စိတ္ကူးအိပ္မက္ေတြကို မစြန္႔လႊတ္သင့္တဲ့ အေၾကာင္းရင္းမ်ား

စိတ္ကူးအိပ္မက္ေတြကို မစြန္႔လႊတ္သင့္တဲ့ အေၾကာင္းရင္းမ်ား

(Zawgyi)

ကေလးဘ၀တုန္းက အရြယ္ေရာက္လာရင္ ဘာျဖစ္ခ်င္လဲေမးခံရတဲ့အခါ ေျဖခဲ့ဖူးတာေတြ မွတ္မိပါသလား။ ဆရာ၀န္လား၊ အင္ဂ်င္နီယာလား စသျဖင့္ တစ္ခုခုေပါ့။ အခုေရာ သင္ ဘာလုပ္ေနပါသလဲ။ သင့္စိတ္ကူးအိပ္မက္ေတြ ျဖစ္လာေစမယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနပါသလား။ ဒါမွမဟုတ္ တစ္ေန႔တာ လုပ္ငန္းေဆာင္တာေတြနဲ႔ ရုန္းကန္လႈပ္ရွားရင္း စိတ္ကူးအိပ္မက္ေတြကို စြန္႔လႊတ္လိုက္ၿပီးလား။ အိပ္မက္ေတြကို မစြန္႔လႊတ္လိုက္ဖို႔ အၾကံေပးခ်င္ပါတယ္။ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနတဲ့လမ္းတစ္ေလွ်ာက္ သင့္အတြက္ အက်ိဳးေက်းဇူးအမ်ားႀကီးကို ရရွိႏိုင္ေစပါတယ္။ ဒါ့အျပင္ သင့္အိပ္မက္ေတြကို မစြန္႔လႊတ္လိုက္သင့္တဲ့ အေၾကာင္းရင္းတစ္ခ်ိဳ႕ကိုလည္း ေဖာ္ျပလိုက္ပါတယ္။

၁။ ႐ႈံးနိမ့္မႈမ်ား
ဒီစကားလံုးက မဆိုင္သလိုပဲလို႔ ထင္ခ်င္ထင္မိပါလိမ့္မယ္။ ဒါေပမယ့္ ႐ႈံးနိမ့္မႈေတြက သင္ထင္ထားတာထက္ သင့္ကို ပိုၿပီး အက်ိဳးျဖစ္ထြန္းေစပါတယ္။ လူအမ်ားစုက ႐ႈံးနိမ့္မႈေတြကို စိုးရိမ္ေၾကာက္လန္႔ၾကတဲ့အတြက္ သူတို႔အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ လက္လႊတ္လိုက္ၾကပါတယ္။ ႐ႈံးနိမ့္ကို နားလည္တဲ့သူေတြသာ အႀကီးက်ယ္ဆံုး ေအာင္ျမင္ၾကတာျဖစ္ပါတယ္။ အေမရိကန္သမၼတတစ္ဦးျဖစ္ခဲ့တဲ့ ေအဗရာဟင္လင္ကြန္းဟာ စစ္ပြဲမွာ ႐ႈံးနိမ့္ခဲ့ပါတယ္။ စီးပြာေရးသမားအျဖစ္၊ ေရွ႕ေနတစ္ဦးအျဖစ္နဲ႔ အျပင္ ႏိုင္ငံေရးေလာကမွာပါ အစပိုင္းက ႐ႈံးနိမ့္ခဲ့ပါတယ္။ ဒီ႐ႈံးနိမ့္မႈေတြကို ျဖတ္ေက်ာ္လာရင္းနဲ႔မွ သမိုင္းတြင္တဲ့ အေမရိကန္သမၼတတစ္ဦးျဖစ္လာခဲ့ပါတယ္။ ေသာမတ္အက္ဒီဆင္ကို သူ႔ေက်ာင္းဆရာက အသံုးမက်ဘူလို႔ ေျပာခံရၿပီး လွ်ပ္စစ္မီးလံုးကို အႀကိမ္ေပါင္း(၁၀၀၀) စမ္းသပ္မႈ မေအာင္ျမင္ခဲ့တာကို ျဖတ္ေက်ာ္ၿပီးမွ ေအာင္ျမင္စြာ တီထြင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘက္စကက္ေဘာအေက်ာ္အေမာ္ မိုက္ကယ္ေဂ်ာ္ဒန္ဟာလည္း အထက္တန္းေက်ာင္း ဘက္စကက္ေဘာအသင္းကေန အထုတ္ခံခဲ့ဖူးပါတယ္။ ဒါေပမယ့္ သူတို႔ ေအာင္ျမင္ခဲ့ၾကပါတယ္။ သူတို႔ေတြကို အတုယူၿပီး ႐ႈံးနိမ့္မႈကို ေၾကာက္မေနပဲ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္လိုက္ပါ။

၂။ ဇြဲလံု႔လ
႐ႈံးနိမ့္မႈေတြကို ျဖတ္ေက်ာ္ဖို႔ ဇြဲလံု႔လရွိဖို႔ လိုအပ္ပါတယ္။ ဇြဲလံု႔လရွိဖို႔ကို အခက္အခဲေတြနဲ႔ ရင္ဆိုင္ရခ်ိန္မွာ သင္ယူႏိုင္တာျဖစ္ပါတယ္။ တစ္ခါမွ လဲမက်ဖူးရင္ ဘယ္လိုျပန္ရပ္ရလဲဆိုတာကို သိမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ဆြဲထူၿပီး ေရွ႕ကိုဆက္တိုင္းမွာ အရင္ကထက္ပိုၿပီး သန္မာလာသလို ရည္မွန္းခ်က္ဆီကိုလည္း ပိုၿပီးနီးစပ္လာမွာျဖစ္ပါတယ္။

၃။ ဘာျဖစ္မလဲ ၾကည့္ေနတာထက္ ႀကိဳးစားၿပီး မေအာင္ျမင္တာက ပိုေကာင္းပါတယ္။
သင့္ဘ၀မွာ တစ္ခုခုကို ႀကိဳးစားၾကည့္လိုက္မိလို႔ ေနာင္တရဖူးတာ ရွိပါသလား။ ဒီလို မႀကိဳးစားၾကည့္ျဖစ္ခဲ့လို႔ ေနာင္တရတာေရာ ရွိပါသလား။ မႀကိဳးစားၾကည့္လိုက္မိလို႔ ေနာင္တမရရေလေအာင္ ႀကိဳးစားၾကည့္ပါ။ အႀကီးႀကီးတြ လုပ္စရာမလိုပါဘူး။ သင့္စိတ္ကူးအိပ္မက္ဆီကို ေရာက္ဖို႔ တစ္ဆင့္ခ်င္းလုပ္ေဆာင္ရမယ့္ အဆင့္ေလးေတြကို ခြဲျခမ္းစိတ္ျဖာၿပီး တစ္ခုခ်င္းစီကို ႀကိဳးစားၾကည့္ပါ။ တစ္ေန႔တစ္လံဆိုလည္း ပုဂံေရာက္မွာ ေသခ်ာပါတယ္။

၄။ လမ္းတစ္ေလွ်ာက္လံုး ေအာင္ျမင္မႈေတြခ်ည္းပဲ။
သင့္ရဲ႕ စိတ္ကူးအိပ္မက္က ႀကီးရင္ႀကီးသေလာက္ ေအာင္ျမင္မႈေလးေတြကို တဆင့္ခ်င္းစီ တက္လွမ္းသြားႏိုင္မွာ ျဖစ္ပါတယ္။ ေအာင္ျမင္မႈေလးေတြဆိုတာက အသိအမွတ္ျပဳၿပီး မွတ္သားထားရမယ့္ အရာေတြျဖစ္ပါတယ္။ ဒီေအာင္ျမင္မႈေလးေတြကပဲ ေနာက္တဆင့္ ရည္မွန္းခ်က္ကို ေရာက္ေအာင္ တြန္းအားေပးႏိုင္တာ ျဖစ္ပါတယ္။

၅။ ရယူပိုင္ဆိုင္မႈ
စိတ္ကူးအိပ္မက္ဆီကို ေလွ်ာက္လွမ္းတဲ့လမ္းတစ္ေလွ်ာက္မွာ အဖိုးတန္အေတြ႕အၾကံဳေတြ အမ်ားႀကီးကို ရရွိပိုင္ဆိုင္ရမွာပါ။ အမွတ္တရေတြ၊ မိတ္ေဆြအေပါင္းအသင္းေတြ။ အရည္အခ်င္းေတြ၊ ဘ၀သင္ခန္းစာေတြနဲ႔ အခ်စ္ စသျဖင့္ျဖစ္ပါတယ္။ ဘ၀ဆိုတာက ရည္မွန္းခ်က္ကို သြားရင္းနဲ႔မွ ျဖစ္တည္လာတာပါ။ ဒါ့ေၾကာင့္ အခ်စ္စစ္နဲ႔ေတြ႕ဖို႔၊ စစ္မွန္တဲ မိတ္ေဆြသူငယ္ခ်င္းေတြ ရရွိဖို႔၊ ဆရာေကာင္းသမားေကာင္းနဲ႔ ေတြ႕ရဖို႔ အိပ္မက္ေတြေနာက္ လိုက္ပါ။

၆။ တစ္ခါတစ္ရံ ေအာင္ျမင္မႈက အနီးနားမွာတင္ ရွိပါတယ္။
ေအာင္ျမင္မႈဆိုတာက မထင္မွတ္ထားတဲ့ အခ်ိန္၊ ေနရာေတြမွာလည္း ရရွိႏိုင္ပါတယ္။ ဘယ္ေလာက္ထိ နီးစပ္ေနၿပီလဲဆိုတာကို မသိႏိုင္လို႔သာ ခက္ေနတာပါ။ ဖုန္းေလးတစ္ခ်က္ထပ္ဆက္လိုက္ရင္၊ အင္တာဗ်ဴးေလး တစ္ခုေလာက္ သြားထပ္ေျဖလိုက္ရင္ ဒါမွမဟုတ္ ေနာက္တစ္ညေလာက္ အိပ္ပ်က္ခံၿပီး ႀကိဳးစားလိုက္ရင္ ေအာင္ျမင္မႈဆီကို ေရာက္ရွိသြားႏိုင္ပါတယ္။ ဒါေပမယ့္ အေစာႀကီးကတည္းက လက္ေလွ်ာ့လိုက္မယ္ဆိုရင္ေတာ့ မျဖစ္ႏိုင္ေတာ့ပါဘူး။ အနာဂတ္က ကၽြန္ေတာ္တို႔အတြက္ ဘာကိုဆုပ္ကိုင္ထားလဲ မသိႏိုင္ပါဘူး။ ဒါ့ေၾကာင့္ စိတ္ကူးအိပ္မက္ေတြကို အေကာင္အထည္ေဖာ္ပါ။ ေအာင္ျမင္မႈကို ေတြ႕ပါလိမ့္မယ္။

[sg_popup id=6]

မိ္န္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++

စိတ်ကူးအိပ်မက်တွေကို မစွန့်လွှတ်သင့်တဲ့ အကြောင်းရင်းများ

(Unicode)

ကလေးဘဝတုန်းက အရွယ်ရောက်လာရင် ဘာဖြစ်ချင်လဲမေးခံရတဲ့အခါ ဖြေခဲ့ဖူးတာတွေ မှတ်မိပါသလား။ ဆရာဝန်လား၊ အင်ဂျင်နီယာလား စသဖြင့် တစ်ခုခုပေါ့။ အခုရော သင် ဘာလုပ်နေပါသလဲ။ သင့်စိတ်ကူးအိပ်မက်တွေ ဖြစ်လာစေမယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါသလား။ ဒါမှမဟုတ် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေနဲ့ ရုန်းကန်လှုပ်ရှားရင်း စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်လိုက်ပြီးလား။ အိပ်မက်တွေကို မစွန့်လွှတ်လိုက်ဖို့ အကြံပေးချင်ပါတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့လမ်းတစ်လျှောက် သင့်အတွက် အကျိုးကျေးဇူးအများကြီးကို ရရှိနိုင်စေပါတယ်။ ဒါ့အပြင် သင့်အိပ်မက်တွေကို မစွန့်လွှတ်လိုက်သင့်တဲ့ အကြောင်းရင်းတစ်ချို့ကိုလည်း ဖော်ပြလိုက်ပါတယ်။

၁။ ရှုံးနိမ့်မှုများ
ဒီစကားလုံးက မဆိုင်သလိုပဲလို့ ထင်ချင်ထင်မိပါလိမ့်မယ်။ ဒါပေမယ့် ရှုံးနိမ့်မှုတွေက သင်ထင်ထားတာထက် သင့်ကို ပိုပြီး အကျိုးဖြစ်ထွန်းစေပါတယ်။ လူအများစုက ရှုံးနိမ့်မှုတွေကို စိုးရိမ်ကြောက်လန့်ကြတဲ့အတွက် သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လက်လွှတ်လိုက်ကြပါတယ်။ ရှုံးနိမ့်ကို နားလည်တဲ့သူတွေသာ အကြီးကျယ်ဆုံး အောင်မြင်ကြတာဖြစ်ပါတယ်။ အမေရိကန်သမ္မတတစ်ဦးဖြစ်ခဲ့တဲ့ အေဗရာဟင်လင်ကွန်းဟာ စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ စီးပွာရေးသမားအဖြစ်၊ ရှေ့နေတစ်ဦးအဖြစ်နဲ့ အပြင် နိုင်ငံရေးလောကမှာပါ အစပိုင်းက ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးနိမ့်မှုတွေကို ဖြတ်ကျော်လာရင်းနဲ့မှ သမိုင်းတွင်တဲ့ အမေရိကန်သမ္မတတစ်ဦးဖြစ်လာခဲ့ပါတယ်။ သောမတ်အက်ဒီဆင်ကို သူ့ကျောင်းဆရာက အသုံးမကျဘူလို့ ပြောခံရပြီး လျှပ်စစ်မီးလုံးကို အကြိမ်ပေါင်း(၁၀၀၀) စမ်းသပ်မှု မအောင်မြင်ခဲ့တာကို ဖြတ်ကျော်ပြီးမှ အောင်မြင်စွာ တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘက်စကက်ဘောအကျော်အမော် မိုက်ကယ်ဂျော်ဒန်ဟာလည်း အထက်တန်းကျောင်း ဘက်စကက်ဘောအသင်းကနေ အထုတ်ခံခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ အောင်မြင်ခဲ့ကြပါတယ်။ သူတို့တွေကို အတုယူပြီး ရှုံးနိမ့်မှုကို ကြောက်မနေပဲ အိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ။

၂။ ဇွဲလုံ့လ
ရှုံးနိမ့်မှုတွေကို ဖြတ်ကျော်ဖို့ ဇွဲလုံ့လရှိဖို့ လိုအပ်ပါတယ်။ ဇွဲလုံ့လရှိဖို့ကို အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ သင်ယူနိုင်တာဖြစ်ပါတယ်။ တစ်ခါမှ လဲမကျဖူးရင် ဘယ်လိုပြန်ရပ်ရလဲဆိုတာကို သိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲထူပြီး ရှေ့ကိုဆက်တိုင်းမှာ အရင်ကထက်ပိုပြီး သန်မာလာသလို ရည်မှန်းချက်ဆီကိုလည်း ပိုပြီးနီးစပ်လာမှာဖြစ်ပါတယ်။

၃။ ဘာဖြစ်မလဲ ကြည့်နေတာထက် ကြိုးစားပြီး မအောင်မြင်တာက ပိုကောင်းပါတယ်။
သင့်ဘဝမှာ တစ်ခုခုကို ကြိုးစားကြည့်လိုက်မိလို့ နောင်တရဖူးတာ ရှိပါသလား။ ဒီလို မကြိုးစားကြည့်ဖြစ်ခဲ့လို့ နောင်တရတာရော ရှိပါသလား။ မကြိုးစားကြည့်လိုက်မိလို့ နောင်တမရရလေအောင် ကြိုးစားကြည့်ပါ။ အကြီးကြီးတွ လုပ်စရာမလိုပါဘူး။ သင့်စိတ်ကူးအိပ်မက်ဆီကို ရောက်ဖို့ တစ်ဆင့်ချင်းလုပ်ဆောင်ရမယ့် အဆင့်လေးတွေကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ခုချင်းစီကို ကြိုးစားကြည့်ပါ။ တစ်နေ့တစ်လံဆိုလည်း ပုဂံရောက်မှာ သေချာပါတယ်။

၄။ လမ်းတစ်လျှောက်လုံး အောင်မြင်မှုတွေချည်းပဲ။
သင့်ရဲ့ စိတ်ကူးအိပ်မက်က ကြီးရင်ကြီးသလောက် အောင်မြင်မှုလေးတွေကို တဆင့်ချင်းစီ တက်လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။ အောင်မြင်မှုလေးတွေဆိုတာက အသိအမှတ်ပြုပြီး မှတ်သားထားရမယ့် အရာတွေဖြစ်ပါတယ်။ ဒီအောင်မြင်မှုလေးတွေကပဲ နောက်တဆင့် ရည်မှန်းချက်ကို ရောက်အောင် တွန်းအားပေးနိုင်တာ ဖြစ်ပါတယ်။

၅။ ရယူပိုင်ဆိုင်မှု
စိတ်ကူးအိပ်မက်ဆီကို လျှောက်လှမ်းတဲ့လမ်းတစ်လျှောက်မှာ အဖိုးတန်အတွေ့အကြုံတွေ အများကြီးကို ရရှိပိုင်ဆိုင်ရမှာပါ။ အမှတ်တရတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ။ အရည်အချင်းတွေ၊ ဘဝသင်ခန်းစာတွေနဲ့ အချစ် စသဖြင့်ဖြစ်ပါတယ်။ ဘဝဆိုတာက ရည်မှန်းချက်ကို သွားရင်းနဲ့မှ ဖြစ်တည်လာတာပါ။ ဒါ့ကြောင့် အချစ်စစ်နဲ့တွေ့ဖို့၊ စစ်မှန်တဲ မိတ်ဆွေသူငယ်ချင်းတွေ ရရှိဖို့၊ ဆရာကောင်းသမားကောင်းနဲ့ တွေ့ရဖို့ အိပ်မက်တွေနောက် လိုက်ပါ။

၆။ တစ်ခါတစ်ရံ အောင်မြင်မှုက အနီးနားမှာတင် ရှိပါတယ်။
အောင်မြင်မှုဆိုတာက မထင်မှတ်ထားတဲ့ အချိန်၊ နေရာတွေမှာလည်း ရရှိနိုင်ပါတယ်။ ဘယ်လောက်ထိ နီးစပ်နေပြီလဲဆိုတာကို မသိနိုင်လို့သာ ခက်နေတာပါ။ ဖုန်းလေးတစ်ချက်ထပ်ဆက်လိုက်ရင်၊ အင်တာဗျူးလေး တစ်ခုလောက် သွားထပ်ဖြေလိုက်ရင် ဒါမှမဟုတ် နောက်တစ်ညလောက် အိပ်ပျက်ခံပြီး ကြိုးစားလိုက်ရင် အောင်မြင်မှုဆီကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါပေမယ့် အစောကြီးကတည်းက လက်လျှော့လိုက်မယ်ဆိုရင်တော့ မဖြစ်နိုင်တော့ပါဘူး။ အနာဂတ်က ကျွန်တော်တို့အတွက် ဘာကိုဆုပ်ကိုင်ထားလဲ မသိနိုင်ပါဘူး။ ဒါ့ကြောင့် စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပါ။ အောင်မြင်မှုကို တွေ့ပါလိမ့်မယ်။

မိ်န်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%