ေအာင္ျမင္ခ်မ္းသာဖို႔ အဆင့္(၅)ခု
(Zawgyi)
အခ်ိန္ (၁၂)ႏွစ္ေလာက္ ေက်ာင္းတက္၊ ေနာက္ထပ္ ၄ ႏွစ္ေလာက္ ဘြဲ႕ရဖို႔ ႀကိဳးစားရတာက သင့္ကို ေအာင္ျမင္ ခ်မ္းသာဖို႔ အာမခံခ်က္ေပးႏိုင္ပါသလား။ သင့္အေနနဲ႔ ေအာင္ျမင္ခ်မ္းသာခ်င္တယ္ဆိုရင္ မျဖစ္မေနလုပ္ေဆာင္ရမယ့္ အရာေတြ ရွိပါတယ္။ ႏွစ္ေတြအမ်ားႀကီး ပညာသင္လာခဲ့ေပမယ့္ လူအမ်ားစုက ဒီအရာေတြကို သတိမထားမိၾကပါဘူး။ ဒီေတာ့ ေအာင္ျမင္ခ်မ္းသာဖို႔အတြက္ လုပ္ေဆာင္ရမယ့္ အဆင့္ငါးခုကို ေ၀မွ်လိုက္ပါတယ္။
အဆင့္ 0 ။ အလုပ္တစ္ခု ရွာပါ
ဒါက လ်ိဳ႕၀ွက္ခ်က္မဟုတ္ပါဘူး။ ၀င္ေငြရဖို႔အတြက္ အလုပ္တစ္ခု လုပ္ရမယ္ဆိုတာ လူတိုင္းသိပါတယ္။
အဆင့္ ၁။ အေၾကြးေတြ အကုန္ဆပ္ပါ
အေၾကြးတင္ထားတာရွိမယ္ဆိုရင္ အရင္ဆံုး အကုန္ေက်သြားတဲ့အထိ ဆပ္ႏိုင္ေအာင္ ႀကိဳးစားပါ။ အေၾကြးဆပ္ဖို႔ပဲ ဦးစားေပးပါ။
အဆင့္ ၂။ ၀င္ေငြရဲ႕ ဆယ္ပံုပံုတစ္ပံုကို စုေဆာင္းပါ
အေၾကြးေတြ ဆပ္လို႔ၿပီးၿပီဆိုတာနဲ႔ ေငြစုပါ။ လူအမ်ားစုက ရတဲ့ေငြနဲ႔ မေလာက္တဲ့အတြက္ မစုႏိုင္ၾကဘူးလို႔ ထင္တဲ့အတြက္ မစုတတ္ၾကပါဘူး။ တကယ္ေတာ့ ပိုရလာရင္လည္း ပိုသံုးပစ္တတ္တာေၾကာင္း အဖတ္မတင္ပါဘူး။ ဒါ့ေၾကာင့္ ကိုယ့္အတြက္ကိုယ္ အရင္ေပးႏိုင္ေအာင္ အေလ့အက်င့္လုပ္ပါ။ ၀င္ေငြရဲ႕ (၁၀)ရာခိုင္ႏႈန္းကို မျဖစ္မေနစုေဆာင္းပါ။
အဆင့္ ၃။ ခိုလႈံႏိုင္သည္အထိ ဖန္တီးပါ
ေငြစုေဆာင္ျခင္းဟာ သင္ကိုယ္တိုင္အတြက္ အမွီျပဳခိုလႈံစရာ တည္ေဆာက္ဖန္တီးဖို႔ ျဖစ္ပါတယ္။ သင့္ရဲ႕ လစဥ္ကုန္က်စရိတ္ကို တြက္ခ်က္ၿပီး ကုန္က်စရိတ္ရဲ႕ သံုးဆကေန ေျခာက္ဆေလာက္အထိ ရသည္အထိ စုေဆာင္းပါ။ ဒီလို စုထားမယ္ဆိုရင္ အလုပ္မရွိေတာ့တဲ့အခါ၊ ဘာလုပ္ရမွန္းမသိတဲ့အခါ အေၾကြးမတင္ပဲ အနည္းဆံုး သံုးလကေန ေျခာက္လေလာက္အထိ ေအးေဆးအခ်ိန္ရႏိုင္ပါေသးတယ္။
အဆင့္ ၄။ ရင္းႏွီးျမဳပ္ႏွံပါ
သင့္အတြက္ အမွီျပဳစရာ ေငြေၾကးတစ္ခု စုေဆာင္းမိၿပီဆိုရင္လည္း ၀င္ေငြရဲ႕ (၁၀)ရာခိုင္ႏႈန္းကို ဆက္စုေဆာင္းရမွာ ျဖစ္ပါတယ္။ အတန္သင့္စုေဆာင္းမိၿပီဆို၇င္ ေငြျပန္ရႏိုင္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္ဖို႔ ထည့္၀င္ထားပါ။ သင့္ေငြမဆံုး႐ႈံးသြားရေအာင္ေတာ့ ဆံုးျဖတ္ခ်က္မွန္ကန္ဖို႔ လိုပါတယ္။ ျပန္ရဖို႔ ေသခ်ာတဲ့ ေငြတိုးေခ်းတာ၊ အေပါင္ခံတာ စတာေတြ လုပ္လို႔ရသလို ယုံၾကည္စိတ္ခ်ရသူေတြရဲ႕ အေရာင္းအ၀ယ္လုပ္ငန္းမွာ အရင္းထည့္၀င္တာလည္း လုပ္လို႔ရပါတယ္။
အဆင့္ ၅။ ရည္မွန္းခ်က္တစ္ခု ေရြးခ်ယ္ပါ
ေျပာခဲ့တဲ့အဆင့္ေတြ အားလံုးလုပ္ၿပီးၿပီဆိုရင္ တိုးပြားလာမယ့္ သင့္ေငြေတြကို ဘာလုပ္မွာလည္း ဆံုးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။ သင္ ေအးေဆးအနားယူႏိုင္တဲ့အထိ ဆက္ၿပီး ရင္းႏွီးျမဳပ္ႏွံထားမွာလား ဒါမွမဟုတ္ ကုိယ္ပိုင္လုပ္ငန္းတစ္ခု ထူေထာင္မွာလား စဥ္းစားရမွာပါ။ ပထမတစ္ခုကေတာ့ အမွားကင္းေပမယ့္ အခ်ိန္ၾကာပါတယ္။ ဒုတိယတစ္ခုကေတာ့ စြန္႔စားရမွာျဖစ္ေပမယ့္ သိပ္မၾကာခင္မွာပဲ အက်ိဳးျဖစ္ထြန္းေစႏိုင္ပါတယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္[sg_popup id=6]
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++
အောင်မြင်ချမ်းသာဖို့ အဆင့်(၅)ခု
(Unicode)
အချိန် (၁၂)နှစ်လောက် ကျောင်းတက်၊ နောက်ထပ် ၄ နှစ်လောက် ဘွဲ့ရဖို့ ကြိုးစားရတာက သင့်ကို အောင်မြင် ချမ်းသာဖို့ အာမခံချက်ပေးနိုင်ပါသလား။ သင့်အနေနဲ့ အောင်မြင်ချမ်းသာချင်တယ်ဆိုရင် မဖြစ်မနေလုပ်ဆောင်ရမယ့် အရာတွေ ရှိပါတယ်။ နှစ်တွေအများကြီး ပညာသင်လာခဲ့ပေမယ့် လူအများစုက ဒီအရာတွေကို သတိမထားမိကြပါဘူး။ ဒီတော့ အောင်မြင်ချမ်းသာဖို့အတွက် လုပ်ဆောင်ရမယ့် အဆင့်ငါးခုကို ဝေမျှလိုက်ပါတယ်။
အဆင့် 0 ။ အလုပ်တစ်ခု ရှာပါ
ဒါက လျို့ဝှက်ချက်မဟုတ်ပါဘူး။ ၀င်ငွေရဖို့အတွက် အလုပ်တစ်ခု လုပ်ရမယ်ဆိုတာ လူတိုင်းသိပါတယ်။
အဆင့် ၁။ အကြွေးတွေ အကုန်ဆပ်ပါ
အကြွေးတင်ထားတာရှိမယ်ဆိုရင် အရင်ဆုံး အကုန်ကျေသွားတဲ့အထိ ဆပ်နိုင်အောင် ကြိုးစားပါ။ အကြွေးဆပ်ဖို့ပဲ ဦးစားပေးပါ။
အဆင့် ၂။ ၀င်ငွေရဲ့ ဆယ်ပုံပုံတစ်ပုံကို စုဆောင်းပါ
အကြွေးတွေ ဆပ်လို့ပြီးပြီဆိုတာနဲ့ ငွေစုပါ။ လူအများစုက ရတဲ့ငွေနဲ့ မလောက်တဲ့အတွက် မစုနိုင်ကြဘူးလို့ ထင်တဲ့အတွက် မစုတတ်ကြပါဘူး။ တကယ်တော့ ပိုရလာရင်လည်း ပိုသုံးပစ်တတ်တာကြောင်း အဖတ်မတင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်အတွက်ကိုယ် အရင်ပေးနိုင်အောင် အလေ့အကျင့်လုပ်ပါ။ ၀င်ငွေရဲ့ (၁၀)ရာခိုင်နှုန်းကို မဖြစ်မနေစုဆောင်းပါ။
အဆင့် ၃။ ခိုလှုံနိုင်သည်အထိ ဖန်တီးပါ
ငွေစုဆောင်ခြင်းဟာ သင်ကိုယ်တိုင်အတွက် အမှီပြုခိုလှုံစရာ တည်ဆောက်ဖန်တီးဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ လစဉ်ကုန်ကျစရိတ်ကို တွက်ချက်ပြီး ကုန်ကျစရိတ်ရဲ့ သုံးဆကနေ ခြောက်ဆလောက်အထိ ရသည်အထိ စုဆောင်းပါ။ ဒီလို စုထားမယ်ဆိုရင် အလုပ်မရှိတော့တဲ့အခါ၊ ဘာလုပ်ရမှန်းမသိတဲ့အခါ အကြွေးမတင်ပဲ အနည်းဆုံး သုံးလကနေ ခြောက်လလောက်အထိ အေးဆေးအချိန်ရနိုင်ပါသေးတယ်။
အဆင့် ၄။ ရင်းနှီးမြုပ်နှံပါ
သင့်အတွက် အမှီပြုစရာ ငွေကြေးတစ်ခု စုဆောင်းမိပြီဆိုရင်လည်း ၀င်ငွေရဲ့ (၁၀)ရာခိုင်နှုန်းကို ဆက်စုဆောင်းရမှာ ဖြစ်ပါတယ်။ အတန်သင့်စုဆောင်းမိပြီဆိုရင် ငွေပြန်ရနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ထည့်ဝင်ထားပါ။ သင့်ငွေမဆုံးရှုံးသွားရအောင်တော့ ဆုံးဖြတ်ချက်မှန်ကန်ဖို့ လိုပါတယ်။ ပြန်ရဖို့ သေချာတဲ့ ငွေတိုးချေးတာ၊ အပေါင်ခံတာ စတာတွေ လုပ်လို့ရသလို ယုံကြည်စိတ်ချရသူတွေရဲ့ အရောင်းအဝယ်လုပ်ငန်းမှာ အရင်းထည့်ဝင်တာလည်း လုပ်လို့ရပါတယ်။
အဆင့် ၅။ ရည်မှန်းချက်တစ်ခု ရွေးချယ်ပါ
ပြောခဲ့တဲ့အဆင့်တွေ အားလုံးလုပ်ပြီးပြီဆိုရင် တိုးပွားလာမယ့် သင့်ငွေတွေကို ဘာလုပ်မှာလည်း ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ သင် အေးဆေးအနားယူနိုင်တဲ့အထိ ဆက်ပြီး ရင်းနှီးမြုပ်နှံထားမှာလား ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်မှာလား စဉ်းစားရမှာပါ။ ပထမတစ်ခုကတော့ အမှားကင်းပေမယ့် အချိန်ကြာပါတယ်။ ဒုတိယတစ်ခုကတော့ စွန့်စားရမှာဖြစ်ပေမယ့် သိပ်မကြာခင်မှာပဲ အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine