ေခါင္းေဆာင္တစ္ေယာက္ျဖစ္ခ်င္ရင္ ဒီအခ်က္(၇)ခုကို လုပ္ေဆာင္ပါ

(Zawgyi)

သင့္အေနနဲ႔ေခါင္းေဆာင္တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ လုပ္ေဆာင္ရမယ့္ နည္းလမ္းတစ္ခ်ိဳ႕ရွိပါတယ္။ ဒီနည္းလမ္းေတြနဲ႔ဆိုရင္ လုပ္ေဖာ္ကိုင္ဖက္ေတြၾကားမွာ ထူးျခားတဲ့၀န္ထမ္းတစ္ေယာက္ျဖစ္လာၿပီး အနာဂတ္မွာ ေခါင္းေဆာင္ျဖစ္ဖို႔ ေသခ်ာပါတယ္။

၁။ အဖြဲ႕အစည္းလိုက္ ေဆာင္ရြက္တတ္ပါေစ။
ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔အတြက္ အဖြဲ႕အစည္းကို ဦးစားေပးစိတ္ဓာတ္ရွိၿပီး ပူးေပါင္းေဆာင္ရြက္တတ္ရမွာ ျဖစ္ပါတယ္။ သင့္ရဲ႕အဖြဲ႕အတြင္းမွာ ရင္ဆိုင္ၾကံဳေတြ႕ရတဲ့ ျပႆနာေတြ၊ အလုပ္ေတြကို ကူညီေဆာင္ရြက္ေပးပါ။

၂။ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ဦးေဆာင္ပါ။
ေခါင္းေဆာင္ဆိုတာက သတ္မွတ္ထားမွ ျဖစ္တာမဟုတ္ပါဘူး။ အနည္းငယ္ခက္ခဲႏိုင္ေပမယ့္ သင့္ကို ေခါင္းေဆာင္တစ္ေယာက္အျဖစ္ သတိျပဳမိႏိုင္ဖို႔အတြက္ လုပ္ရမွာက ဦးေဆာင္ႏိုင္စြမ္းရွိဖို႔ ပဲျဖစ္ပါတယ္။ ေျပာဆိုဆက္ဆံမႈ အရည္အခ်င္းေကာင္းမြန္ၿပီး အျခားသူေတြမလုပ္ခ်င္တဲ့ ခက္ခက္ခဲခဲအလုပ္ေတြကို တာ၀န္ယူျခင္းက ေခါင္းေဆာင္တစ္ေယာက္ရဲ႕ ပုံစံျဖစ္ပါတယ္။

၃။ ကၽြမ္းက်င္သူျဖစ္ပါေစ အရည္အခ်င္းသစ္ေတြကို ေလ့လာသင္ယူပါ။
လက္ရွိေနရာမွာ အေကာင္းဆံုးလုပ္ႏိုင္မယ္ဆိုရင္ ေခါင္းေဆာင္ႏိုင္သူတစ္ေယာက္အျဖစ္ သတိျပဳခံရဖို႔ လြယ္ပါတယ္။ ဒါ့အျပင္ အလုပ္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္အသံုး၀င္ႏိုင္တဲ့ ပညာေတြ၊ အရည္အခ်င္းေတြကို ထပ္ၿပီးေလ့လာထား၇မွာ ျဖစ္ပါတယ္။ သင့္အလုပ္နဲ႔ပတ္သက္တဲ့ ေနာက္ဆံုးတိုးတက္မႈ အခ်က္အလက္ေတြကိုလည္း သိရွိေနပါေစ။

၄။ ေ၀ဖန္အၾကံျပဳမႈေတြကို လက္ခံပါ၊ တိုးတက္မႈအတြက္ အသံုးခ်ပါ။
သင့္ရဲ႕ အထက္လူႀကီးဆီကေန သင့္နဲ႔ပတ္သက္တဲ့ အၾကံျပဳခ်က္ေတြကို ေတာင္ဆိုးပါ။ ဒီလိုလုပ္တဲ့ေနရာမွာ အခက္အခဲအနည္းငယ္ရွိႏိုင္ေပမယ့္ သင့္ရဲ႕လက္ရွိအေျခအေနနဲ႔ ရပ္မေနဘူးဆိုတာနဲ႔ အလုပ္မွာတိုးတက္ဖို႔၊ အမွားေတြကေန သင္ခန္းစာယူဖို႔ ဆႏၵရွိေနတယ္ဆိုတာကို ျပသႏိုင္ပါတယ္။ သင့္အေနနဲ႔ ေ၀ဖန္ခံရရင္ ဒါမွမဟုတ္ အမွားလုပ္မိရင္ ေ၀ဖန္ျပစ္တင္မႈကို လက္ခံလိုက္ပါ။ ေနာက္တစ္ခါ ဒီလိုမျဖစ္ေအာင္ ဘယ္လိုလုပ္ေဆာင္ရမလဲဆိုတာကို သင့္အထက္လူႀကီးဆီကေန နာခံပါ။

၅။ ၀ယ္သူေတြရဲ႕ လိုအပ္ခ်က္ကို နားလည္ေၾကာင္း ျပသပါ။
သင့္လုပ္ကိုင္ေနတဲ့ လုပ္ငန္းထဲက ထုတ္ကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈေတြအေၾကာင္းကို ေကာင္းေကာင္းသိထားၿပီး တိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြေနရမွာ ျဖစ္ပါတယ္။ ၀ယ္သူေတြနဲ႔ ဆက္ဆံႏိုင္တဲ့အခ်ိန္တိုင္းကို အခြင့္အေရးအျဖစ္အသံုးခ်ၿပီး သူတို႔ရဲ႕လိုအပ္ခ်က္နဲ႔ သေဘာထားေတြကို ေလ့လာပါ။

၆။ ေျပာဆိုဆက္သြယ္မႈ ေကာင္းမြန္ေအာင္ ေလ့လာသင္ယူပါ။
ေခါင္းေဆာင္ျဖစ္ခ်င္တဲ့သူေတြဟာ အေျပာအဆိုနဲ႔ အေရးအသားပိုင္းမွာ ေကာင္းမြန္ဖို႔ လိုပါတယ္။ ေျပာခ်င္တဲ့စကား၊ ဆိုလိုခ်င္တဲ့အဓိပၸါယ္ကို ရွင္းရွင္းလင္းလင္း နားလည္ေအာင္ ေျပာဆိုေရးသားႏိုင္စြမ္းရွိေအာင္ ေလ့လာသင္ယူပါ။ ယုံၾကည္မႈရွိရွိနဲ႔ တိတိက်က်ေျပာဆိုပါ။ စိတ္ခံစားမႈနဲ႔ ေျပာဆိုတာမ်ိဳး မလုပ္ပါနဲ႔။

၇။ ကိုယ္က်ိဳးထက္ အဖြဲ႔အစည္း ေကာင္းက်ိဳးကို ဦးစားေပးလုပ္ေဆာင္ပါ။
လုပ္ငန္းခြင္ထဲက အထက္လူႀကီးေတြဟာ အလုပ္နဲ႔ အဖြဲ႕အစည္းေပၚကို သစၥာေစာင့္သိၿပီး အက်ိဳးရွိေအာင္ ႀကိဳးစားလုပ္ေဆာင္ေပးခ်င္သူေတြကို မ်က္စိက်တတ္ပါတယ္။ ဒါ့ေၾကာင့္ အလုပ္နဲ႔ အဖြဲ႕အစည္းရဲ႕ အက်ိဳးကို ေရွးရႈလုပ္ေဆာင္ပါ။ လုပ္ေဆာင္ခ်က္ေၾကာင့္ မ်က္ႏွာရစရာရွိရင္ အားလံုးကိုမွ်ေပးပါ။ တစ္ေယာက္တည္း နာမည္ေကာင္းမယူပါနဲ႔။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++

ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်ရင် ဒီအချက်(၇)ခုကို လုပ်ဆောင်ပါ

(Unicode)

သင့်အနေနဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လုပ်ဆောင်ရမယ့် နည်းလမ်းတစ်ချို့ရှိပါတယ်။ ဒီနည်းလမ်းတွေနဲ့ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ထူးခြားတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး အနာဂတ်မှာ ခေါင်းဆောင်ဖြစ်ဖို့ သေချာပါတယ်။

၁။ အဖွဲ့အစည်းလိုက် ဆောင်ရွက်တတ်ပါစေ။
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အဖွဲ့အစည်းကို ဦးစားပေးစိတ်ဓာတ်ရှိပြီး ပူးပေါင်းဆောင်ရွက်တတ်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့အဖွဲ့အတွင်းမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ အလုပ်တွေကို ကူညီဆောင်ရွက်ပေးပါ။

၂။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဦးဆောင်ပါ။
ခေါင်းဆောင်ဆိုတာက သတ်မှတ်ထားမှ ဖြစ်တာမဟုတ်ပါဘူး။ အနည်းငယ်ခက်ခဲနိုင်ပေမယ့် သင့်ကို ခေါင်းဆောင်တစ်ယောက်အဖြစ် သတိပြုမိနိုင်ဖို့အတွက် လုပ်ရမှာက ဦးဆောင်နိုင်စွမ်းရှိဖို့ ပဲဖြစ်ပါတယ်။ ပြောဆိုဆက်ဆံမှု အရည်အချင်းကောင်းမွန်ပြီး အခြားသူတွေမလုပ်ချင်တဲ့ ခက်ခက်ခဲခဲအလုပ်တွေကို တာဝန်ယူခြင်းက ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံစံဖြစ်ပါတယ်။

