုက္ဖို႔ပဲ ျဖစ္ပါတယ္။ သူတို႔ေၾကာင့္ ေၾကာက္သြားတာ၊ စိတ္႐ႈပ္သြားတာ၊ စိုးရိမ္သြားတာ စသျဖင့္ ေျပာျပလိုက္ပါ။ ၿပီးေတာ့ သင္ေျပာဆိုေနတဲ့အေၾကာင္းအရာ၊ သင္လုပ္ေဆာင္ေပးတာမွာ သူတို႔ကို ထိခိုက္နစ္နာေစတာ မရွိဘူးဆိုတာ သိသြားေအာင္ လုပ္ေဆာင္ပါ။

၄။ စိတ္တင္းမာမႈကို ေလွ်ာ့ခ်ေပးပါ။
ဒီအခ်က္ကေတာ့ နည္းနည္းဂ႐ုစိုက္ဖို႔လိုပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ တစ္ခ်ိဳ႕ဇီဇာေၾကာင္တဲ့ ပုဂၢိဳဟ္ေတြက စိတ္တင္းမာမႈေလ်ာ့ေအာင္ လုပ္တာကို တစ္မ်ိဳးတစ္မည္ထင္တတ္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ လုပ္ေဆာင္သင့္လဲဆိုတာကို သံုးသပ္ၿပီး ဟာလေလးေတြေျပာတာ၊ ျပံဳးျပတာ ဒါမွမဟုတ္ အခုျဖစ္တဲ့ကိစၥက ဘာမွအေရးမႀကီးဘူးဆိုတာကို သိသာေအာင္ ရွင္းလင္းျပတာမ်ိဳးေတြ လုပ္ႏိုင္ပါတယ္။

ဘယ္လိုပဲ နည္းလမ္းေတြရွိရွိ၊ သင့္အေနနဲ႔ အျခားလူတစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္ကို လိုက္ထိန္းခ်ဳပ္ေနဖို႔ မျဖစ္ႏိုင္ပါဘူး။ ဘယ္ေလာက္ပဲ ႀကိဳးစားသည္ျဖစ္ေစ တစ္ခ်ိဳ႕စိတ္ႀကီးသူေတြက ေဒါသျဖစ္ေနဦးမွာပါပဲ။ ဒါ့ေၾကာင့္ သင့္ရဲ႕ တစ္ေန႔တာကို သူတို႔ေၾကာင့္ စိတ္ညစ္မခံပါနဲ႔။ ၾကင္နာစိတ္သာေမြးထားလိုက္ပါ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++++

စိတ်ဆိုးဒေါသဖြစ်နေသူတစ်ယောက်ကို ဘယ်လိုဆက်ဆံမလဲ ???

(Unicode)

သင့်ဖက်က စိတ်မဆိုးပေမယ့် တစ်စုံတစ်ယောက်က အကြီးအကျယ်စိတ်ဆိုး ဒေါသဖြစ်နေတာကို ကြုံဖူးပါသလား။ ဒီလို စိတ်ဆိုးနေတဲ့သူဟာ သင့်ကောင်မလေး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် အခြားသူစိမ်းတစ်ယောက်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။ ဒီအခြေအနေက သင့်ကို နေမထိထိုင်မသာဖြစ်စေမှာပါ။ ဒါဆိုရင် သင့်ကို စိတ်ဆိုးနေတဲ့သူကို ဒေါသပြေပျောက်ပြီး ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန်ဖြစ်သွားအောင် ဘယ်လိုလုပ်နိုင်မလဲ။။

ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် အဆင့်လေးခုရှိပါတယ်။ စိတ်ဆိုးရတဲ့ အကြောင်းရင်းနဲ့ အခြေအနေတွေက တစ်ခုနဲ့တစ်ခု ကွဲပြားနိုင်ပေမယ့် ဒီအဆင့်တွေကိုတော့ အခြေအနေအများစုမှာ အသုံးပြုလို့ရနိုင်ပါတယ်။

၁။ ခွန်းတုံ့မပြန်ပါနဲ့။
ပထမဆုံးအချက်က ခွန်းတုံ့ပြန် မပြောဖို့ပဲဖြစ်ပါတယ်။ တဖက်လူက စိတ်ဆိုးပြီး ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ပြန်မတိုက်ခိုက်မိပါစေနဲ့။ ဒီလို ပြန်ပြောမယ်၊ ပြန်တိုက်ခိုက်မယ်ဆိုရင် တဖက်လူကို ပိုပြီးစိတ်ဆိုးဒေါသဖြစ်စေပါတယ်။ ဒါ့ကြောင့် စိတ်ဆိုးဒေါသဖြစ်နေသူတစ်ယောက်ကို ဘယ်တော့မှ ဒေါသနဲ့ မတု့ံပြန်ပါနဲ့။ သင့်အနေနဲ့ ရှက်စရာကောင်းတယ်လို့ ခံစားရရင်တောင်မှ ဒီအချိန်မှာ မာနကို ခဏတာဘေးချိတ်ထားလိုက်ပါ။

၂။ ဂရုစိုက်မှုကို ပြပါ။
စိတ်ဆိုးနေသူကို ပြန်ပြီးဒေါသဖြစ်နေမယ့်အစား သူတို့ကို ဂရုစိုက်တဲ့အကြောင်း ပေါ်လွင်အောင် ပြသရမှာပါ။ များသောအားဖြင့် စိတ်ဆိုးကြသူတွေဟာ နားလည်မှုလွဲမှားနေတာကြောင့် ဖြစ်တတ်ပါတယ်။ သူတို့ပြောတာကို သေချာနားထောင်ကြည့်တာက သူတို့ရဲ့ စိတ်နေသဘောထားကို ပြောင်းလဲပေးနိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး ပြန်ပြောသင့်တဲ့စကားတွေကတော့ —–
ဘာများမှားယွင်းသွားလဲ ပြောပြနိုင်မလားခင်ဗျ။ ကျွန်တော်ကူညီပေးနိုင်မှာပါ။
အခုလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော် ဘာများလုပ်ပေးရမလဲခင်ဗျ။
ဒီလို ဖြစ်ရမှာမဟုတ်ပါဘူး။ အဆင်ပြေရဲ့လားခင်ဗျ။
စတဲ့ စကားလေးတွေ ပြောလိုက်မယ်ဆိုရင် စိတ်ဆိုးနေသူဆီက စကားတွေကြားရနိုင်ပါတယ်။ ဒါဆိုရင် သူတို့ပြဿာကို နားထောင်ပြီး ရှင်းပေးလို့ရနိုင်ပါတယ်။

၃။ လူသားဆန်ပြလိုက်ပါ။
စိတ်ဆိုးနေသူက သင့်အပေါ်မှာ ဒေါသတွေပုံချနေပြီဆိုရင် အခြေအနေကို အကောင်းဆုံးကိုင်တွယ်ဖို့ အမြန်ဆုံးနည်းလမ်းကတော့ သင့်အနေနဲ့ သူတို့ဒေါသဖြစ်တာကို ဘယ်လိုခံစားရလဲဆိုတာ လုပ်ပြ၊ ပြောပြလိုက်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့ကြောင့် ကြောက်သွားတာ၊ စိတ်ရှုပ်သွားတာ၊ စိုးရိမ်သွားတာ စသဖြင့် ပြောပြလိုက်ပါ။ ပြီးတော့ သင်ပြောဆိုနေတဲ့အကြောင်းအရာ၊ သင်လုပ်ဆောင်ပေးတာမှာ သူတို့ကို ထိခိုက်နစ်နာစေတာ မရှိဘူးဆိုတာ သိသွားအောင် လုပ်ဆောင်ပါ။

၄။ စိတ်တင်းမာမှုကို လျှော့ချပေးပါ။
ဒီအချက်ကတော့ နည်းနည်းဂရုစိုက်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ချို့ဇီဇာကြောင်တဲ့ ပုဂ္ဂိုဟ်တွေက စိတ်တင်းမာမှုလျော့အောင် လုပ်တာကို တစ်မျိုးတစ်မည်ထင်တတ်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ လုပ်ဆောင်သင့်လဲဆိုတာကို သုံးသပ်ပြီး ဟာလလေးတွေပြောတာ၊ ပြံုးပြတာ ဒါမှမဟုတ် အခုဖြစ်တဲ့ကိစ္စက ဘာမှအရေးမကြီးဘူးဆိုတာကို သိသာအောင် ရှင်းလင်းပြတာမျိုးတွေ လုပ်နိုင်ပါတယ်။

ဘယ်လိုပဲ နည်းလမ်းတွေရှိရှိ၊ သင့်အနေနဲ့ အခြားလူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို လိုက်ထိန်းချုပ်နေဖို့ မဖြစ်နိုင်ပါဘူး။ ဘယ်လောက်ပဲ ကြိုးစားသည်ဖြစ်စေ တစ်ချို့စိတ်ကြီးသူတွေက ဒေါသဖြစ်နေဦးမှာပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ တစ်နေ့တာကို သူတို့ကြောင့် စိတ်ညစ်မခံပါနဲ့။ ကြင်နာစိတ်သာမွေးထားလိုက်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%