ေလယာဥ္ေပၚမတက္ခင္ သိထားသင့္သည့္ အခ်က္မ်ား
(Zawgyi)
၁။ ေလယာဥ္ေပၚမတက္ခင္ ေရေသာက္ပါ။
ေလယာဥ္ေပၚက စိုထိုင္းဆဟာ မ်ားေသာအားျဖင့္ (၁၀)ရာခိုင္ႏႈန္း၀န္းက်င္ပဲ ရွိပါတယ္။ ေျခာက္ေသြ႕တဲ့ေလေၾကာင့္ ေခါင္းကိုက္ၿပီး မအီမသာျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေလယာဥ္ေပၚမတက္ခင္မွာ အနည္းဆံုး ေရ 0.3 လီတာေလာက္ ေသာက္ထားသင့္ပါတယ္။
၂။ အိပ္စက္ဖို႔ ပစၥည္းေလးေတြ ထည့္သြားပါ။
ေပသံုးေသာင္းအျမင့္မွာ အိပ္မက္လွလွမက္ႏိုင္ဖို႔အတြက္ လည္ပင္းမွာစြပ္ၿပီး အိပ္လို႔ရမယ့္ ခရီးေဆာင္ေခါင္းအံုးတစ္လံုး၊ ဆူညံသံေတြကို ကာကြယ္ေပးႏိုင္တဲ့ နားက်ပ္နဲ႔ မ်က္လံုးကို အုပ္ထားမယ့္ မ်က္ႏွာဖံုးတစ္ခုေလာက္ေတာ့ ယူသြားသင့္ပါတယ္။
၃။ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ထားပါ။
ေလယာဥ္စီးတဲ့အခါ ျဖစ္တတ္တဲ့ လည္ပင္းနဲ႔ ေနာက္ေက်ာနာက်င္မႈဒဏ္ကို သိပ္မခံစားရေစဖို႔ ခံုေပၚမွာ ထိုင္ၿပီဆိုတာနဲ႔ ေခါင္းကိုညာဖက္ကို လွည့္ၿပီး ဇက္ေၾကာနဲ႔ ပုခံုးေၾကာေတြကို ျဖည္းျဖည္းခ်င္း ညစ္ၿပီး ႏွိပ္နယ္ေပးပါ။ ၿပီးရင္ ေနာက္တစ္ဖက္ကို လွည့္ၿပီး လုပ္ေဆာင္ပါ။
၄။ လမ္းေလွ်ာက္ပါ။
ေလယာဥ္စီးခ်ိန္ (၈)နာရီထက္ ပိုၾကာတဲ့ ခရီးေ၀းပ်ံသန္းသြားရတာမ်ိဳးဆိုရင္ တစ္နာရီၾကာတိုင္းမွာ ေလယာဥ္ေလွ်ာက္လမ္းတစ္ေလွ်ာက္ အစအဆံုး အနည္းဆံုး တစ္ေခါက္လမ္းေလွ်ာက္ပါ။ ဒါမွ ေျခေထာက္ကို ေသြးက်ၿပီး ထံုက်ဥ္တာကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။
၅။ ေလယာဥ္ေပၚက အခ်ိဳရည္ေတြ မေသာက္ပါနဲ႔။
ေလယာဥ္ခရီးစဥ္အတြင္းမွာ အခမဲ့တိုက္တဲ့ အခ်ိဳရည္ေတြက သၾကားဓာတ္မ်ားပါတယ္။ ဒါ့ေၾကာင့္ ေလဆိပ္မွာထဲက သၾကားဓာတ္နည္းတဲ့ လိေမၼာ္ရည္ ဒါမွမဟုတ္ အျခားအခ်ိဳရည္ေတြ ၀ယ္လာခဲ့ပါ။
၆။ ေျမေပၚေရာက္တာနဲ႔ ေျပးပါ။
ေလယာဥ္ဆိုက္တာနဲ႔ အေျပးအလႊားသြားဖို႔ ေျပာတာမဟုတ္ပါဘူး။ သင္ သြားမယ့္ေနရာေရာက္တာနဲ႔ တည္းခိုရာေနရာက အားကစားခန္းမကို သြားၿပီး ေလ့က်င့္ခန္းလုပ္ဖို႔ ေျပာခ်င္တာပါ။ ဒါမွ ေလယာဥ္ေပၚမွာ အေညာင္းမိသမွ်ကို ေျဖေလွ်ာ့ႏိုင္မွာ ျဖစ္ပါတယ္။
၇။ နာရီကို ၾကည့္ပါ။
မတူညီတဲ့ ေဒသစံေတာ္ခ်ိန္ေတြကို ျဖတ္သန္းၿပီး ခရီးသြားတဲ့အခါမွာ အခ်ိန္ကြာဟမႈေၾကာင့္ ေန႔နဲ႔ ညမွားတာေတြ ျဖစ္တတ္ပါတယ္။ မနက္ခင္းေနေရာင္ထဲမွာ (၁၅)မိနစ္ေလာက္ ေနစာလႈံ႕လိုက္မယ္ဆိုရင္ သင့္ခႏၶာကိုယ္ရဲ႕ ဇီ၀နာရီကို ခ်ိန္ကိုက္ေပးႏိုင္တဲ့အတြက္ ေန႔နဲ႔ညမွားတဲ့ ဒဏ္ကို သက္သာေစမွာပါ။
၈။ ေလယာဥ္မဆင္းခင္၊ မတက္ခင္ အစားမစားပါနဲ႔။
ေလယာဥ္ထြက္ခြာခ်ိန္ ဆိုက္ေရာက္ခ်ိန္ေတြနဲ႔ ပ်ံသန္းေနခ်ိန္ေတြမွာ ဖိအားေျပာင္းလဲမႈေတြ ျဖစ္ေပၚတာေၾကာင့္ မအီမသာျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေလယာဥ္မတက္ခင္၊ မဆင္းခင္အခ်ိန္ေတြမွာ အစားမစားပဲ ေလယာဥ္ ေကာင္းကင္မွာ အသားတက်ပ်ံသန္းေနၿပီဆိုမွ စားသင့္ပါတယ္။
၉။ ခရီးစဥ္မတိုင္ခင္ကတည္းက ႀကိဳတင္ထုပ္ပိုးျပင္ဆင္ပါ။
အ၀တ္အစားေတြ ထည့္ဖို႔ပဲ မဟုတ္ပါဘူး။ ေလယာဥ္စီးေနတုန္းမွာ စားမယ့္စားစရာ၊ ခရီးသြား စာရြက္စာတမ္းေတြနဲ႔ အျခားလိုအပ္တာမွန္သမွ်ကို ခရီးသြားမယ့္ရက္မတိုင္ခင္ ညကတည္းက ေသခ်ာထည့္သြင္း ထုပ္ပိုးထားရမွာပါ။
၁၀။ ေရသန္႔ကိုပဲ ေသာက္သံုးပါ။
ေသာက္ေရသန္႔ဘူးေတြ၊ ပါကင္ပိတ္ေရသန္႔ေတြကိုပဲ ေသာက္သံုးပါ။ ေလယာဥ္ေပၚက ဘံုဘိုင္ေရကို မေသာက္ပါနဲ႔။ သန္႔ရွင္းဖို႔ မေသခ်ာပါဘူး။ ျဖစ္ႏိုင္ရင္ ေလယာဥ္ေပၚက ေကာ္ဖီနဲ႔ လက္ဘက္ရည္ကိုပါ ေရွာင္ပါ။ ေရခဲကေတာ့ အဆင္ေျပပါတယ္။ အျပင္ကေန မွာၿပီး တင္ေဆာင္လာတဲ့အတြက္ျဖစ္ပါတယ္။
၁၁။ ေလကိုလည္း သတိျပဳပါ။
ေလယာဥ္ပ်ံေတြရဲ႕ အတြင္းပိုင္းေလဟာ ျပင္ပေလနဲ႔ အတြင္းပိုင္းကေလကိုပဲ ထက္၀က္စီေရာၿပီး ျပန္လွည့္ပတ္ေစတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေလကေနကူးစက္ႏိုင္တဲ့ ေရာဂါေတြမျဖစ္ေစဖို႔ ေခါင္းေပၚက ေလထြက္ေပါက္ကို အနိမ့္ဆံုးႏႈန္းနဲ႔ဖြင့္ပါ။ မ်က္ႏွာတည့္တည့္ကို က်ေရာက္မေနေစပဲ ေပါင္ေပၚကိုသာ ခ်ိန္ထားပါ။
၁၂။ စားပြဲကိုလည္း သတိျပဳပါ။
သင့္ေရွ႕ကို ဆြဲခ်လို႔ရတဲ့ စားပြဲေလးေတြကလည္း အိမ္သာခလုတ္ထက္ေတာင္မွ ဘက္တီးရီးယားေတြ အမ်ာႀကီးရွိေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အရက္ျပန္ပါတဲ့ Wet Tissue ဒါမွမဟုတ္ အရက္ျပန္ပါတဲ့ လက္သန္႔ေဆးရည္ တစ္စက္ႏွစ္စက္ေလာက္ခ်ၿပီး တစ္႐ႈးနဲ႔ သုတ္ၿပီး သန္႔စင္လိုက္ပါ။
၁၃။ ေစာင္နဲ႔ ေခါင္းအံုးေတြ
ေလယာဥ္ေပၚမွာ ေပးတဲ့ ျခံဳေစာင္နဲ႔ ေခါင္းအံုးေတြက အလံုပိတ္အိတ္နဲ႔ လာတာ ဒါမွမဟုတ္ ေစာင္ေခါင္းအံုးအတြက္ ေငြေပးရတာဆိုရင္ တစ္ခါမွမသံုးရေသးတဲ့အသစ္ျဖစ္ႏိုင္သလို၊ ေသခ်ာေလွ်ာ္ဖြတ္ သန္႔စင္ထားၿပီးသား ျဖစ္ပါတယ္။ ဒီလိုမဟုတ္ရင္ေတာ့ မေလွ်ာ္ရေသးတဲ့ သံုးၿပီးသားအေဟာင္းေတြ ျဖစ္ႏိုင္ပါတယ္။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++
လေယာဉ်ပေါ်မတက်ခင် သိထားသင့်သည့် အချက်များ
(Unicode)
၁။ လေယာဉ်ပေါ်မတက်ခင် ရေသောက်ပါ။
လေယာဉ်ပေါ်က စိုထိုင်းဆဟာ များသောအားဖြင့် (၁၀)ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိပါတယ်။ ခြောက်သွေ့တဲ့လေကြောင့် ခေါင်းကိုက်ပြီး မအီမသာဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် လေယာဉ်ပေါ်မတက်ခင်မှာ အနည်းဆုံး ရေ 0.3 လီတာလောက် သောက်ထားသင့်ပါတယ်။
၂။ အိပ်စက်ဖို့ ပစ္စည်းလေးတွေ ထည့်သွားပါ။
ပေသုံးသောင်းအမြင့်မှာ အိပ်မက်လှလှမက်နိုင်ဖို့အတွက် လည်ပင်းမှာစွပ်ပြီး အိပ်လို့ရမယ့် ခရီးဆောင်ခေါင်းအုံးတစ်လုံး၊ ဆူညံသံတွေကို ကာကွယ်ပေးနိုင်တဲ့ နားကျပ်နဲ့ မျက်လုံးကို အုပ်ထားမယ့် မျက်နှာဖုံးတစ်ခုလောက်တော့ ယူသွားသင့်ပါတယ်။
၃။ စိတ်ဖိစီးမှုတွေကို လျှော့ချထားပါ။
လေယာဉ်စီးတဲ့အခါ ဖြစ်တတ်တဲ့ လည်ပင်းနဲ့ နောက်ကျောနာကျင်မှုဒဏ်ကို သိပ်မခံစားရစေဖို့ ခုံပေါ်မှာ ထိုင်ပြီဆိုတာနဲ့ ခေါင်းကိုညာဖက်ကို လှည့်ပြီး ဇက်ကြောနဲ့ ပုခုံးကြောတွေကို ဖြည်းဖြည်းချင်း ညစ်ပြီး နှိပ်နယ်ပေးပါ။ ပြီးရင် နောက်တစ်ဖက်ကို လှည့်ပြီး လုပ်ဆောင်ပါ။
၄။ လမ်းလျှောက်ပါ။
လေယာဉ်စီးချိန် (၈)နာရီထက် ပိုကြာတဲ့ ခရီးဝေးပျံသန်းသွားရတာမျိုးဆိုရင် တစ်နာရီကြာတိုင်းမှာ လေယာဉ်လျှောက်လမ်းတစ်လျှောက် အစအဆုံး အနည်းဆုံး တစ်ခေါက်လမ်းလျှောက်ပါ။ ဒါမှ ခြေထောက်ကို သွေးကျပြီး ထုံကျဉ်တာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
၅။ လေယာဉ်ပေါ်က အချိုရည်တွေ မသောက်ပါနဲ့။
လေယာဉ်ခရီးစဉ်အတွင်းမှာ အခမဲ့တိုက်တဲ့ အချိုရည်တွေက သကြားဓာတ်များပါတယ်။ ဒါ့ကြောင့် လေဆိပ်မှာထဲက သကြားဓာတ်နည်းတဲ့ လိမ္မော်ရည် ဒါမှမဟုတ် အခြားအချိုရည်တွေ ၀ယ်လာခဲ့ပါ။
၆။ မြေပေါ်ရောက်တာနဲ့ ပြေးပါ။
လေယာဉ်ဆိုက်တာနဲ့ အပြေးအလွှားသွားဖို့ ပြောတာမဟုတ်ပါဘူး။ သင် သွားမယ့်နေရာရောက်တာနဲ့ တည်းခိုရာနေရာက အားကစားခန်းမကို သွားပြီး လေ့ကျင့်ခန်းလုပ်ဖို့ ပြောချင်တာပါ။ ဒါမှ လေယာဉ်ပေါ်မှာ အညောင်းမိသမျှကို ဖြေလျှော့နိုင်မှာ ဖြစ်ပါတယ်။
၇။ နာရီကို ကြည့်ပါ။
မတူညီတဲ့ ဒေသစံတော်ချိန်တွေကို ဖြတ်သန်းပြီး ခရီးသွားတဲ့အခါမှာ အချိန်ကွာဟမှုကြောင့် နေ့နဲ့ ညမှားတာတွေ ဖြစ်တတ်ပါတယ်။ မနက်ခင်းနေရောင်ထဲမှာ (၁၅)မိနစ်လောက် နေစာလှုံ့လိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ချိန်ကိုက်ပေးနိုင်တဲ့အတွက် နေ့နဲ့ညမှားတဲ့ ဒဏ်ကို သက်သာစေမှာပါ။
၈။ လေယာဉ်မဆင်းခင်၊ မတက်ခင် အစားမစားပါနဲ့။
လေယာဉ်ထွက်ခွာချိန် ဆိုက်ရောက်ချိန်တွေနဲ့ ပျံသန်းနေချိန်တွေမှာ ဖိအားပြောင်းလဲမှုတွေ ဖြစ်ပေါ်တာကြောင့် မအီမသာဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် လေယာဉ်မတက်ခင်၊ မဆင်းခင်အချိန်တွေမှာ အစားမစားပဲ လေယာဉ် ကောင်းကင်မှာ အသားတကျပျံသန်းနေပြီဆိုမှ စားသင့်ပါတယ်။
၉။ ခရီးစဉ်မတိုင်ခင်ကတည်းက ကြိုတင်ထုပ်ပိုးပြင်ဆင်ပါ။
အဝတ်အစားတွေ ထည့်ဖို့ပဲ မဟုတ်ပါဘူး။ လေယာဉ်စီးနေတုန်းမှာ စားမယ့်စားစရာ၊ ခရီးသွား စာရွက်စာတမ်းတွေနဲ့ အခြားလိုအပ်တာမှန်သမျှကို ခရီးသွားမယ့်ရက်မတိုင်ခင် ညကတည်းက သေချာထည့်သွင်း ထုပ်ပိုးထားရမှာပါ။
၁၀။ ရေသန့်ကိုပဲ သောက်သုံးပါ။
သောက်ရေသန့်ဘူးတွေ၊ ပါကင်ပိတ်ရေသန့်တွေကိုပဲ သောက်သုံးပါ။ လေယာဉ်ပေါ်က ဘုံဘိုင်ရေကို မသောက်ပါနဲ့။ သန့်ရှင်းဖို့ မသေချာပါဘူး။ ဖြစ်နိုင်ရင် လေယာဉ်ပေါ်က ကော်ဖီနဲ့ လက်ဘက်ရည်ကိုပါ ရှောင်ပါ။ ရေခဲကတော့ အဆင်ပြေပါတယ်။ အပြင်ကနေ မှာပြီး တင်ဆောင်လာတဲ့အတွက်ဖြစ်ပါတယ်။
၁၁။ လေကိုလည်း သတိပြုပါ။
လေယာဉ်ပျံတွေရဲ့ အတွင်းပိုင်းလေဟာ ပြင်ပလေနဲ့ အတွင်းပိုင်းကလေကိုပဲ ထက်ဝက်စီရောပြီး ပြန်လှည့်ပတ်စေတာဖြစ်ပါတယ်။ ဒါ့ကြောင့် လေကနေကူးစက်နိုင်တဲ့ ရောဂါတွေမဖြစ်စေဖို့ ခေါင်းပေါ်က လေထွက်ပေါက်ကို အနိမ့်ဆုံးနှုန်းနဲ့ဖွင့်ပါ။ မျက်နှာတည့်တည့်ကို ကျရောက်မနေစေပဲ ပေါင်ပေါ်ကိုသာ ချိန်ထားပါ။
၁၂။ စားပွဲကိုလည်း သတိပြုပါ။
သင့်ရှေ့ကို ဆွဲချလို့ရတဲ့ စားပွဲလေးတွေကလည်း အိမ်သာခလုတ်ထက်တောင်မှ ဘက်တီးရီးယားတွေ အမျာကြီးရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် အရက်ပြန်ပါတဲ့ Wet Tissue ဒါမှမဟုတ် အရက်ပြန်ပါတဲ့ လက်သန့်ဆေးရည် တစ်စက်နှစ်စက်လောက်ချပြီး တစ်ရှုးနဲ့ သုတ်ပြီး သန့်စင်လိုက်ပါ။
၁၃။ စောင်နဲ့ ခေါင်းအုံးတွေ
လေယာဉ်ပေါ်မှာ ပေးတဲ့ ခြုံစောင်နဲ့ ခေါင်းအုံးတွေက အလုံပိတ်အိတ်နဲ့ လာတာ ဒါမှမဟုတ် စောင်ခေါင်းအုံးအတွက် ငွေပေးရတာဆိုရင် တစ်ခါမှမသုံးရသေးတဲ့အသစ်ဖြစ်နိုင်သလို၊ သေချာလျှော်ဖွတ် သန့်စင်ထားပြီးသား ဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ မလျှော်ရသေးတဲ့ သုံးပြီးသားအဟောင်းတွေ ဖြစ်နိုင်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine