အဆီက်၀ိတ္ေလ်ာ့ေစႏိုင္မည့္ ရိုးရွင္းလြယ္ကူးသည့္ နည္းလမ္း (၅)ခု

(Zawgyi)

၁။ ပရိုတင္းဓာတ္ကို ဦးစားေပးပါ။
ၾကက္သား၊ ဥအမ်ိဳးမ်ိဳးနဲ႔ အျခားအသားဓာတ္ၾကြယ္၀တဲ့စားေသာက္ဖြယ္ရာေတြက ၾကြက္သားႀကီးထြားေစဖိုပပဲ မဟုတ္ပါဘူး။ အသားဓာတ္(ပရိုတင္း)ဟာ တင္းတိမ္ေစၿပီး အျခားအဟာရဓာတ္ေတြထက္ အစာေခ်ဖ်က္ဖို႔ စြမ္းအင္ပိုၿပီး လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ အစားစားတဲ့အခ်ိန္တိုင္းမွာ၊ ၾကက္သား၊ ပုဇြန္နဲ႔ ပဲအမ်ိဳးမ်ိဳးတို႔လို႔ အသားဓာတ္ၾကြယ္၀တဲ့ စားစရာေတြ ထည့္ထားေပးပါ။

၂။ အခ်ိန္ေစာေစာ စားေသာက္ပါ။
သင့္ရဲ႕ခႏၶာကိုယ္မွာ ဇီ၀နာရီတစ္ခုရွိပါတယ္။ ဒီနာရီက ခႏၶာကိုယ္ထဲက ဆဲလ္တိုင္းကို လႈံ႔ေဆာ္ေနၿပီး ဇီ၀ကမၼျဖစ္စဥ္နဲ႔ အိပ္စက္မႈအေလ့အက်င့္ေတြကို လႊမ္းမိုးခ်ဳပ္ကိုင္ထားပါတယ္။ ေလ့လာမႈေတြအရ မနက္စာစားၿပီး ဇီ၀နာရီရဲ႕လႈံ႕ေဆာ္မႈေၾကာင့္ ခႏၶာကိုယ္က ဆာေလာင္မြတ္သိပ္မႈကို မျပသခင္မွာ ေန႔လည္စာကို ေစာေစာစားသံုးေပမယ့္ဆိုရင္ အဆီေတြကို ပိုမိုေလာင္ကၽြမ္းေစၿပီး ကိုယ္အေလးခ်ိန္ကို က်ေစတယ္လို႔ ဆိုပါတယ္။

၃။ အလုပ္ကို ပိုလုပ္ပါ။
ရုပ္ပိုင္းဆိုင္ရာအလုပ္ေတြကို ပိုၿပီးေတာ့ ပင္ပင္ပန္းပန္းလုပ္ရသူေတြက အဆီပိုေတြ ေလာင္ကၽြမ္းၿပီး ကိုယ္အေလးခ်ိန္ကို ရွိသင့္တဲ့အေနအထားမွာ ထိန္းထားႏိုင္ပါတယ္။ လယ္သမားေတြ၊ လက္သမားေတြနဲ႔ အျခားအလုပ္ၾကမ္းသမားေတြကိုၾကည့္ပါ။ သင့္အေနနဲ႔ အဆီခ်၀ိတ္ေလွ်ာ့ဖို႔အတြက္ လယ္ကြင္းထဲဆင္းလုပ္စရာမလုိပါဘူး။ ကယ္လိုရီေတြ ပိုမိုေလာင္ကၽြမ္းေစဖို႔အတြက္ အခ်ိန္ႏွစ္နာရီအတြင္း အကြာအေ၀း(၈)မိုင္ေရာက္ေအာင္ ခပ္သြက္သြက္လမ္းေလွ်ာက္တာ၊ အကြာအေ၀း(၇)မိုင္ကို အခ်ိန္တစ္နာရီအတြင္း ေျပးတာ ဒါမွမဟုတ္ တစ္ေန႔ကို မိနစ္(၅၀)ေလာက္ စက္ဘီးနင္းတာေတြ လုပ္လို႔ ရပါတယ္။

၄။ ငါးမ်ားမ်ားစားပါ။
ငါးမွာပါ၀င္တဲ့ အိုမီဂါသရီးဖက္တီးအက္ဆစ္ေတြက ခႏၶာကိုယ္အတြက္ မလိုအပ္တဲ့အဆီေတြကို ေခ်ဖ်က္ေပးႏိုင္ပါတယ္။ ငါး၊ သံလြင္ဆီ၊ ၾကက္သား၊ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္၊ ပဲအမ်ိဳးမ်ိဳးနဲ႔ ၀ိုင္နီတို႔ကို သံုးေဆာင္ေပးျခင္းအားျဖင့္ အမွ်င္ဓာတ္နဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြက အဆီပိုေတြကို ေခ်ဖ်က္ၿပီး ဇီ၀ကမၼျဖစ္စဥ္ကို တိုးတက္ေကာင္းမြန္ေစပါတယ္။

၅။ Green Tea ေသာက္သံုးပါ။
လက္ဖက္စိမ္းမွာ ပါ၀င္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြက ခႏၶာကိုယ္အတြင္း သၾကားဓာတ္ကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လက္ဖက္စိမ္း ေရေႏြးကို တစ္ေန႔ကို တစ္ဖန္ခြက္ေလာက္ သံုးေသာက္ဖို႔ လိုပါတယ္။ ပံုမွန္လစ္ပတန္တီး က ပိုၿပီးအက်ိဳးရွိပါတယ္။ လက္ဖက္စိမ္းေျခာက္ကို ေရအပူခ်ိန္(၁၈၅) ဒီဂရီဖာရင္ဟိုက္မွာ သံုးမိနစ္ခန္႔ စိမ္ထားပါ။ ဒီလိုဆိုရင္ အနံ႔အရသာပိုေကာင္းသလို ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပိုၿပီးရရွိမွာျဖစ္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++

အဆီကျဝိတ်လျော့စေနိုင်မည့် ရိုးရှင်းလွယ်ကူးသည့် နည်းလမ်း (၅)ခု

(Unicode)

၁။ ပရိုတင်းဓာတ်ကို ဦးစားပေးပါ။
ကြက်သား၊ ဥအမျိုးမျိုးနဲ့ အခြားအသားဓာတ်ကြွယ်ဝတဲ့စားသောက်ဖွယ်ရာတွေက ကြွက်သားကြီးထွားစေဖိုပပဲ မဟုတ်ပါဘူး။ အသားဓာတ်(ပရိုတင်း)ဟာ တင်းတိမ်စေပြီး အခြားအဟာရဓာတ်တွေထက် အစာချေဖျက်ဖို့ စွမ်းအင်ပိုပြီး လိုအပ်ပါတယ်။ ဒါ့ကြောင့် အစားစားတဲ့အချိန်တိုင်းမှာ၊ ကြက်သား၊ ပုဇွန်နဲ့ ပဲအမျိုးမျိုးတို့လို့ အသားဓာတ်ကြွယ်ဝတဲ့ စားစရာတွေ ထည့်ထားပေးပါ။

၂။ အချိန်စောစော စားသောက်ပါ။
သင့်ရဲ့ခန္ဓာကိုယ်မှာ ဇီဝနာရီတစ်ခုရှိပါတယ်။ ဒီနာရီက ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းကို လှုံ့ဆော်နေပြီး ဇီဝကမ္မဖြစ်စဉ်နဲ့ အိပ်စက်မှုအလေ့အကျင့်တွေကို လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ လေ့လာမှုတွေအရ မနက်စာစားပြီး ဇီဝနာရီရဲ့လှုံ့ဆော်မှုကြောင့် ခန္ဓာကိုယ်က ဆာလောင်မွတ်သိပ်မှုကို မပြသခင်မှာ နေ့လည်စာကို စောစောစားသုံးပေမယ့်ဆိုရင် အဆီတွေကို ပိုမိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ကျစေတယ်လို့ ဆိုပါတယ်။

၃။ အလုပ်ကို ပိုလုပ်ပါ။
ရုပ်ပိုင်းဆိုင်ရာအလုပ်တွေကို ပိုပြီးတော့ ပင်ပင်ပန်းပန်းလုပ်ရသူတွေက အဆီပိုတွေ လောင်ကျွမ်းပြီး ကိုယ်အလေးချိန်ကို ရှိသင့်တဲ့အနေအထားမှာ ထိန်းထားနိုင်ပါတယ်။ လယ်သမားတွေ၊ လက်သမားတွေနဲ့ အခြားအလုပ်ကြမ်းသမားတွေကိုကြည့်ပါ။ သင့်အနေနဲ့ အဆီချဝိတ်လျှော့ဖို့အတွက် လယ်ကွင်းထဲဆင်းလုပ်စရာမလိုပါဘူး။ ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေဖို့အတွက် အချိန်နှစ်နာရီအတွင်း အကွာအဝေး(၈)မိုင်ရောက်အောင် ခပ်သွက်သွက်လမ်းလျှောက်တာ၊ အကွာအဝေး(၇)မိုင်ကို အချိန်တစ်နာရီအတွင်း ပြေးတာ ဒါမှမဟုတ် တစ်နေ့ကို မိနစ်(၅၀)လောက် စက်ဘီးနင်းတာတွေ လုပ်လို့ ရပါတယ်။

၄။ ငါးများများစားပါ။
ငါးမှာပါ၀င်တဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေက ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆီတွေကို ချေဖျက်ပေးနိုင်ပါတယ်။ ငါး၊ သံလွင်ဆီ၊ ကြက်သား၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ ၀ိုင်နီတို့ကို သုံးဆောင်ပေးခြင်းအားဖြင့် အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အဆီပိုတွေကို ချေဖျက်ပြီး ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

၅။ Green Tea သောက်သုံးပါ။
လက်ဖက်စိမ်းမှာ ပါ၀င်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်အတွင်း သကြားဓာတ်ကို ထိန်းချုပ်နိုင်ပါတယ်။ ဒါ့ကြောင့် လက်ဖက်စိမ်း ရေနွေးကို တစ်နေ့ကို တစ်ဖန်ခွက်လောက် သုံးသောက်ဖို့ လိုပါတယ်။ ပုံမှန်လစ်ပတန်တီး က ပိုပြီးအကျိုးရှိပါတယ်။ လက်ဖက်စိမ်းခြောက်ကို ရေအပူချိန်(၁၈၅) ဒီဂရီဖာရင်ဟိုက်မှာ သုံးမိနစ်ခန့် စိမ်ထားပါ။ ဒီလိုဆိုရင် အနံ့အရသာပိုကောင်းသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပိုပြီးရရှိမှာဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine