ေျခေထာက္အနံ႔ဆိုးေတြကို ရွင္းထုတ္ပစ္ဖို႔…

ေျခေထာက္အနံ႔ဆိုးေတြကို ရွင္းထုတ္ပစ္ဖို႔…

(Zawgyi)

႐ႈးဖိနပ္ေတြ၊ ေျခေထာက္ကို အလံုပိတ္ထားတဲ့ ဖိနပ္ေတြ စီးတဲ့အခါ၊ ရာသီဥတုပူရင္ပဲျဖစ္ျဖစ္၊ မိုးစိုလို႔ပဲျဖစ္ျဖစ္၊ ေျခေထာက္က ေခၽြးနဲ႔ေပါင္းလိုက္တဲ့အခါ မခံမရပ္ႏိုင္ေလာက္တဲ့ အနံ႔ဆိုးေတြ ထြက္လာတတ္ပါတယ္။ သင့္အေရျပားနဲ႔ ဖိနပ္မွာရွိတဲ့ ဘက္တီးရီးယားေတြက အနံ႔ဆိုးေတြကို ထုတ္လႊတ္တာေၾကာင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီဘက္တီးရီးယားေတြကို ေလွ်ာ့ခ်ၿပီး အနံ႔ဆိုးကို ထိန္းသိမ္းႏိုင္မယ့္ နည္းလမ္းတစ္ခ်ိဳ႕ကို ေ၀မွ်ေပးခ်င္ပါတယ္။

သင့္ ေျခေထာက္အတြက္

၁။ ဆားရည္နဲ႔ စိမ္ပါ
ဆားဟာ သင့္အေရျပားက စိုထိုင္းမႈေတြကို စုပ္ယူႏိုင္တဲ့အတြက္ ဘက္တီးရီးယားေတြကို ေလ်ာ့နည္းသြားေစပါတယ္။ ဒါ့ေၾကာင့္ ေရဇလံုတစ္ခုထဲမွာ ေရေႏြးနဲ႔ ဆားကို အတန္သင့္ေရာစပ္ၿပီး မိနစ္ႏွစ္ဆယ္ခန္႔ ေျခေထာက္စိမ္ေပးထားပါ။ ႏွစ္ပတ္ေလာက္ၾကာေအာင္ ေန႔တိုင္းစိမ္ေပးပါ။

၂။ ရွာလကာရည္ ထပ္ျဖည့္ပါ
သင့္ေျခေထာက္မွာ ဘက္တီရီးယားေတြ ရွင္သန္ေပါက္ဖြားခြင့္လံုး၀မေပးခ်င္ဘူးဆိုရင္ေတာ့ ေျခေထာက္ကို ရွာလကာရည္နဲ႔ ေဆးေပးပါ။ ရွာလကာရည္ရဲ႕ ေျခာက္ေသြ႕ေစတဲ့အက်ိဳးသက္ေရာက္မႈေၾကာင့္ ဘက္တီးရီးယားေတြ ရွင္သန္ႏိုင္မွာ မဟုတ္ပါဘူး။ ေရဇလံုတစ္ခုထဲမွာ ရွာလကာရည္တစ္ဆ ေရႏွစ္ဆ ေရာစပ္ၿပီး တစ္ေန႔ကို မိနစ္သံုးဆယ္ခန္႔ တစ္ပတ္တိတိ စိမ္ထားေပးပါ

၃။ လက္ဘက္ေျခာက္ရည္ကို သံုးပါ
လက္ဘက္မွာ ပါ၀င္တဲ့ အက္ဆစ္ဓာတ္က သင့္ရဲ႕ေခၽြးေပါက္ေတြကို ပိတ္သြားေစပါတယ္။ ေျခေထာက္ေခၽြးထြက္မႈကို ေလွ်ာ့ခ်ႏိုင္ရင္ ဘက္တီးရီးယားေတြကို သတ္ၿပီးသားျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ေရတစ္ပိုင့္မွာ လက္ဘက္ေျခာက္ႏွစ္ထုပ္ခန္႔ စိမ္ၿပီး အခ်ိန္(၁၅)မိနစ္ခန္႔ျပဳတ္ပါ။ ေရေအး နည္းနည္းေရာလိုက္ပါ။ ၿပီးရင္ ဇလံုးႀကီးတစ္ခုခုထဲကို ထည့္ၿပီး မိနစ္(၃၀)ခန္႔ စိမ္ထားပါ။ တစ္ရက္ကို တစ္ႀကိမ္ တစ္ပတ္ခန္႔လုပ္ေဆာင္ပါ။

သင့္ ဖိနပ္အတြက္

၄။ ေျခအိတ္ကို ေသခ်ာေရြးခ်ယ္ပါ
ႏိုင္လြန္သားနဲ႔ ေျခအိတ္ေတြက သင့္ေျခေထာက္က ေခၽြးကို စုပ္ယူႏိုင္ပါတယ္။ ခ်ည္သားေျခအိတ္ေတြကေတာ့ ေျခေထာက္ကို ေလ၀င္ေလထြက္ေကာင္းေစပါတယ္။ သင့္အေနနဲ႔ သာမန္ထက္ပိုၿပီး ေခၽြးထြက္တတ္တယ္ဆိုရင္ေတာ့ ေျခအိတ္တစ္စံုအပိုထည့္သြားၿပီး ေန႔လည္ပိုင္းေလာက္မွာ အသစ္တစ္စံု လဲလွယ္၀တ္ဆင္ပါ။

၅။ ဖိနပ္ျဖန္းတဲ့ စပေရးေတြ သံုးပါ
သင္အႀကိဳက္ဆံုး ဖိနပ္က အနံ႔အရမ္းနံ႔ေနပါသလား။ ပိုးသတ္ဖ်န္းေဆးေတြ ရွိပါတယ္။ ဒီလို ပိုးသတ္ဖ်န္းေဆးေတြက ဘက္တီးရီးယားေတြကို ရွင္းလင္းေပးႏိုင္တဲ့အတြက္ အနံ႔ဆိုးေတြကိုလည္း သက္သာသြားေစမွာပါ။ အရင္ဆံုး သင့္ဖိနပ္ရဲ႕ အတြင္းပိုင္းတစ္ခုလံုးကို ေသခ်ာႏွံ႔စပ္ေအာင္ ဖ်န္းေပးပါ။ ၿပီးရင္ ေျခအိတ္ေတြကိုပါ ျဖန္းပါ။ ေျခအိတ္ေတြကို ဖိနပ္ထဲထည့္ထားၿပီး တစ္ညေလာက္ထားလိုက္ပါ။

၆။ ေပါင္ဒါမႈန္႔သံုးပါ
သိပ္ခက္ခက္ခဲခဲေတြ မလုပ္ခ်င္ရင္ အိမ္မွာရွိတဲ့ ေခၽြးနံ႔ေပ်ာက္ေပါင္ဒါမႈန္႔ကိုပဲ သံုးႏိုင္ပါတယ္။ ဒီအတိုင္း ျဖဴးလိုက္ၿပီး လိမ့္လို႔ရပါၿပီ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++

ခြေထောက်အနံ့ဆိုးတွေကို ရှင်းထုတ်ပစ်ဖို့…

(Unicode)

ရှုးဖိနပ်တွေ၊ ခြေထောက်ကို အလုံပိတ်ထားတဲ့ ဖိနပ်တွေ စီးတဲ့အခါ၊ ရာသီဥတုပူရင်ပဲဖြစ်ဖြစ်၊ မိုးစိုလို့ပဲဖြစ်ဖြစ်၊ ခြေထောက်က ချွေးနဲ့ပေါင်းလိုက်တဲ့အခါ မခံမရပ်နိုင်လောက်တဲ့ အနံ့ဆိုးတွေ ထွက်လာတတ်ပါတယ်။ သင့်အရေပြားနဲ့ ဖိနပ်မှာရှိတဲ့ ဘက်တီးရီးယားတွေက အနံ့ဆိုးတွေကို ထုတ်လွှတ်တာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဘက်တီးရီးယားတွေကို လျှော့ချပြီး အနံ့ဆိုးကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

သင့် ခြေထောက်အတွက်

၁။ ဆားရည်နဲ့ စိမ်ပါ
ဆားဟာ သင့်အရေပြားက စိုထိုင်းမှုတွေကို စုပ်ယူနိုင်တဲ့အတွက် ဘက်တီးရီးယားတွေကို လျော့နည်းသွားစေပါတယ်။ ဒါ့ကြောင့် ရေဇလုံတစ်ခုထဲမှာ ရေနွေးနဲ့ ဆားကို အတန်သင့်ရောစပ်ပြီး မိနစ်နှစ်ဆယ်ခန့် ခြေထောက်စိမ်ပေးထားပါ။ နှစ်ပတ်လောက်ကြာအောင် နေ့တိုင်းစိမ်ပေးပါ။

၂။ ရှာလကာရည် ထပ်ဖြည့်ပါ
သင့်ခြေထောက်မှာ ဘက်တီရီးယားတွေ ရှင်သန်ပေါက်ဖွားခွင့်လုံးဝမပေးချင်ဘူးဆိုရင်တော့ ခြေထောက်ကို ရှာလကာရည်နဲ့ ဆေးပေးပါ။ ရှာလကာရည်ရဲ့ ခြောက်သွေ့စေတဲ့အကျိုးသက်ရောက်မှုကြောင့် ဘက်တီးရီးယားတွေ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ရေဇလုံတစ်ခုထဲမှာ ရှာလကာရည်တစ်ဆ ရေနှစ်ဆ ရောစပ်ပြီး တစ်နေ့ကို မိနစ်သုံးဆယ်ခန့် တစ်ပတ်တိတိ စိမ်ထားပေးပါ

၃။ လက်ဘက်ခြောက်ရည်ကို သုံးပါ
လက်ဘက်မှာ ပါ၀င်တဲ့ အက်ဆစ်ဓာတ်က သင့်ရဲ့ချွေးပေါက်တွေကို ပိတ်သွားစေပါတယ်။ ခြေထောက်ချွေးထွက်မှုကို လျှော့ချနိုင်ရင် ဘက်တီးရီးယားတွေကို သတ်ပြီးသားဖြစ်စေပါတယ်။ ဒါ့ကြောင့် ရေတစ်ပိုင့်မှာ လက်ဘက်ခြောက်နှစ်ထုပ်ခန့် စိမ်ပြီး အချိန်(၁၅)မိနစ်ခန့်ပြုတ်ပါ။ ရေအေး နည်းနည်းရောလိုက်ပါ။ ပြီးရင် ဇလုံးကြီးတစ်ခုခုထဲကို ထည့်ပြီး မိနစ်(၃၀)ခန့် စိမ်ထားပါ။ တစ်ရက်ကို တစ်ကြိမ် တစ်ပတ်ခန့်လုပ်ဆောင်ပါ။

သင့် ဖိနပ်အတွက်

၄။ ခြေအိတ်ကို သေချာရွေးချယ်ပါ
နိုင်လွန်သားနဲ့ ခြေအိတ်တွေက သင့်ခြေထောက်က ချွေးကို စုပ်ယူနိုင်ပါတယ်။ ချည်သားခြေအိတ်တွေကတော့ ခြေထောက်ကို လေဝင်လေထွက်ကောင်းစေပါတယ်။ သင့်အနေနဲ့ သာမန်ထက်ပိုပြီး ချွေးထွက်တတ်တယ်ဆိုရင်တော့ ခြေအိတ်တစ်စုံအပိုထည့်သွားပြီး နေ့လည်ပိုင်းလောက်မှာ အသစ်တစ်စုံ လဲလှယ်ဝတ်ဆင်ပါ။

၅။ ဖိနပ်ဖြန်းတဲ့ စပရေးတွေ သုံးပါ
သင်အကြိုက်ဆုံး ဖိနပ်က အနံ့အရမ်းနံ့နေပါသလား။ ပိုးသတ်ဖျန်းဆေးတွေ ရှိပါတယ်။ ဒီလို ပိုးသတ်ဖျန်းဆေးတွေက ဘက်တီးရီးယားတွေကို ရှင်းလင်းပေးနိုင်တဲ့အတွက် အနံ့ဆိုးတွေကိုလည်း သက်သာသွားစေမှာပါ။ အရင်ဆုံး သင့်ဖိနပ်ရဲ့ အတွင်းပိုင်းတစ်ခုလုံးကို သေချာနှံ့စပ်အောင် ဖျန်းပေးပါ။ ပြီးရင် ခြေအိတ်တွေကိုပါ ဖြန်းပါ။ ခြေအိတ်တွေကို ဖိနပ်ထဲထည့်ထားပြီး တစ်ညလောက်ထားလိုက်ပါ။

၆။ ပေါင်ဒါမှုန့်သုံးပါ
သိပ်ခက်ခက်ခဲခဲတွေ မလုပ်ချင်ရင် အိမ်မှာရှိတဲ့ ချွေးနံ့ပျောက်ပေါင်ဒါမှုန့်ကိုပဲ သုံးနိုင်ပါတယ်။ ဒီအတိုင်း ဖြူးလိုက်ပြီး လိမ့်လို့ရပါပြီ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

%d bloggers like this: