အစားအေသာက္ဆင္ျခင္ဖို႔ ပ်က္ကြက္ရသည့္ အေၾကာင္းရင္းမ်ား
(Zawgyi)
သင္ သိပါသလား……
ခႏၶာကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ အစားအေသာက္ဆင္ျခင္သူ (၁၀)ဦးမွာ (၄)ဦးပဲ ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္တယ္ဆိုတာ။
ဟုတ္ပါတယ္။ ခႏၶာကိုယ္မွာ ရွိတဲ့အဆီပိုေတြကို ေလွ်ာ့ခ်ၿပီး ကိုယ္အေလးခ်ိန္က်သြားဖုိ႔ အစားအေသာက္ဆင္ျခင္မယ္လို႔ စိတ္ကူးရွိၾကေပမယ့္ တစ္ရက္ႏွစ္ရက္ေလာက္ၾကာရင္ ပံုမွန္အတိုင္း ျပန္ၿပီးစားေသာက္တတ္ၾကပါတယ္။ ျပင္းထန္တဲ့ လႈံ႔ေဆာ္မႈသာမရွိခဲ့ရင္ မေအာင္ျမင္တဲ့သူေတြက ပိုမ်ားပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔လည္း အစားအေသာက္ဆင္ျခင္ဖို႔ အစီအစဥ္ရွိေနတယ္ဆိုရင္ ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ဖို႔အတြက္ က်႐ႈံးရတဲ့အေၾကာင္းရင္းေတြကို သိရွိျပင္ဆင္တတ္ဖို႔ လိုပါတယ္။
၁။ ၾကံဳလာႏိုင္ေခ်ရွိတဲ့ စားပြဲေသာက္ပြဲေတြကို ထည့္မစဥ္းစားတာ
အစားအေသာက္ဆင္ျခင္တာကို စတင္မလုပ္ခင္မွာ သိပ္မၾကာခင္ ရက္ပိုင္းအတြင္းမွာ ၾကံဳလာေခ်ရွိတဲ့ စားပြဲေသာက္ပြဲေတြ၊ အစားအေသာက္ေရြးခ်ယ္စရာမရွိႏိုင္တဲ့ အေျခအေနေတြကို စဥ္းစားရမွာျဖစ္ပါတယ္။ ခရီးသြားတာ၊ မဂၤလာပြဲတက္တာ၊ အလွဴသြားတာ စသျဖင့္ အေကာင္းဆံုးအစားအစာေတြ ရွိေနႏိုင္တဲ့ အေျခအေနေတြက အစားအေသာက္ဆင္ျခင္ကာစ လူတစ္ေယာက္အတြက္ စိတ္ထိန္းႏိုင္ဖို႔ မလြယ္ကူပါဘူး။
၂။ အလြန္အကၽြံ ကန္႔သတ္ေလွ်ာ့ခ်တာ ဒါမွမဟုတ္ ရုတ္တရက္အစားအေသာက္ေလွ်ာ့ခ်တာ
အစားအေသာက္ဆင္ျခင္မယ္လို႔ စိတ္ကူးထားေပမယ့္ ေအာင္ျမင္စြာမလုပ္ႏိုင္ရတဲ ့ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုကေတာ့ ကိုယ့္ကိုယ္ကိုယ္ အရမ္းႏွိပ္စက္လြန္းတာပဲ ျဖစ္ပါတယ္။ လူအမ်ားစုက အစားအေသာက္ပမာဏနဲ႔ အမ်ိဳးအစားကို ရုတ္တရက္ႀကီး ေလွ်ာ့ခ်လိုက္တဲ့အတြက္ ကယ္လိုရီပမာဏမ်ားစြာက်ဆင္းသြားၿပီး ခြန္အားနည္းသြားတတ္ပါတယ္။ ကာဗိုဟိုက္ဒရိတ္ဓာတ္ေပါင္းေတြကို လံုး၀ ေလွ်ာ့ခ်ျဖတ္ေတာက္လိုက္တာက ေရရွည္အတြက္ မေကာင္းပါဘူး။ ေလ့က်င့္ခန္းပါ လုပ္မယ္ဆိုရင္ ၾကြက္သားနဲ႔ အသည္းဆဲလ္ေတြမွာ ဂလိုင္ကိုဂ်င္ဓာတ္ကို နည္းပါးသြားေစႏိုင္တာေၾကာင့္ အရမ္းအားနည္းသြားတာ၊ ပင္ပန္းတာ၊ မလႈပ္ခ်င္မသယ္ခ်င္ျဖစ္တာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ျဖည္းျဖည္းနဲ႔ မွန္မွန္ပဲ ေလွ်ာ့ခ်ပါ။
၃။ စိတ္ဓာတ္မခိုင္မာတာ
အစားအေသာက္ကို စတင္ဆင္ျခင္ကာစ ပထမပိုင္းရက္အနည္းငယ္အတြင္းမွာ လူအမ်ားစုက သူတို႔စားေသာက္တဲ့အစားအစာေတြကို အရမ္းဂရုစိုက္ၾကပါတယ္။ သူတို႔အတြက္ အခ်ိဳပြဲေလး တစ္ပြဲစားလိုက္မိတာ၊ ဒါမွမဟုတ္ ေခ်ာကလက္ေလးတစ္ကိုက္ေလာက္ စားလိုက္မိတာကိုပဲ အစားဆင္ျခင္ရာမေရာက္ေတာ့ဘူးလို႔ ထင္တတ္ၾကပါတယ္။ ဒီအခါမွာ မထူးေတာ့ဘူးဆိုၿပီး ပိုစားလိုက္ၿပီး အစားဆင္ျခင္တဲ့အက်င့္ပ်က္သြားတာမ်ိဳး ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ပိုၿပီးေတာ့ ဆင္ျခင္ဖို႔ ကတိေပးလုပ္ေဆာင္တတ္ၾကပါတယ္။ ဒါကလည္း ပိုဆိုးလာေစမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ခါတစ္ေလ စားလိုက္မိတာနဲ႔ ႀကိဳးစားမႈတစ္ခုလံုးကို အလဟႆအျဖစ္မခံပါနဲ႔။ တစ္ခ်ိဳ႕ေတြကလည္း ေလ့က်င့္ခန္းေတြ ပင္ပင္ပန္းပန္းလုပ္ၿပီးရင္ အစားပိုစားၿပီး ေခ်တတ္ၾကပါတယ္။ ဒါကလည္း အမွားတစ္ခုပါပဲ။
၄။ အားေပးကူညီတဲ့ ပတ္၀န္းက်င္မရွိတာ
တစ္ခ်ိဳ႕လူေတြက ကိုယ့္ကိုယ္ကိုယ္ အားေပးလႈံ႔ေဆာ္ၿပီး ရည္မွန္းခ်က္ျဖစ္ေျမာက္ေအာင္ လုပ္ခ်င္စိတ္ရွိၾကပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ေတြကေတာ့ ေဘးကေန အားေပးကူညီမယ့္သူရွိမွာ လုပ္ႏိုင္တာ ျဖစ္ပါတယ္။ မိသားစု၀င္ေတြ၊ သူငယ္ခ်င္းေတြ လုပ္ေဖာ္ကုိင္ဖက္ေတြက အားေပးကူညီမႈရွိဖို႔ လိုပါတယ္။ သင့္ပတ္၀န္းက်င္က လူေတြက သင့္ရည္ရြယ္ခ်က္ကို အသိအမွတ္ျပဳအားေပးသူေတြ ျဖစ္ဖို႔လိုပါတယ္။ သင့္လုပ္ရပ္ကို တန္ဖိုးမထားပဲ ပ်က္ရယ္ျပဳမယ့္သူေတြနဲ႔ ေ၀းေ၀းေနပါ။
၅။ ႀကိဳတင္ မျပင္ဆင္ထားတာ
သင္စားမယ့္ အစားအေသာက္ကို ႀကိဳတင္ျပင္ဆင္ျခင္းက အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါတယ္။ အေကာင္းဆံုးက ဗိုက္ဆာလာရင္ ဘာစားရမလဲ စဥ္းစားစရာမလိုတာပါပဲ။ ဗိုက္ဆာတဲ့အခါမွ စဥ္းစားမယ္ဆိုရင္ အျမန္စာေတြ စားမိႏိုင္ေခ်ပိုမ်ားပါတယ္။ အစားအေသာက္ကို ႀကိဳတင္ျပင္ဆင္တာက လိုအပ္တဲ့ကယ္လုိရီကုိလည္း တြက္ခ်က္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔စာ စားသံုးမယ့္ အစားအေသာက္ေတြကို မနက္အေစာပိုင္း ဒါမွမဟုတ္ တစ္ညအလိုကတည္းက စဥ္းစားျပင္ဆင္ထားတာ အေကာင္းဆံုးပါပဲ။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++
အစားအသောက်ဆင်ခြင်ဖို့ ပျက်ကွက်ရသည့် အကြောင်းရင်းများ
(Unicode)
သင် သိပါသလား……
ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့အတွက် အစားအသောက်ဆင်ခြင်သူ (၁၀)ဦးမှာ (၄)ဦးပဲ အောင်မြင်စွာ လုပ်ဆောင်နိုင်တယ်ဆိုတာ။
ဟုတ်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့အဆီပိုတွေကို လျှော့ချပြီး ကိုယ်အလေးချိန်ကျသွားဖို့ အစားအသောက်ဆင်ခြင်မယ်လို့ စိတ်ကူးရှိကြပေမယ့် တစ်ရက်နှစ်ရက်လောက်ကြာရင် ပုံမှန်အတိုင်း ပြန်ပြီးစားသောက်တတ်ကြပါတယ်။ ပြင်းထန်တဲ့ လှုံ့ဆော်မှုသာမရှိခဲ့ရင် မအောင်မြင်တဲ့သူတွေက ပိုများပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း အစားအသောက်ဆင်ခြင်ဖို့ အစီအစဉ်ရှိနေတယ်ဆိုရင် အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့အတွက် ကျရှုံးရတဲ့အကြောင်းရင်းတွေကို သိရှိပြင်ဆင်တတ်ဖို့ လိုပါတယ်။
၁။ ကြုံလာနိုင်ချေရှိတဲ့ စားပွဲသောက်ပွဲတွေကို ထည့်မစဉ်းစားတာ
အစားအသောက်ဆင်ခြင်တာကို စတင်မလုပ်ခင်မှာ သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာ ကြံုလာချေရှိတဲ့ စားပွဲသောက်ပွဲတွေ၊ အစားအသောက်ရွေးချယ်စရာမရှိနိုင်တဲ့ အခြေအနေတွေကို စဉ်းစားရမှာဖြစ်ပါတယ်။ ခရီးသွားတာ၊ မင်္ဂလာပွဲတက်တာ၊ အလှူသွားတာ စသဖြင့် အကောင်းဆုံးအစားအစာတွေ ရှိနေနိုင်တဲ့ အခြေအနေတွေက အစားအသောက်ဆင်ခြင်ကာစ လူတစ်ယောက်အတွက် စိတ်ထိန်းနိုင်ဖို့ မလွယ်ကူပါဘူး။
၂။ အလွန်အကျွံ ကန့်သတ်လျှော့ချတာ ဒါမှမဟုတ် ရုတ်တရက်အစားအသောက်လျှော့ချတာ
အစားအသောက်ဆင်ခြင်မယ်လို့ စိတ်ကူးထားပေမယ့် အောင်မြင်စွာမလုပ်နိုင်ရတဲ ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းနှိပ်စက်လွန်းတာပဲ ဖြစ်ပါတယ်။ လူအများစုက အစားအသောက်ပမာဏနဲ့ အမျိုးအစားကို ရုတ်တရက်ကြီး လျှော့ချလိုက်တဲ့အတွက် ကယ်လိုရီပမာဏများစွာကျဆင်းသွားပြီး ခွန်အားနည်းသွားတတ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ဓာတ်ပေါင်းတွေကို လုံးဝ လျှော့ချဖြတ်တောက်လိုက်တာက ရေရှည်အတွက် မကောင်းပါဘူး။ လေ့ကျင့်ခန်းပါ လုပ်မယ်ဆိုရင် ကြွက်သားနဲ့ အသည်းဆဲလ်တွေမှာ ဂလိုင်ကိုဂျင်ဓာတ်ကို နည်းပါးသွားစေနိုင်တာကြောင့် အရမ်းအားနည်းသွားတာ၊ ပင်ပန်းတာ၊ မလှုပ်ချင်မသယ်ချင်ဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လျှော့ချပါ။
၃။ စိတ်ဓာတ်မခိုင်မာတာ
အစားအသောက်ကို စတင်ဆင်ခြင်ကာစ ပထမပိုင်းရက်အနည်းငယ်အတွင်းမှာ လူအများစုက သူတို့စားသောက်တဲ့အစားအစာတွေကို အရမ်းဂရုစိုက်ကြပါတယ်။ သူတို့အတွက် အချိုပွဲလေး တစ်ပွဲစားလိုက်မိတာ၊ ဒါမှမဟုတ် ချောကလက်လေးတစ်ကိုက်လောက် စားလိုက်မိတာကိုပဲ အစားဆင်ခြင်ရာမရောက်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒီအခါမှာ မထူးတော့ဘူးဆိုပြီး ပိုစားလိုက်ပြီး အစားဆင်ခြင်တဲ့အကျင့်ပျက်သွားတာမျိုး ဖြစ်ပါတယ်။ တစ်ချို့ကတော့ ပိုပြီးတော့ ဆင်ခြင်ဖို့ ကတိပေးလုပ်ဆောင်တတ်ကြပါတယ်။ ဒါကလည်း ပိုဆိုးလာစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်လေ စားလိုက်မိတာနဲ့ ကြိုးစားမှုတစ်ခုလုံးကို အလဟဿအဖြစ်မခံပါနဲ့။ တစ်ချို့တွေကလည်း လေ့ကျင့်ခန်းတွေ ပင်ပင်ပန်းပန်းလုပ်ပြီးရင် အစားပိုစားပြီး ချေတတ်ကြပါတယ်။ ဒါကလည်း အမှားတစ်ခုပါပဲ။
၄။ အားပေးကူညီတဲ့ ပတ်ဝန်းကျင်မရှိတာ
တစ်ချို့လူတွေက ကိုယ့်ကိုယ်ကိုယ် အားပေးလှုံ့ဆော်ပြီး ရည်မှန်းချက်ဖြစ်မြောက်အောင် လုပ်ချင်စိတ်ရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ ဘေးကနေ အားပေးကူညီမယ့်သူရှိမှာ လုပ်နိုင်တာ ဖြစ်ပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေက အားပေးကူညီမှုရှိဖို့ လိုပါတယ်။ သင့်ပတ်ဝန်းကျင်က လူတွေက သင့်ရည်ရွယ်ချက်ကို အသိအမှတ်ပြုအားပေးသူတွေ ဖြစ်ဖို့လိုပါတယ်။ သင့်လုပ်ရပ်ကို တန်ဖိုးမထားပဲ ပျက်ရယ်ပြုမယ့်သူတွေနဲ့ ဝေးဝေးနေပါ။
၅။ ကြိုတင် မပြင်ဆင်ထားတာ
သင်စားမယ့် အစားအသောက်ကို ကြိုတင်ပြင်ဆင်ခြင်းက အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အကောင်းဆုံးက ဗိုက်ဆာလာရင် ဘာစားရမလဲ စဉ်းစားစရာမလိုတာပါပဲ။ ဗိုက်ဆာတဲ့အခါမှ စဉ်းစားမယ်ဆိုရင် အမြန်စာတွေ စားမိနိုင်ချေပိုများပါတယ်။ အစားအသောက်ကို ကြိုတင်ပြင်ဆင်တာက လိုအပ်တဲ့ကယ်လိုရီကိုလည်း တွက်ချက်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့စာ စားသုံးမယ့် အစားအသောက်တွေကို မနက်အစောပိုင်း ဒါမှမဟုတ် တစ်ညအလိုကတည်းက စဉ်းစားပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine