ခိုင္ျမဲရွည္ၾကာသည့္ Relationship တည္ေဆာက္ႏိုင္ဖို႔ လ်ိဳ႕၀ွက္ခ်က္(၇)ခု

ခိုင္ျမဲရွည္ၾကာသည့္ Relationship တည္ေဆာက္ႏိုင္ဖို႔ လ်ိဳ႕၀ွက္ခ်က္(၇)ခု

(Zawgyi)

လူငယ္တစ္ေယာ္အေနနဲ႔ေတာ့ Relationship တစ္ခု တည္ၿငိမ္ခိုင္ျမဲဖို႔ကို သိပ္တန္ဖိုးထားတတ္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အရြယ္ရလာၿပီဆိုရင္ေတာ့ သင့္ရဲ႕ခ်စ္သူက သင့္ဘ၀အတြက္ အေထာက္အပံ့၊ ပါရမီျဖည့္ဖက္ျဖစ္လာမွာျဖစ္တဲ့အတြက္ Relationship ခိုင္ျမဲဖို႔ ပိုၿပီးဂရုစိုက္တတ္လာမွာပါ။ ေလ့လာမႈေတြအရလည္း ခ်စ္သူနဲ႔ ခိုင္ျမဲတည္ၿငိမ္တဲ့ Relationship တစ္ခုတည္ေဆာက္ႏိုင္ျခင္းက က်န္းမာေရးနဲ႔ ဘ၀ေအာင္ျမင္ေရးကို အေထာက္အကူျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ ခိုင္ျမဲတည္ၿငိမ္တဲ့ Relationship တစ္ခုတည္ေဆာက္ႏိုင္ဖို႔ လ်ိဳ႕၀ွက္ခ်က္(၇)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ တန္ဖိုးထားသည့္အရာမ်ားႏွင့္ စိတ္၀င္စားမႈမ်ားကို ေ၀မွ်ပါ
ဆန္႔က်င္ဖက္ေတြက ဆြဲေဆာင္ႏိုင္တာ မွန္ပါတယ္။ ဒါေပမယ့္ သင္တို႔ႏွစ္ဦးၾကားမွာ အတူတူတန္ဖိုးထား စိတ္၀င္စားရတဲ့အရာေတြ ရွိေနရင္ ပိုေကာင္းပါတယ္။ ေ၀မွ်နားလည္ထားရမယ့္အရာေတြထဲမွာ ဘ၀နဲ႔ ပတ္သက္တဲ့အျမင္ေတြ၊ အိမ္ေထာင္ျပဳၿပီးရင္ ကေလးဘယ္ႏွစ္ေယာက္ေမြးမယ္ဆိုတာ၊ ႏွစ္ဦးသားဘ၀ကို ဘယ္လိုပံုေဖာ္မယ္ဆိုတာေတြ ပါ၀င္ပါတယ္။ စိတ္၀င္စားမႈျခင္းလည္း တူညီရင္ပိုေကာင္းပါတယ္။ မတူညီဘူးဆိုရင္ေတာင္ တစ္ေယာက္စိတ္၀င္စားတာကို ေနာက္တစ္ေယာက္က စမ္းသပ္ႀကိဳးစားၾကည့္ႏိုင္ဖို႔ လိုပါတယ္။ ႏွစ္ေယာက္စလံုးအတြက္ တူညီတဲ့စိတ္၀င္စားမႈတစ္ခုရွိေနရင္ ပိုၿပီးစိတ္လႈပ္ရွားစရာေကာင္းမွာပါ။

၂။ ရုပ္ရည္သြင္ျပင္ကို ဦးစားေပးထိန္းသိမ္းပါ
ဟုတ္ပါတယ္။ ရုပ္ရည္ထက္ စိတ္ထားက ပိုအေရးႀကီးတာ မွန္ပါတယ္။ ဒါေပမယ့္ ရုပ္ရည္သြင္ျပင္နဲ႔ ဆြဲေဆာင္မႈက ခ်စ္သူစံုတြဲေတြကို ေရရည္ခိုင္ျမဲေစဖို႔ အဓိကအခန္းက႑ကေန ပါ၀င္ေနပါတယ္။ ရုပ္ပိုင္းဆိုင္ရာ ဆြဲေဆာင္မႈ မရွိတဲ့အခါမွာ Relationship တစ္ခုက ဖြံ႔ၿဖိဳးတိုးတက္မလာႏိုင္ပါဘူး။ ႐ုပ္ရွည္သြင္ျပင္ကို ဂရုစိုက္ထိန္းသိမ္းရမယ္ဆိုရာမွာ သင့္ကိုယ္သင္ မင္းသမီး၊ မင္းသားရႈံးေအာင္ ျပင္ဆင္ေနဖို႔ မဟုတ္ပါဘူး။ ခႏၶာကိုယ္ ပံုမပ်က္ေအာင္ ကိုယ္အေလးခ်ိန္ထိန္းမယ္၊ ၾကည့္ေကာင္းရုံျပင္ဆင္မယ္၊ သပ္သပ္ရပ္ရပ္ေနထိုင္မယ္ဆိုရင္ အဆင္ေျပပါတယ္။ အိမ္ေထာင္က်သြားၿပီးတဲ့ေနာက္မွာလည္း ရုပ္ရည္နဲ႔ ဆြဲေဆာင္မႈက အေရးႀကီးေနဆဲျဖစ္ပါတယ္။

၃။ အဆက္အသြယ္လုပ္ပါ
တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္အဆက္အသြယ္ရွိေနဖို႔က Relationship အားလံုးအတြက္ မရွိမျဖစ္လိုအပ္ခ်က္ တစ္ခုျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ သင့္ခ်စ္သူနဲ႔ အဆက္အသြယ္ရွိေနဖို႔ လိုအပ္ပါတယ္။ အဆက္အသြယ္ျပတ္ေတာက္ေနမယ္ဆိုရင္ သင့္တို႔ႏွစ္ဦးၾကာမွာ ႀကီးသထက္ႀကီးလာေနတဲ့ ကြက္လပ္တစ္ခု ျဖစ္လာပါလိမ့္မယ္။

၄။ ေစ့စပ္ညွိႏႈိင္းပါ
ဘယ္ကိစၥမဆို တစ္ေယာက္တည္းရဲ႕ သေဘာအတိုင္းမျဖစ္ႏိုင္ပါဘူး။ ခ်စ္သူႏွစ္ဦးမွာ တစ္ေယာက္ထဲကပဲ အျမဲတမ္းအနစ္နာခံေနရမယ္ဆိုရင္ နည္းလမ္းမက်ပါဘူး။ ဒါ့ေၾကာင့္ ႏွစ္ဦးႏွစ္ဖက္လံုးအဆင္ေျပမယ့္ နည္းလမ္းတစ္ခုကို ေစ့စပ္ညွိႏႈိင္းဖို႔ လိုပါတယ္။ သင္အေနနဲ႔ မလုပ္ခ်င္ဘူးဆိုရင္ေတာင္ Relationship ကို ထိန္းသိမ္းဖို႔အတြက္ ဘယ္ေလာက္အထိ အေလွ်ာ့ေပးႏိုင္မလဲဆိုတာကို စဥ္းစားပါ။

၅။ သင့္ခ်စ္သူ စိတ္၀င္စားသည့္အရာမ်ားကို စိတ္၀င္စားလာေအာင္ ႀကိဳးစားပါ
သင္ လံုး၀ စိတ္မ၀င္စားေပမယ့္ သင့္ခ်စ္သူက စိတ္၀င္စားတဲ့အရာေတြ အမ်ားႀကီးရွိႏိုင္ပါတယ္။ ရုပ္ရွင္၊ ေတးဂီတ စသျဖင့္ အမ်ားႀကီးပါ။ ဒီဟာေတြကို သင့္အေနနဲ႔ စမ္းသပ္ႀကိဳးစားၾကည့္သင့္ပါတယ္။ မႀကိဳးစားၾကည့္ပဲနဲ႔ ျငင္းဆန္ေနတာထက္ လုပ္ၾကည့္ၿပီးမွာ ေနာက္မလုပ္ဘူးဆိုရင္ သင့္ခ်စ္သူက ပိုလက္ခံႏိုင္ပါတယ္။ အတူတူေပ်ာ္ရႊင္ရမယ့္အရာမ်ိဳးရွိရင္ေတာ့ အေကာင္းဆံုးပါပဲ။

၆။ ကိုယ့္ကိုယ္ကိုယ္ အျမဲတမ္းစိန္ေခၚပါ
အတူတူအမွတ္ရေစမယ့္ အမွတ္တရအသစ္ေတြကို ဖန္တီးလုပ္ေဆာင္တာက သင့္တို႔ရဲ႕ Relationship ကို ပိုၿပီးခိုင္မာေစပါတယ္။ ဒါ့ေၾကာင့္ လုပ္ေနက်အရာေတြထက္ ႏွစ္ေယာက္စလံုးအတြက္ ဆန္းသစ္ေနတဲ့အရာေတြကို လုပ္ၾကည့္ပါ။ မေရာက္ဖူးေသးတဲ့ေနရာကို သြားတာ၊ လူအမ်ိဳးမ်ိဳးနဲ႔ ေတြ႕ဆံုတာ၊ အေလ့အက်င့္တစ္ခုခုကို အတူတူစမ္းသပ္ၾကည့္တာ စသျဖင့္ လုပ္ေဆာင္သင့္ပါတယ္။ ႏွစ္ေယာက္စလံုး အသားက်ေနတဲ့ Comfort Zone ထဲက ရုန္းထြက္ၿပီး ကိုယ့္ကိုယ္ကိုယ္ စိန္ေခၚႏိုင္တာေတြက လုပ္ေဆာင္တာက ရင္ခုန္စိတ္လႈပ္ရွားစရာေတြကို ျဖစ္ေစႏိုင္ပါတယ္။

၇။ စိတ္ဆိုးေဒါသျဖစ္ၿပီး အိပ္ရာမ၀င္ပါနဲ႔
ႏွစ္ဦးသားစိတ္ဆိုးစရာကိစၥေတြရွိခဲ့ရင္ အျမန္ဆံုးေျဖရွင္းတာက အေကာင္းဆံုးနဲ႔ အလြယ္ဆံုးနည္းလမ္းျဖစ္ပါတယ္။ ဒါမွသာ Relationship ကို ထိခိုက္ေစႏိုင္တဲ့ ေဒါသနဲ႔ ခံစားခ်က္ေတြ ပိုမိုမ်ားျပားမလာမွာ ျဖစ္ပါတယ္။ အိပ္ရာမ၀င္ခင္မွာ ျဖစ္ေနတဲ့ျပႆနာေတြကို ေက်လည္တဲ့အထိ ညွိႏႈိင္းပါ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++

ခိုင်မြဲရှည်ကြာသည့် Relationship တည်ဆောက်နိုင်ဖို့ လျို့ဝှက်ချက်(၇)ခု

(Unicode)

လူငယ်တစ်ယော်အနေနဲ့တော့ Relationship တစ်ခု တည်ငြိမ်ခိုင်မြဲဖို့ကို သိပ်တန်ဖိုးထားတတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အရွယ်ရလာပြီဆိုရင်တော့ သင့်ရဲ့ချစ်သူက သင့်ဘဝအတွက် အထောက်အပံ့၊ ပါရမီဖြည့်ဖက်ဖြစ်လာမှာဖြစ်တဲ့အတွက် Relationship ခိုင်မြဲဖို့ ပိုပြီးဂရုစိုက်တတ်လာမှာပါ။ လေ့လာမှုတွေအရလည်း ချစ်သူနဲ့ ခိုင်မြဲတည်ငြိမ်တဲ့ Relationship တစ်ခုတည်ဆောက်နိုင်ခြင်းက ကျန်းမာရေးနဲ့ ဘဝအောင်မြင်ရေးကို အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ခိုင်မြဲတည်ငြိမ်တဲ့ Relationship တစ်ခုတည်ဆောက်နိုင်ဖို့ လျို့ဝှက်ချက်(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ တန်ဖိုးထားသည့်အရာများနှင့် စိတ်ဝင်စားမှုများကို ဝေမျှပါ
ဆန့်ကျင်ဖက်တွေက ဆွဲဆောင်နိုင်တာ မှန်ပါတယ်။ ဒါပေမယ့် သင်တို့နှစ်ဦးကြားမှာ အတူတူတန်ဖိုးထား စိတ်ဝင်စားရတဲ့အရာတွေ ရှိနေရင် ပိုကောင်းပါတယ်။ ဝေမျှနားလည်ထားရမယ့်အရာတွေထဲမှာ ဘဝနဲ့ ပတ်သက်တဲ့အမြင်တွေ၊ အိမ်ထောင်ပြုပြီးရင် ကလေးဘယ်နှစ်ယောက်မွေးမယ်ဆိုတာ၊ နှစ်ဦးသားဘဝကို ဘယ်လိုပုံဖော်မယ်ဆိုတာတွေ ပါ၀င်ပါတယ်။ စိတ်ဝင်စားမှုခြင်းလည်း တူညီရင်ပိုကောင်းပါတယ်။ မတူညီဘူးဆိုရင်တောင် တစ်ယောက်စိတ်ဝင်စားတာကို နောက်တစ်ယောက်က စမ်းသပ်ကြိုးစားကြည့်နိုင်ဖို့ လိုပါတယ်။ နှစ်ယောက်စလုံးအတွက် တူညီတဲ့စိတ်ဝင်စားမှုတစ်ခုရှိနေရင် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းမှာပါ။

၂။ ရုပ်ရည်သွင်ပြင်ကို ဦးစားပေးထိန်းသိမ်းပါ
ဟုတ်ပါတယ်။ ရုပ်ရည်ထက် စိတ်ထားက ပိုအရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် ရုပ်ရည်သွင်ပြင်နဲ့ ဆွဲဆောင်မှုက ချစ်သူစုံတွဲတွေကို ရေရည်ခိုင်မြဲစေဖို့ အဓိကအခန်းကဏ္ဍကနေ ပါ၀င်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု မရှိတဲ့အခါမှာ Relationship တစ်ခုက ဖွံ့ဖြိုးတိုးတက်မလာနိုင်ပါဘူး။ ရုပ်ရှည်သွင်ပြင်ကို ဂရုစိုက်ထိန်းသိမ်းရမယ်ဆိုရာမှာ သင့်ကိုယ်သင် မင်းသမီး၊ မင်းသားရှုံးအောင် ပြင်ဆင်နေဖို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် ပုံမပျက်အောင် ကိုယ်အလေးချိန်ထိန်းမယ်၊ ကြည့်ကောင်းရုံပြင်ဆင်မယ်၊ သပ်သပ်ရပ်ရပ်နေထိုင်မယ်ဆိုရင် အဆင်ပြေပါတယ်။ အိမ်ထောင်ကျသွားပြီးတဲ့နောက်မှာလည်း ရုပ်ရည်နဲ့ ဆွဲဆောင်မှုက အရေးကြီးနေဆဲဖြစ်ပါတယ်။

၃။ အဆက်အသွယ်လုပ်ပါ
တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အဆက်အသွယ်ရှိနေဖို့က Relationship အားလုံးအတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် သင့်ချစ်သူနဲ့ အဆက်အသွယ်ရှိနေဖို့ လိုအပ်ပါတယ်။ အဆက်အသွယ်ပြတ်တောက်နေမယ်ဆိုရင် သင့်တို့နှစ်ဦးကြာမှာ ကြီးသထက်ကြီးလာနေတဲ့ ကွက်လပ်တစ်ခု ဖြစ်လာပါလိမ့်မယ်။

၄။ စေ့စပ်ညှိနှိုင်းပါ
ဘယ်ကိစ္စမဆို တစ်ယောက်တည်းရဲ့ သဘောအတိုင်းမဖြစ်နိုင်ပါဘူး။ ချစ်သူနှစ်ဦးမှာ တစ်ယောက်ထဲကပဲ အမြဲတမ်းအနစ်နာခံနေရမယ်ဆိုရင် နည်းလမ်းမကျပါဘူး။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေမယ့် နည်းလမ်းတစ်ခုကို စေ့စပ်ညှိနှိုင်းဖို့ လိုပါတယ်။ သင်အနေနဲ့ မလုပ်ချင်ဘူးဆိုရင်တောင် Relationship ကို ထိန်းသိမ်းဖို့အတွက် ဘယ်လောက်အထိ အလျှော့ပေးနိုင်မလဲဆိုတာကို စဉ်းစားပါ။

၅။ သင့်ချစ်သူ စိတ်ဝင်စားသည့်အရာများကို စိတ်ဝင်စားလာအောင် ကြိုးစားပါ
သင် လုံးဝ စိတ်မဝင်စားပေမယ့် သင့်ချစ်သူက စိတ်ဝင်စားတဲ့အရာတွေ အများကြီးရှိနိုင်ပါတယ်။ ရုပ်ရှင်၊ တေးဂီတ စသဖြင့် အများကြီးပါ။ ဒီဟာတွေကို သင့်အနေနဲ့ စမ်းသပ်ကြိုးစားကြည့်သင့်ပါတယ်။ မကြိုးစားကြည့်ပဲနဲ့ ငြင်းဆန်နေတာထက် လုပ်ကြည့်ပြီးမှာ နောက်မလုပ်ဘူးဆိုရင် သင့်ချစ်သူက ပိုလက်ခံနိုင်ပါတယ်။ အတူတူပျော်ရွှင်ရမယ့်အရာမျိုးရှိရင်တော့ အကောင်းဆုံးပါပဲ။

၆။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းစိန်ခေါ်ပါ
အတူတူအမှတ်ရစေမယ့် အမှတ်တရအသစ်တွေကို ဖန်တီးလုပ်ဆောင်တာက သင့်တို့ရဲ့ Relationship ကို ပိုပြီးခိုင်မာစေပါတယ်။ ဒါ့ကြောင့် လုပ်နေကျအရာတွေထက် နှစ်ယောက်စလုံးအတွက် ဆန်းသစ်နေတဲ့အရာတွေကို လုပ်ကြည့်ပါ။ မရောက်ဖူးသေးတဲ့နေရာကို သွားတာ၊ လူအမျိုးမျိုးနဲ့ တွေ့ဆုံတာ၊ အလေ့အကျင့်တစ်ခုခုကို အတူတူစမ်းသပ်ကြည့်တာ စသဖြင့် လုပ်ဆောင်သင့်ပါတယ်။ နှစ်ယောက်စလုံး အသားကျနေတဲ့ Comfort Zone ထဲက ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်နိုင်တာတွေက လုပ်ဆောင်တာက ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို ဖြစ်စေနိုင်ပါတယ်။

၇။ စိတ်ဆိုးဒေါသဖြစ်ပြီး အိပ်ရာမဝင်ပါနဲ့
နှစ်ဦးသားစိတ်ဆိုးစရာကိစ္စတွေရှိခဲ့ရင် အမြန်ဆုံးဖြေရှင်းတာက အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါမှသာ Relationship ကို ထိခိုက်စေနိုင်တဲ့ ဒေါသနဲ့ ခံစားချက်တွေ ပိုမိုများပြားမလာမှာ ဖြစ်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ဖြစ်နေတဲ့ပြဿနာတွေကို ကျေလည်တဲ့အထိ ညှိနှိုင်းပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%