ရည္းစားေဟာင္းက ခ်စ္သူသစ္ရေနေၾကာင္း သိလိုက္ရေသာအခါ……

(Zawgyi)

ေန႔စဥ္လုပ္ေနက် ထံုးစံအတိုင္း Facebook ကိုဖြင့္ၿပီး ဘာေတြမ်ားထူးျခားတာရွိလဲၾကည့္ေနခ်ိန္၊ People you may know ေနရာမွာ ရည္းစားေဟာင္းက ေနာက္တစ္ေယာက္နဲ႔တြဲရိုက္ထားတဲ့ Couple Photo ေလးကို ျမင္လိုက္ရရင္ ဘယ္လိုျဖစ္သြားႏိုင္ပါသလဲ။ ဟုတ္ပါတယ္။ သင္တို႔ၾကားမွာ ဘာဆက္ဆံေရးမွ မရွိေတာ့ဘူးဆိုေပမယ့္လည္း ရည္းစားေဟာင္း ခ်စ္သူအသစ္ရသြားတာကို ျမင္ရ သိရတာဟာ စိတ္ပ်က္စရာ ေကာင္းလွပါတယ္။ အထူးသျဖင့္ လမ္းခြဲၿပီး သိပ္မၾကာေသးဘူးဆိုရင္ ပိုဆိုးပါတယ္။ အခုေတာ့ ရည္းစားေဟာင္းက ေနာက္တစ္ေယာက္နဲ႔အတူ ျပံဳးေပ်ာ္ၾကည္ႏူးေနၿပီး ဆိုရွယ္မီဒီယာေပၚမွာေတာင္ ဓာတ္ပံုေတြ တင္ေနၿပီဆိုေတာ့ ခံစားခ်က္က သိပ္ေကာင္းမွာ မဟုတ္ပါဘူး။

ဒီၾကားထဲမွာ သင့္ရည္းစားေဟာင္း အသစ္တစ္ေယာက္နဲ႔ တြဲေနၿပီဆိုတာကို ျမင္တဲ့သိတဲ့ အသိမိတ္ေဆြေတြက သင့္ကို သတင္းလွမ္းေပးၾကပါဦးမယ္။ ဒါက အနာကို ဆားသိပ္လိုက္သလို ခံရခက္ေစပါတယ္။ ဒီလိုနဲ႔ သင့္ကိုယ္သင္ သံသယ၀င္လာၿပီး ယုံၾကည္မႈနည္းပါလာႏိုင္ပါတယ္။ အဆိုးဆံုးအေနနဲ႔ စိတ္က်ေ၀ဒနာကိုပါ ခံစားရႏိုင္ပါတယ္။ ဒီလိုကိစၥေတြကို ေက်ာ္ျဖတ္ႏိုင္မယ္ နည္းလမ္းမရွိဘူးလား။ ရွိပါတယ္။

ရည္းစားေဟာင္း အသစ္ေတြ႕တဲ့ကိစၥကို ဘာျဖစ္လို႔ လက္ခံႏိုင္ဖို႔ ခက္ခဲေနတာလဲ???
ရည္းစားေဟာင္းအေၾကာင္းမေတြးပဲ၊ သူ႔ဟာသူ ဘယ္သူနဲ႔တြဲတြဲ ဂရုမစိုက္ပဲေနဖို႔ ကိုယ့္ကိုယ္ကိုယ္ သတိေပးတာ ဘယ္ႏွစ္ႀကိမ္ရွိေနၿပီလဲ။ ကၽြန္ေတာ္တို႔အားလံုး ဒီလိုလုပ္ၾကပါတယ္။ ဒါေပမယ့္လည္း စိတ္ကူးထားတဲ့အတိုင္း မေနႏိုင္ပဲ မနာလိုစိတ္က ၀င္လာတတ္ပါတယ္။ ရည္စားေဟာင္းကို ေမ့ပစ္ဖို႔က ေျပာတာထက္ လုပ္ရတာက ခက္ပါတယ္။

ေလ့လာမႈေတြအရ အသက္(၁၈)ကေန (၃၅)ႏွစ္ၾကား ေယာကၤ်ားေလးေတြရဲ႕ (၈၈)ရာခိုင္ႏႈန္းဟာ သူတို႔ရည္းစားေဟာင္းေတြရဲ႕ ဆိုရွယ္မီဒီယာေတြကို လိုက္ၾကည့္တတ္ၾကပါတယ္။ ဒီထဲက (၈၀)ရာခိုင္ႏႈန္းက ရည္းစားေဟာင္းရဲ႕ ခ်စ္သူအသစ္ကိုပါ လိုက္ၾကည့္တတ္ၾကတယ္လို႔ ဆိုပါတယ္။ ဒီလို လိုက္ၾကည့္တာမ်ားေလေလ၊ စိတ္ပ်က္စရာပိုေကာင္းေလပဲ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ပ႐ိုဖိုင္ေတြကို လိုက္ၾကည့္ခ်င္စိတ္မ်ားေနေပမယ့္ သြားၾကည့္လိုက္တိုင္း နာက်င္ခံစားရမွာပါ။ ဒီလိုကေန တဆင့္ တစ္ဦးတည္းခြဲထြက္ေနတတ္လာမယ္၊ အကူအညီမဲ့၊ တန္ဖိုးမဲ့သလို ခံစားရမယ္၊ အျပစ္ရွိသလိုျဖစ္ၿပီး အာရုံစူးစိုက္ႏုိင္ဖို႔ ခက္ခဲလာမယ္ စတဲ့ စိတ္က်ေ၀ဒနာရဲ႕ ကနဦးလကၡဏာေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။

ဒီလိုမျဖစ္ေအာင္ ရပ္တန္႔ၿပီး ေရွ႕ဆက္ႏိုင္ဖို႔ ဘာလို႔ ခက္ခဲေနရတာလဲ ????
ဒီေနရာ ျပႆနာျဖစ္ရတာက သင့္ေၾကာင့္မဟုတ္ပါဘူး။ ကမာၻဦးေခတ္က အမ်ိဳးသားေတြ၊ အမ်ိဳးသမီးေတြလည္း ဒီလို ခံစားခ်က္မ်ိဳး ရွိတတ္ၾကပါတယ္။ သင္တို႔ႏွစ္ဦးသား လမ္းခြဲျပတ္ဆဲၿပီးၿပီဆိုေပမယ့္ သင္ပိုင္ဆိုင္တဲ့အရာတစ္ခုလို႔ ထင္မွတ္ေနေသးတာေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ ကိုယ့္ဘ၀နဲ႔ ကိုယ္ ေရွ႕မဆက္ႏိုင္ပဲ ရည္းစားေဟာင္း အသစ္ရသြားတဲ့အေပၚမွာပဲ ခံစားေနမယ္ဆိုရင္ သင့္အတြက္ ခ်စ္သူသစ္ရႏိုင္ဖို႔ အခြင့္အေရးရွိမွာ မဟုတ္ေတာ့ပါဘူး။

သင့္ရည္စားေဟာင္းကို ခ်စ္သူသစ္ရသြားေပမယ့္ သင့္က မရေသးတဲ့အေပၚမွာလည္း စိတ္ဖိစီးမႈျဖစ္ႏိုင္ပါတယ္။ သင့္အေနနဲ႔လည္း ကိုယ့္ဘ၀နဲ႔ကိုယ္ ေရွ႕ဆက္ၿပီး ခ်စ္သူသစ္နဲ႔ ေပ်ာ္ရႊင္မႈအသစ္ေတြ ရရွိဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။ ဒီလိုလုပ္ႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကိုလည္း ေ၀မွ်ေပးလိုက္ပါတယ္။

ခ်စ္သူသစ္က အျမဲတမ္း သင့္ထက္ပိုေကာင္းတာမဟုတ္ဘူးဆိုတာ သိထားပါ။
သင့္ ရည္းစားေဟာင္း ခ်စ္သူသစ္ရသြားတာကို လက္မခံႏိုင္ျဖစ္ေနရတဲ့ အေၾကာင္းရင္းေတြထဲက တစ္ခုကေတာ့ သင့္ေကာင္မေလးရဲ႕ ေနာက္ရည္းစားက သင့္ထက္ပိုေကာင္းတယ္လို႔ ထင္ေနတာေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုအေတြးေတြကို ရွင္းထုတ္ႏိုင္ရင္ ျပႆနာမရွိပါဘူး။ သင့္ရည္းစားေဟာင္းရဲ႕ ခ်စ္သူသစ္ကလည္း သင့္ထက္ပိုၿပီး ေကာင္းတာ၊ ေတာ္တာ ဟုတ္ခ်င္မွဟုတ္မွာပါ။ မေကာင္းတဲ့အေတြးေတြကို ေဖ်ာက္ဖို႔ကေတာ့ မလြယ္ကူေပမယ့္ ပံုမွန္ေလ့က်င့္သြားမယ္ဆိုရင္ ျဖစ္ႏိုင္ပါတယ္။

ခ်စ္သူသစ္ရသြားတိုင္း အေဟာင္းကို ေမ့ေပ်ာက္သြားတာမဟုတ္ပါဘူး။
ခ်စ္သူသစ္၊ ရည္းစားသစ္ရသြားၿပီဆိုတာနဲ႔ သင္တို႔ႏွစ္ဦးၾကားက အရာအားလံုး ေပ်ာက္ပ်က္သြားၿပီလို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ ရည္းစားေဟာင္းက ေနာက္တစ္ေယာက္တြဲတာဟာ သင့္ေနရာကို အစားထိုးတာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ခ်စ္သူသစ္၊ ရည္းစားသစ္ရသြားတိုင္း အတိတ္က အရာအားလံုးကို ေဖ်ာက္ဖ်က္ပစ္လိုက္ႏိုင္တာ မဟုတ္ပါဘူး။ သင့္တို႔ ႏွစ္ေယာက္စလံုးမွာ တူညီတဲ့ အမွတ္တရေတြ၊ မွတ္ဥာဏ္ေတြ ရွိေနႏိုင္ပါေသးတယ္။ ဒီအခ်က္ကို မွတ္ထားၿပီး အရမ္းခံစားမေနပဲ ေရွ႕ဆက္ႏိုင္ေအာင္ ႀကိဳးစားပါ။

ရည္းစားေဟာင္းက အႏိုင္ရသြားတာ မဟုတ္ပါဘူး။
သင့္ရည္းစားေဟာင္းက ေနာက္တစ္ေယာက္အရင္ရသြားတဲ့အတြက္ သင့္ကို အႏိုင္ရသြားတယ္လို႔ ေတြးမိမွာပါ။ ဒီကိစၥက အႏိုင္အ႐ႈံးေတြနဲ႔ မပတ္သက္ပါဘူး။ ေနာက္ထပ္ခ်စ္သူသစ္တစ္ေယာက္ ျမန္ျမန္ရတယ္ မရဘူးဆိုတာက သင့္အေျခအေန၊ ပတ္၀န္းက်င္နဲ႔ လိုအပ္ခ်က္ေတြေပၚမွာ မူတည္ပါတယ္။ ရည္းစားေဟာင္း ခ်စ္သူသစ္ရသြားတိုင္း အ႐ႈံးသမားျဖစ္သြားတာ မဟုတ္ဘူးဆိုတာ နားလည္ဖို႔ လိုပါတယ္။

ေပ်ာ္စရာေကာင္းတယ္ ၀ါသနာတစ္ခုကို လုပ္ေဆာင္ပါ။
သင့္မွာ အခ်ိန္ေတြပိုေနမယ္ဆိုရင္ အေတြးမ်ိဳးစံုကို ေတြးၿပီး မေကာင္းတာေတြကိုပဲ စဥ္းစားမိေနမွာပါ။ ရည္းစားေဟာင္းအေၾကာင္းေတြးမိေနရင္ သင့္ကို ပိုၿပီးဆိုးလာေစမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ၀ါသနာပါတာ ဒါမွမဟုတ္ စိတ္၀င္စားတာ တစ္ခုခုကို လုပ္ေဆာင္ေနပါ။ ဒီလိုဆိုရင္ သင့္ကိုယ္သင္ ယုံၾကည္မႈတိုးတက္လာႏိုင္ၿပီး စိတ္ဖိစီးမႈေလ်ာ့နည္းလာႏိုင္ပါတယ္။ ရည္းစားေဟာင္းနဲ႔ သူ႔ရဲ႕ခ်စ္သူသစ္အေၾကာင္း သိပ္မေတြးမိတဲ့အတြက္ စိတ္ခံစားမႈလည္း ပိုေကာင္းလာႏိုင္ပါတယ္။

စိတ္ရွည္ရွည္ထားၿပီး အလံုးစံုေကာင္းမြန္လာေအာင္ အခ်ိန္ယူပါ။
ရည္းစားေဟာင္းက အသစ္ေတြ႕သြားတဲ့အခါမွာ ဒီေလာက္ျမန္ျမန္ မျဖစ္ႏိုင္ေလာက္ဘူးလို႔ ယူဆထားတဲ့အတြက္ စိတ္ဆင္းရဲရပါတယ္။ ဒီလိုျဖစ္တာဟာ လမ္းခြဲၿပီး ဘယ္ေလာက္ၾကာတာ၊ ဘယ္သူက စၿပီးလမ္းခြဲတာေတြနဲ႔ မဆိုင္ပါဘူး။ တစ္ခါတစ္ေလမွာ သင္က စၿပီးလမ္းခြဲတဲ့သူျဖစ္ေပမယ့္ ရည္းစားေဟာင္း ေနာက္တစ္ေယာက္ရသြားတာကို မေက်မနပ္ျဖစ္ေနႏိုင္ပါတယ္။ လမ္းခြဲၿပီးသြားတဲ့ ရည္းစားေဟာင္းနဲ႔ ကိုယ့္ကိုယ္ကိုယ္ လိုက္ႏႈိင္းယွဥ္ၿပီး စိတ္ဆင္းရဲခံမေနပါနဲ႔။ လူေတြက တစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္လိုအပ္မႈခ်င္း မတူညီၾကပါဘူး။ ဒါ့ေၾကာင့္ သင့္ကိုယ္သင္ အာ႐ုံစိုက္ထားၿပီး ရုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာပါ အျပည့္အ၀ျပန္လည္ေကာင္းမြန္လာၿပီး ေနာက္ထပ္ ခ်စ္သူသစ္တစ္ေယာက္ထားဖို႔ အဆင္သင့္ျဖစ္တဲ့အထိ စိတ္ရွည္ရမွာျဖစ္ပါတယ္။

ရည္းစားေဟာင္းကို ေမ့ပစ္လိုက္ဖို႔ဆိုတာ ကမာၻမွာ မလြယ္ကူဆံုး ကိစၥတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ အခုေဖာ္ျပခဲ့တဲ့ အခ်က္ေလးေတြက တစ္နည္းနည္းနဲ႔ေတာ့ အေထာက္အကူျဖစ္မယ္လို႔ ထင္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++

ရည်းစားဟောင်းက ချစ်သူသစ်ရနေကြောင်း သိလိုက်ရသောအခါ……

(Unicode)

နေ့စဉ်လုပ်နေကျ ထုံးစံအတိုင်း Facebook ကိုဖွင့်ပြီး ဘာတွေများထူးခြားတာရှိလဲကြည့်နေချိန်၊ People you may know နေရာမှာ ရည်းစားဟောင်းက နောက်တစ်ယောက်နဲ့တွဲရိုက်ထားတဲ့ Couple Photo လေးကို မြင်လိုက်ရရင် ဘယ်လိုဖြစ်သွားနိုင်ပါသလဲ။ ဟုတ်ပါတယ်။ သင်တို့ကြားမှာ ဘာဆက်ဆံရေးမှ မရှိတော့ဘူးဆိုပေမယ့်လည်း ရည်းစားဟောင်း ချစ်သူအသစ်ရသွားတာကို မြင်ရ သိရတာဟာ စိတ်ပျက်စရာ ကောင်းလှပါတယ်။ အထူးသဖြင့် လမ်းခွဲပြီး သိပ်မကြာသေးဘူးဆိုရင် ပိုဆိုးပါတယ်။ အခုတော့ ရည်းစားဟောင်းက နောက်တစ်ယောက်နဲ့အတူ ပြုံးပျော်ကြည်နူးနေပြီး ဆိုရှယ်မီဒီယာပေါ်မှာတောင် ဓာတ်ပုံတွေ တင်နေပြီဆိုတော့ ခံစားချက်က သိပ်ကောင်းမှာ မဟုတ်ပါဘူး။

ဒီကြားထဲမှာ သင့်ရည်းစားဟောင်း အသစ်တစ်ယောက်နဲ့ တွဲနေပြီဆိုတာကို မြင်တဲ့သိတဲ့ အသိမိတ်ဆွေတွေက သင့်ကို သတင်းလှမ်းပေးကြပါဦးမယ်။ ဒါက အနာကို ဆားသိပ်လိုက်သလို ခံရခက်စေပါတယ်။ ဒီလိုနဲ့ သင့်ကိုယ်သင် သံသယဝင်လာပြီး ယုံကြည်မှုနည်းပါလာနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ စိတ်ကျဝေဒနာကိုပါ ခံစားရနိုင်ပါတယ်။ ဒီလိုကိစ္စတွေကို ကျော်ဖြတ်နိုင်မယ် နည်းလမ်းမရှိဘူးလား။ ရှိပါတယ်။

ရည်းစားဟောင်း အသစ်တွေ့တဲ့ကိစ္စကို ဘာဖြစ်လို့ လက်ခံနိုင်ဖို့ ခက်ခဲနေတာလဲ???
ရည်းစားဟောင်းအကြောင်းမတွေးပဲ၊ သူ့ဟာသူ ဘယ်သူနဲ့တွဲတွဲ ဂရုမစိုက်ပဲနေဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ။ ကျွန်တော်တို့အားလုံး ဒီလိုလုပ်ကြပါတယ်။ ဒါပေမယ့်လည်း စိတ်ကူးထားတဲ့အတိုင်း မနေနိုင်ပဲ မနာလိုစိတ်က ၀င်လာတတ်ပါတယ်။ ရည်စားဟောင်းကို မေ့ပစ်ဖို့က ပြောတာထက် လုပ်ရတာက ခက်ပါတယ်။

လေ့လာမှုတွေအရ အသက်(၁၈)ကနေ (၃၅)နှစ်ကြား ယောင်္ကျားလေးတွေရဲ့ (၈၈)ရာခိုင်နှုန်းဟာ သူတို့ရည်းစားဟောင်းတွေရဲ့ ဆိုရှယ်မီဒီယာတွေကို လိုက်ကြည့်တတ်ကြပါတယ်။ ဒီထဲက (၈၀)ရာခိုင်နှုန်းက ရည်းစားဟောင်းရဲ့ ချစ်သူအသစ်ကိုပါ လိုက်ကြည့်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလို လိုက်ကြည့်တာများလေလေ၊ စိတ်ပျက်စရာပိုကောင်းလေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ပရိုဖိုင်တွေကို လိုက်ကြည့်ချင်စိတ်များနေပေမယ့် သွားကြည့်လိုက်တိုင်း နာကျင်ခံစားရမှာပါ။ ဒီလိုကနေ တဆင့် တစ်ဦးတည်းခွဲထွက်နေတတ်လာမယ်၊ အကူအညီမဲ့၊ တန်ဖိုးမဲ့သလို ခံစားရမယ်၊ အပြစ်ရှိသလိုဖြစ်ပြီး အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲလာမယ် စတဲ့ စိတ်ကျဝေဒနာရဲ့ ကနဦးလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီလိုမဖြစ်အောင် ရပ်တန့်ပြီး ရှေ့ဆက်နိုင်ဖို့ ဘာလို့ ခက်ခဲနေရတာလဲ ????
ဒီနေရာ ပြဿနာဖြစ်ရတာက သင့်ကြောင့်မဟုတ်ပါဘူး။ ကမ္ဘာဦးခေတ်က အမျိုးသားတွေ၊ အမျိုးသမီးတွေလည်း ဒီလို ခံစားချက်မျိုး ရှိတတ်ကြပါတယ်။ သင်တို့နှစ်ဦးသား လမ်းခွဲပြတ်ဆဲပြီးပြီဆိုပေမယ့် သင်ပိုင်ဆိုင်တဲ့အရာတစ်ခုလို့ ထင်မှတ်နေသေးတာကြောင့် ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ဘဝနဲ့ ကိုယ် ရှေ့မဆက်နိုင်ပဲ ရည်းစားဟောင်း အသစ်ရသွားတဲ့အပေါ်မှာပဲ ခံစားနေမယ်ဆိုရင် သင့်အတွက် ချစ်သူသစ်ရနိုင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ပါဘူး။

သင့်ရည်စားဟောင်းကို ချစ်သူသစ်ရသွားပေမယ့် သင့်က မရသေးတဲ့အပေါ်မှာလည်း စိတ်ဖိစီးမှုဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့လည်း ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ဆက်ပြီး ချစ်သူသစ်နဲ့ ပျော်ရွှင်မှုအသစ်တွေ ရရှိဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်ချို့ကိုလည်း ဝေမျှပေးလိုက်ပါတယ်။

ချစ်သူသစ်က အမြဲတမ်း သင့်ထက်ပိုကောင်းတာမဟုတ်ဘူးဆိုတာ သိထားပါ။
သင့် ရည်းစားဟောင်း ချစ်သူသစ်ရသွားတာကို လက်မခံနိုင်ဖြစ်နေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ သင့်ကောင်မလေးရဲ့ နောက်ရည်းစားက သင့်ထက်ပိုကောင်းတယ်လို့ ထင်နေတာကြောင့် ဖြစ်ပါတယ်။ ဒီလိုအတွေးတွေကို ရှင်းထုတ်နိုင်ရင် ပြဿနာမရှိပါဘူး။ သင့်ရည်းစားဟောင်းရဲ့ ချစ်သူသစ်ကလည်း သင့်ထက်ပိုပြီး ကောင်းတာ၊ တော်တာ ဟုတ်ချင်မှဟုတ်မှာပါ။ မကောင်းတဲ့အတွေးတွေကို ဖျောက်ဖို့ကတော့ မလွယ်ကူပေမယ့် ပုံမှန်လေ့ကျင့်သွားမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။

ချစ်သူသစ်ရသွားတိုင်း အဟောင်းကို မေ့ပျောက်သွားတာမဟုတ်ပါဘူး။
ချစ်သူသစ်၊ ရည်းစားသစ်ရသွားပြီဆိုတာနဲ့ သင်တို့နှစ်ဦးကြားက အရာအားလုံး ပျောက်ပျက်သွားပြီလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ရည်းစားဟောင်းက နောက်တစ်ယောက်တွဲတာဟာ သင့်နေရာကို အစားထိုးတာမဟုတ်ပါဘူး။ ဒါ့ကြောင့် ချစ်သူသစ်၊ ရည်းစားသစ်ရသွားတိုင်း အတိတ်က အရာအားလုံးကို ဖျောက်ဖျက်ပစ်လိုက်နိုင်တာ မဟုတ်ပါဘူး။ သင့်တို့ နှစ်ယောက်စလုံးမှာ တူညီတဲ့ အမှတ်တရတွေ၊ မှတ်ဉာဏ်တွေ ရှိနေနိုင်ပါသေးတယ်။ ဒီအချက်ကို မှတ်ထားပြီး အရမ်းခံစားမနေပဲ ရှေ့ဆက်နိုင်အောင် ကြိုးစားပါ။

ရည်းစားဟောင်းက အနိုင်ရသွားတာ မဟုတ်ပါဘူး။
သင့်ရည်းစားဟောင်းက နောက်တစ်ယောက်အရင်ရသွားတဲ့အတွက် သင့်ကို အနိုင်ရသွားတယ်လို့ တွေးမိမှာပါ။ ဒီကိစ္စက အနိုင်အရှုံးတွေနဲ့ မပတ်သက်ပါဘူး။ နောက်ထပ်ချစ်သူသစ်တစ်ယောက် မြန်မြန်ရတယ် မရဘူးဆိုတာက သင့်အခြေအနေ၊ ပတ်ဝန်းကျင်နဲ့ လိုအပ်ချက်တွေပေါ်မှာ မူတည်ပါတယ်။ ရည်းစားဟောင်း ချစ်သူသစ်ရသွားတိုင်း အရှုံးသမားဖြစ်သွားတာ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။

ပျော်စရာကောင်းတယ် ၀ါသနာတစ်ခုကို လုပ်ဆောင်ပါ။
သင့်မှာ အချိန်တွေပိုနေမယ်ဆိုရင် အတွေးမျိုးစုံကို တွေးပြီး မကောင်းတာတွေကိုပဲ စဉ်းစားမိနေမှာပါ။ ရည်းစားဟောင်းအကြောင်းတွေးမိနေရင် သင့်ကို ပိုပြီးဆိုးလာစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၀ါသနာပါတာ ဒါမှမဟုတ် စိတ်ဝင်စားတာ တစ်ခုခုကို လုပ်ဆောင်နေပါ။ ဒီလိုဆိုရင် သင့်ကိုယ်သင် ယုံကြည်မှုတိုးတက်လာနိုင်ပြီး စိတ်ဖိစီးမှုလျော့နည်းလာနိုင်ပါတယ်။ ရည်းစားဟောင်းနဲ့ သူ့ရဲ့ချစ်သူသစ်အကြောင်း သိပ်မတွေးမိတဲ့အတွက် စိတ်ခံစားမှုလည်း ပိုကောင်းလာနိုင်ပါတယ်။

စိတ်ရှည်ရှည်ထားပြီး အလုံးစုံကောင်းမွန်လာအောင် အချိန်ယူပါ။
ရည်းစားဟောင်းက အသစ်တွေ့သွားတဲ့အခါမှာ ဒီလောက်မြန်မြန် မဖြစ်နိုင်လောက်ဘူးလို့ ယူဆထားတဲ့အတွက် စိတ်ဆင်းရဲရပါတယ်။ ဒီလိုဖြစ်တာဟာ လမ်းခွဲပြီး ဘယ်လောက်ကြာတာ၊ ဘယ်သူက စပြီးလမ်းခွဲတာတွေနဲ့ မဆိုင်ပါဘူး။ တစ်ခါတစ်လေမှာ သင်က စပြီးလမ်းခွဲတဲ့သူဖြစ်ပေမယ့် ရည်းစားဟောင်း နောက်တစ်ယောက်ရသွားတာကို မကျေမနပ်ဖြစ်နေနိုင်ပါတယ်။ လမ်းခွဲပြီးသွားတဲ့ ရည်းစားဟောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် လိုက်နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲခံမနေပါနဲ့။ လူတွေက တစ်ယောက်နဲ့တစ်ယောက် အချိန်လိုအပ်မှုချင်း မတူညီကြပါဘူး။ ဒါ့ကြောင့် သင့်ကိုယ်သင် အာရုံစိုက်ထားပြီး ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အပြည့်အဝပြန်လည်ကောင်းမွန်လာပြီး နောက်ထပ် ချစ်သူသစ်တစ်ယောက်ထားဖို့ အဆင်သင့်ဖြစ်တဲ့အထိ စိတ်ရှည်ရမှာဖြစ်ပါတယ်။

ရည်းစားဟောင်းကို မေ့ပစ်လိုက်ဖို့ဆိုတာ ကမ္ဘာမှာ မလွယ်ကူဆုံး ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြခဲ့တဲ့ အချက်လေးတွေက တစ်နည်းနည်းနဲ့တော့ အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine