လစဥ္အသံုးစရိတ္ကို ေလွ်ာ့ခ်ႏိုင္ဖို႔ နည္းလမ္းေကာင္း (၆)ခု

(Zawgyi)

လကုန္ခါနီးေရာက္တိုင္း ေဟာင္းေလာင္းျဖစ္ေနတဲ့ ပိုက္ဆံအိတ္ကို ျမင္ေနရတာ စိတ္ပ်က္ေနၿပီလား။ စိတ္ပ်က္မိတယ္ဆိုရင္ေတာ့ သင္တစ္ေယာက္တည္းမဟုတ္တဲ့အတြက္ ဂုဏ္ယူလိုက္ပါ။ သင့္လိုပဲ လမကုန္ခင္ ပိုက္ဆံကုန္သြားသူေတြ အမ်ားႀကီးရွိပါတယ္။ ဘာလို႔မ်ား ပိုက္ဆံေတြက ဒီေလာက္ျမန္ျမန္ကုန္သြားရတာလဲ။ အျပစ္တင္စရာက တစ္ေယာက္ပဲ ရွိပါတယ္။ အဲ့ဒါက သင္ကိုယ္တိုင္ပဲ ျဖစ္ပါတယ္။ ေနာက္တစ္ခါ လစာထုတ္ၿပီးရင္ အရင္လိုမျဖစ္ရေအာင္ သင့္ရဲ႕ လစဥ္အသံုးစရိတ္ကို ေလွ်ာ့ခ်ေပးႏိုင္မယ့္ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အသံုးမျပဳတဲ့ လွ်ပ္စစ္အသံုးအေဆာင္ပစၥည္ေတြကို ပလပ္ျဖဳတ္ထားပါ။
သင့္အေနနဲ႔ အိမ္မွာ လွ်ပ္စစ္ဓာတ္အားသိပ္လည္း မသံုးပဲနဲ႔ ဘာလို႔ မီတာခေတြ အမ်ားႀကီးေပးေနရတာလဲ စဥ္းစားမေနပါနဲ႔။ ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့ အသံုးမျပဳေပမယ့္ ပလပ္တပ္ထားမယ္ဆိုရင္ လွ်ပ္စစ္ဓာတ္အား စီးဆင္းမႈွရွိေနတဲ့အတြက္ မီတာတက္ေနတာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ မလိုအပ္တဲ့ မီးလံုးမီးေခ်ာင္းေတြကို ပိတ္ထားပါ။ မလိုအပ္ပဲ လွ်ပ္စစ္မီးမသံုးပါနဲ႔။

၂။ အသံုးမ၀င္ေတာ့တဲ့ ပစၥည္းေတြ ေရာင္းထုတ္ပစ္ပါ။
သင့္ မ၀တ္ေတာ့တဲ့ အ၀တ္အစားအေဟာင္းေတြနဲ႔ အသံုးမ၀င္ေတာ့တဲ့ အျခားအသံုးအေဆာင္ပစၥည္းေတြကို ျပန္ေရာင္းပစ္လိုက္ပါ။ ဒါဆိုရင္ သင့္အတြက္ အပိုသံုးဖို႔ ၀င္ေငြအနည္းငယ္ရႏိုင္ပါတယ္။

၃။ ေလွ်ာ့ေစ်းေဘာက္ခ်ာေတြ၊ အေရာင္းပြဲေတြကို နားစြင့္ထားပါ။
ေစ်းေလွ်ာ့ေရာင္းတာေတြ သြား၀ယ္ဖို႔ ေဘာက္ခ်ာနဲ႔ ၀ယ္ဖို႔ကို သိပ္စိတ္မ၀င္စားဘူးဆိုရင္ေတာင္မွ ဒီနည္းလမ္းဟာ သင့္အတြက္ ေငြကုန္ေၾကးက် အရမ္းသက္သာေစတယ္ဆိုတာကို မေမ့ပါနဲ႔။ တစ္ေန႔တာအတြက္ လိုအပ္တဲ့ စားေသာက္စရာေတြ၊ အသံုးအေဆာင္ပစၥည္းေတြကိုလည္း နာမည္ႀကီးကုန္တုိက္ေတြမွာထက္ ေစ်းပိုသက္သာတဲ့ အျပင္အေရာင္းဆိုင္ေတြ၊ ေစ်းေတြမွာ ၀ယ္ယူသင့္ပါတယ္။

၄။ မလိုအပ္တဲ့ အသင္း၀င္ေၾကးေတြ၊ ၀န္ေဆာင္မႈစရိတ္ေတြကို ဖ်က္သိမ္းပါ။
တစ္ခါတစ္ေလမွာ ပံုမွန္သံုးျဖစ္တာမဟုတ္တဲ့ ၀န္ေဆာင္မႈေတြ ယူထားမိတတ္ပါတယ္။ ဥပမာ ဖုန္း Ring tune ၀န္ေဆာင္မႈဆိုတာ မရွိလည္း ဘာမွမျဖစ္ပါဘူး။ Gym နဲ႔ အျခားကလပ္ေတြကို ပံုမွန္သြားေလ့မရွိပဲနဲ႔ အသင္း၀င္ထားမယ္ဆိုရင္လည္း မတန္ပါဘူး။ ဒီလို ၀န္ေဆာင္မႈေတြ၊ အသင္း၀င္ေၾကးေပးသြင္းရမယ့္ ကိစၥေတြကို ဖ်က္သိမ္းလိုက္ပါ။

၅။ ဖုန္းေျပာခနဲ႔ အင္တာနက္သံုးစြဲခ Plan ေတြကို ေျပာင္းသံုးပါ။
သင့္ရဲ႕ ဖုန္းေျပာတဲ့အေလ့အထနဲ႔ အင္တာနက္သံုးစြဲမႈေပၚကို မူတည္ၿပီး သင့္ေတာ္မယ့္ Data Plan ေတြ၊ ေခၚဆိုခသက္သာတဲ့ Package ေတြကို ၀ယ္ယူအသံုးျပဳပါ။ ဒါဆိုရင္ ဖုန္းနဲ႔ အင္တာနက္ အသံုးျပဳခေတြကို ပိုၿပီးေခၽြတာႏိုင္မွာ ျဖစ္ပါတယ္။

၆။ အျပင္ထြက္ စားေသာက္တာကို မလုပ္ပါနဲ႔။
ေန႔လည္စာ၊ ညစာေတြကို အျပင္မွာ ၀ယ္စားေနမယ့္အစား အိမ္ကေနပဲ ခ်က္ၿပီးထည့္လာသင့္ပါတယ္။ အျပင္ကဆိုင္ေတြမွာ ေရာင္းတဲ့အစားအစာေတြက ႀကိဳတင္ျပင္ဆင္ထားတာေတြျဖစ္ၿပီး က်န္းမာေရးနဲ႔လည္း ညီညြတ္တာရွားပါတယ္။ စားေကာင္းေပမယ့္ ေစ်းႀကီးတဲ့ ဆိုင္ေတြမွာ မၾကာခဏသြားစားေနမယ္ဆိုရင္လည္း သင့္ပိုက္ဆံအိတ္ေလး ျပားေနတာ မထူးဆန္းပါဘူး။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++

လစဉ်အသုံးစရိတ်ကို လျှော့ချနိုင်ဖို့ နည်းလမ်းကောင်း (၆)ခု

(Unicode)

လကုန်ခါနီးရောက်တိုင်း ဟောင်းလောင်းဖြစ်နေတဲ့ ပိုက်ဆံအိတ်ကို မြင်နေရတာ စိတ်ပျက်နေပြီလား။ စိတ်ပျက်မိတယ်ဆိုရင်တော့ သင်တစ်ယောက်တည်းမဟုတ်တဲ့အတွက် ဂုဏ်ယူလိုက်ပါ။ သင့်လိုပဲ လမကုန်ခင် ပိုက်ဆံကုန်သွားသူတွေ အများကြီးရှိပါတယ်။ ဘာလို့များ ပိုက်ဆံတွေက ဒီလောက်မြန်မြန်ကုန်သွားရတာလဲ။ အပြစ်တင်စရာက တစ်ယောက်ပဲ ရှိပါတယ်။ အဲ့ဒါက သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခါ လစာထုတ်ပြီးရင် အရင်လိုမဖြစ်ရအောင် သင့်ရဲ့ လစဉ်အသုံးစရိတ်ကို လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အသုံးမပြုတဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်တွေကို ပလပ်ဖြုတ်ထားပါ။
သင့်အနေနဲ့ အိမ်မှာ လျှပ်စစ်ဓာတ်အားသိပ်လည်း မသုံးပဲနဲ့ ဘာလို့ မီတာခတွေ အများကြီးပေးနေရတာလဲ စဉ်းစားမနေပါနဲ့။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အသုံးမပြုပေမယ့် ပလပ်တပ်ထားမယ်ဆိုရင် လျှပ်စစ်ဓာတ်အား စီးဆင်းမှုှရှိနေတဲ့အတွက် မီတာတက်နေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် မလိုအပ်တဲ့ မီးလုံးမီးချောင်းတွေကို ပိတ်ထားပါ။ မလိုအပ်ပဲ လျှပ်စစ်မီးမသုံးပါနဲ့။

၂။ အသုံးမဝင်တော့တဲ့ ပစ္စည်းတွေ ရောင်းထုတ်ပစ်ပါ။
သင့် မဝတ်တော့တဲ့ အဝတ်အစားအဟောင်းတွေနဲ့ အသုံးမဝင်တော့တဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို ပြန်ရောင်းပစ်လိုက်ပါ။ ဒါဆိုရင် သင့်အတွက် အပိုသုံးဖို့ ၀င်ငွေအနည်းငယ်ရနိုင်ပါတယ်။

၃။ လျှော့စျေးဘောက်ချာတွေ၊ အရောင်းပွဲတွေကို နားစွင့်ထားပါ။
စျေးလျှော့ရောင်းတာတွေ သွားဝယ်ဖို့ ဘောက်ချာနဲ့ ၀ယ်ဖို့ကို သိပ်စိတ်မဝင်စားဘူးဆိုရင်တောင်မှ ဒီနည်းလမ်းဟာ သင့်အတွက် ငွေကုန်ကြေးကျ အရမ်းသက်သာစေတယ်ဆိုတာကို မမေ့ပါနဲ့။ တစ်နေ့တာအတွက် လိုအပ်တဲ့ စားသောက်စရာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း နာမည်ကြီးကုန်တိုက်တွေမှာထက် စျေးပိုသက်သာတဲ့ အပြင်အရောင်းဆိုင်တွေ၊ စျေးတွေမှာ ၀ယ်ယူသင့်ပါတယ်။

၄။ မလိုအပ်တဲ့ အသင်းဝင်ကြေးတွေ၊ ၀န်ဆောင်မှုစရိတ်တွေကို ဖျက်သိမ်းပါ။
တစ်ခါတစ်လေမှာ ပုံမှန်သုံးဖြစ်တာမဟုတ်တဲ့ ၀န်ဆောင်မှုတွေ ယူထားမိတတ်ပါတယ်။ ဥပမာ ဖုန်း Ring tune ၀န်ဆောင်မှုဆိုတာ မရှိလည်း ဘာမှမဖြစ်ပါဘူး။ Gym နဲ့ အခြားကလပ်တွေကို ပုံမှန်သွားလေ့မရှိပဲနဲ့ အသင်းဝင်ထားမယ်ဆိုရင်လည်း မတန်ပါဘူး။ ဒီလို ၀န်ဆောင်မှုတွေ၊ အသင်းဝင်ကြေးပေးသွင်းရမယ့် ကိစ္စတွေကို ဖျက်သိမ်းလိုက်ပါ။

၅။ ဖုန်းပြောခနဲ့ အင်တာနက်သုံးစွဲခ Plan တွေကို ပြောင်းသုံးပါ။
သင့်ရဲ့ ဖုန်းပြောတဲ့အလေ့အထနဲ့ အင်တာနက်သုံးစွဲမှုပေါ်ကို မူတည်ပြီး သင့်တော်မယ့် Data Plan တွေ၊ ခေါ်ဆိုခသက်သာတဲ့ Package တွေကို ၀ယ်ယူအသုံးပြုပါ။ ဒါဆိုရင် ဖုန်းနဲ့ အင်တာနက် အသုံးပြုခတွေကို ပိုပြီးချွေတာနိုင်မှာ ဖြစ်ပါတယ်။

၆။ အပြင်ထွက် စားသောက်တာကို မလုပ်ပါနဲ့။
နေ့လည်စာ၊ ညစာတွေကို အပြင်မှာ ၀ယ်စားနေမယ့်အစား အိမ်ကနေပဲ ချက်ပြီးထည့်လာသင့်ပါတယ်။ အပြင်ကဆိုင်တွေမှာ ရောင်းတဲ့အစားအစာတွေက ကြိုတင်ပြင်ဆင်ထားတာတွေဖြစ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တာရှားပါတယ်။ စားကောင်းပေမယ့် စျေးကြီးတဲ့ ဆိုင်တွေမှာ မကြာခဏသွားစားနေမယ်ဆိုရင်လည်း သင့်ပိုက်ဆံအိတ်လေး ပြားနေတာ မထူးဆန်းပါဘူး။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine