စြန္႔ဦးတစ္ေယာက္ျဖစ္ဖို႔ အဟန္႔အတားျဖစ္ေစသည့္ အက်င့္ဆိုး(၄)ခု

(Zawgyi)

Entrepreneur (စြန္႔ဦးတီထြင္လုပ္ငန္းရွင္) ဆိုတဲ့ စကားလံုးကို ကၽြန္ေတာ္တို႔ အားလံုးၾကားဖူးၾကပါတယ္။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ဆိုတာက လုပ္ငန္းတစ္ခု၊ ေစ်းကြက္တစ္ခုကို စြန္႔စြန္႔စားစားနဲ႔ ဆန္းသစ္တီထြင္တဲ့ ကိုယ္ထူးကိုယ့္ခၽြန္ပုဂၢိဳဟ္လို႔ အဓိပၸါယ္ျပန္ဆိုႏိုင္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Entrepreneur အျပင္ Wantrepreneur ဆိုတဲ့ စကားလံုးပါ ေပၚထြက္လာပါတယ္။

Wantrepreneur ဆိုတာကေတာ့ စီးပြားေရးဆိုင္ရာ စိတ္ကူးအိပ္မက္တစ္ခု ရွိေပမယ့္ သူတို႔အစီအစဥ္အတိုင္း အမွန္တကယ္ လုပ္ေဆာင္ အေကာင္အထည္မေဖာ္ႏိုင္ေသာ Entrepreneur (စြန္႔ဦးတီထြင္လုပ္ငန္းရွင္)တစ္ေယာက္ ျဖစ္ခ်င္သူတစ္ေယာက္ကို ဆိုလိုပါတယ္။ စြန္႔ဦးလုပ္ငန္းရွင္ျဖစ္ခ်င္သူေေတြဟာ ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ တကယ္လုပ္ဖို႔ထက္ ဆင္ေျခဆင္လက္ေပးဖို႔ပဲ အားသန္ၾကပါတယ္။ စြန္႔ဦးလုပ္ငန္းရွင္အစစ္ေတြကေတာ့ လုပ္ငန္းကို တည္ေဆာက္ၾကပါတယ္။

ဒီလိုမ်ိဳး Wantrepreneur (စြန္႔ဦးလုပ္ငန္းရွင္ျဖစ္ခ်င္သူ)အျဖစ္ကေန လုပ္ငန္းတစ္ခုကို ေအာင္ျမင္စြာ တည္ေဆာက္ႏိုင္တဲ့ Entrepreneur (စြန္႔ဦးတီထြင္လုပ္ငန္းရွင္)တစ္ေယာက္ ျဖစ္ခ်င္ရင္ အက်င့္ဆိုးတစ္ခ်ိဳ႕ကို ေဖ်ာက္ႏိုင္ဖို႔လိုပါတယ္။ Wantrepreneur ေတြမွာ ရွိတတ္တဲ့အက်င့္ဆိုး(၄)ခု ရွိပါတယ္။ ဒီအက်င့္ဆိုေတြကို ေဖ်ာက္ႏိုင္မွ စစ္မွန္တဲ့စြန္႔ဦးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာမွာပါ။

၁။ အေျပာပဲရွိၿပီး လက္ေတြ႕မလုပ္ျခင္း
စီးပြားေရးလုပ္ငန္းတစ္ခုကို တည္ေထာင္လုပ္ကိုင္တဲ့အခါမွာ လက္ေတြ႕လုပ္ေဆာင္ခ်က္ မပါပဲ ဘာေတြကို ဘယ္လိုလုပ္မယ္ဆိုၿပီး စိတ္ကူးၾကံစည္ရတာက လြယ္ပါတယ္။ ဒီလို စိတ္ကူးယဥ္ေနမယ့္အစား စိတ္ကူးထားတဲ့အတိုင္း ျဖစ္ေအာင္ တဆင့္ခ်င္းလုပ္ေဆာင္ အေကာင္အထည္ေဖာ္ရမွာ ျဖစ္ပါတယ္။ ျဖစ္ႏိုင္ေခ်ရွိတာေတြ၊ လုပ္လို႔အဆင္ေျပႏိုင္တာေတြကို ေတြးၿပီးအခ်ိန္ကုန္မေနပါနဲ႔။ သင့္လုပ္ငန္းကို တည္ေဆာက္ႏိုင္ဖို႔ ဘာေတြလုပ္ရမလဲဆိုတာကို အာရုံစိုက္ပါ။ ပထမဆံုး ၀ယ္သူကို ရေအာင္ ရွာေဖြေရာင္းခ်ၿပီး သင့္စိတ္ကူးကို အတည္ျပဳပါ။

၂။ ဆိုရွယ္မီဒီယာေတြမွာ အခ်ိန္ကုန္ျခင္း
ေအာင္ျမင္တဲ့လုပ္ငန္းတစ္ခုအတြက္ ဆိုရွယ္မီဒီယာေတြက ဘယ္နည္းဘယ္ပံု အေရးႀကီးေၾကာင္း ေရးသားထားတာေတြကို ဖတ္ဖူးမွာပါ။ ဒီအခ်က္ေတြေနာက္ကြယ္က အမွန္တရားတစ္ခုကေတာ့ ဆိုရွယ္မီဒီယာေတြက လုပ္ငန္းတိုးတက္ေစမယ့္ ဗ်ဴဟာတစ္ခု မဟုတ္ဘူးဆိုတာပါပဲ။ သင့္လုပ္ငန္းကို ဆိုရွယ္မီဒီယာေပၚမွာခ်ည္းပဲ မွီခိုအားထားေနလို႔ မျဖစ္ပါဘူး။ သင့္မွာ တကယ္ထိေရာက္တဲ့ ထုတ္ကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈတစ္ခုခု မရွိခဲ့ရင္ ဆိုရွယ္မီဒီယာေတြမွာ ေၾကာ္ျငာတာေတြကလည္း အလဟႆျဖစ္မွာပါ။ ဒါ့ေၾကာင့္ ဆိုရွယ္မီဒီယာေတြၾကားမွာ နစ္ေမ်ာေနမယ့္အစား အမွန္တကယ္အလုပ္လုပ္ရမယ့္ အခ်ိန္ေတြမွာ လုပ္စရာရွိတာေတြကို ေသခ်ာလုပ္ေဆာင္ပါ။ ဆိုရွယ္မီဒီယာေတြ အသံုးျပဳမယ့္အခ်ိန္ကို သတ္မွတ္ထားၿပီး အသံုးျပဳပါ။

၃။ လူတကာ ေျပာသမွ် နားေထာင္ျခင္း
ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတစ္ခု တည္ေထာင္ၿပီဆိုတာနဲ႔ သင့္ရဲ႕မိတ္ေဆြအေပါင္းအသင္းေတြ၊ မိသားစု၀င္ေတြနဲ႔ အဆက္အသြယ္ေတြဆီကေန အားေပးစကားေရာ၊ ျပစ္တင္ေ၀ဖန္သံေတြပါ ၾကားရမွာပါ။ စိတ္ဓာတ္ခြန္အားကို ယုတ္ေလ်ာ့ေစမယ့္ အျပစ္ရွာေျပာစကားေတြ၊ မျဖစ္ႏိုင္ပါဘူး ေ၀ဖန္သံေတြကို လစ္လ်ဴ႐ႈပါ။ ဘာေၾကာင့္လဲဆိုေတာ့ သင္ကိုယ္တုိင္ေရာ၊ သင့္ကို ေ၀ဖန္အၾကံျပဳေနတဲ့သူေတြပါ လုပ္ငန္းနဲ႔ပတ္သက္ၿပီး တကယ္လုပ္မၾကည့္ပဲ ဘာကိုမွ မွန္တယ္၊ မွားတယ္ဆိုတာ မဆံုးျဖတ္ႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ သင့္လုပ္ငန္းအတြက္ သင္နားေထာင္ရမယ့္ လူေတြကေတာ့ ၀ယ္သူေတြပဲ ျဖစ္ပါတယ္။

၄။ ၿပီးျပည့္စံုတဲ့ အခ်ိန္ေကာင္းကို ေစာင့္ျခင္း
လုပ္ငန္းတစ္ခုကို စတင္တည္ေထာင္ဖို႔အတြက္ ၿပီးျပည့္စံုတဲ့အခ်ိန္ေကာင္းဆိုတာ မရွိပါဘူး။ သင့္ရဲ႕ စိတ္ကူးအိပ္မက္ေတြကို ေန႔ေရႊ႕ညေရႊ႕လုပ္ဖို႔ ဆင္ေျခေကာင္းေတြ ျပန္ေပးေနလို႔ ရပါတယ္။ Entrepreneur (စြန္႔ဦးလုပ္ငန္းရွင္)တစ္ေယာက္ျဖစ္ဖို႔အတြက္ သတိၱရွိဖို႔ လိုပါတယ္။ သတိၱရွိရွိနဲ႔ အခ်ိန္ေကာင္းမဟုတ္ရင္ေတာင္ လုပ္စရာရွိတာကို လုပ္ႏိုင္ဖို႔ လိုပါတယ္။ သင့္ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔အတြက္ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ ႀကိဳးစားလုပ္ေဆာင္ၾကည့္၊ အမွားေတြကေန သင္ခန္းစာယူၿပီး အလုပ္ကို မဆုတ္မနစ္ဆက္လုပ္ေနဖို႔ပဲ ျဖစ္ပါတယ္။ ပထမဆံုးေျခလွမ္းကို လွမ္းႏိုင္ၿပီဆိုတာနဲ႔ အရွိန္ရလာၿပီး ပန္းတိုင္ေရာက္သည္အထိ ေနာက္ထပ္ေျခလွမ္းေတြကို လွမ္းႏိုင္သြားမွာ ျဖစ္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္းေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

စွန့်ဦးတစ်ယောက်ဖြစ်ဖို့ အဟန့်အတားဖြစ်စေသည့် အကျင့်ဆိုး(၄)ခု

(Unicode)

Entrepreneur (စွန့်ဦးတီထွင်လုပ်ငန်းရှင်) ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ အားလုံးကြားဖူးကြပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုတာက လုပ်ငန်းတစ်ခု၊ စျေးကွက်တစ်ခုကို စွန့်စွန့်စားစားနဲ့ ဆန်းသစ်တီထွင်တဲ့ ကိုယ်ထူးကိုယ့်ချွန်ပုဂ္ဂိုဟ်လို့ အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ Entrepreneur အပြင် Wantrepreneur ဆိုတဲ့ စကားလုံးပါ ပေါ်ထွက်လာပါတယ်။

Wantrepreneur ဆိုတာကတော့ စီးပွားရေးဆိုင်ရာ စိတ်ကူးအိပ်မက်တစ်ခု ရှိပေမယ့် သူတို့အစီအစဉ်အတိုင်း အမှန်တကယ် လုပ်ဆောင် အကောင်အထည်မဖော်နိုင်သော Entrepreneur (စွန့်ဦးတီထွင်လုပ်ငန်းရှင်)တစ်ယောက် ဖြစ်ချင်သူတစ်ယောက်ကို ဆိုလိုပါတယ်။ စွန့်ဦးလုပ်ငန်းရှင်ဖြစ်ချင်သူေတွေဟာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် တကယ်လုပ်ဖို့ထက် ဆင်ခြေဆင်လက်ပေးဖို့ပဲ အားသန်ကြပါတယ်။ စွန့်ဦးလုပ်ငန်းရှင်အစစ်တွေကတော့ လုပ်ငန်းကို တည်ဆောက်ကြပါတယ်။

ဒီလိုမျိုး Wantrepreneur (စွန့်ဦးလုပ်ငန်းရှင်ဖြစ်ချင်သူ)အဖြစ်ကနေ လုပ်ငန်းတစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်တဲ့ Entrepreneur (စွန့်ဦးတီထွင်လုပ်ငန်းရှင်)တစ်ယောက် ဖြစ်ချင်ရင် အကျင့်ဆိုးတစ်ချို့ကို ဖျောက်နိုင်ဖို့လိုပါတယ်။ Wantrepreneur တွေမှာ ရှိတတ်တဲ့အကျင့်ဆိုး(၄)ခု ရှိပါတယ်။ ဒီအကျင့်ဆိုတွေကို ဖျောက်နိုင်မှ စစ်မှန်တဲ့စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာမှာပါ။

၁။ အပြောပဲရှိပြီး လက်တွေ့မလုပ်ခြင်း
စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်လုပ်ကိုင်တဲ့အခါမှာ လက်တွေ့လုပ်ဆောင်ချက် မပါပဲ ဘာတွေကို ဘယ်လိုလုပ်မယ်ဆိုပြီး စိတ်ကူးကြံစည်ရတာက လွယ်ပါတယ်။ ဒီလို စိတ်ကူးယဉ်နေမယ့်အစား စိတ်ကူးထားတဲ့အတိုင်း ဖြစ်အောင် တဆင့်ချင်းလုပ်ဆောင် အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေရှိတာတွေ၊ လုပ်လို့အဆင်ပြေနိုင်တာတွေကို တွေးပြီးအချိန်ကုန်မနေပါနဲ့။ သင့်လုပ်ငန်းကို တည်ဆောက်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာကို အာရုံစိုက်ပါ။ ပထမဆုံး ၀ယ်သူကို ရအောင် ရှာဖွေရောင်းချပြီး သင့်စိတ်ကူးကို အတည်ပြုပါ။

၂။ ဆိုရှယ်မီဒီယာတွေမှာ အချိန်ကုန်ခြင်း
အောင်မြင်တဲ့လုပ်ငန်းတစ်ခုအတွက် ဆိုရှယ်မီဒီယာတွေက ဘယ်နည်းဘယ်ပုံ အရေးကြီးကြောင်း ရေးသားထားတာတွေကို ဖတ်ဖူးမှာပါ။ ဒီအချက်တွေနောက်ကွယ်က အမှန်တရားတစ်ခုကတော့ ဆိုရှယ်မီဒီယာတွေက လုပ်ငန်းတိုးတက်စေမယ့် ဗျူဟာတစ်ခု မဟုတ်ဘူးဆိုတာပါပဲ။ သင့်လုပ်ငန်းကို ဆိုရှယ်မီဒီယာပေါ်မှာချည်းပဲ မှီခိုအားထားနေလို့ မဖြစ်ပါဘူး။ သင့်မှာ တကယ်ထိရောက်တဲ့ ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုတစ်ခုခု မရှိခဲ့ရင် ဆိုရှယ်မီဒီယာတွေမှာ ကြော်ငြာတာတွေကလည်း အလဟဿဖြစ်မှာပါ။ ဒါ့ကြောင့် ဆိုရှယ်မီဒီယာတွေကြားမှာ နစ်မျောနေမယ့်အစား အမှန်တကယ်အလုပ်လုပ်ရမယ့် အချိန်တွေမှာ လုပ်စရာရှိတာတွေကို သေချာလုပ်ဆောင်ပါ။ ဆိုရှယ်မီဒီယာတွေ အသုံးပြုမယ့်အချိန်ကို သတ်မှတ်ထားပြီး အသုံးပြုပါ။

၃။ လူတကာ ပြောသမျှ နားထောင်ခြင်း
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ပြီဆိုတာနဲ့ သင့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေ၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ်တွေဆီကနေ အားပေးစကားရော၊ ပြစ်တင်ဝေဖန်သံတွေပါ ကြားရမှာပါ။ စိတ်ဓာတ်ခွန်အားကို ယုတ်လျော့စေမယ့် အပြစ်ရှာပြောစကားတွေ၊ မဖြစ်နိုင်ပါဘူး ဝေဖန်သံတွေကို လစ်လျူရှုပါ။ ဘာကြောင့်လဲဆိုတော့ သင်ကိုယ်တိုင်ရော၊ သင့်ကို ဝေဖန်အကြံပြုနေတဲ့သူတွေပါ လုပ်ငန်းနဲ့ပတ်သက်ပြီး တကယ်လုပ်မကြည့်ပဲ ဘာကိုမှ မှန်တယ်၊ မှားတယ်ဆိုတာ မဆုံးဖြတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ သင့်လုပ်ငန်းအတွက် သင်နားထောင်ရမယ့် လူတွေကတော့ ၀ယ်သူတွေပဲ ဖြစ်ပါတယ်။

၄။ ပြီးပြည့်စုံတဲ့ အချိန်ကောင်းကို စောင့်ခြင်း
လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ဖို့အတွက် ပြီးပြည့်စုံတဲ့အချိန်ကောင်းဆိုတာ မရှိပါဘူး။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို နေ့ရွှေ့ညရွှေ့လုပ်ဖို့ ဆင်ခြေကောင်းတွေ ပြန်ပေးနေလို့ ရပါတယ်။ Entrepreneur (စွန့်ဦးလုပ်ငန်းရှင်)တစ်ယောက်ဖြစ်ဖို့အတွက် သတ္တိရှိဖို့ လိုပါတယ်။ သတ္တိရှိရှိနဲ့ အချိန်ကောင်းမဟုတ်ရင်တောင် လုပ်စရာရှိတာကို လုပ်နိုင်ဖို့ လိုပါတယ်။ သင့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ ကြိုးစားလုပ်ဆောင်ကြည့်၊ အမှားတွေကနေ သင်ခန်းစာယူပြီး အလုပ်ကို မဆုတ်မနစ်ဆက်လုပ်နေဖို့ပဲ ဖြစ်ပါတယ်။ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ပြီဆိုတာနဲ့ အရှိန်ရလာပြီး ပန်းတိုင်ရောက်သည်အထိ နောက်ထပ်ခြေလှမ်းတွေကို လှမ်းနိုင်သွားမှာ ဖြစ်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine