Relationship တစ္ခုကို ဘယ္အခ်ိန္မွာ အဆံုးသတ္မလဲ
(Zawgyi)
တစ္စံုတစ္ေယာက္ကို ခ်စ္မိတာဟာ အရမ္းအံ့ၾသေပ်ာ္ရႊင္စရာေကာင္းတဲ့ ခံစားမႈတစ္ခုျဖစ္ပါတယ္။ ခ်စ္ရတဲ့သူနဲ႔ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိလာတဲ့အခါမွာ ဘ၀နဲ႔ပတ္သက္ၿပီး အေတြးသစ္အျမင္သစ္ေတြကို စတင္ေတြ႕ျမင္လာရတတ္ပါတယ္။ စတင္ခ်စ္ႀကိဳက္ခါစမွာ လက္မခံႏိုင္စရာေလးေတြ ရွိေပမယ့္လည္း ခ်စ္တဲ့စိတ္ေၾကာင့္ ခြင့္လႊတ္လက္ခံႏိုင္ၾကပါတယ္။
ဒါေပမယ့္ အခ်ိန္အတိုင္းအတာတစ္ခုၾကာၿပီးတဲ့ေနာက္ အတည္တက်ျဖစ္လာတဲ့အခ်ိန္မွာ အခ်စ္ေတြထက္ လက္မခံႏိုင္စရာ ျပႆနာေတြမ်ားလာတာလည္း ရွိတတ္ပါတယ္။ တစ္ခ်ိဳ႕ေသာ စံုတြဲေတြဟာ ဒီျပႆနာေတြၾကားမွာ ဘယ္ေတာ့မွျပန္အဆင္မေျပႏိုင္ၾကေတာ့ပဲ ေရွ႕ဆက္ဖို႔ ခက္ခဲလာတတ္ၾကပါတယ္။ အဆင္မေျပလ်က္နဲ႔ ေရွ႕ဆက္ေနမယ္ဆိုရင္ ႏွစ္ေယာက္စလံုးရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔ တက္လမ္းေတြကို ထိခိုက္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ Relationship တစ္ခုကို ဘယ္အခ်ိန္မွာ လက္ေလွ်ာ့လိုက္သင့္ၿပီလဲဆိုတာကို သိႏိုင္ဖို႔လိုပါတယ္။
ႏွစ္ဦးသားေပ်ာ္ရႊင္ၾကည္ႏူးစရာ အခ်ိန္ေတြမရွိေတာ့ရင္
ခ်စ္သူႏွစ္ဦးၾကားမွာ ေပ်ာ္ရႊင္မႈ၊ ေက်နပ္မႈေတြ မရွိေတာ့ပဲ အျခားေနရာမွာပဲ ေပ်ာ္ေနမယ္တာမ်ိဳး ျဖစ္ပါတယ္။ စိတ္၀င္စားမႈမတူညီတဲ့ စံုတြဲေတြမွာ တစ္ဦးခ်င္းစီလြတ္လပ္စြာ ေပ်ာ္ရႊင္တာက ျပႆနာမဟုတ္ပါဘူး။ ဒါေပမယ့္ တစ္ေယာက္ ဒါမွမဟုတ္ ႏွစ္ေယာက္စလံုးက အျမဲတမ္းလိုလို သီးျခားေပ်ာ္ရႊင္မႈကိုပဲ လိုခ်င္ေနမယ္ဆိုရင္ အဆင္မေျပႏိုင္ေတာ့ပါဘူး။ ႏွစ္ဦးသား အတူတူေပ်ာ္ရႊင္ၾကည္ႏူးရခ်ိန္ေတြ နည္းပါးလာတာ၊ လံုး၀မရွိေတာ့တာေတြက ေရရွည္မွာ Relationship ထိခိုက္လာမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ဦးတည္းေပ်ာ္ရႊင္မယ့္အခ်ိန္နဲ႔ ခ်စ္သူနဲ႔အတူတူေပ်ာ္ရႊင္ရမယ့္အခ်ိန္ေတြကို မွ်တေအာင္ ႀကိဳးစားပါ။ တကယ္လို႔ သင့္အေနနဲ႔ သင့္ခ်စ္သူနားမွာ ေနခ်ိန္ေတြက စိတ္မသက္မသာျဖစ္ေနရတယ္ဆိုရင္ ဒီ Relationship ကို ေရွ႕ဆက္ဖို႔ စဥ္းစားသင့္ပါၿပီ။
ယုံၾကည္စိတ္ခ်မႈ မရွိေတာ့ရင္
ယုံၾကည္စိတ္ခ်မႈ မရွိေတာ့တာဟာ ကုရာနတၳိေဆးမရွိပါဘူး။ ခြင့္လႊတ္တာ၊ မသိခ်င္ေယာင္ေဆာင္ေနတာေတြပဲ ရွိႏိုင္ပါတယ္။ ဒါေပမယ့္ ယုံၾကည္မႈပ်က္စီးတဲ့ ဒဏ္ရာေတြကေတာ့ ဘယ္ေတာ့မွ ေပ်ာက္သြားမွာမဟုတ္ပါဘူး။ အမာရြတ္တစ္ခုအေနနဲ႔ ရွိေနၿပီး နာက်င္မႈရဲ႕သက္ေသျဖစ္ေနမွာပါ။ သစၥာေဖာက္ျခင္းဟာ စိတ္ခံစားမႈေရာ အျမင္နဲ႔ပါ သက္ဆိုင္ပါတယ္။ သင့္ခ်စ္သူမဟုတ္တဲ့ တစ္ေယာက္ေယာက္ကို ၾကည့္ေနျမင္ေနရတာ သာယာေနတတ္မယ္၊ စိတ္ခံစားမႈအရ တစ္ခုခုရွိေနမယ္ဆိုရင္ သင့္ရဲ႕ Relationship ကို ျပန္သံုးသပ္ဖို႔ လိုေနပါၿပီ။
အမ်ားသူငွာေရွ႕မွာ အဆင္မေျပျဖစ္ေနရင္
ခ်စ္သူႏွစ္ဦးထဲက တစ္ေယာက္ေယာက္ ဒါမွမဟုတ္ ႏွစ္ေယာက္စလံုးက လူအမ်ားေရွ႕မွာ၊ ပြဲလမ္းသဘင္ေတြမွာ သိသိသာသာေနရထိုင္ရခက္ေနရင္ တစ္ခုခုေတာ့မွားယြင္းေနပါၿပီ။ ဒါက ဆက္ဆံေရးကို အဆံုးသတ္လိုက္ဖို႔ မဟုတ္ပါဘူး။ အေက်အလည္ေဆြးေႏြးသင့္တဲ့ ျပႆနာရွိေနတဲ့ သေဘာျဖစ္ပါတယ္။ တစ္ေယာက္ရဲ႕ သူငယ္ခ်င္းေတြ၊ မိသားစုမိတ္ေဆြေတြကို ေတြ႕ဖို႔ တစ္ေယာက္က တမင္ျငင္းဆိုေနတယ္ဆိုရင္ ျပႆနာက ပိုႀကီးႏိုင္ပါတယ္။ ဒီအခ်ိန္က ႏွစ္ေယာက္သား ေသခ်ာေဆြးေႏြးဆံုးျဖတ္ရမယ့္ အခ်ိန္ျဖစ္ပါတယ္။
အႏိုင္က်င့္ေစာ္ကားမႈေတြ ရွိလာခဲ့ရင္
ႏွစ္ဦးသား အျပန္အလွန္ စကားလံုးနဲ႔ပဲျဖစ္ျဖစ္၊ အျပဳအမူနဲ႔ပဲျဖစ္ျဖစ္ ထိခိုက္နာက်င္ေအာင္ လုပ္တာမ်ိဳရွိလာရင္ေတာ့ သင္တို႔ရဲ႕ Relationship ဟာ ပ်က္စီးေနၿပီလို႔ ဆိုႏိုင္ပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ ထိခိုက္နာက်င္ေစခ်င္တဲ့ စိတ္နဲ႔ လုပ္ေနၿပီဆိုရင္ ေ၀းရာကို ထြက္သြားဖို႔ပဲ ရွိပါေတာ့တယ္။ အျပန္အလွန္ခ်စ္ျမတ္ႏိုးၿပီး ခိုင္မာတဲ့ Relationship ေတြမွာ ထိခိုက္နာက်င္ေအာင္ မလုပ္ၾကပါဘူး။
မတူညီတဲ့ လမ္းေတြကို ေလွ်ာက္ေနၿပီဆိုရင္
မတူညီတဲ့ စိတ္ဆႏၵ၊ လိုအပ္ခ်က္၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ခံယူခ်က္ေတြက ႏွစ္ဦးသား ဆက္ဆံေရးကို အဆံုးသတ္သြားေစႏိုင္ပါတယ္။ ရင့္က်က္တဲ့ စံုတြဲေတြက မတူညီမႈေတြကို ဘယ္လိုအေျခခ်လို႔ရမလဲ စဥ္းစားၿပီး ေရွ႕ဆက္ၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ကိုယ့္လမ္းကိုယ္ေလွ်ာက္ဖို႔ကို ေရြးခ်ယ္ၾကပါတယ္။ ခ်စ္သူစံုတြဲေတြ လမ္းခြဲရတာက ဆိုးရြားတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ သင္ရဲ႕ကိုယ္ပိုင္တန္ဖိုးေတြ၊ သီးျခားေပ်ာ္ရႊင္မႈေတြ၊ ရည္မွန္းခ်က္ေတြကို လက္လႊတ္ဆံုး႐ႈံးခံလိုက္ရမယ္ဆိုရင္ေတ့ာ ျပန္စဥ္းစားဖို႔ အခ်ိန္ပဲ ျဖစ္ပါတယ္။ သင့္ကို အားေပးျမွင့္တင္ေပးၿပီး ေပ်ာ္ရႊင္မႈေတြကို ေပးစြမ္းႏိုင္မယ္သူနဲ႔ ဘ၀ကို အတူျဖတ္သန္းမလား၊ သင့္ကို စိတ္ဓာတ္က်ေစၿပီး ဆႏၵရွိတာေတြကို လုပ္ေဆာင္ေပ်ာ္ရႊင္ဖို႔ ပိတ္ပင္တားဆီတတ္သူနဲ႔ အတူျဖတ္သန္းမလားဆိုတာက သင့္ရဲ႕ ေရြးခ်ယ္မႈပါပဲ။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++
Relationship တစ်ခုကို ဘယ်အချိန်မှာ အဆုံးသတ်မလဲ
(Unicode)
တစ်စုံတစ်ယောက်ကို ချစ်မိတာဟာ အရမ်းအံ့သြပျော်ရွှင်စရာကောင်းတဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။ ချစ်ရတဲ့သူနဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိလာတဲ့အခါမှာ ဘဝနဲ့ပတ်သက်ပြီး အတွေးသစ်အမြင်သစ်တွေကို စတင်တွေ့မြင်လာရတတ်ပါတယ်။ စတင်ချစ်ကြိုက်ခါစမှာ လက်မခံနိုင်စရာလေးတွေ ရှိပေမယ့်လည်း ချစ်တဲ့စိတ်ကြောင့် ခွင့်လွှတ်လက်ခံနိုင်ကြပါတယ်။
ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုကြာပြီးတဲ့နောက် အတည်တကျဖြစ်လာတဲ့အချိန်မှာ အချစ်တွေထက် လက်မခံနိုင်စရာ ပြဿနာတွေများလာတာလည်း ရှိတတ်ပါတယ်။ တစ်ချို့သော စုံတွဲတွေဟာ ဒီပြဿနာတွေကြားမှာ ဘယ်တော့မှပြန်အဆင်မပြေနိုင်ကြတော့ပဲ ရှေ့ဆက်ဖို့ ခက်ခဲလာတတ်ကြပါတယ်။ အဆင်မပြေလျက်နဲ့ ရှေ့ဆက်နေမယ်ဆိုရင် နှစ်ယောက်စလုံးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ တက်လမ်းတွေကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် Relationship တစ်ခုကို ဘယ်အချိန်မှာ လက်လျှော့လိုက်သင့်ပြီလဲဆိုတာကို သိနိုင်ဖို့လိုပါတယ်။
နှစ်ဦးသားပျော်ရွှင်ကြည်နူးစရာ အချိန်တွေမရှိတော့ရင်
ချစ်သူနှစ်ဦးကြားမှာ ပျော်ရွှင်မှု၊ ကျေနပ်မှုတွေ မရှိတော့ပဲ အခြားနေရာမှာပဲ ပျော်နေမယ်တာမျိုး ဖြစ်ပါတယ်။ စိတ်ဝင်စားမှုမတူညီတဲ့ စုံတွဲတွေမှာ တစ်ဦးချင်းစီလွတ်လပ်စွာ ပျော်ရွှင်တာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးက အမြဲတမ်းလိုလို သီးခြားပျော်ရွှင်မှုကိုပဲ လိုချင်နေမယ်ဆိုရင် အဆင်မပြေနိုင်တော့ပါဘူး။ နှစ်ဦးသား အတူတူပျော်ရွှင်ကြည်နူးရချိန်တွေ နည်းပါးလာတာ၊ လုံးဝမရှိတော့တာတွေက ရေရှည်မှာ Relationship ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဦးတည်းပျော်ရွှင်မယ့်အချိန်နဲ့ ချစ်သူနဲ့အတူတူပျော်ရွှင်ရမယ့်အချိန်တွေကို မျှတအောင် ကြိုးစားပါ။ တကယ်လို့ သင့်အနေနဲ့ သင့်ချစ်သူနားမှာ နေချိန်တွေက စိတ်မသက်မသာဖြစ်နေရတယ်ဆိုရင် ဒီ Relationship ကို ရှေ့ဆက်ဖို့ စဉ်းစားသင့်ပါပြီ။
ယုံကြည်စိတ်ချမှု မရှိတော့ရင်
ယုံကြည်စိတ်ချမှု မရှိတော့တာဟာ ကုရာနတ္ထိဆေးမရှိပါဘူး။ ခွင့်လွှတ်တာ၊ မသိချင်ယောင်ဆောင်နေတာတွေပဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ယုံကြည်မှုပျက်စီးတဲ့ ဒဏ်ရာတွေကတော့ ဘယ်တော့မှ ပျောက်သွားမှာမဟုတ်ပါဘူး။ အမာရွတ်တစ်ခုအနေနဲ့ ရှိနေပြီး နာကျင်မှုရဲ့သက်သေဖြစ်နေမှာပါ။ သစ္စာဖောက်ခြင်းဟာ စိတ်ခံစားမှုရော အမြင်နဲ့ပါ သက်ဆိုင်ပါတယ်။ သင့်ချစ်သူမဟုတ်တဲ့ တစ်ယောက်ယောက်ကို ကြည့်နေမြင်နေရတာ သာယာနေတတ်မယ်၊ စိတ်ခံစားမှုအရ တစ်ခုခုရှိနေမယ်ဆိုရင် သင့်ရဲ့ Relationship ကို ပြန်သုံးသပ်ဖို့ လိုနေပါပြီ။
အများသူငှာရှေ့မှာ အဆင်မပြေဖြစ်နေရင်
ချစ်သူနှစ်ဦးထဲက တစ်ယောက်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးက လူအများရှေ့မှာ၊ ပွဲလမ်းသဘင်တွေမှာ သိသိသာသာနေရထိုင်ရခက်နေရင် တစ်ခုခုတော့မှားယွင်းနေပါပြီ။ ဒါက ဆက်ဆံရေးကို အဆုံးသတ်လိုက်ဖို့ မဟုတ်ပါဘူး။ အကျေအလည်ဆွေးနွေးသင့်တဲ့ ပြဿနာရှိနေတဲ့ သဘောဖြစ်ပါတယ်။ တစ်ယောက်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုမိတ်ဆွေတွေကို တွေ့ဖို့ တစ်ယောက်က တမင်ငြင်းဆိုနေတယ်ဆိုရင် ပြဿနာက ပိုကြီးနိုင်ပါတယ်။ ဒီအချိန်က နှစ်ယောက်သား သေချာဆွေးနွေးဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။
အနိုင်ကျင့်စော်ကားမှုတွေ ရှိလာခဲ့ရင်
နှစ်ဦးသား အပြန်အလှန် စကားလုံးနဲ့ပဲဖြစ်ဖြစ်၊ အပြုအမူနဲ့ပဲဖြစ်ဖြစ် ထိခိုက်နာကျင်အောင် လုပ်တာမျိုရှိလာရင်တော့ သင်တို့ရဲ့ Relationship ဟာ ပျက်စီးနေပြီလို့ ဆိုနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နာကျင်စေချင်တဲ့ စိတ်နဲ့ လုပ်နေပြီဆိုရင် ဝေးရာကို ထွက်သွားဖို့ပဲ ရှိပါတော့တယ်။ အပြန်အလှန်ချစ်မြတ်နိုးပြီး ခိုင်မာတဲ့ Relationship တွေမှာ ထိခိုက်နာကျင်အောင် မလုပ်ကြပါဘူး။
မတူညီတဲ့ လမ်းတွေကို လျှောက်နေပြီဆိုရင်
မတူညီတဲ့ စိတ်ဆန္ဒ၊ လိုအပ်ချက်၊ မျှော်လင့်ချက်တွေနဲ့ ခံယူချက်တွေက နှစ်ဦးသား ဆက်ဆံရေးကို အဆုံးသတ်သွားစေနိုင်ပါတယ်။ ရင့်ကျက်တဲ့ စုံတွဲတွေက မတူညီမှုတွေကို ဘယ်လိုအခြေချလို့ရမလဲ စဉ်းစားပြီး ရှေ့ဆက်ကြပါတယ်။ တစ်ချို့ကတော့ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ကို ရွေးချယ်ကြပါတယ်။ ချစ်သူစုံတွဲတွေ လမ်းခွဲရတာက ဆိုးရွားတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သင်ရဲ့ကိုယ်ပိုင်တန်ဖိုးတွေ၊ သီးခြားပျော်ရွှင်မှုတွေ၊ ရည်မှန်းချက်တွေကို လက်လွှတ်ဆုံးရှုံးခံလိုက်ရမယ်ဆိုရင်တေ့ာ ပြန်စဉ်းစားဖို့ အချိန်ပဲ ဖြစ်ပါတယ်။ သင့်ကို အားပေးမြှင့်တင်ပေးပြီး ပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်မယ်သူနဲ့ ဘဝကို အတူဖြတ်သန်းမလား၊ သင့်ကို စိတ်ဓာတ်ကျစေပြီး ဆန္ဒရှိတာတွေကို လုပ်ဆောင်ပျော်ရွှင်ဖို့ ပိတ်ပင်တားဆီတတ်သူနဲ့ အတူဖြတ်သန်းမလားဆိုတာက သင့်ရဲ့ ရွေးချယ်မှုပါပဲ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine