ေသာကကင္းေ၀း ေနႏိုင္ေရး

ေသာကကင္းေ၀း ေနႏိုင္ေရး

(Zawgyi)

တကယ္လို႔မ်ား။ တကယ္လို႔ အဆင္မေျပခဲ့ရင္ေရာ။ အလကားအခ်ိန္ျဖဳန္းသလိုျဖစ္ေနမလား။ ငါ အဆင္မေျပျဖစ္သြားရင္ လူတိုင္းက ၀ိုင္းၿပီး အျပစ္တင္ၾကမွာလား။

ဒီေမခြန္းေတြနဲ႔ ရင္းႏွီးတယ္လို႔ ထင္မိေနရင္ သင္တစ္ေယာက္တည္းမဟုတ္ပါဘူး။ စိုးရိမ္ေသာကဆိုတာ လူတိုင္းမွာရွိတတ္ပါတယ္။ သတင္းအခ်က္အလက္ေတြနဲ႔ ေမွ်ာ္လင့္ခ်က္ေတြကို ကၽြန္ေတာ္တို႔ ဦးေႏွာက္က တြက္ခ်က္တဲ့အခါမွာ မေကာင္းတာေတြ၊ အဆင္မေျပတာေတြ၊ ဘယ္ေတာ့မွ အလုပ္မျဖစ္ႏိုင္တာေတြနဲ႔ပဲ အရင္ဆံုးျပည့္လာတတ္ပါတယ္။

စိုးရိမ္ေသာကျဖစ္တတ္တာက ပံုမွန္ပါပဲ။ ဒါေပမယ့္ ညဖက္ အိပ္မရေအာင္ ျဖစ္ေနၿပီးဆိုရင္ေတာ့ ပံုမွန္မဟုတ္ေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ အမ်ားစုက တကယ္လက္ေတြ႕မွာ ျဖစ္ႏိုင္ေခ်နည္းပါးတဲ့ အေရးကိစၥေတြ၊ အေတြးေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ႏွိပ္စက္ေနတတ္ၾကပါတယ္။

ဥပမာေျပာရရင္ သင့္အေနနဲ႔ စားပြဲထိုးတစ္ေယာက္အျဖစ္ အလုပ္စ၀င္ရတယ္ဆိုပါစို႔။ စားေသာက္စရာေတြကိုလည္း အလြတ္မရေသးဘူး။ ေအာ္ဒါလည္း မွန္မွန္ကန္ကန္မမွာတတ္ဘူး။ ဒီၾကားထဲ ပန္းကန္ႏွစ္ခ်ပ္ေလာက္ ခြဲလိုက္ေသးတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း သိပ္မၾကည္ဘူးဆိုရင္ အလုပ္ၿပီးလို႔ အိမ္ျပန္ေရာက္တဲ့အခါမွာ ေနာက္တစ္ေန႔ထပ္မသြားခ်င္ေလာက္ေအာင္ ေသာကေပြရမွာျဖစ္ပါတယ္။ ဒါေပမယ့္ မသြားမျဖစ္မို႔လို႔ ေနာက္တစ္ရက္သြားတဲ့အခါမွာ အားလံုးက မေန႔ကကိစၥေတြကို မရွိခဲ့သလို ဆက္ဆံၿပီး လုပ္ျမဲအတိုင္းလည္ပတ္ေနတာကို ေတြ႕လိုက္ရရင္ သင္အတြက္ ခံစားရသက္သာသြားမွာပါ။ ေနာက္တစ္ခါလည္း အမွားေတြမလုပ္မိေအာင္ ဆင္ျခင္သင္ယူၿပီး အေကာင္းဆံုးႀကိဳးစားသြားမွာျဖစ္ပါတယ္။

အဆိုးဆံုးအတြက္ ျပင္ဆင္ၿပီး အေကာင္းဆံုးျဖစ္ဖို႔ ေမွ်ာ္လင့္ထားပါ။ အဆိုးဆံုးကို ေမွ်ာ္လင့္ထားရမွာ မဟုတ္ပါဘူး။ အဆိုးဆံုးကို ေမွ်ာ္လင့္မယ္ဆိုရင္ မေကာင္းျမင္စိတ္ေတြက အရင္ျပည့္ေနမွာ ျဖစ္ပါတယ္။ အေကာင္းျမင္စိတ္မ်ားလြန္းရင္လည္း သဘာ၀မက်တဲ့ စိတ္ပ်က္စရာျဖစ္လာတတ္ပါတယ္။ သင့္စိတ္ကို ဖြင့္ထားပါ။ တကယ္ျဖစ္မလာေသးတာေတြအတြက္ စိုးရိမ္မေနပါနဲ႔။ ျဖစ္လာမလားဆိုတာေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္မေနပါနဲ႔။

စိုးရိမ္လြန္ျခင္းက ကိုယ့္ဒုကၡကိုယ္ရွာျခင္းသာ ျဖစ္တယ္။
သင့္ရဲ႕ စိုးရိမ္ေသာကေတြ သင့္တက္လမ္းကို ပိတ္ဆို႔ေနတဲ့အရာပဲျဖစ္ပါတယ္။ ရရွိလာတဲ့ အခြင့္အလမ္းေတြကို လက္လႊတ္လိုက္ရႏိုင္ပါတယ္။ ဒါက သင့္ကိုယ္သင္ က်႐ႈံးေအာင္ လုပ္ေနတာပါပဲ။ ခ်စ္သူရည္းစားကိစၥေတြမွာ ၾကည့္ၾကည့္မယ္ဆိုရင္ သင့္ဖက္က တဖက္သက္စိုးရိမ္ၿပီး ဖြင့္မေျပာရဲတာေတြေၾကာင့္ က်န္ရစ္ျဖစ္ခဲ့တာ သင့္အျပစ္ပဲျဖစ္ပါတယ္။ လူအမ်ားစုက ျဖစ္ႏိုင္ေခ်ကို လစ္လ်ဴ႐ႈၿပီး မျဖစ္လာေသးတဲ့ ဒုကၡကို ႀကိဳေတြးၿပီး ပူပန္ေနတတ္ၾကပါတယ္။ သင့္အေနနဲ႔ ေသမေလာက္ စိုးရိမ္ေၾကာင့္က်ေနေပမယ့္ တကယ္ျဖစ္လာႏိုင္ေခ် သိပ္မရွိတဲ့ စိုးရိမ္ေသာကေတြရွိပါတယ္။

ေလယာဥ္ပ်က္က်မွာ၊ ကားတိုက္မွာကို စိုးရိမ္စိတ္
ဟုတ္ပါတယ္။ ေလယာဥ္ပ်က္က်တာက စိုးရိမ္စရာကိစၥတစ္ခုျဖစ္ပါတယ္။ ေလယာဥ္ပ်က္က်တဲ့ သတင္းေတြလည္း ၾကားဖူးမွာပါ။ ဒါေပမယ့္ ေသခ်ာျပန္စဥ္းစားၾကည့္ပါ။ တစ္ႏွစ္လံုးမွာ ေလယာဥ္ပ်က္က်တာ ဘယ္ႏွစ္ႀကိမ္ထိ အမ်ားဆံုးၾကားဖူးပါသလဲ။ ေန႔စဥ္နဲ႔အမွ်ဆိုသလို လူေထာင္ေပါင္းမ်ားစြာဟာ ေလေၾကာင္းခရီးသြားလာေနၾကပါတယ္။ ခဏခဏပ်က္က်မယ္ဆိုရင္ ဘယ္သူမွသြားမွာမဟုတ္ပါဘူး။ ကားတိုက္မႈကေရာ ဒီလိုပါပဲ။ မၾကာခဏ ယာဥ္တိုက္မႈျဖစ္တတ္တဲ့ေနရာေတြဆိုရင္ သတိပိုထားလိုက္ပါ။ ဒီေလာက္ဆိုရင္ အဆင္ေျပပါၿပီ။

လူေတြရဲ႕ ထင္ျမင္ခ်က္ကို စိုးရိမ္စိတ္
ဒီတစ္ခ်က္က နည္းနည္းအေရးႀကီးပါတယ္။ ပတ္၀န္းက်င္ကလူေတြဟာ ကၽြန္ေတာ္တို႔ရဲ႕ လႈပ္ရွားမႈတိုင္းကို သတိထားၾကည့္ေနတယ္လို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ ဘယ္သူကမွ ဒီေလာက္ထိ ဂ႐ုစိုက္မေနႏိုင္ပါဘူး။ ဟုတ္ပါတယ္။ လြန္ခဲ့တဲ့ သံုးပတ္ေလာက္က သင္ေျပာလိုက္တဲ့ စကားတစ္ခြန္းက အခုခ်ိန္မွာ ဘယ္သူမွ မမွတ္မိေတာ့ပါဘူး။ သင္တစ္ေယာက္တည္းပဲ စိုးရိမ္ေနတာျဖစ္ပါတယ္။ လူေတြအားလံုးက ကိုယ့္အပူနဲ႔ ကိုယ္ရွိၾကပါတယ္။ ဒီေတာ့ သူတို႔ဘယ္လိုထင္မလဲ စိုးရိမ္မေနပါနဲ႔။

စြန္႔ပယ္ခံရမွာ စိုးရိမ္စိတ္
စြန္႔ပယ္ခံရမွာကို စိုးရိမ္ျခင္းက သင့္နားကလူေတြကို အေ၀းကိုပိုေရာက္သြားေစပါတယ္။ သင့္အေနနဲ႔ ေလးစားခင္မင္ရတဲ့လူတစ္ေယာက္က သင့္ကို မသိခ်င္ေယာင္ေဆာင္ေနမယ္ဆိုရင္ သင့္မာနနဲ႔ ေမွ်ာ္လင့္ခ်က္ကို ထိခိုက္လာႏိုင္ပါတယ္။ ဒါေပမယ့္ သေဘာေပါက္ထားရမွာက လူတိုင္းက သင့္ကို စြန္႔ပယ္မွာ မဟုတ္ဘူးဆိုတာပါပဲ။ စြန္႔ပယ္ခံရမွာကို စိုးရိမ္စိတ္နဲ႔ ေရွာင္ဖယ္ေရွာင္ဖယ္လုပ္ေနမွ လူေတြနဲ႔ အလွမ္းေ၀းၿပီး တစ္ေယာက္တည္းျဖစ္ေနမွာပါ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++

သောကကင်းဝေး နေနိုင်ရေး

(Unicode)

တကယ်လို့များ။ တကယ်လို့ အဆင်မပြေခဲ့ရင်ရော။ အလကားအချိန်ဖြုန်းသလိုဖြစ်နေမလား။ ငါ အဆင်မပြေဖြစ်သွားရင် လူတိုင်းက ၀ိုင်းပြီး အပြစ်တင်ကြမှာလား။

ဒီမေခွန်းတွေနဲ့ ရင်းနှီးတယ်လို့ ထင်မိနေရင် သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ စိုးရိမ်သောကဆိုတာ လူတိုင်းမှာရှိတတ်ပါတယ်။ သတင်းအချက်အလက်တွေနဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်တို့ ဦးနှောက်က တွက်ချက်တဲ့အခါမှာ မကောင်းတာတွေ၊ အဆင်မပြေတာတွေ၊ ဘယ်တော့မှ အလုပ်မဖြစ်နိုင်တာတွေနဲ့ပဲ အရင်ဆုံးပြည့်လာတတ်ပါတယ်။

စိုးရိမ်သောကဖြစ်တတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ညဖက် အိပ်မရအောင် ဖြစ်နေပြီးဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ အများစုက တကယ်လက်တွေ့မှာ ဖြစ်နိုင်ချေနည်းပါးတဲ့ အရေးကိစ္စတွေ၊ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်နေတတ်ကြပါတယ်။

ဥပမာပြောရရင် သင့်အနေနဲ့ စားပွဲထိုးတစ်ယောက်အဖြစ် အလုပ်စဝင်ရတယ်ဆိုပါစို့။ စားသောက်စရာတွေကိုလည်း အလွတ်မရသေးဘူး။ အော်ဒါလည်း မှန်မှန်ကန်ကန်မမှာတတ်ဘူး။ ဒီကြားထဲ ပန်းကန်နှစ်ချပ်လောက် ခွဲလိုက်သေးတယ်။ လုပ်ဖော်ကိုင်ဖက်တွေကလည်း သိပ်မကြည်ဘူးဆိုရင် အလုပ်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါမှာ နောက်တစ်နေ့ထပ်မသွားချင်လောက်အောင် သောကပွေရမှာဖြစ်ပါတယ်။ ဒါပေမယ့် မသွားမဖြစ်မို့လို့ နောက်တစ်ရက်သွားတဲ့အခါမှာ အားလုံးက မနေ့ကကိစ္စတွေကို မရှိခဲ့သလို ဆက်ဆံပြီး လုပ်မြဲအတိုင်းလည်ပတ်နေတာကို တွေ့လိုက်ရရင် သင်အတွက် ခံစားရသက်သာသွားမှာပါ။ နောက်တစ်ခါလည်း အမှားတွေမလုပ်မိအောင် ဆင်ခြင်သင်ယူပြီး အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ်။

အဆိုးဆုံးအတွက် ပြင်ဆင်ပြီး အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ထားပါ။ အဆိုးဆုံးကို မျှော်လင့်ထားရမှာ မဟုတ်ပါဘူး။ အဆိုးဆုံးကို မျှော်လင့်မယ်ဆိုရင် မကောင်းမြင်စိတ်တွေက အရင်ပြည့်နေမှာ ဖြစ်ပါတယ်။ အကောင်းမြင်စိတ်များလွန်းရင်လည်း သဘာဝမကျတဲ့ စိတ်ပျက်စရာဖြစ်လာတတ်ပါတယ်။ သင့်စိတ်ကို ဖွင့်ထားပါ။ တကယ်ဖြစ်မလာသေးတာတွေအတွက် စိုးရိမ်မနေပါနဲ့။ ဖြစ်လာမလားဆိုတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မနေပါနဲ့။

စိုးရိမ်လွန်ခြင်းက ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာ ဖြစ်တယ်။
သင့်ရဲ့ စိုးရိမ်သောကတွေ သင့်တက်လမ်းကို ပိတ်ဆို့နေတဲ့အရာပဲဖြစ်ပါတယ်။ ရရှိလာတဲ့ အခွင့်အလမ်းတွေကို လက်လွှတ်လိုက်ရနိုင်ပါတယ်။ ဒါက သင့်ကိုယ်သင် ကျရှုံးအောင် လုပ်နေတာပါပဲ။ ချစ်သူရည်းစားကိစ္စတွေမှာ ကြည့်ကြည့်မယ်ဆိုရင် သင့်ဖက်က တဖက်သက်စိုးရိမ်ပြီး ဖွင့်မပြောရဲတာတွေကြောင့် ကျန်ရစ်ဖြစ်ခဲ့တာ သင့်အပြစ်ပဲဖြစ်ပါတယ်။ လူအများစုက ဖြစ်နိုင်ချေကို လစ်လျူရှုပြီး မဖြစ်လာသေးတဲ့ ဒုက္ခကို ကြိုတွေးပြီး ပူပန်နေတတ်ကြပါတယ်။ သင့်အနေနဲ့ သေမလောက် စိုးရိမ်ကြောင့်ကျနေပေမယ့် တကယ်ဖြစ်လာနိုင်ချေ သိပ်မရှိတဲ့ စိုးရိမ်သောကတွေရှိပါတယ်။

လေယာဉ်ပျက်ကျမှာ၊ ကားတိုက်မှာကို စိုးရိမ်စိတ်
ဟုတ်ပါတယ်။ လေယာဉ်ပျက်ကျတာက စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ပါတယ်။ လေယာဉ်ပျက်ကျတဲ့ သတင်းတွေလည်း ကြားဖူးမှာပါ။ ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ပါ။ တစ်နှစ်လုံးမှာ လေယာဉ်ပျက်ကျတာ ဘယ်နှစ်ကြိမ်ထိ အများဆုံးကြားဖူးပါသလဲ။ နေ့စဉ်နဲ့အမျှဆိုသလို လူထောင်ပေါင်းများစွာဟာ လေကြောင်းခရီးသွားလာနေကြပါတယ်။ ခဏခဏပျက်ကျမယ်ဆိုရင် ဘယ်သူမှသွားမှာမဟုတ်ပါဘူး။ ကားတိုက်မှုကရော ဒီလိုပါပဲ။ မကြာခဏ ယာဉ်တိုက်မှုဖြစ်တတ်တဲ့နေရာတွေဆိုရင် သတိပိုထားလိုက်ပါ။ ဒီလောက်ဆိုရင် အဆင်ပြေပါပြီ။

လူတွေရဲ့ ထင်မြင်ချက်ကို စိုးရိမ်စိတ်
ဒီတစ်ချက်က နည်းနည်းအရေးကြီးပါတယ်။ ပတ်ဝန်းကျင်ကလူတွေဟာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားကြည့်နေတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဘယ်သူကမှ ဒီလောက်ထိ ဂရုစိုက်မနေနိုင်ပါဘူး။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ သုံးပတ်လောက်က သင်ပြောလိုက်တဲ့ စကားတစ်ခွန်းက အခုချိန်မှာ ဘယ်သူမှ မမှတ်မိတော့ပါဘူး။ သင်တစ်ယောက်တည်းပဲ စိုးရိမ်နေတာဖြစ်ပါတယ်။ လူတွေအားလုံးက ကိုယ့်အပူနဲ့ ကိုယ်ရှိကြပါတယ်။ ဒီတော့ သူတို့ဘယ်လိုထင်မလဲ စိုးရိမ်မနေပါနဲ့။

စွန့်ပယ်ခံရမှာ စိုးရိမ်စိတ်
စွန့်ပယ်ခံရမှာကို စိုးရိမ်ခြင်းက သင့်နားကလူတွေကို အဝေးကိုပိုရောက်သွားစေပါတယ်။ သင့်အနေနဲ့ လေးစားခင်မင်ရတဲ့လူတစ်ယောက်က သင့်ကို မသိချင်ယောင်ဆောင်နေမယ်ဆိုရင် သင့်မာနနဲ့ မျှော်လင့်ချက်ကို ထိခိုက်လာနိုင်ပါတယ်။ ဒါပေမယ့် သဘောပေါက်ထားရမှာက လူတိုင်းက သင့်ကို စွန့်ပယ်မှာ မဟုတ်ဘူးဆိုတာပါပဲ။ စွန့်ပယ်ခံရမှာကို စိုးရိမ်စိတ်နဲ့ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေမှ လူတွေနဲ့ အလှမ်းဝေးပြီး တစ်ယောက်တည်းဖြစ်နေမှာပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%