ရည္မွန္းခ်က္ဆီသို႔ ရြက္လႊင့္မည့္ သေဘၤာတစင္း

(Zawgyi)

ကၽြန္ေတာ္တို႔ ပတ္၀န္းက်င္က လူအမ်ားစုဟာ ျဖစ္ခ်င္ေပမယ့္ မျဖစ္ခဲ့ရတာေတြ၊ ေနာင္တေတြနဲ႔ လြဲေခ်ာ္လက္လႊတ္လိုက္ရတဲ့ အခြင့္အလမ္းေတြကို ျပန္ေတြးေနတတ္ၾကပါတယ္။ သူတို႔ဘ၀မွာ ႀကီးက်ယ္ခမ္းနားတာ တစ္ခုခုကို ဆံုး႐ႈံးလိုက္ရသလို အျမဲတမ္းခံစားေနၾကရပါတယ္။

သူတို႔ရဲ႕ သေဘာၤက ထြက္ခြာသြားပါၿပီ။

သူတို႔အတြက္ ခ်မ္းသာမယ့္အခြင့္အလမ္း၊ ေအာင္ျမင္ေက်ာ္ၾကားမယ့္အခြင့္အလမ္း၊ လူတိုင္းအံ့အားသင့္သြားေလာက္ေအာင္ လုပ္ျပႏိုင္မယ့္ အခြင့္အလမ္းကို ဆံုး႐ႈံးလိုက္ၾကရၿပီလို႔ ယူဆလိုက္တတ္ပါတယ္။

ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔အမ်ားစုက ျဖစ္ပ်က္သြားတဲ့ကိစၥေတြနဲ႔ ပတ္သက္ၿပီး အလြယ္တကူ စိတ္ပ်က္အားေလ်ာ့တတ္ၾကတယ္လို႔ ထင္မိပါတယ္။

ဒါဆိုရင္ ေမးစရာရွိတာက ဒီလိုဆံုး႐ႈံးလိုက္ရတဲ့ အခြင့္အေရးအတြက္ က်န္တဲ့ဘ၀တစ္ခုလံုးကို ေပးဆပ္လိုက္ရမွာလား။ ဒါမွမဟုတ္ ဒီလိုဆံုး႐ႈံးလိုက္ရတာဟာ အေၾကာင္းရင္းတစ္ခုေၾကာင့္ေရာ မျဖစ္ႏိုင္ဘူးလား

တကယ္ေတာ့ ျဖစ္သင့္သလို မျဖစ္သြားတဲ့ကိစၥတစ္ခု၊ ျဖစ္ခ်င္သလို ျဖစ္မလာတဲ့ကိစၥတစ္ခု၊ ဆံုး႐ႈံးလိုက္ရတဲ့ အခြင့္အေရးတစ္ခုဟာ အားလံုကို အဆံုးအျဖတ္မေပးႏိုင္ပါဘူး။ အားလံုးဟာ အေၾကာင္းရွိလို႔ အက်ိဳးျဖစ္လာခဲ့တာပါ။ ဒါ့ေၾကာင့္ စိတ္ကိုေအးေအးသက္သာထားၿပီး လက္လႊတ္တတ္ဖို႔ လိုပါတယ္။

ကၽြန္ေတာ္တို႔ ဘ၀မွာ ျဖစ္ပ်က္ေနတဲ့အရာေတြက ဘယ္လိုဘယ္နည္းနဲ႔ ကၽြန္ေတာ္တို႔ကို တြန္းအားေပးေနလဲဆိုတာ မသိႏိုင္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကိုပဲ ေရွး႐ႈထားမယ္ဆိုရင္ ျဖစ္ပ်က္ၾကံဳေတြ႕ရသမွ် အရာအားလံုးဟာ တြန္းအားေတြပဲ ျဖစ္ပါတယ္။ ဒီလို ခံယူထားႏိုင္ဖို႔ဆိုတာက ေျပာဖို႔လြယ္ေပမယ့္ လုပ္ဖို႔ခက္ပါတယ္။

ဒါေပမယ့္ လုပ္ၾကည့္သင့္ပါတယ္။

ဒါက ေရြးခ်ယ္မႈတစ္ခုပါပဲ။ သင့္ရဲ႕ သေဘၤာကို မလြတ္ေသးပါဘူး။ လြတ္သြားၿပီလို႔ ထင္ေနရုံသက္သက္ပဲ ျဖစ္ပါတယ္။ သင့္ရဲ႕ သေဘၤာက ရွိေနတုန္းပါပဲ။

ဟုတ္ပါတယ္။ သင့္ရဲ႕ ရည္မွန္းခ်က္အိပ္မက္တိုင္းျပည္ကို ရြက္လႊင့္သြားမယ့္ သေဘၤာက ေစာင့္ဆိုင္းေနတုန္းပါပဲ။

ဒါပမယ့္ အျခားသူေတြရဲ႕ သေဘၤာရြက္လႊင့္သြားကို ဆိပ္ကမ္းကေနရပ္ၾကည့္ၿပီး ကိုယ့္သေဘၤာကို မျမင္ႏိုင္ဘူးျဖစ္ေနတာပါ။ အျခားသူရဲ႕ သေဘၤာကို ပိုေကာင္းတယ္လို႔ ထင္မွတ္ေနတာပါ။ အျခားတစ္ေယာက္ရဲ႕ သေဘၤာကို အားက်ေနတာပါ။

ဒီလိုနဲ႔ ကိုယ္ပိုင္သေဘၤာကို ျပင္ဆင္ရြက္လႊင့္ဖို႔ ေမ့ေနတာျဖစ္ပါတယ္။ ဒီလိုဆိုရင္ေတာ့ သင့္ရဲ႕ ကိုယ္ပိုင္ဘ၀ကို ဘယ္ေတာ့မွ ရရွိပိုင္ဆိုင္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

အခုခ်ိန္ကစၿပီး အျခားသူေတြရဲ႕ ေအာင္ျမင္မႈ၊ အဆင္ေျပမႈေတြကို ၾကည့္ၿပီး အားက်မေနပါနဲ႔။ သင့္ရဲ႕ ရည္မွန္းခ်က္ ပန္းတိုင္ကို ေရာက္ဖို႔ လံု႔လ၀ီရိယစိုက္ထုတ္ၿပီး ႀကိဳးစားလိုက္ပါ။

သင့္ရဲ႕ သေဘၤာကို လက္လႊတ္မခံပါနဲ႔။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++

ရည်မှန်းချက်ဆီသို့ ရွက်လွှင့်မည့် သင်္ဘောတစင်း

(Unicode)

ကျွန်တော်တို့ ပတ်ဝန်းကျင်က လူအများစုဟာ ဖြစ်ချင်ပေမယ့် မဖြစ်ခဲ့ရတာတွေ၊ နောင်တတွေနဲ့ လွဲချော်လက်လွှတ်လိုက်ရတဲ့ အခွင့်အလမ်းတွေကို ပြန်တွေးနေတတ်ကြပါတယ်။ သူတို့ဘဝမှာ ကြီးကျယ်ခမ်းနားတာ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို အမြဲတမ်းခံစားနေကြရပါတယ်။

သူတို့ရဲ့ သဘောင်္က ထွက်ခွာသွားပါပြီ။

သူတို့အတွက် ချမ်းသာမယ့်အခွင့်အလမ်း၊ အောင်မြင်ကျော်ကြားမယ့်အခွင့်အလမ်း၊ လူတိုင်းအံ့အားသင့်သွားလောက်အောင် လုပ်ပြနိုင်မယ့် အခွင့်အလမ်းကို ဆုံးရှုံးလိုက်ကြရပြီလို့ ယူဆလိုက်တတ်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့အများစုက ဖြစ်ပျက်သွားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အလွယ်တကူ စိတ်ပျက်အားလျော့တတ်ကြတယ်လို့ ထင်မိပါတယ်။

ဒါဆိုရင် မေးစရာရှိတာက ဒီလိုဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးအတွက် ကျန်တဲ့ဘဝတစ်ခုလုံးကို ပေးဆပ်လိုက်ရမှာလား။ ဒါမှမဟုတ် ဒီလိုဆုံးရှုံးလိုက်ရတာဟာ အကြောင်းရင်းတစ်ခုကြောင့်ရော မဖြစ်နိုင်ဘူးလား

တကယ်တော့ ဖြစ်သင့်သလို မဖြစ်သွားတဲ့ကိစ္စတစ်ခု၊ ဖြစ်ချင်သလို ဖြစ်မလာတဲ့ကိစ္စတစ်ခု၊ ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတစ်ခုဟာ အားလုံကို အဆုံးအဖြတ်မပေးနိုင်ပါဘူး။ အားလုံးဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာခဲ့တာပါ။ ဒါ့ကြောင့် စိတ်ကိုအေးအေးသက်သာထားပြီး လက်လွှတ်တတ်ဖို့ လိုပါတယ်။

ကျွန်တော်တို့ ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတွေက ဘယ်လိုဘယ်နည်းနဲ့ ကျွန်တော်တို့ကို တွန်းအားပေးနေလဲဆိုတာ မသိနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုပဲ ရှေးရှုထားမယ်ဆိုရင် ဖြစ်ပျက်ကြုံတွေ့ရသမျှ အရာအားလုံးဟာ တွန်းအားတွေပဲ ဖြစ်ပါတယ်။ ဒီလို ခံယူထားနိုင်ဖို့ဆိုတာက ပြောဖို့လွယ်ပေမယ့် လုပ်ဖို့ခက်ပါတယ်။

ဒါပေမယ့် လုပ်ကြည့်သင့်ပါတယ်။

ဒါက ရွေးချယ်မှုတစ်ခုပါပဲ။ သင့်ရဲ့ သင်္ဘောကို မလွတ်သေးပါဘူး။ လွတ်သွားပြီလို့ ထင်နေရုံသက်သက်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ သင်္ဘောက ရှိနေတုန်းပါပဲ။

ဟုတ်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက်အိပ်မက်တိုင်းပြည်ကို ရွက်လွှင့်သွားမယ့် သင်္ဘောက စောင့်ဆိုင်းနေတုန်းပါပဲ။

ဒါပမယ့် အခြားသူတွေရဲ့ သင်္ဘောရွက်လွှင့်သွားကို ဆိပ်ကမ်းကနေရပ်ကြည့်ပြီး ကိုယ့်သင်္ဘောကို မမြင်နိုင်ဘူးဖြစ်နေတာပါ။ အခြားသူရဲ့ သင်္ဘောကို ပိုကောင်းတယ်လို့ ထင်မှတ်နေတာပါ။ အခြားတစ်ယောက်ရဲ့ သင်္ဘောကို အားကျနေတာပါ။

ဒီလိုနဲ့ ကိုယ်ပိုင်သင်္ဘောကို ပြင်ဆင်ရွက်လွှင့်ဖို့ မေ့နေတာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ရဲ့ ကိုယ်ပိုင်ဘဝကို ဘယ်တော့မှ ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်တော့ပါဘူး။

အခုချိန်ကစပြီး အခြားသူတွေရဲ့ အောင်မြင်မှု၊ အဆင်ပြေမှုတွေကို ကြည့်ပြီး အားကျမနေပါနဲ့။ သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ လုံ့လဝီရိယစိုက်ထုတ်ပြီး ကြိုးစားလိုက်ပါ။

သင့်ရဲ့ သင်္ဘောကို လက်လွှတ်မခံပါနဲ့။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine