လြယ္ကူေပ်ာ္ရႊင္ေသာ ဘ၀တစ္ခုအတြက္ နားလည္ထားသင့္သည့္ အခ်က္မ်ား

လြယ္ကူေပ်ာ္ရႊင္ေသာ ဘ၀တစ္ခုအတြက္ နားလည္ထားသင့္သည့္ အခ်က္မ်ား

(Zawgyi)

လြယ္ကူေပ်ာ္ရႊင္တဲ့ ဘ၀တစ္ခုကို ရရွိႏိုင္ဖို႔အတြက္က အရမ္းမခက္ခဲပါဘူး။ ကၽြန္ေတာ္တို႔ကိုယ္တိုင္နဲ႔ ပတ္၀န္းက်င္က လူေတြအေၾကာင္းကို နားလည္ဖို႔ပဲ လိုပါတယ္။ ကၽြန္ေတာ္တို႔အားလံုးဟာ ပတ္၀န္းက်င္က ေျပာတဲ့စကားေတြ၊ က်႐ံႈးမွာကို စိုးရိမ္စိတ္ေတြနဲ႔ အျခားသူေတြရဲ႕ ရည္ရြယ္ခ်က္နဲ႔ တံု႔ျပန္မႈအေပၚမွာ နားလည္မႈလြဲမွားတာေတြေၾကာင့္ ျဖစ္သင့္တဲ့အလားအလာအထိ ျဖစ္မလာႏိုင္ပဲ ရပ္တန္႔ေနၾကပါတယ္။ ဒီလိုမျဖစ္ဖို႔အတြက္ ကၽြန္ေတာ္တို႔ရဲ႕ ခံယူခ်က္နဲ႔ ယုံၾကည္ခ်က္ေတြကို အားေကာင္းလာေစၿပီး၊ အဆိုးျမင္စိတ္ေတြကို ကန္႔သတ္ထားႏိုင္မယ့္ စိတ္ဓာတ္တစ္ခုရွိဖို႔ လိုပါတယ္။ ဒီလို စိတ္ဓာတ္တစ္ခုကို ရရွိပိုင္ဆိုင္ဖို႔အတြက္ နားလည္လက္ခံရမယ့္ အခ်က္တစ္ခုရွိပါတယ္။

၁။ လူေတြက ကၽြန္ေတာ္တို႔ကို ထင္ထားသေလာက္ အေရးမလုပ္ပါဘူး။
ဒီအခ်က္က လက္ခံရခက္ေပမယ့္ အမွန္တရားပါပဲ။ လူတိုင္းမွာ သူတို႔ကိုယ္ပိုင္ ျပႆနာေတြ၊ အေၾကာင္းအရာေတြနဲ႔ စိတ္မလုံျခံဳမႈေတြ ရွိေနပါတယ္။ ဒါ့ေၾကာင့္ သူတို႔ ဘယ္လိုထင္သလဲဆိုတာကို ဂရုစုိက္ၿပီး သူတို႔ေမွ်ာ္လင့္တဲ့အတိုင္းျဖစ္ေအာင္ လုပ္ေနတာက မလိုအပ္ပါဘူး။ တကယ္ေတာ့ လူေတြဘယ္လိုထင္မလဲဆိုၿပီး ယုံၾကည္ေနတာေတြက ကၽြန္ေတာ္တို႔ကိုယ္တိုင္စိတ္ထဲက ဖန္တီးထားတဲ့ ထင္ျမင္ခ်က္ေတြပဲျဖစ္ပါတယ္။ အျခားသူေတြ ဘယ္လိုထင္မလဲဆိုတာ စိုးရိမ္မေနပဲ ကိုယ့္ဘ၀နဲ႔ ကိုယ္ေနႏိုင္မယ္ဆိုရင္ ေပ်ာ္ရႊင္မႈကို ရရွိမွာပါ။

၂။ ကၽြန္ေတာ္တို႔အားလံုးက အျမဲတမ္းေျပာင္းလဲေနၾကတယ္။
သင့္အေနနဲ႔ လြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းကလည္း ဒီအတိုင္းပဲ၊ ေနာက္ဆယ္ႏွစ္ေနရင္လည္း ဒီအတိုင္းပဲ ခံစားေတြးေခၚမွာပဲ လို႔ ထင္ေကာင္းထင္ေနႏိုင္ပါတယ္။ ဒါေပမယ့္ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ အတိတ္၊ လက္ရွိပစၥဳပၸန္နဲ႔ အနာဂတ္ေတြ အားလံုးက မတည္ျမဲပါဘူး။ ကၽြန္ေတာ္တို့ရဲ႕ ခံယူခ်က္ေတြက ဘ၀အေျခအေနနဲ႔ အေတြ႕အၾကံဳေပၚကို လုိက္ၿပီး ေျပာင္းလဲေနတာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဆံုးျဖတ္ခ်က္ခ်တိုင္းမွာ အျခားဘယ္သူ႔စကားကိုမွ နားေယာင္မေနပဲ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ျဖစ္သင့္ပါတယ္။ အနာဂတ္မွာ ကၽြန္ေတာ္တို႔ ဘာျဖစ္မလဲမသိႏိုင္သလို အတိတ္ဆိုတာကလည္း ၿပီးဆံုးသြားပါၿပီ။ လက္ရွိအခ်ိန္က အဖိုးတန္ဆံုးပါပဲ။

၃။ မိမိကိုယ္ကို အျခားသူေတြနဲ႔ ႏႈိင္းယွဥ္တာကို ရပ္လိုက္ပါ။
ဆိုရွယ္မီဒီယာေတြမွာ လူေတြက အေကာင္းဆံုးအခိုက္အတန္႔ေလးေတြကိုပဲ တင္တတ္ၾကပါတယ္။ ဒီလိုနဲ႔ သူတို႔ရဲ႕ အေကာင္းဆံုးအခ်ိန္ေတြကို ကၽြန္ေတာ္တို႔ရဲ႕ဘ၀နဲ႔ ႏႈိင္းယွဥ္ၾကည့္မိဖို႔က လြယ္ပါတယ္။ တကယ္ေတာ့ လူတိုင္းက သူတို႔ရဲ႕အေကာင္းဆံုးအရာေတြကိုပဲ ထုတ္ျပခ်င္ၿပီး၊ သိမ္ငယ္စရာေတြ၊ အားနည္းခ်က္ေတြကို မျပခ်င္ၾကပါဘူး။ ေသခ်ာတာတစ္ခုကေတာ့ လူတိုင္းမွာ အားနည္းခ်က္ရွိပါတယ္။ အျခားသူေတြကိုၾကည့္ၿပီး သူတို႔ဘ၀ အဆင္ေျပေနတာ၊ ကၽြန္ေတာ္တို႔ထက္ ပိုေကာင္းတာကို ၾကည့္ၿပီး အားငယ္ေနတာက အလကားအခ်ိန္ကုန္ေစတာပဲျဖစ္ပါတယ္။ လူတိုင္းမွာ သူ႔အပူနဲ႔သူရွိပါတယ္။ ၿပီးျပည့္စံုေနတဲ့သူဆိုတာ မရွိသေလာက္ ရွားပါတယ္။

၄။ သင့္အၾကံဥာဏ္ကို နားေထာင္မယ္လို႔ မယူဆပါနဲ႔။
အသိမိတ္ေဆြတစ္ေယာက္ရဲ႕ ျပႆနာကို ကူညီေျဖရွင္းေပးတဲ့အေနနဲ႔ အၾကံေပးလိုက္ေပမယ့္ နားမေထာင္တာမ်ိဳး ၾကံဳဖူးပါသလား။ သင္ကေတာ့ ေစတနာနဲ႔ ကူညီေပမယ့္ လက္မခံတဲ့အတြက္ စိတ္ပ်က္မိပါလိမ့္မယ္။ လူေတြက သူတို႔ကိုယ္ပိုင္အေတြ႕အၾကံဳေတြ၊ အသိအျမင္ေတြေပၚမွာပဲ ခံယူခ်က္ေတြက ေျပာင္းလဲတတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကို အေရးမလုပ္ဘူးလို႔ ခံစားမေနပဲ။ သူတို႔အေၾကာင္းနဲ႔ သူတို႔ ရွိပါေစ။

၅။ သင္ ဘယ္လိုတုံ႔ျပန္မလဲဆိုတာကိုပဲ ထိန္းခ်ဳပ္ႏိုင္တယ္။
ျပႆနာတစ္ခု၊ အေျခအေနတစ္ခုကို သင္ ဘယ္လိုတုံ႔ျပန္မလဲဆိုတာက ျဖစ္ေနတဲ့ျပႆနာ၊ အေျခအေနထက္ကို ပိုၿပီးအေရးႀကီးပါတယ္။ ဘ၀မွာ ေပ်ာ္ရႊင္ရဖို႔အတြက္ စိတ္ေနစိတ္ထားက အရာအားလံုးပါပဲ။ သင့္ရဲ႕ အေတြး၊ ခံစားခ်က္၊ စိတ္အေျခအေနကို လိုက္ၿပီး တုံ႔ျပန္မလား၊ အျခားပိုေကာင္းတဲ့နည္းလမ္းတစ္ခုနဲ႔ တုံ႔ျပန္မလားဆိုတာကို ေရြးခ်ယ္လို႔ ရပါတယ္။ မေကာင္းတဲ့အေျခအေနတစ္ခုမွာဆိုရင္ ခက္ခဲေပမယ့္ အခ်ိန္အနည္းငယ္ေလာက္ယူၿပီး ဘယ္လိုတုံ႔ျပန္မလဲဆိုတာကို စဥ္းစားေရြးခ်ယ္ႏိုင္ေအာင္ ေလ့က်င့္ထားပါ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++

လွယ်ကူပျော်ရွှင်သော ဘဝတစ်ခုအတွက် နားလည်ထားသင့်သည့် အချက်များ

(Unicode)

လွယ်ကူပျော်ရွှင်တဲ့ ဘဝတစ်ခုကို ရရှိနိုင်ဖို့အတွက်က အရမ်းမခက်ခဲပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်က လူတွေအကြောင်းကို နားလည်ဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့အားလုံးဟာ ပတ်ဝန်းကျင်က ပြောတဲ့စကားတွေ၊ ကျရှုံးမှာကို စိုးရိမ်စိတ်တွေနဲ့ အခြားသူတွေရဲ့ ရည်ရွယ်ချက်နဲ့ တုံ့ပြန်မှုအပေါ်မှာ နားလည်မှုလွဲမှားတာတွေကြောင့် ဖြစ်သင့်တဲ့အလားအလာအထိ ဖြစ်မလာနိုင်ပဲ ရပ်တန့်နေကြပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ခံယူချက်နဲ့ ယုံကြည်ချက်တွေကို အားကောင်းလာစေပြီး၊ အဆိုးမြင်စိတ်တွေကို ကန့်သတ်ထားနိုင်မယ့် စိတ်ဓာတ်တစ်ခုရှိဖို့ လိုပါတယ်။ ဒီလို စိတ်ဓာတ်တစ်ခုကို ရရှိပိုင်ဆိုင်ဖို့အတွက် နားလည်လက်ခံရမယ့် အချက်တစ်ခုရှိပါတယ်။

၁။ လူတွေက ကျွန်တော်တို့ကို ထင်ထားသလောက် အရေးမလုပ်ပါဘူး။
ဒီအချက်က လက်ခံရခက်ပေမယ့် အမှန်တရားပါပဲ။ လူတိုင်းမှာ သူတို့ကိုယ်ပိုင် ပြဿနာတွေ၊ အကြောင်းအရာတွေနဲ့ စိတ်မလုံခြုံမှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ ဘယ်လိုထင်သလဲဆိုတာကို ဂရုစိုက်ပြီး သူတို့မျှော်လင့်တဲ့အတိုင်းဖြစ်အောင် လုပ်နေတာက မလိုအပ်ပါဘူး။ တကယ်တော့ လူတွေဘယ်လိုထင်မလဲဆိုပြီး ယုံကြည်နေတာတွေက ကျွန်တော်တို့ကိုယ်တိုင်စိတ်ထဲက ဖန်တီးထားတဲ့ ထင်မြင်ချက်တွေပဲဖြစ်ပါတယ်။ အခြားသူတွေ ဘယ်လိုထင်မလဲဆိုတာ စိုးရိမ်မနေပဲ ကိုယ့်ဘဝနဲ့ ကိုယ်နေနိုင်မယ်ဆိုရင် ပျော်ရွှင်မှုကို ရရှိမှာပါ။

၂။ ကျွန်တော်တို့အားလုံးက အမြဲတမ်းပြောင်းလဲနေကြတယ်။
သင့်အနေနဲ့ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကလည်း ဒီအတိုင်းပဲ၊ နောက်ဆယ်နှစ်နေရင်လည်း ဒီအတိုင်းပဲ ခံစားတွေးခေါ်မှာပဲ လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အတိတ်၊ လက်ရှိပစ္စုပ္ပန်နဲ့ အနာဂတ်တွေ အားလုံးက မတည်မြဲပါဘူး။ ကျွန်တော်တို့ရဲ့ ခံယူချက်တွေက ဘဝအခြေအနေနဲ့ အတွေ့အကြံုပေါ်ကို လိုက်ပြီး ပြောင်းလဲနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆုံးဖြတ်ချက်ချတိုင်းမှာ အခြားဘယ်သူ့စကားကိုမှ နားယောင်မနေပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သင့်ပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ ဘာဖြစ်မလဲမသိနိုင်သလို အတိတ်ဆိုတာကလည်း ပြီးဆုံးသွားပါပြီ။ လက်ရှိအချိန်က အဖိုးတန်ဆုံးပါပဲ။

၃။ မိမိကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်တာကို ရပ်လိုက်ပါ။
ဆိုရှယ်မီဒီယာတွေမှာ လူတွေက အကောင်းဆုံးအခိုက်အတန့်လေးတွေကိုပဲ တင်တတ်ကြပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော်တို့ရဲ့ဘဝနဲ့ နှိုင်းယှဉ်ကြည့်မိဖို့က လွယ်ပါတယ်။ တကယ်တော့ လူတိုင်းက သူတို့ရဲ့အကောင်းဆုံးအရာတွေကိုပဲ ထုတ်ပြချင်ပြီး၊ သိမ်ငယ်စရာတွေ၊ အားနည်းချက်တွေကို မပြချင်ကြပါဘူး။ သေချာတာတစ်ခုကတော့ လူတိုင်းမှာ အားနည်းချက်ရှိပါတယ်။ အခြားသူတွေကိုကြည့်ပြီး သူတို့ဘဝ အဆင်ပြေနေတာ၊ ကျွန်တော်တို့ထက် ပိုကောင်းတာကို ကြည့်ပြီး အားငယ်နေတာက အလကားအချိန်ကုန်စေတာပဲဖြစ်ပါတယ်။ လူတိုင်းမှာ သူ့အပူနဲ့သူရှိပါတယ်။ ပြီးပြည့်စုံနေတဲ့သူဆိုတာ မရှိသလောက် ရှားပါတယ်။

၄။ သင့်အကြံဉာဏ်ကို နားထောင်မယ်လို့ မယူဆပါနဲ့။
အသိမိတ်ဆွေတစ်ယောက်ရဲ့ ပြဿနာကို ကူညီဖြေရှင်းပေးတဲ့အနေနဲ့ အကြံပေးလိုက်ပေမယ့် နားမထောင်တာမျိုး ကြံုဖူးပါသလား။ သင်ကတော့ စေတနာနဲ့ ကူညီပေမယ့် လက်မခံတဲ့အတွက် စိတ်ပျက်မိပါလိမ့်မယ်။ လူတွေက သူတို့ကိုယ်ပိုင်အတွေ့အကြံုတွေ၊ အသိအမြင်တွေပေါ်မှာပဲ ခံယူချက်တွေက ပြောင်းလဲတတ်ပါတယ်။ ဒါ့ကြောင့် သင့်ကို အရေးမလုပ်ဘူးလို့ ခံစားမနေပဲ။ သူတို့အကြောင်းနဲ့ သူတို့ ရှိပါစေ။

၅။ သင် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုပဲ ထိန်းချုပ်နိုင်တယ်။
ပြဿနာတစ်ခု၊ အခြေအနေတစ်ခုကို သင် ဘယ်လိုတုံ့ပြန်မလဲဆိုတာက ဖြစ်နေတဲ့ပြဿနာ၊ အခြေအနေထက်ကို ပိုပြီးအရေးကြီးပါတယ်။ ဘဝမှာ ပျော်ရွှင်ရဖို့အတွက် စိတ်နေစိတ်ထားက အရာအားလုံးပါပဲ။ သင့်ရဲ့ အတွေး၊ ခံစားချက်၊ စိတ်အခြေအနေကို လိုက်ပြီး တုံ့ပြန်မလား၊ အခြားပိုကောင်းတဲ့နည်းလမ်းတစ်ခုနဲ့ တုံ့ပြန်မလားဆိုတာကို ရွေးချယ်လို့ ရပါတယ်။ မကောင်းတဲ့အခြေအနေတစ်ခုမှာဆိုရင် ခက်ခဲပေမယ့် အချိန်အနည်းငယ်လောက်ယူပြီး ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စဉ်းစားရွေးချယ်နိုင်အောင် လေ့ကျင့်ထားပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%