ေအာင္ျမင္မႈအတြက္ လိုအပ္သည့္ စာရင္း(၁၀)ခု

ေအာင္ျမင္မႈအတြက္ လိုအပ္သည့္ စာရင္း(၁၀)ခု

(Zawgyi)

ဘ၀မွာ အေရးႀကီးတဲ့အရာေတြ၊ အမွတ္တရေတြကို စာရင္းျပဳစုမွတ္သားထားျခင္းဟာ အားနည္းခ်က္၊ အားသာခ်က္ေတြကို ျပန္လည္ခ်ိန္ညွိရာမွာ အသံုး၀င္တဲ့ နည္းစနစ္တစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ စာရင္းပါ အခ်က္အလက္ေတြေၾကာင့္ တစ္ခုခုေမ့ေလ်ာ့က်န္ေနခဲ့မွာ စိုးရိမ္စရာမလိုပဲ ဘယ္အလုပ္ကို ဦးစားေပးရမလဲမဆိုတာကို သိသာထင္ရွားေစပါတယ္။ ဒါ့ေၾကာင့္ ရည္မွန္ခ်က္ေတြေအာင္ျမင္ဖို႔အတြက္ ျပဳစုထားသင့္တဲ့ စာရင္းအမ်ိဳးအစား(၁၀)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ရည္မွန္းခ်က္ စာရင္း
ရည္မွန္းခ်က္ေတြ၊ စိတ္ကူးအိပ္မက္ေတြက သင့္ကို တြန္းအားေပးၿပီး စိတ္ဓာတ္တက္ၾကြေစႏိုင္တဲ့ အရာေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ ရည္မွန္းခ်က္စိတ္ကူးေတြကို တကယ္ အေကာင္အထည္ေဖာ္ေအာင္ျမင္တယ္လို႔ ခံစားရဖို႔အတြက္ ကၽြန္ေတာ္တို႔ လိုခ်င္ခဲ့တာက ဘာလဲဆိုတာကို ကိုယ့္ကိုယ္ကိုယ္ျပန္ေမးၾကည့္ဖို႔ လိုအပ္ပါတယ္။ စိတ္ကူးရည္မွန္းထားတာေတြ အားလံုးပါ၀င္တဲ့ ရည္မွန္းခ်က္စာရင္းတစ္ခုဟာ ကိုယ့္ကိုယ္ကိုယ္ သတိေပးဖို႔အတြက္ လိုအပ္ပါတယ္။ ရည္မွန္းခ်က္စာရင္းဆိုတာကလည္း ရင့္က်က္မႈေပၚကို မူတည္ၿပီး ေျပာင္းလဲေနႏိုင္ပါတယ္။ ဒါေပမယ့္ ဒီစာရင္းထဲက တစ္ခုခုကို အေကာင္အထည္ ေဖာ္လိုက္ႏိုင္တဲ့ စိတ္ခံစားမႈက ဘာနဲ႔မွမတူပါဘူး။ ဒီလို ရည္မွန္းခ်က္စာရင္းတစ္ခု မရွိဘူးဆိုရင္ သင့္ဘ၀မွာ ဦးတည္ခ်က္ေပ်ာက္ဆံုးေနမွာ ျဖစ္ပါတယ္။ ရည္မွန္းခ်က္ေတြကို စာရင္းလုပ္ထားမယ္ဆိုရင္ေတာ့ မနက္အိပ္ရာႏိုးတိုင္းမွာ အာ႐ုံစိုက္လုပ္စရာတစ္ခုခုရွိေနမွာ ျဖစ္ပါတယ္။

၂။ လုပ္စရာ အလုပ္စာရင္း
အလုပ္ေတြဟာ ရည္မွန္းခ်က္ျပည့္၀ေရးအတြက္ မွတ္တိုင္ေလးေတြ ျဖစ္ပါတယ္။ သင့္အေနနဲ႔ ၀န္ထမ္းတစ္ေယာက္ပဲျဖစ္ျဖစ္၊ အလုပ္ရွင္တစ္ေယာက္ပဲျဖစ္ျဖစ္၊ ေက်ာင္းသားတစ္ေယာက္ပဲျဖစ္ျဖစ္ လုပ္ငန္းေဆာင္တာတစ္ခုကို ၿပီးေျမာက္သြားတိုင္းမွာ ဒါမွမဟုတ္ အခက္အခဲတစ္ခုကို ေျဖရွင္းၿပီးသြားတိုင္းမွာ ေအာင္ျမင္မႈေလးတစ္ခုကို ခံစားရမွာပါ။ ဒီလို လုပ္စရာအလုပ္စာရင္းတစ္ခု မလုပ္ထားဘူးဆိုရင္ မလုပ္ျဖစ္တာေတြ မ်ားလာၿပီး အလုပ္ေၾကြးေတြ ပံုလာမွာျဖစ္ပါတယ္။

၃။ အဆက္အသြယ္စာရင္း
ဘယ္ကိစၥမဆို သင္တစ္ေယာက္တည္းလုပ္ေဆာင္ ေအာင္ျမင္မယ္လို႔ ထင္ေကာင္းထင္ေနႏိုင္ပါတယ္။ ဒါေပမယ့္ မျဖစ္ႏိုင္ပါဘူး။ လိုအပ္လာခ်ိန္မွာမွ ကူညီေပးႏိုင္မယ့္သူေတြကို ရွာေဖြဆက္သြယ္ဖို႔ကို အရမ္းခက္ခဲပါတယ္။ ဘ၀တစ္ေလွ်ာက္လံုးမွာ ကၽြန္ေတာ္တို႔အေနနဲ႔ ေနာင္တစ္ခ်ိန္မွာ လိုအပ္တဲ့အကူအညီေပးႏိုင္စြမ္းရွိတဲ့ အရည္အခ်င္းရွိသူေတြ၊ ပါရမီရွိတဲ့ေတြမ်ားစြာကို ေတြ႕ဆံုခဲ့ဖူးမွာပါ။ ဒီလိုလူေတြနဲ႔ ေတြ႕ဆံုတဲ့အခိုက္အတန္႔မွာ သူတို႔လိုအပ္တာရွိခဲ့မယ္ဆိုရင္ ကူညီဖို႔ လက္မေႏွးပါနဲ႔။ သင့္အတြက္ အဖိုးတန္တဲ့ အဆက္အသြယ္ေကာင္းျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ပရိုဂရမ္မာ၊ ေရွ႕ေန စသျဖင့္ အေရးႀကီးတဲ့ အဆက္အသြယ္ေကာင္းေတြကို စာရင္းျပဳစုထားရမွာျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခုသတိထားရမွာက သင့္စာရင္းထဲကလူေတြကို လိုအပ္လာမွ ဆက္သြယ္တာမ်ိဳး မျဖစ္သင့္ပါဘူး။ ခိုင္မာယုံၾကည္ရတဲ့ အျပန္အလွန္ ဆက္ဆံေ၇းတစ္ခုကို တည္ေဆာက္ထားသင့္ပါတယ္။

၄။ အသံုးစရိတ္စာရင္း
ဒီလို အသံုးစရိတိ္ကို စာရင္းလုပ္ထားဖို႔က မၾကာခဏၾကားရတဲ့ အၾကံေပးစကားျဖစ္ေပမယ့္ မလုပ္ျဖစ္ၾကတာက မ်ားပါလိမ့္မယ္။ အားလံုး သိၾကတဲ့အတိုင္း အသံုးစရိတ္ကို ႏွစ္မ်ိဳးခြဲျခားလို႔ ရႏိုင္ပါတယ္။ မျဖစ္မေနလိုအပ္တာေတြအတြက္ အသံုးစရိတ္နဲ႔ မလုိအပ္ေပမယ့္ လိုခ်င္တာေတြ၊ လုပ္ခ်င္တာေတြအတြက္ သံုးလိုက္တဲ့ အသံုးစရိတ္တို႔ပဲျဖစ္ပါတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ကၽြန္ေတာ္တို႔ အမ်ားစုက လိုခ်င္တာေတြကို လုိအပ္တာေတြအျဖစ္သေဘာထားၿပီး သံုးစြဲတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ပဲ တကယ္သံုးသင့္တဲ့ အသံုးစရိတ္ဟုတ္မဟုတ္ ေသခ်ာကြဲျပားဖို႔ မလြယ္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ အသံုးစရိတ္ေတြကို စာရင္းျပဳစုၿပီး ေသခ်ာသံုးစြဲရမွာျဖစ္ပါတယ္။

၅။ အသံုး၀င္တဲ့ပစၥည္းစာရင္း
အခုေခတ္ဟာ နည္းပညာအသံုးျပဳမႈေတြ ပိုမိုမ်ားျပားလာတဲ့ေခတ္ျဖစ္ပါတယ္။ ဒါ့အေၾကာင့္ ကိရိယာေတြ၊ အသံုးအေဆာင္ပစၥည္းေတြက သင့္ရဲ႕ အလုပ္အကိုင္၊ လုပ္ငန္းေတြကို ပိုမိုလြယ္ကူေအာင္ ကူညီေပးႏိုင္ပါတယ္။ ကြန္ပ်ဴတာေတြ၊ ဖုန္းေတြ စတဲ့ ပစၥည္းေတြမွာဆိုရင္လည္း သင့္အလုပ္အကိုင္နဲ႔ လိုက္ေလ်ာညီေထြျဖစ္တဲ့ Software ေတြ ၊ Apps ေတြ အစံုအလင္ရွိေနရမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အသံုး၀င္တဲ့ပစၥည္းေတြ၊ အသံုးအေဆာင္ေတြကို စာရင္းျပဳစုၿပီး ေဆာင္ထားသင့္ပါတယ္။

၆။ တစ္ကိုယ္ရည္ တိုးတက္မႈ စာရင္း
သင့္အေၾကာင္ကို ျပန္စဥ္းစားပါ။ သင့္အေနနဲ႔ တိုးတက္လာေစခ်င္တဲ့ အရည္အခ်င္းေတြ၊ ေျပာင္းလဲခ်င္တဲ့ ေျပာင္းလဲမႈေတြကို စာရင္းျပဳစုပါ။ သင့္အနားကလူေတြက သင့္ကို ေျပာင္းလဲဖို႔၊ တိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ ဖိအားမေပးရင္ေတာင္မွ ကိုယ္တိုင္က ေျပာင္းလဲတိုးတက္ေအာင္ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ တစ္ကိုယ္ရည္ တိုးတက္မႈစာရင္းထဲမွာ ကိုယ္အေလးခ်ိန္က်ဖို႔၊ တက္ဖို႔ လိုမ်ိဳး ရုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈ၊ စိတ္ဓာတ္ခံယူခ်က္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈ၊ အက်င့္ဆိုးေတြ ေဖ်ာက္ဖို႔ စသျဖင့္ ပါ၀င္ရမွာ ျဖစ္ပါတယ္။ ဒီလို ေျပာင္းလဲစရာရွိတာေတြကို စာရင္းလုပ္ထားမယ္ဆိုရင္ သင့္ကို အခ်ိန္တုိင္းသတိေပးေနမွာျဖစ္တဲ့အတြက္ မျဖစ္မေနလုပ္ျဖစ္မွာ ျဖစ္ပါတယ္။

၇။ ဆန္းသစ္တဲ့စိတ္ကူးစာရင္း
သမိုင္းေၾကာင္းတစ္ေလွ်ာက္ အႀကီးအက်ယ္ေအာင္ျမင္ခဲ့သူတိုင္းဟာ အမ်ားနဲ႔မတူတဲ့ စဥ္းစားေတြးေခၚမႈရွိသူေတြ၊ အသစ္အဆန္းကို စိန္ေခၚရဲသူေတြနဲ႔ အရွိအတိုင္းမွ်ေျခကို ေျပာင္းလဲပစ္ႏိုင္သူေတြပဲ ျဖစ္ပါတယ္။ ဆန္းသစ္တဲ့စိတ္ကူးတစ္ခုျဖစ္ဖို႔အတြက္ အသစ္ျဖစ္ရုံနဲ႔တင္ မလံုေလာက္ပါဘူး။ အဓိပၸါယ္ရွိၿပီး တကယ္လည္း အသံုးတည့္ဖို႔လိုပါတယ္။ ဒါ့ေၾကာင့္ သင့္ေခါင္းထဲမွာ စိတ္ကူးသစ္ အိုင္ဒီယာသစ္ေတြ ရလာၿပီဆိုတိုင္း ခ်ေရးထားပါ။ ဒီစိတ္ကူးေတြထဲက ျဖစ္ႏိုင္ေခ်အရွိဆံုးနဲ႔ သင္စိတ္အားအတက္ၾကြဆံုးတစ္ခုကို ေရြးခ်ယ္ၿပီး ျဖစ္ေျမာက္ေအာင္ျမင္သည္အထိ လုပ္ေဆာင္ပါ။

၈။ အနာဂတ္အစီအစဥ္စာရင္း
မနက္ျဖန္ဆိုတာ မေရရာဘူး။ ဒီေန႔မွာပဲ ေနထိုင္ပါလို႔ ေျပာတာၾကားဖူးၾကမွာပါ။ ဒီအယူအဆကို လက္ခံထားလို႔ မျဖစ္ပါဘူး။ တခ်ိဳ႕အေျခအေနေတြမွာ အနာဂတ္အတြက္ အစီအစဥ္ရွိထားတာက လံုး၀မရွိတာထက္ ပိုၿပီး အဆင္ေျပေစပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕အနာဂတ္အစီအစဥ္ေတြကို စာရင္းျပဳစုထားပါ။ ဒီစာရင္းထဲက ဘယ္ကိစၥေတြကို တကယ္ျဖစ္လာေအာင္ အေကာင္အထည္ေဖာ္မလဲ ဆံုးျဖတ္ပါ။ ၿပီးေတာ့ သင့္ရဲ႕ ပုဂၢိဳဟ္ေရးအနာဂတ္နဲ႔ တိုက္႐ုိက္မဟုတ္ေပမယ့္ သြယ္၀ိုက္ေသာအားျဖင့္ သက္ဆိုင္တဲ့ အနာဂတ္အစီအစဥ္စာရင္းလည္း ရွိဖို႔လိုပါတယ္။ ဘာေတြလဲဆိုေတာ့ အေရးႀကီးတဲ့ ပြဲလမ္းေတြ၊ ဥပေဒေျပာင္းလဲမႈေတြ၊ ေနာက္လာမယ့္ ေခတ္ေရစီးေၾကာင္း၊ အသံုးတည့္မယ္ နည္းပညာ စသျဖင့္ အားလံုးကို သိထားၿပီး ႀကိဳတင္ျပင္ဆင္ထားႏိုင္ရင္ အေကာင္းဆံုးပါပဲ။

၉။ ေနာက္ဆက္တြဲ အစီအစဥ္စာရင္း
လုပ္ေဆာင္ခ်က္တိုင္းမွာ ဆန္႔က်င္ဖက္ အေျခအေနေတြရွိတတ္ပါတယ္။ သင့္ရဲ႕ႀကိဳးစားအားထုတ္မႈတိုင္းက အတားအဆီးေတြ ဒါမွမဟုတ္ စြန္႔စားမႈေတြ မ်ားစြာကို ျဖတ္ေက်ာ္ေအာင္ျမင္ၿပီးမွ ေအာာင္ျမင္ႏိုင္တာ ျဖစ္ပါတယ္။ စြန္႔စားမႈေတြက ေရွာင္လႊဲလို႔မရႏိုင္တဲ့အတြက္ ေနာက္ဆက္တြဲအေျခအေနေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုအပ္ပါတယ္။ သင္ ေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္မလာခဲ့ရင္ ဘာလုပ္မလဲဆိုတဲ့ ေနာက္ဆက္တြဲ အစီအစဥ္ေတြကို စာရင္းျပဳစုထားသင့္ပါတယ္။

၁၀။ အိပ္မက္စာရင္း
ကၽြန္ေတာ္တို႔ ေအာင္ျမင္ခ်င္ရတဲ့ အေၾကာင္းရင္းေတြထဲက တစ္ခုကေတာ့ ကၽြန္ေတာ္တို႔ရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ခ်င္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဘ၀မွာ ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြကို ၾကံဳေတြ႕ရတိုင္းမွာ သင့္ရဲ႕ အိပ္မက္စာရင္းကို ျပန္ၾကည့္ၿပီး ေရွ႕ဆက္ႏိုင္ဖို႔ စိတ္ဓာတ္ခြန္အား ျဖည့္တင္းလိုက္ပါ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++

အောင်မြင်မှုအတွက် လိုအပ်သည့် စာရင်း(၁၀)ခု

(Unicode)

ဘဝမှာ အရေးကြီးတဲ့အရာတွေ၊ အမှတ်တရတွေကို စာရင်းပြုစုမှတ်သားထားခြင်းဟာ အားနည်းချက်၊ အားသာချက်တွေကို ပြန်လည်ချိန်ညှိရာမှာ အသုံးဝင်တဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စာရင်းပါ အချက်အလက်တွေကြောင့် တစ်ခုခုမေ့လျော့ကျန်နေခဲ့မှာ စိုးရိမ်စရာမလိုပဲ ဘယ်အလုပ်ကို ဦးစားပေးရမလဲမဆိုတာကို သိသာထင်ရှားစေပါတယ်။ ဒါ့ကြောင့် ရည်မှန်ချက်တွေအောင်မြင်ဖို့အတွက် ပြုစုထားသင့်တဲ့ စာရင်းအမျိုးအစား(၁၀)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ရည်မှန်းချက် စာရင်း
ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေက သင့်ကို တွန်းအားပေးပြီး စိတ်ဓာတ်တက်ကြွစေနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်စိတ်ကူးတွေကို တကယ် အကောင်အထည်ဖော်အောင်မြင်တယ်လို့ ခံစားရဖို့အတွက် ကျွန်တော်တို့ လိုချင်ခဲ့တာက ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ဖို့ လိုအပ်ပါတယ်။ စိတ်ကူးရည်မှန်းထားတာတွေ အားလုံးပါ၀င်တဲ့ ရည်မှန်းချက်စာရင်းတစ်ခုဟာ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့အတွက် လိုအပ်ပါတယ်။ ရည်မှန်းချက်စာရင်းဆိုတာကလည်း ရင့်ကျက်မှုပေါ်ကို မူတည်ပြီး ပြောင်းလဲနေနိုင်ပါတယ်။ ဒါပေမယ့် ဒီစာရင်းထဲက တစ်ခုခုကို အကောင်အထည် ဖော်လိုက်နိုင်တဲ့ စိတ်ခံစားမှုက ဘာနဲ့မှမတူပါဘူး။ ဒီလို ရည်မှန်းချက်စာရင်းတစ်ခု မရှိဘူးဆိုရင် သင့်ဘဝမှာ ဦးတည်ချက်ပျောက်ဆုံးနေမှာ ဖြစ်ပါတယ်။ ရည်မှန်းချက်တွေကို စာရင်းလုပ်ထားမယ်ဆိုရင်တော့ မနက်အိပ်ရာနိုးတိုင်းမှာ အာရုံစိုက်လုပ်စရာတစ်ခုခုရှိနေမှာ ဖြစ်ပါတယ်။

၂။ လုပ်စရာ အလုပ်စာရင်း
အလုပ်တွေဟာ ရည်မှန်းချက်ပြည့်ဝရေးအတွက် မှတ်တိုင်လေးတွေ ဖြစ်ပါတယ်။ သင့်အနေနဲ့ ၀န်ထမ်းတစ်ယောက်ပဲဖြစ်ဖြစ်၊ အလုပ်ရှင်တစ်ယောက်ပဲဖြစ်ဖြစ်၊ ကျောင်းသားတစ်ယောက်ပဲဖြစ်ဖြစ် လုပ်ငန်းဆောင်တာတစ်ခုကို ပြီးမြောက်သွားတိုင်းမှာ ဒါမှမဟုတ် အခက်အခဲတစ်ခုကို ဖြေရှင်းပြီးသွားတိုင်းမှာ အောင်မြင်မှုလေးတစ်ခုကို ခံစားရမှာပါ။ ဒီလို လုပ်စရာအလုပ်စာရင်းတစ်ခု မလုပ်ထားဘူးဆိုရင် မလုပ်ဖြစ်တာတွေ များလာပြီး အလုပ်ကြွေးတွေ ပုံလာမှာဖြစ်ပါတယ်။

၃။ အဆက်အသွယ်စာရင်း
ဘယ်ကိစ္စမဆို သင်တစ်ယောက်တည်းလုပ်ဆောင် အောင်မြင်မယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ လိုအပ်လာချိန်မှာမှ ကူညီပေးနိုင်မယ့်သူတွေကို ရှာဖွေဆက်သွယ်ဖို့ကို အရမ်းခက်ခဲပါတယ်။ ဘဝတစ်လျှောက်လုံးမှာ ကျွန်တော်တို့အနေနဲ့ နောင်တစ်ချိန်မှာ လိုအပ်တဲ့အကူအညီပေးနိုင်စွမ်းရှိတဲ့ အရည်အချင်းရှိသူတွေ၊ ပါရမီရှိတဲ့တွေများစွာကို တွေ့ဆုံခဲ့ဖူးမှာပါ။ ဒီလိုလူတွေနဲ့ တွေ့ဆုံတဲ့အခိုက်အတန့်မှာ သူတို့လိုအပ်တာရှိခဲ့မယ်ဆိုရင် ကူညီဖို့ လက်မနှေးပါနဲ့။ သင့်အတွက် အဖိုးတန်တဲ့ အဆက်အသွယ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပရိုဂရမ်မာ၊ ရှေ့နေ စသဖြင့် အရေးကြီးတဲ့ အဆက်အသွယ်ကောင်းတွေကို စာရင်းပြုစုထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက သင့်စာရင်းထဲကလူတွေကို လိုအပ်လာမှ ဆက်သွယ်တာမျိုး မဖြစ်သင့်ပါဘူး။ ခိုင်မာယုံကြည်ရတဲ့ အပြန်အလှန် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားသင့်ပါတယ်။

၄။ အသုံးစရိတ်စာရင်း
ဒီလို အသုံးစရိတိ်ကို စာရင်းလုပ်ထားဖို့က မကြာခဏကြားရတဲ့ အကြံပေးစကားဖြစ်ပေမယ့် မလုပ်ဖြစ်ကြတာက များပါလိမ့်မယ်။ အားလုံး သိကြတဲ့အတိုင်း အသုံးစရိတ်ကို နှစ်မျိုးခွဲခြားလို့ ရနိုင်ပါတယ်။ မဖြစ်မနေလိုအပ်တာတွေအတွက် အသုံးစရိတ်နဲ့ မလိုအပ်ပေမယ့် လိုချင်တာတွေ၊ လုပ်ချင်တာတွေအတွက် သုံးလိုက်တဲ့ အသုံးစရိတ်တို့ပဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ အများစုက လိုချင်တာတွေကို လိုအပ်တာတွေအဖြစ်သဘောထားပြီး သုံးစွဲတတ်ကြပါတယ်။ ဒါ့ကြောင့်ပဲ တကယ်သုံးသင့်တဲ့ အသုံးစရိတ်ဟုတ်မဟုတ် သေချာကွဲပြားဖို့ မလွယ်တော့ပါဘူး။ ဒါ့ကြောင့် အသုံးစရိတ်တွေကို စာရင်းပြုစုပြီး သေချာသုံးစွဲရမှာဖြစ်ပါတယ်။

၅။ အသုံးဝင်တဲ့ပစ္စည်းစာရင်း
အခုခေတ်ဟာ နည်းပညာအသုံးပြုမှုတွေ ပိုမိုများပြားလာတဲ့ခေတ်ဖြစ်ပါတယ်။ ဒါ့အကြောင့် ကိရိယာတွေ၊ အသုံးအဆောင်ပစ္စည်းတွေက သင့်ရဲ့ အလုပ်အကိုင်၊ လုပ်ငန်းတွေကို ပိုမိုလွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။ ကွန်ပျူတာတွေ၊ ဖုန်းတွေ စတဲ့ ပစ္စည်းတွေမှာဆိုရင်လည်း သင့်အလုပ်အကိုင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ Software တွေ ၊ Apps တွေ အစုံအလင်ရှိနေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသုံးဝင်တဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို စာရင်းပြုစုပြီး ဆောင်ထားသင့်ပါတယ်။

၆။ တစ်ကိုယ်ရည် တိုးတက်မှု စာရင်း
သင့်အကြောင်ကို ပြန်စဉ်းစားပါ။ သင့်အနေနဲ့ တိုးတက်လာစေချင်တဲ့ အရည်အချင်းတွေ၊ ပြောင်းလဲချင်တဲ့ ပြောင်းလဲမှုတွေကို စာရင်းပြုစုပါ။ သင့်အနားကလူတွေက သင့်ကို ပြောင်းလဲဖို့၊ တိုးတက်အောင် လုပ်ဆောင်ဖို့ ဖိအားမပေးရင်တောင်မှ ကိုယ်တိုင်က ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တစ်ကိုယ်ရည် တိုးတက်မှုစာရင်းထဲမှာ ကိုယ်အလေးချိန်ကျဖို့၊ တက်ဖို့ လိုမျိုး ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု၊ စိတ်ဓာတ်ခံယူချက်ပိုင်းဆိုင်ရာ ပြောင်းလဲမှု၊ အကျင့်ဆိုးတွေ ဖျောက်ဖို့ စသဖြင့် ပါ၀င်ရမှာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲစရာရှိတာတွေကို စာရင်းလုပ်ထားမယ်ဆိုရင် သင့်ကို အချိန်တိုင်းသတိပေးနေမှာဖြစ်တဲ့အတွက် မဖြစ်မနေလုပ်ဖြစ်မှာ ဖြစ်ပါတယ်။

၇။ ဆန်းသစ်တဲ့စိတ်ကူးစာရင်း
သမိုင်းကြောင်းတစ်လျှောက် အကြီးအကျယ်အောင်မြင်ခဲ့သူတိုင်းဟာ အများနဲ့မတူတဲ့ စဉ်းစားတွေးခေါ်မှုရှိသူတွေ၊ အသစ်အဆန်းကို စိန်ခေါ်ရဲသူတွေနဲ့ အရှိအတိုင်းမျှခြေကို ပြောင်းလဲပစ်နိုင်သူတွေပဲ ဖြစ်ပါတယ်။ ဆန်းသစ်တဲ့စိတ်ကူးတစ်ခုဖြစ်ဖို့အတွက် အသစ်ဖြစ်ရုံနဲ့တင် မလုံလောက်ပါဘူး။ အဓိပ္ပါယ်ရှိပြီး တကယ်လည်း အသုံးတည့်ဖို့လိုပါတယ်။ ဒါ့ကြောင့် သင့်ခေါင်းထဲမှာ စိတ်ကူးသစ် အိုင်ဒီယာသစ်တွေ ရလာပြီဆိုတိုင်း ချရေးထားပါ။ ဒီစိတ်ကူးတွေထဲက ဖြစ်နိုင်ချေအရှိဆုံးနဲ့ သင်စိတ်အားအတက်ကြွဆုံးတစ်ခုကို ရွေးချယ်ပြီး ဖြစ်မြောက်အောင်မြင်သည်အထိ လုပ်ဆောင်ပါ။

၈။ အနာဂတ်အစီအစဉ်စာရင်း
မနက်ဖြန်ဆိုတာ မရေရာဘူး။ ဒီနေ့မှာပဲ နေထိုင်ပါလို့ ပြောတာကြားဖူးကြမှာပါ။ ဒီအယူအဆကို လက်ခံထားလို့ မဖြစ်ပါဘူး။ တချို့အခြေအနေတွေမှာ အနာဂတ်အတွက် အစီအစဉ်ရှိထားတာက လုံးဝမရှိတာထက် ပိုပြီး အဆင်ပြေစေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အနာဂတ်အစီအစဉ်တွေကို စာရင်းပြုစုထားပါ။ ဒီစာရင်းထဲက ဘယ်ကိစ္စတွေကို တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်မလဲ ဆုံးဖြတ်ပါ။ ပြီးတော့ သင့်ရဲ့ ပုဂ္ဂိုဟ်ရေးအနာဂတ်နဲ့ တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်သောအားဖြင့် သက်ဆိုင်တဲ့ အနာဂတ်အစီအစဉ်စာရင်းလည်း ရှိဖို့လိုပါတယ်။ ဘာတွေလဲဆိုတော့ အရေးကြီးတဲ့ ပွဲလမ်းတွေ၊ ဥပဒေပြောင်းလဲမှုတွေ၊ နောက်လာမယ့် ခေတ်ရေစီးကြောင်း၊ အသုံးတည့်မယ် နည်းပညာ စသဖြင့် အားလုံးကို သိထားပြီး ကြိုတင်ပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။

၉။ နောက်ဆက်တွဲ အစီအစဉ်စာရင်း
လုပ်ဆောင်ချက်တိုင်းမှာ ဆန့်ကျင်ဖက် အခြေအနေတွေရှိတတ်ပါတယ်။ သင့်ရဲ့ကြိုးစားအားထုတ်မှုတိုင်းက အတားအဆီးတွေ ဒါမှမဟုတ် စွန့်စားမှုတွေ များစွာကို ဖြတ်ကျော်အောင်မြင်ပြီးမှ အောာင်မြင်နိုင်တာ ဖြစ်ပါတယ်။ စွန့်စားမှုတွေက ရှောင်လွှဲလို့မရနိုင်တဲ့အတွက် နောက်ဆက်တွဲအခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ သင် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင် ဘာလုပ်မလဲဆိုတဲ့ နောက်ဆက်တွဲ အစီအစဉ်တွေကို စာရင်းပြုစုထားသင့်ပါတယ်။

၁၀။ အိပ်မက်စာရင်း
ကျွန်တော်တို့ အောင်မြင်ချင်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကို ကြုံတွေ့ရတိုင်းမှာ သင့်ရဲ့ အိပ်မက်စာရင်းကို ပြန်ကြည့်ပြီး ရှေ့ဆက်နိုင်ဖို့ စိတ်ဓာတ်ခွန်အား ဖြည့်တင်းလိုက်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%