ခ်စ္သူက စိတ္ဆိုးစိတ္ေကာက္ေနသည့္ အခါ….

ခ်စ္သူက စိတ္ဆိုးစိတ္ေကာက္ေနသည့္ အခါ….

(Zawgyi)

ေယာကၤ်ားေလးတိုင္း ခ်စ္သူေကာင္မေလးက စိတ္ဆိုးစိတ္ေကာက္တာ ခံဖူးၾကမွာပါ။ မိန္းကေလးေတြဟာ ခံစားလြယ္ၿပီး သနားတတ္တယ္ဆိုေပမယ့္ စိတ္ဆိုုးစိတ္ေကာက္တာကေန ခ်စ္သူခ်င္းလမ္းခြဲရတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ ဒီလို စိတ္ဆိုးစိတ္ေကာက္ေနတဲ့ ခ်စ္သူကို ျပန္ေခ်ာ့ၿပီး အဆင္ေျပေျပျဖစ္ဖို႔ ဘာလုပ္ရမွန္မသိျဖစ္ေနပါသလား။ လံုး၀အဆင္ေျပသြားမယ္လို႔ အာမမခံႏိုင္ေပမယ့္ အက်ိဳးသက္ေရာက္မႈ ရွိမယ့္ နည္းလမ္းတစ္ခ်ိဳ႕ကို လက္တို႔လိုက္ပါတယ္။

၁။ သင့္မာနကို ခဏေဘးခ်ိတ္ထားၿပီး စကားေျပာပါ။
ခ်စ္သူစံုတြဲေတြၾကားမွာ အႀကီးမားဆံုးျပႆနာတစ္ခုကေတာ့ မာန ပဲ ျဖစ္ပါတယ္။ လူေတြက ဘာကိုပဲေတြးေတြ၊ ဘာကိုပဲလုပ္လုပ္ သူတို႔ရဲ႕မာနကို ေရွ႕တန္းတင္ထားတတ္ၾကပါတယ္။ သင့္ေကာင္မေလးနဲ႔ စိတ္ဆိုးစိတ္ေကာက္ၾကတဲ့အခါမွာ မာနကို ဖယ္ထားၿပီး အရင္ဆံုးစကားစေျပာပါ။ ေကာင္မေလးဖက္ကလည္း ခ်စ္တဲ့စိတ္ရွိေနမယ္ဆိုရင္ သင့္ရဲ႕ႀကိဳးစားအားထုတ္မႈ အလကားမျဖစ္ပါဘူး။ သူ႕ဖက္ကလည္း လိုက္ေလ်ာညီေထြ အေလွ်ာ့ေပးလာမွာပါ။

၂။ အမွားအတြက္ ေတာင္းပန္ပါ။
ေတာင္းပန္ျခင္းဟာ သင့္အျပစ္ေတြအတြက္ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ ဒီလိုလုပ္တာဟာ သင့္အမွားကို ခြင့္လႊတ္ေစႏိုင္ရုံသာမက မိန္းကေလးအေပၚမွာ ေလးစားတန္ဖိုးထားမႈကိုလည္း ေဖာ္ျပၿပီးသားျဖစ္ေစပါတယ္။ သူမကို အခ်ိန္အနည္းငယ္ေလာက္ေတာ့ ေပးဖို႔လိုရင္လိုပါလိမ့္မယ္။ ဒါေပမယ့္ ေတာင္းပန္တာက သင့္ေကာင္မေလးကို စိတ္ၾကည္သြားေစမွာ ေသခ်ာပါတယ္။

၃။ အထိအေတြ႕
မိန္းကေလးတစ္ေယာက္အတြက္ ေပြ႕ဖက္တာ၊ ၾကင္ၾကင္နာနာ နမ္းတာတို႔ကို ဘုရင္မတစ္ေယာက္လို႔ ခံစားရေစပါတယ္။ သူမမွာလည္း ခ်စ္တ့ဲစိတ္ရွိေနေသးရင္ သင့္ရဲ႕အထိအေတြ႕က ေပ်ာ္ရႊင္ေစႏိုင္မွာပါ။ မိန္းကေလးေတြက ႏူးညံ့ၿပီး ခံစားရလြယ္တာေၾကာင့္ အထိအေတြ႕က လက္ရွိအေျခအေနအားလံုးကို ေမ့ေပ်ာက္သြားေစႏိုင္ပါတယ္။

၄။ ပုံမွန္အတိုင္း ျပဳမူဆက္ဆံပါ
ပုံမွန္မဟုတ္တဲ့ အျပဳအမူေတြက အေျခအေနကို ပိုမိုဆိုးရြားေစပါတယ္။ သင့္ေကာင္မေလး စိတ္ဆိုးေနခ်ိန္မွာ သင့္ရဲ႕တာ၀န္က ကိုယ္တိုင္လည္း စိတ္မဆိုးမိေအာင္ ထိန္းခ်ဳပ္ထားဖို႔ ျဖစ္ပါတယ္။ သူမ လိုအပ္တာေတြကို ျဖည့္ဆည္းေပးဖို႔ အဆင္သင့္ရွိေနတယ္ဆိုတာကို သူမခံစားရေအာင္ လုပ္ပါ။ သင္အေနနဲ႔ လိုက္ၿပီး စိတ္ဆိုးေဒါသျဖစ္ေနလို႔ မျဖစ္ပါဘူး။ သင္က ပံုမွန္ျဖစ္ေနၿပီး သူမက စိတ္ဆိုးေနရင္ သူမလည္း ပံုမွန္အတိုင္း ျဖစ္လာႏိုင္ပါတယ္။ ဒီအခ်ိန္ဆိုရင္ နံပါတ္သံုးကို လုပ္ပါ။

၅။ ထပ္တလဲလဲ ေျပာမေနပါနဲ႔
လူအမ်ားစုက ကိစၥတစ္ခုထဲကို ထပ္ခါထပ္ခါ ေျပာေနတတ္ၾကပါတယ္။ ဒီဟာက မေကာင္းတဲ့အက်င့္တစ္ခု ျဖစ္ပါတယ္။ ျပႆနာႀကီးတယ္ဆိုရင္ေတာင္ ေသးေအာင္လုပ္ရမွာပါ။ သင့္အေနနဲ႔ ျပႆနာျဖစ္တဲ့ ကိစၥကို ထပ္ကာတလဲလဲေျပာမေနဘူးဆိုရင္ သူမအေနနဲ႔လည္း အၾကာႀကီး စိတ္ဆိုးမေနႏိုင္ပါဘူး။ ပံုမွန္ျပန္ျဖစ္သြားမွာပါ။ သူမဖက္က ျဖစ္ခ်င္တာကို ေျပာလာရင္လည္း အလိုက္အထိုက္ လိုက္ေဆြးေႏြးေပးလိုက္ရုံပါပဲ။

၆။ လက္ေဆာင္ေပးၿပီး အံ့အားသင့္ေအာင္လုပ္လိုက္ပါ။
သင္ တစ္ခုခုေပးလိုက္တာနဲ႔ သူမဖက္က အားလံုးကို ေမ့သြားတာမ်ိဳး မဟုတ္ပါဘူး။ လက္ေဆာင္ေပးလိုက္ျခင္းအားျဖင့္ သူမကို ထူးျခားတဲ့ခံစားမႈ ခံစားရေစပါတယ္။ သူမရဲ႕ ေနအိမ္ ဒါမွမဟုတ္ အလုပ္ေနရာကို ပန္းစည္းေလးတစ္ခု ဒါမွမဟုတ္ လက္ေဆာင္အေသးေလးတစ္ခုေလာက္ ပို႔ေပးလိုက္တာနဲ႔ မိန္းကေလးရဲ႕ စိတ္ကိုအမ်ားႀကီးေျပာင္းလဲမႈ ျဖစ္ေစႏိုင္ပါတယ္။ ေတာင္းပန္တဲ့စာတိုေလး တစ္ေၾကာင္းႏွစ္ေၾကာင္းေလာက္ ထည့္ေပးလိုက္ရင္ေတာ့ ပြဲသိမ္းၿပီေပါ့။

၇။ စာပို႔ၿပီး ေပ်ာ္ရႊင္ေအာင္ လုပ္ေပးပါ
သင့္ေကာင္မေလး စိတ္ဆိုး စိတ္ေကာက္ေနခ်ိန္မွာ အြန္လိုင္းေပၚကေန ဒါမွမဟုတ္ ဖုန္းလိုင္းေပၚကေန ဆက္သြယ္တတ္မယ္ဆိုရင္လည္း အဆင္ေျပႏိုင္ပါတယ္။ အင္တာနက္ေပၚမွာ ရိုမန္းတစ္ဆန္တဲ့ အခ်စ္စကားေလးေတြ၊ ေတာင္းပန္စကားေလးေတြကို နည္းနည္းေလာက္ ရွာေဖြလိုက္ၿပီး သင့္ကိုယ္ပိုင္စကားလံုးေလးေတြနဲ႔ စုတုျပဳလုပ္ၿပီး ပို႔ေပးလိုက္ပါ။ သူမ ရင္ထဲမွာ ေပ်ာ္သြားမယ္ဆိုတာ ေသခ်ာပါတယ္။

၈။ ရယ္စရာေတြ ေျပာပါ
ခ်စ္သူရည္းစားဆက္ဆံေရးမွာ ရယ္စရာဟာသေတြက သိသာတဲ့အက်ိဳးသက္ေရာက္မႈေတြ ရွိပါတယ္။ ႏွစ္ေယာက္ၾကားမွာ ဘာမွေျပာစရာမရွိဘူးဆိုရင္ ဟာသေလးေတြေျပာတာ၊ ရယ္စရာေကာင္းတဲ့ အမူအယာလုပ္ေတာေတြက ႏွစ္ေယာက္စလံုးကို ေပ်ာ္ရႊင္ေစႏိုင္ပါတယ္။ စိတ္ဆိုးစရာကိစၥေတြကိုလည္း ေမ့သြားေစႏိုင္ပါတယ္။

၉။ အခ်ိန္ေပးၿပီး အနားမွာေနေပးပါ
သင့္ေကာင္မေလးကို ေပ်ာ္ရႊင္ေစမယ့္ အေကာင္းဆံုးနည္းလမ္းတစ္ခုကေတာ့ သူမအနားမွာ ရွိေနေပးတာပဲ ျဖစ္ပါတယ္။ သင့္ေကာင္မေလးဟာ သင့္ကမာၻရဲ႕ ဗဟိုခ်က္ျဖစ္တယ္ဆိုတာ ခံစားသြားရေလာက္ေအာင္ ေနျပလိုက္ပါ။ သူမအတြက္ မေကာင္းတာေတြ စဥ္းစားဖို႔အခ်ိန္မရွိေအာင္ လုပ္ေပးလိုက္ပါ။

၁၀။ မထင္မွတ္တဲ့အခ်ိန္မွာ ဖုန္းဆက္ပါ၊ ခ်ိဳခ်ဳိသာသာေျပာဆိုပါ
အခ်စ္က ခန္႔မွန္းလို႔မရပါဘူး။ အထူးသျဖင့္ ၾကည္ႏူးစရာေတြ ျဖစ္ေနခ်ိန္မွာ ပိုေျပာရခက္ပါတယ္။ ဒါ့ေၾကာင့္ သင့္ဆီကေန ဖုန္းမဆက္ေလာက္ဘူးလို႔ သူမထင္ေနတဲ့အခ်ိန္မ်ိဳးမွာ ဖုန္းေခၚၿပီး ဘယ္ေလာက္ သတိရေနေၾကာင္း ေျပာျပလိုက္ပါ။ ေပ်ာ္စရာကိစၥေတြကို ေ၀မွ်လိုက္ပါ။

၁၁။ ကတိေပးပါ
ေနာက္ဆံုးအေနနဲ႔ကေတာ့ သူမေပ်ာ္ရႊင္ေစဖို႔အတြက္ ကတိေပးလိုက္ပါ။ မိန္းကေလးတစ္ေယာက္အတြက္ ခ်စ္သူေကာင္ေလးက ေျပာတဲ့အတိုင္းျဖစ္ေအာင္လုပ္တတ္သူတစ္ေယာက္ ျဖစ္တာေလာက္ ေပ်ာ္စရာေကာင္းတာ မရွိပါဘူး။ ကတိေပးလိုက္ျခင္းအားျဖင့္ သူမကို ပိုၿပီးစိတ္ခ်လံုျခံဳေစၿပီး သင္နဲ႔ခ်စ္ေနရတာကိုလည္း ေပ်ာ္ရႊင္ေနမွာ ျဖစ္ပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++

ချစ်သူက စိတ်ဆိုးစိတ်ကောက်နေသည့် အခါ….

(Unicode)

ယောင်္ကျားလေးတိုင်း ချစ်သူကောင်မလေးက စိတ်ဆိုးစိတ်ကောက်တာ ခံဖူးကြမှာပါ။ မိန်းကလေးတွေဟာ ခံစားလွယ်ပြီး သနားတတ်တယ်ဆိုပေမယ့် စိတ်ဆိုုးစိတ်ကောက်တာကနေ ချစ်သူချင်းလမ်းခွဲရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလို စိတ်ဆိုးစိတ်ကောက်နေတဲ့ ချစ်သူကို ပြန်ချော့ပြီး အဆင်ပြေပြေဖြစ်ဖို့ ဘာလုပ်ရမှန်မသိဖြစ်နေပါသလား။ လုံးဝအဆင်ပြေသွားမယ်လို့ အာမမခံနိုင်ပေမယ့် အကျိုးသက်ရောက်မှု ရှိမယ့် နည်းလမ်းတစ်ချို့ကို လက်တို့လိုက်ပါတယ်။

၁။ သင့်မာနကို ခဏဘေးချိတ်ထားပြီး စကားပြောပါ။
ချစ်သူစုံတွဲတွေကြားမှာ အကြီးမားဆုံးပြဿနာတစ်ခုကတော့ မာန ပဲ ဖြစ်ပါတယ်။ လူတွေက ဘာကိုပဲတွေးတွေ၊ ဘာကိုပဲလုပ်လုပ် သူတို့ရဲ့မာနကို ရှေ့တန်းတင်ထားတတ်ကြပါတယ်။ သင့်ကောင်မလေးနဲ့ စိတ်ဆိုးစိတ်ကောက်ကြတဲ့အခါမှာ မာနကို ဖယ်ထားပြီး အရင်ဆုံးစကားစပြောပါ။ ကောင်မလေးဖက်ကလည်း ချစ်တဲ့စိတ်ရှိနေမယ်ဆိုရင် သင့်ရဲ့ကြိုးစားအားထုတ်မှု အလကားမဖြစ်ပါဘူး။ သူ့ဖက်ကလည်း လိုက်လျောညီထွေ အလျှော့ပေးလာမှာပါ။

၂။ အမှားအတွက် တောင်းပန်ပါ။
တောင်းပန်ခြင်းဟာ သင့်အပြစ်တွေအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ သင့်အမှားကို ခွင့်လွှတ်စေနိုင်ရုံသာမက မိန်းကလေးအပေါ်မှာ လေးစားတန်ဖိုးထားမှုကိုလည်း ဖော်ပြပြီးသားဖြစ်စေပါတယ်။ သူမကို အချိန်အနည်းငယ်လောက်တော့ ပေးဖို့လိုရင်လိုပါလိမ့်မယ်။ ဒါပေမယ့် တောင်းပန်တာက သင့်ကောင်မလေးကို စိတ်ကြည်သွားစေမှာ သေချာပါတယ်။

၃။ အထိအတွေ့
မိန်းကလေးတစ်ယောက်အတွက် ပွေ့ဖက်တာ၊ ကြင်ကြင်နာနာ နမ်းတာတို့ကို ဘုရင်မတစ်ယောက်လို့ ခံစားရစေပါတယ်။ သူမမှာလည်း ချစ်တဲ့စိတ်ရှိနေသေးရင် သင့်ရဲ့အထိအတွေ့က ပျော်ရွှင်စေနိုင်မှာပါ။ မိန်းကလေးတွေက နူးညံ့ပြီး ခံစားရလွယ်တာကြောင့် အထိအတွေ့က လက်ရှိအခြေအနေအားလုံးကို မေ့ပျောက်သွားစေနိုင်ပါတယ်။

၄။ ပုံမှန်အတိုင်း ပြုမူဆက်ဆံပါ
ပုံမှန်မဟုတ်တဲ့ အပြုအမူတွေက အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။ သင့်ကောင်မလေး စိတ်ဆိုးနေချိန်မှာ သင့်ရဲ့တာဝန်က ကိုယ်တိုင်လည်း စိတ်မဆိုးမိအောင် ထိန်းချုပ်ထားဖို့ ဖြစ်ပါတယ်။ သူမ လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ရှိနေတယ်ဆိုတာကို သူမခံစားရအောင် လုပ်ပါ။ သင်အနေနဲ့ လိုက်ပြီး စိတ်ဆိုးဒေါသဖြစ်နေလို့ မဖြစ်ပါဘူး။ သင်က ပုံမှန်ဖြစ်နေပြီး သူမက စိတ်ဆိုးနေရင် သူမလည်း ပုံမှန်အတိုင်း ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်ဆိုရင် နံပါတ်သုံးကို လုပ်ပါ။

၅။ ထပ်တလဲလဲ ပြောမနေပါနဲ့
လူအများစုက ကိစ္စတစ်ခုထဲကို ထပ်ခါထပ်ခါ ပြောနေတတ်ကြပါတယ်။ ဒီဟာက မကောင်းတဲ့အကျင့်တစ်ခု ဖြစ်ပါတယ်။ ပြဿနာကြီးတယ်ဆိုရင်တောင် သေးအောင်လုပ်ရမှာပါ။ သင့်အနေနဲ့ ပြဿနာဖြစ်တဲ့ ကိစ္စကို ထပ်ကာတလဲလဲပြောမနေဘူးဆိုရင် သူမအနေနဲ့လည်း အကြာကြီး စိတ်ဆိုးမနေနိုင်ပါဘူး။ ပုံမှန်ပြန်ဖြစ်သွားမှာပါ။ သူမဖက်က ဖြစ်ချင်တာကို ပြောလာရင်လည်း အလိုက်အထိုက် လိုက်ဆွေးနွေးပေးလိုက်ရုံပါပဲ။

၆။ လက်ဆောင်ပေးပြီး အံ့အားသင့်အောင်လုပ်လိုက်ပါ။
သင် တစ်ခုခုပေးလိုက်တာနဲ့ သူမဖက်က အားလုံးကို မေ့သွားတာမျိုး မဟုတ်ပါဘူး။ လက်ဆောင်ပေးလိုက်ခြင်းအားဖြင့် သူမကို ထူးခြားတဲ့ခံစားမှု ခံစားရစေပါတယ်။ သူမရဲ့ နေအိမ် ဒါမှမဟုတ် အလုပ်နေရာကို ပန်းစည်းလေးတစ်ခု ဒါမှမဟုတ် လက်ဆောင်အသေးလေးတစ်ခုလောက် ပို့ပေးလိုက်တာနဲ့ မိန်းကလေးရဲ့ စိတ်ကိုအများကြီးပြောင်းလဲမှု ဖြစ်စေနိုင်ပါတယ်။ တောင်းပန်တဲ့စာတိုလေး တစ်ကြောင်းနှစ်ကြောင်းလောက် ထည့်ပေးလိုက်ရင်တော့ ပွဲသိမ်းပြီပေါ့။

၇။ စာပို့ပြီး ပျော်ရွှင်အောင် လုပ်ပေးပါ
သင့်ကောင်မလေး စိတ်ဆိုး စိတ်ကောက်နေချိန်မှာ အွန်လိုင်းပေါ်ကနေ ဒါမှမဟုတ် ဖုန်းလိုင်းပေါ်ကနေ ဆက်သွယ်တတ်မယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။ အင်တာနက်ပေါ်မှာ ရိုမန်းတစ်ဆန်တဲ့ အချစ်စကားလေးတွေ၊ တောင်းပန်စကားလေးတွေကို နည်းနည်းလောက် ရှာဖွေလိုက်ပြီး သင့်ကိုယ်ပိုင်စကားလုံးလေးတွေနဲ့ စုတုပြုလုပ်ပြီး ပို့ပေးလိုက်ပါ။ သူမ ရင်ထဲမှာ ပျော်သွားမယ်ဆိုတာ သေချာပါတယ်။

၈။ ရယ်စရာတွေ ပြောပါ
ချစ်သူရည်းစားဆက်ဆံရေးမှာ ရယ်စရာဟာသတွေက သိသာတဲ့အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ နှစ်ယောက်ကြားမှာ ဘာမှပြောစရာမရှိဘူးဆိုရင် ဟာသလေးတွေပြောတာ၊ ရယ်စရာကောင်းတဲ့ အမူအယာလုပ်တောတွေက နှစ်ယောက်စလုံးကို ပျော်ရွှင်စေနိုင်ပါတယ်။ စိတ်ဆိုးစရာကိစ္စတွေကိုလည်း မေ့သွားစေနိုင်ပါတယ်။

၉။ အချိန်ပေးပြီး အနားမှာနေပေးပါ
သင့်ကောင်မလေးကို ပျော်ရွှင်စေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ သူမအနားမှာ ရှိနေပေးတာပဲ ဖြစ်ပါတယ်။ သင့်ကောင်မလေးဟာ သင့်ကမ္ဘာရဲ့ ဗဟိုချက်ဖြစ်တယ်ဆိုတာ ခံစားသွားရလောက်အောင် နေပြလိုက်ပါ။ သူမအတွက် မကောင်းတာတွေ စဉ်းစားဖို့အချိန်မရှိအောင် လုပ်ပေးလိုက်ပါ။

၁၀။ မထင်မှတ်တဲ့အချိန်မှာ ဖုန်းဆက်ပါ၊ ချိုချိုသာသာပြောဆိုပါ
အချစ်က ခန့်မှန်းလို့မရပါဘူး။ အထူးသဖြင့် ကြည်နူးစရာတွေ ဖြစ်နေချိန်မှာ ပိုပြောရခက်ပါတယ်။ ဒါ့ကြောင့် သင့်ဆီကနေ ဖုန်းမဆက်လောက်ဘူးလို့ သူမထင်နေတဲ့အချိန်မျိုးမှာ ဖုန်းခေါ်ပြီး ဘယ်လောက် သတိရနေကြောင်း ပြောပြလိုက်ပါ။ ပျော်စရာကိစ္စတွေကို ဝေမျှလိုက်ပါ။

၁၁။ ကတိပေးပါ
နောက်ဆုံးအနေနဲ့ကတော့ သူမပျော်ရွှင်စေဖို့အတွက် ကတိပေးလိုက်ပါ။ မိန်းကလေးတစ်ယောက်အတွက် ချစ်သူကောင်လေးက ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တတ်သူတစ်ယောက် ဖြစ်တာလောက် ပျော်စရာကောင်းတာ မရှိပါဘူး။ ကတိပေးလိုက်ခြင်းအားဖြင့် သူမကို ပိုပြီးစိတ်ချလုံခြုံစေပြီး သင်နဲ့ချစ်နေရတာကိုလည်း ပျော်ရွှင်နေမှာ ဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%