၃။ ကျွမ်းကျင်သူဖြစ်ပါစေ အရည်အချင်းသစ်တွေကို လေ့လာသင်ယူပါ။
လက်ရှိနေရာမှာ အကောင်းဆုံးလုပ်နိုင်မယ်ဆိုရင် ခေါင်းဆောင်နိုင်သူတစ်ယောက်အဖြစ် သတိပြုခံရဖို့ လွယ်ပါတယ်။ ဒါ့အပြင် အလုပ်နဲ့ပတ်သက်ပြီး နောက်ထပ်အသုံးဝင်နိုင်တဲ့ ပညာတွေ၊ အရည်အချင်းတွေကို ထပ်ပြီးလေ့လာထားရမှာ ဖြစ်ပါတယ်။ သင့်အလုပ်နဲ့ပတ်သက်တဲ့ နောက်ဆုံးတိုးတက်မှု အချက်အလက်တွေကိုလည်း သိရှိနေပါစေ။

၄။ ဝေဖန်အကြံပြုမှုတွေကို လက်ခံပါ၊ တိုးတက်မှုအတွက် အသုံးချပါ။
သင့်ရဲ့ အထက်လူကြီးဆီကနေ သင့်နဲ့ပတ်သက်တဲ့ အကြံပြုချက်တွေကို တောင်ဆိုးပါ။ ဒီလိုလုပ်တဲ့နေရာမှာ အခက်အခဲအနည်းငယ်ရှိနိုင်ပေမယ့် သင့်ရဲ့လက်ရှိအခြေအနေနဲ့ ရပ်မနေဘူးဆိုတာနဲ့ အလုပ်မှာတိုးတက်ဖို့၊ အမှားတွေကနေ သင်ခန်းစာယူဖို့ ဆန္ဒရှိနေတယ်ဆိုတာကို ပြသနိုင်ပါတယ်။ သင့်အနေနဲ့ ဝေဖန်ခံရရင် ဒါမှမဟုတ် အမှားလုပ်မိရင် ဝေဖန်ပြစ်တင်မှုကို လက်ခံလိုက်ပါ။ နောက်တစ်ခါ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို သင့်အထက်လူကြီးဆီကနေ နာခံပါ။

၅။ ၀ယ်သူတွေရဲ့ လိုအပ်ချက်ကို နားလည်ကြောင်း ပြသပါ။
သင့်လုပ်ကိုင်နေတဲ့ လုပ်ငန်းထဲက ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုတွေအကြောင်းကို ကောင်းကောင်းသိထားပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေရမှာ ဖြစ်ပါတယ်။ ၀ယ်သူတွေနဲ့ ဆက်ဆံနိုင်တဲ့အချိန်တိုင်းကို အခွင့်အရေးအဖြစ်အသုံးချပြီး သူတို့ရဲ့လိုအပ်ချက်နဲ့ သဘောထားတွေကို လေ့လာပါ။

၆။ ပြောဆိုဆက်သွယ်မှု ကောင်းမွန်အောင် လေ့လာသင်ယူပါ။
ခေါင်းဆောင်ဖြစ်ချင်တဲ့သူတွေဟာ အပြောအဆိုနဲ့ အရေးအသားပိုင်းမှာ ကောင်းမွန်ဖို့ လိုပါတယ်။ ပြောချင်တဲ့စကား၊ ဆိုလိုချင်တဲ့အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားလည်အောင် ပြောဆိုရေးသားနိုင်စွမ်းရှိအောင် လေ့လာသင်ယူပါ။ ယုံကြည်မှုရှိရှိနဲ့ တိတိကျကျပြောဆိုပါ။ စိတ်ခံစားမှုနဲ့ ပြောဆိုတာမျိုး မလုပ်ပါနဲ့။

၇။ ကိုယ်ကျိုးထက် အဖွဲ့အစည်း ကောင်းကျိုးကို ဦးစားပေးလုပ်ဆောင်ပါ။
လုပ်ငန်းခွင်ထဲက အထက်လူကြီးတွေဟာ အလုပ်နဲ့ အဖွဲ့အစည်းပေါ်ကို သစ္စာစောင့်သိပြီး အကျိုးရှိအောင် ကြိုးစားလုပ်ဆောင်ပေးချင်သူတွေကို မျက်စိကျတတ်ပါတယ်။ ဒါ့ကြောင့် အလုပ်နဲ့ အဖွဲ့အစည်းရဲ့ အကျိုးကို ရှေးရှုလုပ်ဆောင်ပါ။ လုပ်ဆောင်ချက်ကြောင့် မျက်နှာရစရာရှိရင် အားလုံးကိုမျှပေးပါ။ တစ်ယောက်တည်း နာမည်ကောင်းမယူပါနဲ့။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine