တစ္ေယာက္တည္း ခရီးသြားျခင္း၏ အက်ိဳးေက်းဇူး (၆)ခု

တစ္ေယာက္တည္း ခရီးသြားျခင္း၏ အက်ိဳးေက်းဇူး (၆)ခု

(Zawgyi)

တစ္ေယာက္တည္း ခရီးသြားျခင္းက အခုေနာက္ပိုင္းမွာ တျဖည္းျဖည္းေခတ္စားလာေနပါတယ္။ ခရီးသြားတဲ့အခါမွာ အုပ္စုနဲ႔သြားတာ ဒါမွမဟုတ္ ႏွစ္ေယာက္တြဲသြားတာေတြနဲ႔ တစ္ေယာက္တည္းသြားတာက အရမ္းကို ကြဲျပားျခားနားပါတယ္။ ေနရာသစ္တစ္ခုမွာ တစ္ေယာက္တည္း အိပ္ရာထၿပီး ကိုယ့္လမ္းေၾကာင္းနဲ႔ ကိုယ္သြားေနရတာက စိန္ေခၚမႈတစ္ခုပါပဲ။ ဒါေပမယ့္ ဒီလိုတစ္ေယာက္တည္းခရီးသြားတဲ့အခါမွာ သင့္ဘ၀အတြက္ အက်ိဳးရွိေစႏိုင္တဲ့ အရည္အခ်င္းတစ္ခ်ိဳ႕ကို ရရွိသန္မာလာေစႏိုင္ပါတယ္။

၁။ ကိုယ့္အားကိုယ္ကိုးတတ္လာမယ္
ဟုတ္ပါတယ္။ သင့္အေနနဲ႔ တစ္ေယာက္တည္းခရီးသြားတဲ့အခါမွာ ေ၀ယ်ာ၀စၥေတြကို လိုက္လုပ္ေပးမယ့္သူ မရွိပါဘူး။ ဘာကိုပဲ ျဖစ္ျဖစ္ ကိုယ္တိုင္ကိုယ္က်လုပ္ကိုင္ရမွာပါ။ ဒါ့အျပင္ ေငြေၾကးသံုးစြဲမႈကိုလည္း ပိုၿပီးစီမံတတ္လာႏိုင္ပါတယ္။ ပိုက္ဆံျပတ္သြားရင္ စိုက္ထားေပးမယ့္သူမပါတဲ့အတြက္ အသံုးစရိတ္မွန္သမွ်ကို အေလးထားလုပ္ေဆာင္ဖို႔ လိုပါတယ္။ ဒါ့အျပင္ သင့္လုံျခံဳေရးအတြက္ကိုလည္း ပိုၿပီးေတာ့ သတိထားတတ္လာမွာပါ။ ကိုယ့္ကိုယ္ကိုယ္ဂရုစိုက္တတ္လာၿပီး သတိထားလုပ္ေဆာင္တတ္တဲ့ အေလ့အက်င့္ေတြ ရရွိလာႏိုင္ပါတယ္။

၂။ စိတ္ခံစားမႈေပါင္းစံု ခံစားနားလည္လာမယ္
လဲက်သြားရင္လည္း ကိုယ့္ကိုယ္ကိုယ္ပဲ ျပန္ထူရမွာျဖစ္ပါတယ္။ စိတ္ပ်က္အားငယ္လာမယ္။ အိမ္က မိသားစုကို သတိရမယ္။ ဘာေတြဘယ္လိုျဖစ္ၿပီး အခုလိုေတြ ၾကံဳေတြ႕ေနရပါလိမ့္ ဆိုတာမ်ိဳး ေတြးမိလာမယ္။ ဒီလိုမ်ိဳး အားငယ္တာ၊ အိမ္လြမ္းတာ စတဲ့စိတ္ခံစားခ်က္ေတြကို ေပ်ာ္ရႊင္မႈ၊ လြတ္လပ္မႈ၊ စိတ္လႈပ္ရွားမႈေတြနဲ႔ ေရာေႏွာခံစားရမွာလည္း ျဖစ္ပါတယ္။ တျဖည္းျဖည္းနဲ႔ သင့္စိတ္ခံစားခ်က္ေတြက ကမာၻေလာကႀကီးနဲ႔ မသက္ဆိုင္ပဲ သင္ကိုယ္တိုင္နဲ႔ပဲ သက္ဆိုင္တယ္ဆိုတာကိုလည္း သိလာမွာပါ။ ဒီလိုနဲ႔ စိတ္ခံစားမႈေတြကို ဘယ္လိုထိန္းခ်ဳပ္ကိုင္တြယ္ရမလဲဆိုတာကို သင္ယူၿပီးသြားျဖစ္သြားမွာပါ။

၃။ လူေတြအေၾကာင္း ပိုသိလာမယ္
ခရီးတစ္ေလွ်ာက္မွာ လူမ်ိဳးစံု၊ စိတ္ဓာတ္မ်ိဳးစံုနဲ႔ ေတြ႕ၾကံဳရမွာ ျဖစ္ပါတယ္။ ဒီအခ်က္ဟာ သင္ဘယ္ကိုပဲေရာက္ေရာက္ အသံုးခ်ႏိုင္ပါတယ္။ တစ္ေယာက္တည္း ခရီးသြားတယ္ဆိုေပမယ့္ ဘယ္ေနရာကိုပဲ ေရာက္ေရာက ္တစ္ေယာက္တည္းျဖစ္မေနေအာင္ လူေတြနဲ႔ ေပါင္းသင္းဆက္ဆံရမွာ ျဖစ္ပါတယ္။ အနယ္နယ္အရပ္ရပ္မွာ မိတ္ေဆြသူငယ္ခ်င္းေတြလည္း တိုးလာႏိုင္ပါတယ္။ ဒါ့အျပင္ ဘာသာစကားမတူသူေတြနဲ႔လည္း ေျပာဆိုဆက္ဆံရႏိုင္တာျဖစ္တဲ့အတြက္ အေျခခံစကားေလးေတြကို သင္ယူလို႔ရႏိုင္ပါတယ္။ မေျပာတတ္ေသးခ်ိန္မွာ ခႏၶာေဗဒဘာသာစကားကို သံုးရမွာျဖစ္တဲ့အတြက္ သင့္ရဲ႕ ကိုယ္ဟန္အမူအယာကို အေကာင္းဆံုးထိန္းသိမ္းႏိုင္လာမွာလည္း ျဖစ္ပါတယ္။

၄။ ကိုယ္ပိုင္လမ္းေၾကာင္းကို သိလာမယ္
တစ္ေယာက္တည္းခရီးသြားမယ္ဆိုရင္ သင့္ရဲ႕ဆံုးျဖတ္ခ်က္ေတြက အစီအစဥ္ေတြ၊ ရထား ဒါမွမဟုတ္ ကားလက္မွတ္ေတြ ျဖစ္လာၿပီး အမွတ္တရေတြ ျဖစ္လာတာကို ေတြ႕ရမွာပါ။ ဘယ္သူ႔ကိုမွာ ေစာင့္ေနစရာ၊ ညွိႏႈိင္းေနစရာ မလိုပါဘူး။ ျမန္ျမန္သြားတာ၊ ေအးေဆးမွသြားတာ ဘာပဲျဖစ္ျဖစ္ သင့္သေဘာအတိုင္းပါပဲ။ သင့္ဘ၀အတြက္ ကိုယ္ပိုင္လမ္းေၾကာင္းကလည္း ဒီလိုပါပဲ။ ဘယ္သူနဲ႔မွမသက္ဆိုင္ပါဘူး။ သင္ကိုယ္တိုင္နဲ႔ပဲ သက္ဆိုင္တယ္ဆိုတာကို သိလာပါလိမ့္မယ္။

၅။ ေလာကႀကီးထဲမွာ ကိုယ္ပိုင္ျဖစ္တည္မွႈက ဘာမွမဟုတ္ဘူးဆိုတာ သိလာမယ္
ကမာၻေလာကႀကီးက က်ယ္ေျပာႀကီးမားလွပါတယ္။ သင္မသိေသးတာေတြ၊ သင္နားမလည္ႏိုင္ေသးတာေတြ အမ်ားႀကီးရွိေနပါေသးတယ္။ ပထ၀ီအေနအထားအရ က်ယ္ျပန္႔ရုံသာမက လူေတြရဲ႕ စိတ္ေနသေဘာထားေတြ၊ ခံယူခ်က္ေတြနဲ႔ သူစိမ္းခရီးသြားတစ္ေယာက္အေပၚမွာ ကူညီလိုစိတ္ရွိမရွိဆိုတာေတြက ဘာကိုမွ မွန္းဆလို႔မရႏိုင္ပါဘူး။ ဒီလို အေျပာက်ယ္လွတဲ့ေလာကႀကီးနဲ႔ လူေတြအေၾကာင္းကို သိလာတဲ့အခါမွာ ကိုယ့္ကိုယ္ကို ႏွိမ္ခ်စိတ္ေမြးႏိုင္လာသလို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈလည္း ပိုရွိလာႏိုင္ပါတယ္။

၆။ မိမိကိုယ္ကို ယုံၾကည္မႈ တိုးပြားလာမယ္
သင္တစ္ေယာက္တည္း ခရီးသြားဖို႔ ေက်ာပိုးအိတ္လြယ္ၿပီး အိမ္တံခါး၀ေန ပထမဆံုးေျခလွမ္းလွမ္းထြက္လိုက္တာနဲ႔ ကိုယ့္ကိုယ္ကိုယ္ ဘယ္ေလာက္ထိစြမ္းအားျပည့္၀ေနသလဲဆိုတာကို ခံစားရမွာပါ။ သင့္အေနနဲ႔ တစ္ခါမွမေရာက္ဖူး၊ မသြားဖူးတဲ့ေနရာမွာ မေတြ႕ဖူးမျမင္ဖူးတဲ့လူေတြနဲ႔ ဆက္ဆံၿပီး မၾကံဳဖူးတာေတြကို ၾကံဳေတြ႕ခံစားရမယ္။ ဒီအခ်က္ေတြကို အေကာင္းဆံုးကိုင္တြယ္ႏိုင္မယ္ဆိုရင္ ကိုယ့္အေၾကာင္းကို ပိုသိလာမွာျဖစ္ပါတယ္။ သင့္မွာရွိေနတဲ့ ခြန္အားနဲ႔ ကန္႔သတ္ခ်က္ေတြကို သိလာမွာပါ။ ဒီကေနမွ တဆင့္ သင့္ရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြကို သိျမင္လာၿပီး ယုံၾကည္မႈေတြ တိုးပြားလာေစႏိုင္မွာ ျဖစ္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

တစ်ယောက်တည်း ခရီးသွားခြင်း၏ အကျိုးကျေးဇူး (၆)ခု

(Unicode)

တစ်ယောက်တည်း ခရီးသွားခြင်းက အခုနောက်ပိုင်းမှာ တဖြည်းဖြည်းခေတ်စားလာနေပါတယ်။ ခရီးသွားတဲ့အခါမှာ အုပ်စုနဲ့သွားတာ ဒါမှမဟုတ် နှစ်ယောက်တွဲသွားတာတွေနဲ့ တစ်ယောက်တည်းသွားတာက အရမ်းကို ကွဲပြားခြားနားပါတယ်။ နေရာသစ်တစ်ခုမှာ တစ်ယောက်တည်း အိပ်ရာထပြီး ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်သွားနေရတာက စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါပေမယ့် ဒီလိုတစ်ယောက်တည်းခရီးသွားတဲ့အခါမှာ သင့်ဘဝအတွက် အကျိုးရှိစေနိုင်တဲ့ အရည်အချင်းတစ်ချို့ကို ရရှိသန်မာလာစေနိုင်ပါတယ်။

၁။ ကိုယ့်အားကိုယ်ကိုးတတ်လာမယ်
ဟုတ်ပါတယ်။ သင့်အနေနဲ့ တစ်ယောက်တည်းခရီးသွားတဲ့အခါမှာ ဝေယျာဝစ္စတွေကို လိုက်လုပ်ပေးမယ့်သူ မရှိပါဘူး။ ဘာကိုပဲ ဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ရမှာပါ။ ဒါ့အပြင် ငွေကြေးသုံးစွဲမှုကိုလည်း ပိုပြီးစီမံတတ်လာနိုင်ပါတယ်။ ပိုက်ဆံပြတ်သွားရင် စိုက်ထားပေးမယ့်သူမပါတဲ့အတွက် အသုံးစရိတ်မှန်သမျှကို အလေးထားလုပ်ဆောင်ဖို့ လိုပါတယ်။ ဒါ့အပြင် သင့်လုံခြုံရေးအတွက်ကိုလည်း ပိုပြီးတော့ သတိထားတတ်လာမှာပါ။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တတ်လာပြီး သတိထားလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်တွေ ရရှိလာနိုင်ပါတယ်။

၂။ စိတ်ခံစားမှုပေါင်းစုံ ခံစားနားလည်လာမယ်
လဲကျသွားရင်လည်း ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ထူရမှာဖြစ်ပါတယ်။ စိတ်ပျက်အားငယ်လာမယ်။ အိမ်က မိသားစုကို သတိရမယ်။ ဘာတွေဘယ်လိုဖြစ်ပြီး အခုလိုတွေ ကြံုတွေ့နေရပါလိမ့် ဆိုတာမျိုး တွေးမိလာမယ်။ ဒီလိုမျိုး အားငယ်တာ၊ အိမ်လွမ်းတာ စတဲ့စိတ်ခံစားချက်တွေကို ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ စိတ်လှုပ်ရှားမှုတွေနဲ့ ရောနှောခံစားရမှာလည်း ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ သင့်စိတ်ခံစားချက်တွေက ကမ္ဘာလောကကြီးနဲ့ မသက်ဆိုင်ပဲ သင်ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်တယ်ဆိုတာကိုလည်း သိလာမှာပါ။ ဒီလိုနဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုထိန်းချုပ်ကိုင်တွယ်ရမလဲဆိုတာကို သင်ယူပြီးသွားဖြစ်သွားမှာပါ။

၃။ လူတွေအကြောင်း ပိုသိလာမယ်
ခရီးတစ်လျှောက်မှာ လူမျိုးစုံ၊ စိတ်ဓာတ်မျိုးစုံနဲ့ တွေ့ကြံုရမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ သင်ဘယ်ကိုပဲရောက်ရောက် အသုံးချနိုင်ပါတယ်။ တစ်ယောက်တည်း ခရီးသွားတယ်ဆိုပေမယ့် ဘယ်နေရာကိုပဲ ရောက်ရောက ်တစ်ယောက်တည်းဖြစ်မနေအောင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်မှာ မိတ်ဆွေသူငယ်ချင်းတွေလည်း တိုးလာနိုင်ပါတယ်။ ဒါ့အပြင် ဘာသာစကားမတူသူတွေနဲ့လည်း ပြောဆိုဆက်ဆံရနိုင်တာဖြစ်တဲ့အတွက် အခြေခံစကားလေးတွေကို သင်ယူလို့ရနိုင်ပါတယ်။ မပြောတတ်သေးချိန်မှာ ခန္ဓာဗေဒဘာသာစကားကို သုံးရမှာဖြစ်တဲ့အတွက် သင့်ရဲ့ ကိုယ်ဟန်အမူအယာကို အကောင်းဆုံးထိန်းသိမ်းနိုင်လာမှာလည်း ဖြစ်ပါတယ်။

၄။ ကိုယ်ပိုင်လမ်းကြောင်းကို သိလာမယ်
တစ်ယောက်တည်းခရီးသွားမယ်ဆိုရင် သင့်ရဲ့ဆုံးဖြတ်ချက်တွေက အစီအစဉ်တွေ၊ ရထား ဒါမှမဟုတ် ကားလက်မှတ်တွေ ဖြစ်လာပြီး အမှတ်တရတွေ ဖြစ်လာတာကို တွေ့ရမှာပါ။ ဘယ်သူ့ကိုမှာ စောင့်နေစရာ၊ ညှိနှိုင်းနေစရာ မလိုပါဘူး။ မြန်မြန်သွားတာ၊ အေးဆေးမှသွားတာ ဘာပဲဖြစ်ဖြစ် သင့်သဘောအတိုင်းပါပဲ။ သင့်ဘဝအတွက် ကိုယ်ပိုင်လမ်းကြောင်းကလည်း ဒီလိုပါပဲ။ ဘယ်သူနဲ့မှမသက်ဆိုင်ပါဘူး။ သင်ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်တယ်ဆိုတာကို သိလာပါလိမ့်မယ်။

၅။ လောကကြီးထဲမှာ ကိုယ်ပိုင်ဖြစ်တည်မှှုက ဘာမှမဟုတ်ဘူးဆိုတာ သိလာမယ်
ကမ္ဘာလောကကြီးက ကျယ်ပြောကြီးမားလှပါတယ်။ သင်မသိသေးတာတွေ၊ သင်နားမလည်နိုင်သေးတာတွေ အများကြီးရှိနေပါသေးတယ်။ ပထဝီအနေအထားအရ ကျယ်ပြန့်ရုံသာမက လူတွေရဲ့ စိတ်နေသဘောထားတွေ၊ ခံယူချက်တွေနဲ့ သူစိမ်းခရီးသွားတစ်ယောက်အပေါ်မှာ ကူညီလိုစိတ်ရှိမရှိဆိုတာတွေက ဘာကိုမှ မှန်းဆလို့မရနိုင်ပါဘူး။ ဒီလို အပြောကျယ်လှတဲ့လောကကြီးနဲ့ လူတွေအကြောင်းကို သိလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို နှိမ်ချစိတ်မွေးနိုင်လာသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုရှိလာနိုင်ပါတယ်။

၆။ မိမိကိုယ်ကို ယုံကြည်မှု တိုးပွားလာမယ်
သင်တစ်ယောက်တည်း ခရီးသွားဖို့ ကျောပိုးအိတ်လွယ်ပြီး အိမ်တံခါးဝနေ ပထမဆုံးခြေလှမ်းလှမ်းထွက်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိစွမ်းအားပြည့်ဝနေသလဲဆိုတာကို ခံစားရမှာပါ။ သင့်အနေနဲ့ တစ်ခါမှမရောက်ဖူး၊ မသွားဖူးတဲ့နေရာမှာ မတွေ့ဖူးမမြင်ဖူးတဲ့လူတွေနဲ့ ဆက်ဆံပြီး မကြံုဖူးတာတွေကို ကြံုတွေ့ခံစားရမယ်။ ဒီအချက်တွေကို အကောင်းဆုံးကိုင်တွယ်နိုင်မယ်ဆိုရင် ကိုယ့်အကြောင်းကို ပိုသိလာမှာဖြစ်ပါတယ်။ သင့်မှာရှိနေတဲ့ ခွန်အားနဲ့ ကန့်သတ်ချက်တွေကို သိလာမှာပါ။ ဒီကနေမှ တဆင့် သင့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို သိမြင်လာပြီး ယုံကြည်မှုတွေ တိုးပွားလာစေနိုင်မှာ ဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%