ဥာဏ္ရည္ထက္ျမက္လြန္းသူေတြ ၾကံဳေတြ႕ရသည့္ အခက္အခဲ(၆)ခု

ဥာဏ္ရည္ထက္ျမက္လြန္းသူေတြ ၾကံဳေတြ႕ရသည့္ အခက္အခဲ(၆)ခု

(Zawgyi)

အရမ္းေတာ္ၿပီး ဥာဏ္ရည္ထက္ျမက္တဲ့သူေတြကို စူပါလူသားေတြအျဖစ္ အမ်ားစုက မွတ္ထင္တတ္ၾကပါတယ္။ သူတို႔ရဲ႕ ဦးေႏွာက္အရည္အေသြးက ဘ၀အခက္အခဲေတြကို အလြယ္တကူေက်ာ္ျဖတ္ႏိုင္ေအာင္ ကူညီေပးၿပီး သာမန္လူေတြရဲ႕ ျပႆနာေတြေလာက္ကို ရုန္းကန္ေနစရာမလိုဘူးလို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ ဘယ္ေလာက္ပဲ ဥာဏ္ရည္ထက္ျမက္ေနပါေစ သူတို႔လည္း ပုခံုးႏွစ္ဖက္ၾကား ေခါင္းေပါက္တဲ့ လူေတြပဲ ျဖစ္ပါတယ္။

တကယ္ဆိုရင္ အရမ္းေတာ္ၿပီး ဥာဏ္ရည္ထက္ျမက္တဲ့သူေတြက အျခားသူေတြနဲ႔ မတူပဲ ရုန္းကန္ရတာေတြ ရွိၾကပါတယ္။ သူတို႔က ဥာဏ္ရည္ထက္ျမက္တဲ့အတြက္ သူတို႔ရဲ႕ အျပဳအမူအေပၚ အျခားသူေတြက နားမလည္ႏိုင္ျဖစ္ၾကၿပီး အထီးက်န္ေနတတ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ မိသားစု၀င္ေတြကလည္း သင့္ခံစားခ်က္ေတြကို နားလည္မွာမဟုတ္ပါဘူး။ သင့္မွာလည္း အခုေဖာ္ျပမယ့္ အခက္အခဲေတြနဲ႔ ရုန္းကန္မႈေတြ ရွိေနတယ္ဆိုရင္ ဥာဏ္ရည္ထက္ျမက္သူတစ္ေယာက္အျဖစ္ ဂုဏ္ယူလိုက္ပါ။

၁။ အလာပသလာပစကားေတြေျပာဖို႔ စိတ္မပါဘူး
သင္က ဥာဏ္ရည္ထက္ျမက္သူတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ ဘာမဟုတ္တဲ့ သာမန္အေၾကာင္းကိစၥေတြကို ေျပာဆိုေနၾကတဲ့ စကား၀ိုင္းမွာ ၀င္ပါဖို႔အတြက္ အဆင္ေျပမွာမဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သင့္ေခါင္းထဲမွာ ႀကီးက်ယ္ခမ္းနားတဲ့ စိတ္ကူးအၾကံဥာဏ္ေတြနဲ႔ ျပည့္ေနတာေၾကာင့္ ျဖစ္ပါတယ္။ သင္ စိတ္၀င္စားတဲ့ အေၾကာင္းအရာေတြက သိပၸံပညာ၊ အႏုပညာ၊ ဒႆန စတာမ်ိဳးေတြ ျဖစ္ေနတတ္ၿပီး သာမန္စကား၀ိုင္းေတြမွာ သိပ္ေျပာေလ့မရွိတဲ့အေၾကာင္းအရာေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ သာမန္စကား၀ိုင္းေတြမွာ ၀င္ေရာက္ေဆြးေႏြေျပာဆိုဖို႔က သင့္အတြက္ အခ်ိန္ျဖဳန္းရာေရာက္ၿပီး မြန္းက်ပ္သလို ခံစားရေစႏိုင္ပါတယ္။

၂။ ေျပာတာထက္ စဥ္းစားတာ ပိုမ်ားတယ္
သင့္ရဲ႕ဦးေႏွာက္က အေၾကာင္းကိစၥတစ္ခု၊ ျပႆနာတစ္ခုနဲ႔ ပတ္သက္ၿပီး ျဖစ္ႏိုင္ေခ်ရွိတဲ့ ေျဖရွင္းခ်က္ေတြကို ရွာေဖြေနတတ္တာေၾကာင့္ သင့္အယူအဆေတြ၊ ဆံုးျဖတ္ခ်က္ေတြကို ထုတ္မေျပာခင္မွာ စဥ္းစားခ်ိန္က သာမန္လူေတြထက္ ပိုၾကာတတ္ပါတယ္။ ဒါတင္မကေသးပါဘူး။ အေျဖမွန္တစ္ခု၊ စိတ္ကူးေကာင္းတစ္ခု မဟုတ္ေသးဘူးလို႔ ထင္ေနရင္လည္း စကားတစ္လံုးမွ ေျပာမွာမဟုတ္ပါဘူး။ ဒီလို စဥ္းစားေတြးေခၚတဲ့ နည္းလမ္းကို သင့္ပတ္၀န္းက်င္က လူေတြက နားမလည္ႏိုင္ၾကတဲ့အတြက္ သင့္ကို သီးျခားေနတတ္သူတစ္ေယာက္၊ စိတ္မ၀င္စားသူတစ္ေယာက္အျဖစ္ မွတ္ထင္ၾကပါလိမ့္မယ္။

၃။ အလုပ္မွာ အလြယ္တကူ ပ်င္းရိလာတတ္တယ္
သင့္ရဲ႕ ဦးေႏွာက္က စိတ္ကူးသစ္ေတြ၊ လုပ္ငန္းအသစ္ေတြကိုပဲ အျမဲတေစေတာင့္တေနတတ္တာေၾကာင့္ စိတ္၀င္စားမိတဲ့အလုပ္တစ္ခုကို နားလည္ကၽြမ္းက်င္လာၿပီဆိုရင္ ပ်င္းရိၿငီးေငြ႕လာတတ္ပါတယ္။ တစ္ေန႔တာ ပံုမွန္အလုပ္ေတြ ၿပီးစီးဖို႔ကိုေတာင္မွ မနည္းလုပ္ေဆာင္ရပါလိမ့္မယ္။ သင့္အလုပ္ရွင္ကလည္း ဒီအခ်က္ကို နားမလည္ႏိုင္ပဲ လုပ္ရိုးလုပ္စဥ္အလုပ္ေတြ ၿပီးဖို႔ကိုပဲ ခိုင္းေနဦးမွာပါ။

၄။ တစ္ခုခုလုပ္ဖို႔ ေႏွာင့္ေႏွးၾကန္႔ၾကာတတ္ပါတယ္။
စိတ္ကူးအိုင္ဒီယာသမားထက္ လက္ေတြ႕လုပ္တတ္သူေတြကို အသိအမွတ္ျပဳတတ္သူေတြၾကားမွာ စိတ္ကူးသမားေတြကို အလုပ္လက္ေၾကာမတင္းသူေတြလို႔ ယူဆတ္ၾကပါတယ္။ တကယ္ေတာ့ ဥာဏ္ရည္ထက္ျမက္တဲ့သူေတြက စိတ္ကူးအမ်ိဳးမ်ိဳးကို အၾကံထုတ္ေနတာျဖစ္တဲ့အတြက္ တကယ္လုပ္တဲ့အခါမွာ ေႏွာင့္ေႏွးၾကန္႔ၾကာတတ္တာျဖစ္ပါတယ္။

၅။ လူမႈဆက္ဆံေရး မေကာင္းသူအျဖစ္ သတ္မွတ္ခံရတယ္
ဒီလိုအထင္ခံရတာကေတာ့ ခုနကေဖာ္ျပခဲ့တဲ့ အခ်က္ေတြရဲ႕ ရလဒ္တစ္ခုျဖစ္ပါတယ္။ သင့္အေနနဲ႔ အလာပသလာပစကား၀ိုင္းေတြကို ေရွာင္တယ္၊ မေသခ်ာေသးရင္ စကားမေျပာဘူး၊ စိတ္ကူးအၾကံေဟာင္းေတြကို အထင္မႀကီးဘူး၊ တကယ္အေကာင္အထည္ေဖာ္ဖို႔ထက္ စိတ္ကူးဖို႔ကိုပဲ အားသန္တယ္ စတဲ့ အခ်က္ေတြေၾကာင့္ လူမႈဆက္ဆံေရး မေကာင္းသူအျဖစ္ ပတ္၀န္းက်င္က လူေတြက သတ္မွတ္လိုက္မွာ ျဖစ္ပါတယ္။ သူတို႔နားမလည္ႏိုင္ေလ သင့္ကို ေဂါက္သီးတစ္ေယာက္အျဖစ္ ပိုသတ္မွတ္ေလးပဲ ျဖစ္ပါတယ္။

၆။ အခ်စ္နဲ႔ ေတြ႕ဖို႔ ခက္ခဲတယ္
သင့္အတြက္ အခ်စ္ေရးကိစၥက သာမန္လူေတြထက္ ခက္ခဲေနတတ္ပါတယ္။ သတိႀကီးႀကီးထားတတ္တာ၊ က်ိဳးေၾကာင္းခ်င္းခ်ိန္စဥ္းစားတတ္တာနဲ႔ အျခားသူေတြထက္ လြတ္လြတ္လပ္လပ္ေနတတ္တာေတြေၾကာင့္ အရမ္းေသြးေအးၿပီး ထိန္းသိမ္းေနတတ္ပါတယ္။ ဒါ့အျပင္ သင့္ကိုယ္သင္ ထိန္းခ်ဳပ္လြန္းတဲ့အတြက္ သဘာ၀အတိုင္း စိတ္၀င္စားခ်စ္မိသြားတာမ်ိဳးလည္း ရွိမွာမဟုတ္ပါဘူး။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

ဉာဏ်ရည်ထက်မြက်လွန်းသူတွေ ကြုံတွေ့ရသည့် အခက်အခဲ(၆)ခု

(Unicode)

အရမ်းတော်ပြီး ဉာဏ်ရည်ထက်မြက်တဲ့သူတွေကို စူပါလူသားတွေအဖြစ် အများစုက မှတ်ထင်တတ်ကြပါတယ်။ သူတို့ရဲ့ ဦးနှောက်အရည်အသွေးက ဘဝအခက်အခဲတွေကို အလွယ်တကူကျော်ဖြတ်နိုင်အောင် ကူညီပေးပြီး သာမန်လူတွေရဲ့ ပြဿနာတွေလောက်ကို ရုန်းကန်နေစရာမလိုဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ဉာဏ်ရည်ထက်မြက်နေပါစေ သူတို့လည်း ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ လူတွေပဲ ဖြစ်ပါတယ်။

တကယ်ဆိုရင် အရမ်းတော်ပြီး ဉာဏ်ရည်ထက်မြက်တဲ့သူတွေက အခြားသူတွေနဲ့ မတူပဲ ရုန်းကန်ရတာတွေ ရှိကြပါတယ်။ သူတို့က ဉာဏ်ရည်ထက်မြက်တဲ့အတွက် သူတို့ရဲ့ အပြုအမူအပေါ် အခြားသူတွေက နားမလည်နိုင်ဖြစ်ကြပြီး အထီးကျန်နေတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကလည်း သင့်ခံစားချက်တွေကို နားလည်မှာမဟုတ်ပါဘူး။ သင့်မှာလည်း အခုဖော်ပြမယ့် အခက်အခဲတွေနဲ့ ရုန်းကန်မှုတွေ ရှိနေတယ်ဆိုရင် ဉာဏ်ရည်ထက်မြက်သူတစ်ယောက်အဖြစ် ဂုဏ်ယူလိုက်ပါ။

၁။ အလာပသလာပစကားတွေပြောဖို့ စိတ်မပါဘူး
သင်က ဉာဏ်ရည်ထက်မြက်သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘာမဟုတ်တဲ့ သာမန်အကြောင်းကိစ္စတွေကို ပြောဆိုနေကြတဲ့ စကားဝိုင်းမှာ ၀င်ပါဖို့အတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင့်ခေါင်းထဲမှာ ကြီးကျယ်ခမ်းနားတဲ့ စိတ်ကူးအကြံဉာဏ်တွေနဲ့ ပြည့်နေတာကြောင့် ဖြစ်ပါတယ်။ သင် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေက သိပ္ပံပညာ၊ အနုပညာ၊ ဒဿန စတာမျိုးတွေ ဖြစ်နေတတ်ပြီး သာမန်စကားဝိုင်းတွေမှာ သိပ်ပြောလေ့မရှိတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်စကားဝိုင်းတွေမှာ ၀င်ရောက်ဆွေးနွေပြောဆိုဖို့က သင့်အတွက် အချိန်ဖြုန်းရာရောက်ပြီး မွန်းကျပ်သလို ခံစားရစေနိုင်ပါတယ်။

၂။ ပြောတာထက် စဉ်းစားတာ ပိုများတယ်
သင့်ရဲ့ဦးနှောက်က အကြောင်းကိစ္စတစ်ခု၊ ပြဿနာတစ်ခုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေကို ရှာဖွေနေတတ်တာကြောင့် သင့်အယူအဆတွေ၊ ဆုံးဖြတ်ချက်တွေကို ထုတ်မပြောခင်မှာ စဉ်းစားချိန်က သာမန်လူတွေထက် ပိုကြာတတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အဖြေမှန်တစ်ခု၊ စိတ်ကူးကောင်းတစ်ခု မဟုတ်သေးဘူးလို့ ထင်နေရင်လည်း စကားတစ်လုံးမှ ပြောမှာမဟုတ်ပါဘူး။ ဒီလို စဉ်းစားတွေးခေါ်တဲ့ နည်းလမ်းကို သင့်ပတ်ဝန်းကျင်က လူတွေက နားမလည်နိုင်ကြတဲ့အတွက် သင့်ကို သီးခြားနေတတ်သူတစ်ယောက်၊ စိတ်မဝင်စားသူတစ်ယောက်အဖြစ် မှတ်ထင်ကြပါလိမ့်မယ်။

၃။ အလုပ်မှာ အလွယ်တကူ ပျင်းရိလာတတ်တယ်
သင့်ရဲ့ ဦးနှောက်က စိတ်ကူးသစ်တွေ၊ လုပ်ငန်းအသစ်တွေကိုပဲ အမြဲတစေတောင့်တနေတတ်တာကြောင့် စိတ်ဝင်စားမိတဲ့အလုပ်တစ်ခုကို နားလည်ကျွမ်းကျင်လာပြီဆိုရင် ပျင်းရိငြီးငွေ့လာတတ်ပါတယ်။ တစ်နေ့တာ ပုံမှန်အလုပ်တွေ ပြီးစီးဖို့ကိုတောင်မှ မနည်းလုပ်ဆောင်ရပါလိမ့်မယ်။ သင့်အလုပ်ရှင်ကလည်း ဒီအချက်ကို နားမလည်နိုင်ပဲ လုပ်ရိုးလုပ်စဉ်အလုပ်တွေ ပြီးဖို့ကိုပဲ ခိုင်းနေဦးမှာပါ။

၄။ တစ်ခုခုလုပ်ဖို့ နှောင့်နှေးကြန့်ကြာတတ်ပါတယ်။
စိတ်ကူးအိုင်ဒီယာသမားထက် လက်တွေ့လုပ်တတ်သူတွေကို အသိအမှတ်ပြုတတ်သူတွေကြားမှာ စိတ်ကူးသမားတွေကို အလုပ်လက်ကြောမတင်းသူတွေလို့ ယူဆတ်ကြပါတယ်။ တကယ်တော့ ဉာဏ်ရည်ထက်မြက်တဲ့သူတွေက စိတ်ကူးအမျိုးမျိုးကို အကြံထုတ်နေတာဖြစ်တဲ့အတွက် တကယ်လုပ်တဲ့အခါမှာ နှောင့်နှေးကြန့်ကြာတတ်တာဖြစ်ပါတယ်။

၅။ လူမှုဆက်ဆံရေး မကောင်းသူအဖြစ် သတ်မှတ်ခံရတယ်
ဒီလိုအထင်ခံရတာကတော့ ခုနကဖော်ပြခဲ့တဲ့ အချက်တွေရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ အလာပသလာပစကားဝိုင်းတွေကို ရှောင်တယ်၊ မသေချာသေးရင် စကားမပြောဘူး၊ စိတ်ကူးအကြံဟောင်းတွေကို အထင်မကြီးဘူး၊ တကယ်အကောင်အထည်ဖော်ဖို့ထက် စိတ်ကူးဖို့ကိုပဲ အားသန်တယ် စတဲ့ အချက်တွေကြောင့် လူမှုဆက်ဆံရေး မကောင်းသူအဖြစ် ပတ်ဝန်းကျင်က လူတွေက သတ်မှတ်လိုက်မှာ ဖြစ်ပါတယ်။ သူတို့နားမလည်နိုင်လေ သင့်ကို ဂေါက်သီးတစ်ယောက်အဖြစ် ပိုသတ်မှတ်လေးပဲ ဖြစ်ပါတယ်။

၆။ အချစ်နဲ့ တွေ့ဖို့ ခက်ခဲတယ်
သင့်အတွက် အချစ်ရေးကိစ္စက သာမန်လူတွေထက် ခက်ခဲနေတတ်ပါတယ်။ သတိကြီးကြီးထားတတ်တာ၊ ကျိုးကြောင်းချင်းချိန်စဉ်းစားတတ်တာနဲ့ အခြားသူတွေထက် လွတ်လွတ်လပ်လပ်နေတတ်တာတွေကြောင့် အရမ်းသွေးအေးပြီး ထိန်းသိမ်းနေတတ်ပါတယ်။ ဒါ့အပြင် သင့်ကိုယ်သင် ထိန်းချုပ်လွန်းတဲ့အတွက် သဘာဝအတိုင်း စိတ်ဝင်စားချစ်မိသွားတာမျိုးလည်း ရှိမှာမဟုတ်ပါဘူး။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%