သင့္ေခါင္းအံုးကို အသစ္လဲလွယ္သင့္တဲ့အေၾကာင္းရင္း (၆)ခု

သင့္ေခါင္းအံုးကို အသစ္လဲလွယ္သင့္တဲ့အေၾကာင္းရင္း (၆)ခု

(Zawgyi)

သင့္ အိပ္ရာထက္မွာ ၀မ္းနည္းဆံုးအရာကို ျပပါဆိုရင္ ေခါင္းအံုးပဲ ျဖစ္ပါလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အိပ္ရာထက္ ေစာင္၊ ျခင္ေထာင္၊ ေမြ႕ရာနဲ႔ ေခါင္းအံုးစြပ္ စတာေတြက အလဲအေျပာင္းရွိတတ္ေပမယ့္ ေခါင္းအံုးကေတာ့ ေျပာင္းလဲေလ့သိပ္မရွိပါဘူး။ သင့္အေနနဲ႔ ေမြ႕ရာအသစ္၀ယ္ဖို႔ကို ႏွစ္ရက္ေလာက္ အခ်ိန္ယူစဥ္းစားတတ္ေပမယ့္ ေခါင္းအံုးအသစ္လဲဖို႔ေတာ့ သိပ္စဥ္းစားမိမွာမဟုတ္ပါဘူး။ အမ်ားစုကလည္း ေခါင္းအံုးကို သိပ္အေရးႀကီးတယ္လို႔ မထင္တတ္ၾကပါဘူး။ ဒါ့အျပင္ ေခါင္းအုံးစြပ္ခၽြတ္ၿပီးလည္း သိပ္မၾကည့္ခ်င္ဘူး ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ လက္ရွိ သင့္ရဲ႕ေခါင္းအံုးကို အသစ္လဲလွယ္သင့္တဲ့ အေၾကာင္းရင္းတစ္ခ်ိဳ႕ရွိေနပါတယ္။

၁။ သင့္မ်က္ႏွာမွာ ၀က္ျခံေတြေပါက္ေစႏိုင္ပါတယ္
၀က္ျခံျဖစ္ေစႏိုင္တဲ့ အဆိုးဆံုးအေၾကာင္းရင္းေတြထဲက တစ္ခုကေတာ့ သင့္မ်က္ႏွာညစ္ေပတာပဲ ျဖစ္ပါတယ္။ မ်က္ႏွာမညစ္ေပေအာင္လို႔ နည္းမ်ိဳးစံုနဲ႔ သန္႔ရွင္းတတ္ၾကေပမယ့္ ေခါင္းအံုး အထူးသျဖင့္ ေခါင္းအံုးစြပ္ကိုေတာ့ ေမ့ေနတတ္ပါတယ္။ သင့္ေခါင္းအံုးနဲ႔ ေခါင္းအံုးစြပ္က ဖုန္ေတြ၊ အမႈန္ေတြ၊ အဆီေတြ၊ မ်က္ႏွာဆဲလ္အေသေတြ၊ မေန႔ကလိမ္းထားတဲ့ ေနေလာင္ခံခရမ္၊ အိပ္ရင္းက်တတ္တဲ့ သြားရည္ စတာေတြကို စုေဆာင္းထားတဲ့ေနရာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သန္႔ရွင္းေပးဖို႔ လိုပါတယ္။ အနည္းဆံုး တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ေခါင္းအုံးစြပ္လဲလွယ္ ေလွ်ာ္ဖြတ္သင့္ပါတယ္။

၂။ ပိုးမႊားေတြအတြက္ ဘူေဖးပြဲေတာ္ႀကီးျဖစ္ပါတယ္။
ခုနကေျပာခဲ့သလိုပဲ ေခါင္းအံုးမွာ အဆီေတြ၊ ဆဲလ္ေသးေတြ အမ်ားႀကီးရွီေနတာေၾကာင့္ ပိုးမႊားေတြအတြက္ကေတာ့ ေန႔လည္စာ ဘူေဇးပြဲေတာ္ႀကီးပဲ ျဖစ္ပါတယ္။ သာမန္မ်က္လံုးနဲ႔ ၾကည့္လို႔မျမင္ႏိုင္တဲ့ ပိုးပႊားေတြဟာ ကၽြန္ေတာ္တို႔ေန႔စဥ္ခ်န္ထားရစ္ခဲ့တဲ့ ဆဲလ္အေသေတြကို စားသံုးၾကပါတယ္။ ဒီပိုးမႊားေတြက သင့္ကို အေရျပားဓာတ္မတည့္တာ၊ ပန္းနာရင္က်ပ္စတာေတြကို ျဖစ္ေစႏုိင္ပါတယ္။ သူတို႔ရန္ကေနကာကြယ္ခ်င္တယ္ဆိုရင္ေတာ့ ဇစ္နဲ႔ပိတ္လို႔ရတဲ့ ေခါင္းအံုးအိတ္တစ္ခုခုကို အသံုးျပဳသင့္ပါတယ္။ ေခါင္းအံုးအိတ္ကိုလည္း တစ္လတစ္ခါေလာက္ ေလွ်ာ္ဖြတ္သင့္ပါတယ္။

၃။ ေခါင္းအံုးနဲ႔ပတ္သက္တဲ့ လိုက္နာစရာေတြကို မသိတာ
ဟုတ္ပါတယ္။ ဘယ္သူကေရာ သိမွာလဲ။ ဒါက ေခါင္းအံုးပဲေလ။ ဘာဂရုစိုက္စရာရွိလို႔လဲ။ ဘာေတြမ်ား လိုက္နာေဆာင္ရြက္ရမွာလဲ ေခါင္းအံုးစြပ္နဲ႔ ေခါင္းအံုးအိတ္ကို ဘယ္လိုေလွ်ာ္ဖြတ္ရမလဲဆိုတာ ေျပာၿပီးပါၿပီ။ အခုက တကယ္ေခါင္းအံုး လာပါၿပီ။ သင့္ေခါင္းအံုးက ေလွ်ာ္လို႔ရမရဆိုတာေရာ သိပါသလား။ ၾကည့္စရာ မိႈ႔အတုထည့္ထားတာဆိုရင္ ေလွ်ာ္လို႔ရပါတယ္။ မဟုတ္ရင္ေတာ့ မရပါဘူး။ အေျခာက္ေလွ်ာ္ေပးဖို႔ လိုပါတယ္။ ပံုမွန္အားျဖင့္ ေခါင္းအံုးေတြကို ေျခာက္လတစ္ခါေလာက္ ေလွ်ာ္ေပးသင့္ပါတယ္။ ေလွ်ာ္တဲ့အခါမွာ ဆပ္ျပာမက်န္ေအာင္ ေသခ်ာလုပ္ဖို႔ လိုပါတယ္။

၄။ သင့္ေခါင္းကို မတင္မေပးႏိုင္ေတာ့ဘူး
ေခါင္းအံုးကို အသံုးျပဳပါမ်ား၊ ေလွ်ာ္ပါမ်ားလာရင္ သင့္ဦးေခါင္းကို ေကာင္းေကာင္းပံ့ပိုးေပးႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ အထဲမွာ ထည့္ထားတဲ့ မႈိ႔ပဲျဖစ္ျဖစ္၊ အျခားဘာပဲျဖစ္ျဖစ္ အားလံုးက ဖိႏွိပ္ခံရပါမ်ားလာတဲ့အခါမွာ ျပားသြားမွာျဖစ္ပါတယ္။ သင့္ေခါင္းအံုးရတာ အဆင္မေျပျဖစ္လာရင္ အလြယ္ဆံုးနည္းလမ္းက ထက္ပိုင္းေခါက္ၿပီး အံုးတာပဲျဖစ္ပါတယ္။ အျမဲတမ္းထက္၀က္ေခါက္ၿပီး သံုးေနရရင္ ေခါင္းအံုးအသစ္လဲသင့္ပါၿပီ။

၅။ ေခါင္းအံုးသက္တမ္းကုန္သြားတာ
သင့္ေခါင္းအံုးက ႏွစ္ပိုင္းျပန္ေခါက္လို႔ရေအာင္ ျပားေနၿပီဆိုကတည္းက သက္တမ္းကုန္ေနၿပီျဖစ္ပါတယ္။ ဒီလို သက္ေတာင့္သက္သာ မရွိတဲ့ေခါင္းအံုးကို ေရရွည္မသံုးသင့္ပါဘူး။ သင့္ေခါင္းအံုးကို တစ္ႏွစ္တစ္ႀကိမ္လဲလွယ္တာက အေကာင္းဆံုးျဖစ္မွာပါ။ မတတ္ႏိုင္ရင္ေတာင္ သံုးႏွစ္တစ္ႀကိမ္ေတာ့ အသစ္လဲလွယ္သင့္ပါတယ္။

၆။ ေခါင္းအံုးလဲလိုက္႐ုံနဲ႔ ပိုေက်နပ္စရာေတြ ၾကံဳရမယ္
ေခါင္းအံုးေတြ၊ ေခါင္းအံုးစြပ္ေတြ အသစ္လဲလိုက္ရုံနဲ႔ သင့္အိပ္စက္ျခင္းက ပိုၿပီးေက်နပ္စရာျဖစ္လာမွာပါ။ ႏွစ္သက္စရာ ပစၥည္းသစ္ရနံ႔ေလးနဲ႔ အိပ္စက္ရမယ္။ ႏိုးထလာရင္လည္း အသစ္ေတြကို ျမင္ေတြ႕ရတာက စိတ္ေက်နပ္စရာျဖစ္ပါတယ္။ ေခါင္းအံုးေတြကလည္း အဆင့္ျမင့္လာပါၿပီ။ မနက္ခင္းမွာ သင့္ကို ညင္ညင္သာသာ ႏိႈးေပးႏိုင္တဲ့ ေခါင္းအံုး၊ အဆီေတြ၊ အညစ္အေၾကးေတြ မစြန္းေပႏိုင္တဲ့ ေခါင္းအံုး၊ ေခါင္းအေနအထားကိုလိုက္ၿပီး သက္ေတာင့္သက္သာျဖစ္ေအာင္ ပံ့ပိုးေပးႏိုင္တဲ့ ေခါင္းအံုး စသျဖင့္ အသစ္အဆန္းေတြလည္း ေပၚထြက္ေနပါၿပီ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++

သင့်ခေါင်းအုံးကို အသစ်လဲလှယ်သင့်တဲ့အကြောင်းရင်း (၆)ခု

(Unicode)

သင့် အိပ်ရာထက်မှာ ၀မ်းနည်းဆုံးအရာကို ပြပါဆိုရင် ခေါင်းအုံးပဲ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်ရာထက် စောင်၊ ခြင်ထောင်၊ မွေ့ရာနဲ့ ခေါင်းအုံးစွပ် စတာတွေက အလဲအပြောင်းရှိတတ်ပေမယ့် ခေါင်းအုံးကတော့ ပြောင်းလဲလေ့သိပ်မရှိပါဘူး။ သင့်အနေနဲ့ မွေ့ရာအသစ်ဝယ်ဖို့ကို နှစ်ရက်လောက် အချိန်ယူစဉ်းစားတတ်ပေမယ့် ခေါင်းအုံးအသစ်လဲဖို့တော့ သိပ်စဉ်းစားမိမှာမဟုတ်ပါဘူး။ အများစုကလည်း ခေါင်းအုံးကို သိပ်အရေးကြီးတယ်လို့ မထင်တတ်ကြပါဘူး။ ဒါ့အပြင် ခေါင်းအုံးစွပ်ချွတ်ပြီးလည်း သိပ်မကြည့်ချင်ဘူး ဆိုတာ သေချာပါတယ်။ ဒါပေမယ့် လက်ရှိ သင့်ရဲ့ခေါင်းအုံးကို အသစ်လဲလှယ်သင့်တဲ့ အကြောင်းရင်းတစ်ချို့ရှိနေပါတယ်။

၁။ သင့်မျက်နှာမှာ ၀က်ခြံတွေပေါက်စေနိုင်ပါတယ်
၀က်ခြံဖြစ်စေနိုင်တဲ့ အဆိုးဆုံးအကြောင်းရင်းတွေထဲက တစ်ခုကတော့ သင့်မျက်နှာညစ်ပေတာပဲ ဖြစ်ပါတယ်။ မျက်နှာမညစ်ပေအောင်လို့ နည်းမျိုးစုံနဲ့ သန့်ရှင်းတတ်ကြပေမယ့် ခေါင်းအုံး အထူးသဖြင့် ခေါင်းအုံးစွပ်ကိုတော့ မေ့နေတတ်ပါတယ်။ သင့်ခေါင်းအုံးနဲ့ ခေါင်းအုံးစွပ်က ဖုန်တွေ၊ အမှုန်တွေ၊ အဆီတွေ၊ မျက်နှာဆဲလ်အသေတွေ၊ မနေ့ကလိမ်းထားတဲ့ နေလောင်ခံခရမ်၊ အိပ်ရင်းကျတတ်တဲ့ သွားရည် စတာတွေကို စုဆောင်းထားတဲ့နေရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သန့်ရှင်းပေးဖို့ လိုပါတယ်။ အနည်းဆုံး တစ်ပတ်ကို နှစ်ကြိမ်လောက် ခေါင်းအုံးစွပ်လဲလှယ် လျှော်ဖွတ်သင့်ပါတယ်။

၂။ ပိုးမွှားတွေအတွက် ဘူဖေးပွဲတော်ကြီးဖြစ်ပါတယ်။
ခုနကပြောခဲ့သလိုပဲ ခေါင်းအုံးမှာ အဆီတွေ၊ ဆဲလ်သေးတွေ အများကြီးရှီနေတာကြောင့် ပိုးမွှားတွေအတွက်ကတော့ နေ့လည်စာ ဘူဇေးပွဲတော်ကြီးပဲ ဖြစ်ပါတယ်။ သာမန်မျက်လုံးနဲ့ ကြည့်လို့မမြင်နိုင်တဲ့ ပိုးပွှားတွေဟာ ကျွန်တော်တို့နေ့စဉ်ချန်ထားရစ်ခဲ့တဲ့ ဆဲလ်အသေတွေကို စားသုံးကြပါတယ်။ ဒီပိုးမွှားတွေက သင့်ကို အရေပြားဓာတ်မတည့်တာ၊ ပန်းနာရင်ကျပ်စတာတွေကို ဖြစ်စေနိုင်ပါတယ်။ သူတို့ရန်ကနေကာကွယ်ချင်တယ်ဆိုရင်တော့ ဇစ်နဲ့ပိတ်လို့ရတဲ့ ခေါင်းအုံးအိတ်တစ်ခုခုကို အသုံးပြုသင့်ပါတယ်။ ခေါင်းအုံးအိတ်ကိုလည်း တစ်လတစ်ခါလောက် လျှော်ဖွတ်သင့်ပါတယ်။

၃။ ခေါင်းအုံးနဲ့ပတ်သက်တဲ့ လိုက်နာစရာတွေကို မသိတာ
ဟုတ်ပါတယ်။ ဘယ်သူကရော သိမှာလဲ။ ဒါက ခေါင်းအုံးပဲလေ။ ဘာဂရုစိုက်စရာရှိလို့လဲ။ ဘာတွေများ လိုက်နာဆောင်ရွက်ရမှာလဲ ခေါင်းအုံးစွပ်နဲ့ ခေါင်းအုံးအိတ်ကို ဘယ်လိုလျှော်ဖွတ်ရမလဲဆိုတာ ပြောပြီးပါပြီ။ အခုက တကယ်ခေါင်းအုံး လာပါပြီ။ သင့်ခေါင်းအုံးက လျှော်လို့ရမရဆိုတာရော သိပါသလား။ ကြည့်စရာ မှို့အတုထည့်ထားတာဆိုရင် လျှော်လို့ရပါတယ်။ မဟုတ်ရင်တော့ မရပါဘူး။ အခြောက်လျှော်ပေးဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် ခေါင်းအုံးတွေကို ခြောက်လတစ်ခါလောက် လျှော်ပေးသင့်ပါတယ်။ လျှော်တဲ့အခါမှာ ဆပ်ပြာမကျန်အောင် သေချာလုပ်ဖို့ လိုပါတယ်။

၄။ သင့်ခေါင်းကို မတင်မပေးနိုင်တော့ဘူး
ခေါင်းအုံးကို အသုံးပြုပါများ၊ လျှော်ပါများလာရင် သင့်ဦးခေါင်းကို ကောင်းကောင်းပံ့ပိုးပေးနိုင်တော့မှာ မဟုတ်ပါဘူး။ အထဲမှာ ထည့်ထားတဲ့ မှို့ပဲဖြစ်ဖြစ်၊ အခြားဘာပဲဖြစ်ဖြစ် အားလုံးက ဖိနှိပ်ခံရပါများလာတဲ့အခါမှာ ပြားသွားမှာဖြစ်ပါတယ်။ သင့်ခေါင်းအုံးရတာ အဆင်မပြေဖြစ်လာရင် အလွယ်ဆုံးနည်းလမ်းက ထက်ပိုင်းခေါက်ပြီး အုံးတာပဲဖြစ်ပါတယ်။ အမြဲတမ်းထက်ဝက်ခေါက်ပြီး သုံးနေရရင် ခေါင်းအုံးအသစ်လဲသင့်ပါပြီ။

၅။ ခေါင်းအုံးသက်တမ်းကုန်သွားတာ
သင့်ခေါင်းအုံးက နှစ်ပိုင်းပြန်ခေါက်လို့ရအောင် ပြားနေပြီဆိုကတည်းက သက်တမ်းကုန်နေပြီဖြစ်ပါတယ်။ ဒီလို သက်တောင့်သက်သာ မရှိတဲ့ခေါင်းအုံးကို ရေရှည်မသုံးသင့်ပါဘူး။ သင့်ခေါင်းအုံးကို တစ်နှစ်တစ်ကြိမ်လဲလှယ်တာက အကောင်းဆုံးဖြစ်မှာပါ။ မတတ်နိုင်ရင်တောင် သုံးနှစ်တစ်ကြိမ်တော့ အသစ်လဲလှယ်သင့်ပါတယ်။

၆။ ခေါင်းအုံးလဲလိုက်ရုံနဲ့ ပိုကျေနပ်စရာတွေ ကြုံရမယ်
ခေါင်းအုံးတွေ၊ ခေါင်းအုံးစွပ်တွေ အသစ်လဲလိုက်ရုံနဲ့ သင့်အိပ်စက်ခြင်းက ပိုပြီးကျေနပ်စရာဖြစ်လာမှာပါ။ နှစ်သက်စရာ ပစ္စည်းသစ်ရနံ့လေးနဲ့ အိပ်စက်ရမယ်။ နိုးထလာရင်လည်း အသစ်တွေကို မြင်တွေ့ရတာက စိတ်ကျေနပ်စရာဖြစ်ပါတယ်။ ခေါင်းအုံးတွေကလည်း အဆင့်မြင့်လာပါပြီ။ မနက်ခင်းမှာ သင့်ကို ညင်ညင်သာသာ နှိုးပေးနိုင်တဲ့ ခေါင်းအုံး၊ အဆီတွေ၊ အညစ်အကြေးတွေ မစွန်းပေနိုင်တဲ့ ခေါင်းအုံး၊ ခေါင်းအနေအထားကိုလိုက်ပြီး သက်တောင့်သက်သာဖြစ်အောင် ပံ့ပိုးပေးနိုင်တဲ့ ခေါင်းအုံး စသဖြင့် အသစ်အဆန်းတွေလည်း ပေါ်ထွက်နေပါပြီ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%