ဘီလ်ံနာတို႔၏ ေန႔စဥ္အေလ့အက်င့္မ်ား

ဘီလ်ံနာတို႔၏ ေန႔စဥ္အေလ့အက်င့္မ်ား

(Zawgyi)

ခ်မ္းသာၾကြယ္၀ခ်င္တယ္ဆိုရင္ လက္ရွိခ်မ္းသာၾကြယ္၀ေနသူေတြအေၾကာင္းကို အရင္ဆံုး ေလ့လာအတူယူလိုက္ပါ။ သင့္ကို သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္လာေအာင္ သင္ၾကားျပသေပးႏိုင္တဲ့ တစ္ဦးတည္းေသာသူက သန္းၾကြယ္သူေဌးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဘီလ်ံနာေတြလည္း အတူတူပါပဲ။ ဒါ့ေၾကာင့္ ကိုယ့္ထူးကိုယ့္ခၽြန္ ဘီလ်ံနာေတြရဲ႕ အေလ့အက်င့္(၁၁)ခုကို အတုယူႏိုင္ဖို႔အတြက္ ေဖာ္ျပလိုက္ပါတယ္။ ဒီအခ်က္ေတြထဲက တစ္ခ်ဳိ႕အခ်က္ေတြဟာ သင့္ဘ၀ကို အႀကီးအက်ယ္ေျပာင္းလဲေစၿပီး သူတို႔လိုပဲ သံုးမကုန္တဲ့ ဓနဥစၥာကို တည္ေဆာက္ပိုင္ဆိုင္ႏိုင္လာေစႏိုင္ပါတယ္။

၁။ တရားထိုင္ၾကတယ္
တရားထိုင္ျခင္းဟာ ခႏၶာကိုယ္ေရာ စိတ္ဓာတ္အတြက္ပါ က်န္းမာၾကံ႕ခိုင္ေစႏိုင္တဲ့ အက်ိဳးေက်းဇူးေတြ ရွိတဲ့အေၾကာင္း သိပၸံနည္းအရလည္း သက္ေသျပၿပီးသား ျဖစ္ပါတယ္။ တရားထိုင္ျခင္းေၾကာင့္ မွတ္ဥာဏ္စြမ္းရည္နဲ႔ ကိုယ္ခံအားစနစ္တိုးတက္ေကာင္းမြန္လာေစတာေၾကာင့္ ျဖစ္ပါတယ္။ Twitter ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Jack Dorsey နဲ႔ နာမည္ေက်ာ္ မီဒီယာသမား Oprah Winfrey တို႔ကလည္း တရားထိုင္ျခင္းဟာ သူတို႔တစ္ေန႔တာရဲ႕ အလုပ္တစ္ခုျဖစ္တယ္လို႔ ေျပာၾကပါတယ္။

၂။ လွဴဒါန္းေပးကမ္းၾကတယ္
ကမာၻေက်ာ္ သူေဌးေတြနဲ႔ ဘီလ်ံနာလုပ္ငန္းရွင္ႀကီးေတြဟာ သူတို႔ရဲ႕ဥစၥာဓနကို ကမာၻေလာကႀကီးအတြက္ ဘယ္လိုအသံုးျပဳႏိုင္မလဲဆိုတာကို အျမဲတမ္းရွာေဖြေနၾကသူေတြ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေတြကလည္း ပရဟိတ လူမႈေရးအလုပ္ေတြကေန တဆင့္၊ တစ္ခ်ိဳ႕ေတြကေတာ စီးပြားေရးလုပ္ငန္းေတြကေန တဆင့္ လူ႕အဖြဲ႕အစည္းနဲ႔ ေလာကေကာင္းက်ိဳးအတြက္ အေကာင္းဆံုး လုပ္ေဆာင္တတ္ၾကပါတယ္။ Bloomberg မီဒီယာရဲ႕ ပိုင္ရင္ Michael Bloomberg ဟာ လက္ရွိအခ်ိန္အထိ ေဒၚလာ သံုးဘီလီယံလွဴဒါန္းခဲ့ၿပီးျဖစ္သလို ကမာၻအခ်မ္းသာဆံုျဖစ္တဲ့ Bill Gates နဲ႔ Warren Buffett တို႔ဟာလည္း သူတို႔ပိုင္ဆိုင္မႈရဲ႕ ထက္၀က္ကို လွဴဒါန္းဖို႔ ကတိျပဳထားၾကပါတယ္။

၃။ အိပ္ရာေစာေစာထၾကတယ္
ေရွးေဟာင္းစကားပံုတစ္ခုရွိပါတယ္။ ေစာေစာထတဲ့ ငွက္က ပိုးေကာင္း ပိုစားရတယ္ ဆိုတဲ့အတိုင္းပါပဲ။ အခ်မ္းသာဆံုး ပုဂၢိဳဟ္ေတြဟာ မနက္ခင္းမွာ အိပ္ရာကေန ေစာေစာထတတ္သူေတြျဖစ္ပါတယ္။ Jack Dorsey ဟာ မနက္ငါးနာရီမွာ အိပ္ရာထၿပီး တရားထိုင္၊ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ေလ့ရွိပါတယ္။ Virgin Group ရဲ႕ တည္ေထာင္သူ Richard Branson ဟာလည္း မနက္ (၅း၄၅)မွာ ပံုမွန္ထၿပီး ေလ့က်င့္ခန္းလုပ္တတ္ပါတယ္။ သူတို႔ပဲမဟုတ္ပါဘူး။ ေအာင္ျမင္သူေတြရဲ႕ (၅၀)ရာခိုင္ႏႈန္းေလာက္ဟာ တကယ္အလုပ္မစခင္ သံုးနာရီေလာက္ ေစာၿပီး အိပ္ရာထတတ္ၾကသူေတြျဖစ္ပါတယ္။

၄။ လုပ္ရိုးလုပ္စဥ္အတိုင္း လုပ္ေဆာင္တတ္ၾကတယ္
ေအာင္ျမင္ခ်မ္းသာသူေတြရဲ႕ အဓိကအမွတ္အစားကေတာ့ သူတို႔ရဲ႕ ေန႔စဥ္လုပ္ရိုးလုပ္စဥ္ကိစၥေတြကို ေသခ်ာလုပ္ေဆာင္တတ္တာပဲျဖစ္ပါတယ္။ ဘယ္ေနရာကိုပဲ ေရာက္ေရာက္ သူတို႔ရဲ႕ ပံုမွန္လုပ္ေနၾကကိစၥေတြကို ျဖစ္ေအာင္လုပ္တတ္ၾကပါတယ္။

၅။ ရွာႏိုင္တာထက္ ေလွ်ာ့သံုးတတ္ၾကတယ္
ေအာင္ျမင္ခ်မ္းသာသူေတြဟာ သူတို႔ရဲ႕ဘဏ္စာရင္းထဲမွာ ဘီလီယံနဲ႔ခ်ီၿပီး ပိုင္ဆိုင္ၾကေပမယ့္ စိတ္ကူးတည့္ရာ ေလွ်ာက္သံုးေနတတ္ၾကသူေတြ မဟုတ္ပါဘူး။ အမွန္တရားတစ္ခုကေတာ့ ခ်မ္းသာသူေတြအားလံုက ေခၽြေခၽြတာတာပဲ ေနထိုင္ၾကတာျဖစ္ပါတယ္။

၆။ လုပ္ခ်င္တာကို ျဖစ္ေအာင္လုပ္တတ္ၾကတယ္
Apple ကုမၸဏီရဲ႕ တည္ေဆာင္သူေဟာင္း Steve Jobs က သင္ လုပ္ခ်င္တာကို သင္ကိုယ္တိုင္ ရွာေဖြရမယ္လို႔ ေျပာခဲ့ဖူးပါတယ္။ အႀကီးအက်ယ္ေအာင္ျမင္ ခ်မ္းသာလာဖို႔ ဆိုတာက သင္လုပ္ခ်င္တာကို လုပ္ေနမွပဲ ျဖစ္ႏိုင္တာပါ။ ဘာလုပ္ခ်င္မွန္းမသိေသးရင္ သိတဲ့အထိ မ်က္စိဖြင့္နားစြင့္ၿပီး ရွာေဖြပါ။

၇။ စာဖတ္ၾကတယ္
ကမာၻမွာ အေအာင္ျမင္ဆံုး၊ အခ်မ္းသာဆံုးပုဂိၢဳဟ္ေတြ အားလံုးက စာဖတ္မ်ားသူေတြပဲ ျဖစ္ပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္းရွင္ သူေဌးႀကီး Warren Buffett ဟာ သူ႔တစ္ေန႔တာရဲ႕ (၈၀)ရာခိုင္ႏႈန္းေသာ အခ်ိန္ေတြကို စာဖတ္ေနတတ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ Facebook တည္ေထာင္သူ Mark Zuckerberg ဟာ ႏွစ္ပတ္ကို စာအုပ္တစ္အုပ္ဖတ္ဖို႔ သႏၷိဌာန္ခ်ခဲ့ပါတယ္။ နည္းပညာလုပ္ငန္းရွင္ ဘီလ်ံနာ Elon Musk ကို ဒံုးပ်ံေတြ တည္ေဆာက္ဖို႔ ဘယ္လိုေလ့လာသင္ယူခဲ့သလဲလို႔ ေမးတဲ့အခါမွာ စာဖတ္တယ္ လို႔ ျပန္ေျဖခဲ့ပါတယ္။

၈။ ၀င္ေငြလမ္းေၾကာင္းေတြ အမ်ားႀကီး ဖန္တီးထားတယ္
အခ်မ္းသာဆံုးလူေတြဟာ ၀င္ေငြကို အာရုံစိုက္ၾကပါတယ္။ ဒ့ါေၾကာင့္ သူတို႔အေနနဲ႔ ၀င္ေငြလမ္းေၾကာင္းေတြ အမ်ားႀကီး ဖန္တီးထားတာက အံ့ၾသစရာမဟုတ္ပါဘူး။ Virgin Group ရဲ႕ တည္ေထာင္သူ Richard Branson ဟာ ကုမၸဏီေပါင္း (၅၀၀)ေက်ာ္ကို ႀကီးၾကပ္ေနရၿပီး ဒီထဲက ကုမၸဏီေပါင္း (၃၀၀)ေလာက္က Virgin အမွတ္တံဆိပ္နဲ႔ လည္ပတ္ေနတာျဖစ္ပါတယ္။

၉။ ကိုယ္ပိုင္လုပ္ငန္း လုပ္ကိုင္သူေတြ ျဖစ္တယ္
ဘီလ်ံနာေတြအားလံုးဟာ ကိုယ္ပိုင္လုပ္ငန္းရွင္ေတြ ျဖစ္ၾကပါတယ္။ သူတို႔အားလံုးဟာ သူမ်ားအလုပ္ကို မလုပ္ပဲ ကိုယ္ပိုင္၀င္ေငြကို ကိုယ္တိုင္ရွာေဖြရယူႏိုင္သူေတြျဖစ္ပါတယ္။ Facebook တည္ေထာင္သူ Mark Zuckerberg ဟာ အသက္(၁၉)ႏွစ္မွာကတည္းက Facebook ကို စတင္လုပ္ကိုင္ေနပါၿပီ။ အသက္အငယ္ဆံုး ဘီလ်ံနာလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ Snapchat CEO Evan Spiegel ဟာလည္း ဒီလိုပါပဲ။

၁၀။ ေလ့က်င့္ခန္းလုပ္ၾကတယ္
ေအာင္ျမင္ဆံုးပုဂၢိဳဟ္ေတြဟာ သူတို႔ကိုယ္သူတို႔ ရုံးခန္းထဲမွာပဲ ပိတ္ေလွာင္ထားတတ္သူေတြ မဟုတ္ပါဘူး။ သူတို႔အားလံုးဟာ ခႏၶာကိုယ္ က်န္းမာေရးအတြက္ အခ်ိန္ေပးၿပီး ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြ လုပ္တတ္ၾကပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းဟာ ခႏၶာကိုယ္က်န္းမာေရးအတြက္သာမကပဲ မွတ္ဥာဏ္၊ အာ႐ုံစူးစိုက္မႈနဲ႔ စိတ္ဓာတ္ထက္ျမက္မႈတို႔ကိုလည္း ျမင့္တင္ေပးႏိုင္ပါတယ္။

၁၁။ အျခားေအာင္ျမင္သူေတြနဲ႔ ေပါင္းသင္းတယ္
ေအာင္ျမင္ခ်မ္းသာသူေတြ အားလံုးဟာ အခန္းထဲမွာ အေတာ္ဆံုး၊ အေအာင္ျမင္ဆံုးဆိုတဲ့ လူေတြနားမွာပဲ ေနတတ္ၾကပါတယ္။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++++

ဘီလျံနာတို့၏ နေ့စဉ်အလေ့အကျင့်များ

(Unicode)

ချမ်းသာကြွယ်ဝချင်တယ်ဆိုရင် လက်ရှိချမ်းသာကြွယ်ဝနေသူတွေအကြောင်းကို အရင်ဆုံး လေ့လာအတူယူလိုက်ပါ။ သင့်ကို သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာအောင် သင်ကြားပြသပေးနိုင်တဲ့ တစ်ဦးတည်းသောသူက သန်းကြွယ်သူဌေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘီလျံနာတွေလည်း အတူတူပါပဲ။ ဒါ့ကြောင့် ကိုယ့်ထူးကိုယ့်ချွန် ဘီလျံနာတွေရဲ့ အလေ့အကျင့်(၁၁)ခုကို အတုယူနိုင်ဖို့အတွက် ဖော်ပြလိုက်ပါတယ်။ ဒီအချက်တွေထဲက တစ်ချို့အချက်တွေဟာ သင့်ဘဝကို အကြီးအကျယ်ပြောင်းလဲစေပြီး သူတို့လိုပဲ သုံးမကုန်တဲ့ ဓနဥစ္စာကို တည်ဆောက်ပိုင်ဆိုင်နိုင်လာစေနိုင်ပါတယ်။

၁။ တရားထိုင်ကြတယ်
တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်ရော စိတ်ဓာတ်အတွက်ပါ ကျန်းမာကြံ့ခိုင်စေနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိတဲ့အကြောင်း သိပ္ပံနည်းအရလည်း သက်သေပြပြီးသား ဖြစ်ပါတယ်။ တရားထိုင်ခြင်းကြောင့် မှတ်ဉာဏ်စွမ်းရည်နဲ့ ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်လာစေတာကြောင့် ဖြစ်ပါတယ်။ Twitter ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Jack Dorsey နဲ့ နာမည်ကျော် မီဒီယာသမား Oprah Winfrey တို့ကလည်း တရားထိုင်ခြင်းဟာ သူတို့တစ်နေ့တာရဲ့ အလုပ်တစ်ခုဖြစ်တယ်လို့ ပြောကြပါတယ်။

၂။ လှူဒါန်းပေးကမ်းကြတယ်
ကမ္ဘာကျော် သူဌေးတွေနဲ့ ဘီလျံနာလုပ်ငန်းရှင်ကြီးတွေဟာ သူတို့ရဲ့ဥစ္စာဓနကို ကမ္ဘာလောကကြီးအတွက် ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာကို အမြဲတမ်းရှာဖွေနေကြသူတွေ ဖြစ်ပါတယ်။ တစ်ချို့တွေကလည်း ပရဟိတ လူမှုရေးအလုပ်တွေကနေ တဆင့်၊ တစ်ချို့တွေကတော စီးပွားရေးလုပ်ငန်းတွေကနေ တဆင့် လူ့အဖွဲ့အစည်းနဲ့ လောကကောင်းကျိုးအတွက် အကောင်းဆုံး လုပ်ဆောင်တတ်ကြပါတယ်။ Bloomberg မီဒီယာရဲ့ ပိုင်ရင် Michael Bloomberg ဟာ လက်ရှိအချိန်အထိ ဒေါ်လာ သုံးဘီလီယံလှူဒါန်းခဲ့ပြီးဖြစ်သလို ကမ္ဘာအချမ်းသာဆုံဖြစ်တဲ့ Bill Gates နဲ့ Warren Buffett တို့ဟာလည်း သူတို့ပိုင်ဆိုင်မှုရဲ့ ထက်ဝက်ကို လှူဒါန်းဖို့ ကတိပြုထားကြပါတယ်။

၃။ အိပ်ရာစောစောထကြတယ်
ရှေးဟောင်းစကားပုံတစ်ခုရှိပါတယ်။ စောစောထတဲ့ ငှက်က ပိုးကောင်း ပိုစားရတယ် ဆိုတဲ့အတိုင်းပါပဲ။ အချမ်းသာဆုံး ပုဂ္ဂိုဟ်တွေဟာ မနက်ခင်းမှာ အိပ်ရာကနေ စောစောထတတ်သူတွေဖြစ်ပါတယ်။ Jack Dorsey ဟာ မနက်ငါးနာရီမှာ အိပ်ရာထပြီး တရားထိုင်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။ Virgin Group ရဲ့ တည်ထောင်သူ Richard Branson ဟာလည်း မနက် (၅း၄၅)မှာ ပုံမှန်ထပြီး လေ့ကျင့်ခန်းလုပ်တတ်ပါတယ်။ သူတို့ပဲမဟုတ်ပါဘူး။ အောင်မြင်သူတွေရဲ့ (၅၀)ရာခိုင်နှုန်းလောက်ဟာ တကယ်အလုပ်မစခင် သုံးနာရီလောက် စောပြီး အိပ်ရာထတတ်ကြသူတွေဖြစ်ပါတယ်။

၄။ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်တတ်ကြတယ်
အောင်မြင်ချမ်းသာသူတွေရဲ့ အဓိကအမှတ်အစားကတော့ သူတို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကိစ္စတွေကို သေချာလုပ်ဆောင်တတ်တာပဲဖြစ်ပါတယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် သူတို့ရဲ့ ပုံမှန်လုပ်နေကြကိစ္စတွေကို ဖြစ်အောင်လုပ်တတ်ကြပါတယ်။

၅။ ရှာနိုင်တာထက် လျှော့သုံးတတ်ကြတယ်
အောင်မြင်ချမ်းသာသူတွေဟာ သူတို့ရဲ့ဘဏ်စာရင်းထဲမှာ ဘီလီယံနဲ့ချီပြီး ပိုင်ဆိုင်ကြပေမယ့် စိတ်ကူးတည့်ရာ လျှောက်သုံးနေတတ်ကြသူတွေ မဟုတ်ပါဘူး။ အမှန်တရားတစ်ခုကတော့ ချမ်းသာသူတွေအားလုံက ချွေချွေတာတာပဲ နေထိုင်ကြတာဖြစ်ပါတယ်။

၆။ လုပ်ချင်တာကို ဖြစ်အောင်လုပ်တတ်ကြတယ်
Apple ကုမ္ပဏီရဲ့ တည်ဆောင်သူဟောင်း Steve Jobs က သင် လုပ်ချင်တာကို သင်ကိုယ်တိုင် ရှာဖွေရမယ်လို့ ပြောခဲ့ဖူးပါတယ်။ အကြီးအကျယ်အောင်မြင် ချမ်းသာလာဖို့ ဆိုတာက သင်လုပ်ချင်တာကို လုပ်နေမှပဲ ဖြစ်နိုင်တာပါ။ ဘာလုပ်ချင်မှန်းမသိသေးရင် သိတဲ့အထိ မျက်စိဖွင့်နားစွင့်ပြီး ရှာဖွေပါ။

၇။ စာဖတ်ကြတယ်
ကမ္ဘာမှာ အအောင်မြင်ဆုံး၊ အချမ်းသာဆုံးပုဂ္ဂိုဟ်တွေ အားလုံးက စာဖတ်များသူတွေပဲ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းရှင် သူဌေးကြီး Warren Buffett ဟာ သူ့တစ်နေ့တာရဲ့ (၈၀)ရာခိုင်နှုန်းသော အချိန်တွေကို စာဖတ်နေတတ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Facebook တည်ထောင်သူ Mark Zuckerberg ဟာ နှစ်ပတ်ကို စာအုပ်တစ်အုပ်ဖတ်ဖို့ သန္နိဌာန်ချခဲ့ပါတယ်။ နည်းပညာလုပ်ငန်းရှင် ဘီလျံနာ Elon Musk ကို ဒုံးပျံတွေ တည်ဆောက်ဖို့ ဘယ်လိုလေ့လာသင်ယူခဲ့သလဲလို့ မေးတဲ့အခါမှာ စာဖတ်တယ် လို့ ပြန်ဖြေခဲ့ပါတယ်။

၈။ ၀င်ငွေလမ်းကြောင်းတွေ အများကြီး ဖန်တီးထားတယ်
အချမ်းသာဆုံးလူတွေဟာ ၀င်ငွေကို အာရုံစိုက်ကြပါတယ်။ ဒ့ါကြောင့် သူတို့အနေနဲ့ ၀င်ငွေလမ်းကြောင်းတွေ အများကြီး ဖန်တီးထားတာက အံ့သြစရာမဟုတ်ပါဘူး။ Virgin Group ရဲ့ တည်ထောင်သူ Richard Branson ဟာ ကုမ္ပဏီပေါင်း (၅၀၀)ကျော်ကို ကြီးကြပ်နေရပြီး ဒီထဲက ကုမ္ပဏီပေါင်း (၃၀၀)လောက်က Virgin အမှတ်တံဆိပ်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

၉။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်တယ်
ဘီလျံနာတွေအားလုံးဟာ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ ဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ သူများအလုပ်ကို မလုပ်ပဲ ကိုယ်ပိုင်ဝင်ငွေကို ကိုယ်တိုင်ရှာဖွေရယူနိုင်သူတွေဖြစ်ပါတယ်။ Facebook တည်ထောင်သူ Mark Zuckerberg ဟာ အသက်(၁၉)နှစ်မှာကတည်းက Facebook ကို စတင်လုပ်ကိုင်နေပါပြီ။ အသက်အငယ်ဆုံး ဘီလျံနာလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Snapchat CEO Evan Spiegel ဟာလည်း ဒီလိုပါပဲ။

၁၀။ လေ့ကျင့်ခန်းလုပ်ကြတယ်
အောင်မြင်ဆုံးပုဂ္ဂိုဟ်တွေဟာ သူတို့ကိုယ်သူတို့ ရုံးခန်းထဲမှာပဲ ပိတ်လှောင်ထားတတ်သူတွေ မဟုတ်ပါဘူး။ သူတို့အားလုံးဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်တတ်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကပဲ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနဲ့ စိတ်ဓာတ်ထက်မြက်မှုတို့ကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။

၁၁။ အခြားအောင်မြင်သူတွေနဲ့ ပေါင်းသင်းတယ်
အောင်မြင်ချမ်းသာသူတွေ အားလုံးဟာ အခန်းထဲမှာ အတော်ဆုံး၊ အအောင်မြင်ဆုံးဆိုတဲ့ လူတွေနားမှာပဲ နေတတ်ကြပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%