အလုပ္အလြန္အကၽြံလုပ္ေနျခင္းရဲ႕ လကၡဏာ(၇)ခု
(Zawgyi)
လူအမ်ားစုက သူတို႔လုပ္သင့္တာထက္ အလုပ္ေတြကို ပိုလုပ္ေနၾကရၿပီး လုံေလာက္တဲ့ အနားယူခ်ိန္ မရွိတတ္ၾကပါဘူး။ လုပ္သေလာက္ ထိုက္တန္ေအာင္ ျပန္မရတဲ့အခါ ဘယ္သူမွလည္း ေပ်ာ္ရႊင္ႏိုင္မွာ မဟုတ္ပါဘူး။ ေနာက္ဆံုး က်န္းမာေရးကိုပါ ထိခိုက္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အလုပ္လုပ္တဲ့အခါမွာ အခုေဖာ္ျပမယ့္ အခ်က္ေတြၾကံဳေတြ႕လာရၿပီဆိုရင္ လိုတာထက္ပိုၿပီး အလုပ္ေတြပိုလုပ္ေနရၿပီလို႔ ဆိုႏိုင္ပါတယ္။
၁။ အိပ္စက္မႈကို ထိခိုက္လာမယ္
အလုပ္ကို လိုတာထက္ပိုၿပီးလုပ္ေနရသူေတြမွာ အိပ္စက္ျခင္းဆိုင္ရာ ျပႆနာေတြရွိတတ္ပါတယ္။ ေန႔ဘက္မွာ အလုပ္ေၾကာင့္ စိတ္ဖိစီးမႈေတြက အိပ္စက္ျခင္းကို ထိခိုက္ေစတာျဖစ္ပါတယ္။ အိပ္ေရးမ၀ျခင္းကို ျဖစ္ေစၿပီး ႏွလံုးေရာဂါ၊ ေလျဖတ္တာနဲ႔ ဆီးခ်ိဳေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒီလိုမျဖစ္ဖို႔အတြက္ တစ္ညကို အိပ္ခ်ိန္ (၇)နာရီ သို႔မဟုတ္ (၈)နာရီေလာက္ အိပ္ပါ။
၂။ အလုပ္အရည္အေသြး နိမ့္လာမယ္
အလုပ္ကို အလြန္အကၽြံလုပ္ရတဲ့အတြက္ စိတ္ဖိစီးမႈနဲ႔ ပင္ပန္းႏြမ္းနယ္ျခင္းတို႔ေၾကာင့္ လုပ္ငန္းၿပီးေျမာက္မႈ အရည္အေသြး က်ဆင္းလာတတ္ပါတယ္။ အမွားေတြလုပ္မိမယ္။ ဆံုးျဖတ္ခ်က္ေတြ မွားလာပါလိမ့္မယ္။ ေျပာဆိုဆက္သြယ္ရတာလည္း ခက္ခဲလာၿပီး အျခားသူေတြထက္ အလုပ္ၿပီးဖို႔ အခ်ိန္ပိုၾကာတတ္ပါတယ္။ ဒီလိုမျဖစ္ဖို႔အတြက္ လုပ္စရာေတြအမ်ားႀကီးရွိေနတယ္ဆိုရင္ေတာင္ နားနားၿပီးလုပ္ဖို႔ လိုအပ္ပါတယ္။ ေတာက္ေလွ်ာက္မလုပ္ပါနဲ႔။
၃။ ကိုယ္အေလးခ်ိန္ အရမ္းတိုးလာမယ္ ဒါမွမဟုတ္ က်သြားမယ္
စိတ္ဖိစီးမႈမ်ားလာတဲ့အခါမွာ အစားအေသာက္ကို အာ႐ုံမစိုက္ႏိုင္ေတာ့ပါဘူး။ အလုပ္အတြက္ပဲ စိုးရိမ္ေနတဲ့အတြက္ စားသင့္သေလာက္ မစားတာ၊ ပိုစားမိတာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒီလိုမျဖစ္ဖို႔အတြက္ အစားအေသာက္ကို အခ်ိန္နဲ႔စားၿပီး တစ္ေန႔စာအတြက္ လုံေလာက္တဲ့အဟာရျဖစ္ေအာင္ သတိထားစားသံုးေပးရမွာ ျဖစ္ပါတယ္။
၄။ တီထြင္ဖန္တီးဖို႔ ခက္ခဲလာမယ္
အျခားေန႔ေတြမွာ စာလံုးေရ ႏွစ္ေထာင္ေလာက္နဲ႔ ေဆာင္းပါးတစ္ပုဒ္ကို ေရးႏိုင္ေပမယ့္ အခုရက္ပိုင္းမွာ စာလံုးငါးရာေလာက္ ခ်ေရးဖို႔ေတာင္ အခက္အခဲျဖစ္ေနပါသလား။ ဒါမွမဟုတ္ ဆန္းသစ္တီထြင္မႈေတြ လုပ္ဖို႔ ဘာမွစဥ္းစားမရေအာင္ ျဖစ္ေနပါသလား။ တီထြင္ဖန္တီးႏိုင္စြမ္းမရွိေတာ့တာဟာ အလုပ္အလြန္အကၽြံလုပ္မိတဲ့ လကၡဏာတစ္ခုပါပဲ။ ဒီလိုမျဖစ္ဖို႔အတြက္ အခ်ိန္တစ္နာရီ ႏွစ္နာရီေလာက္ အနားယူပါ။ ရုပ္ရွင္ၾကည့္တာတို႔၊ စာအုပ္ဖတ္တာတို႔လို႔ စိတ္၀င္စားတဲ့ အျခားတစ္ခုခုကို လုပ္ပါ။
၅။ အလြယ္တကူ စိတ္အခ်ဥ္ေပါက္လာမယ္
အလုပ္အလြန္အကၽြံလုပ္လာရၿပီဆိုရင္ ပံုမွန္ထက္ပိုၿပီး ဆတ္ဆတ္ထိမခံျဖစ္တတ္ပါတယ္။ အလြယ္တကူ စိတ္တို ေဒါသျဖစ္မယ္။ လူတိုင္းေလာက္နီးပါးကို ေအာ္ဟစ္ေျပာဆိုေနမယ္ဆိုရင္ ခဏေလာက္ အနားယူဖို႔ အခ်ိန္ပဲျဖစ္ပါတယ္။ ဒီလိုျဖစ္လာၿပီဆိုရင္ စိတ္တိုေနတုန္းမွာ ဆံုးျဖတ္ခ်က္မခ်မိပါေစနဲ႔။ ေရခ်ိဳးတာ၊ တစ္ေရးေလာက္ အိပ္လိုက္တာ၊ လမ္းနည္းနည္းေလာက္ေလွ်ာက္လိုက္တာ စတာေတြလုပ္ေဆာင္ၿပီး စိတ္တည္ၿငိမ္ေအးခ်မ္းေအာင္ အရင္လုပ္ပါ။
၆။ လက္ရွိအသက္အရြယ္ထက္ ပိုႀကီးတယ္လို႔ ထင္ရမယ္
သဘာ၀အတိုင္း အသက္အရြယ္ႀကီးလာတာက ျပႆနာမဟုတ္ပါဘူး။ ဒါေပမယ့္ အသက္ငယ္ငယ္ေလးနဲ႔ လူႀကီးပံုစံျဖစ္ေနတာကေတာ့ ျပႆနာပါ။ တကယ္လက္ရွိအသက္က ႏွစ္ဆယ္ေက်ာ္ရုံပဲ ရွိေသးေပမယ့္ အသက္ေလးဆယ္ေက်ာ္ပံုစံျဖစ္ေနၿပီဆိုရင္ သင့္ရဲ႕ဘ၀ေနထိုင္မႈပံုစံမွာ တစ္ခုခုမွားယြင္းေနတာ ေသခ်ာပါတယ္။ အလုပ္ေတြ အလြန္အကၽြံလုပ္ေနတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုျဖစ္လာတဲ့အခါ အလုပ္အတြက္ အရမ္းစိတ္ဖိစီးေနတာကို ေလွ်ာ့ပါ။ မ်က္ႏွာတင္းတင္းေနတာက သင့္ေပ်ာ္ရႊင္မႈကို ေပ်ာက္ဆံုးေစရုံသာမက အသက္ပိုႀကီးတယ္လို႔လည္း ထင္ရေစပါတယ္။ ျပံဳးပါ။ အေကာင္းျမင္စိတ္ေမြးပါ။
၇။ ႏွလံုးခုန္ႏႈန္း ျမင့္တက္လာမယ္
ပံုမွန္စိတ္ေအးခ်မ္းေနခ်ိန္မွာဆိုရင္ ႏွလံုးခုန္ႏႈန္းက တစ္မိနစ္ကိုအႀကိမ္(၆၀)နဲ႔ (၁၀၀)ၾကားပဲ ရွိပါတယ္။ ဒါေပမယ့္ အလုပ္ေတြအရမ္းလုပ္ၿပီး စိတ္ဖိစီးေနတယ္ဆိုရင္ေတာ့ သင့္ခႏၶာကိုယ္က ႏွလံုးနဲ႔ ဦးေႏွာက္ကို ေသြးပိုမိုလည္ပတ္ေစရတာျဖစ္တဲ့အတြက္ ႏွလုံးခုန္ႏႈန္းျမင့္တက္လာတတ္ပါတယ္။ ဒီလိုျဖစ္လာတဲ့အခါမွာ ခဏေလာက္ အနားယူလုိက္ပါ။ တစ္ေရးေလာက္အိပ္လိုက္တာ ဒါမွမဟုတ္ ညဖက္အိပ္ခ်ိန္ ပိုယူလိုက္တာေတြက သင့္ခႏၶာကိုယ္ကို ခြန္အားျဖစ္ေစပါတယ္။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++++++++++++++++++++++
အလုပ်အလွန်အကျွံလုပ်နေခြင်းရဲ့ လက္ခဏာ(၇)ခု
(Unicode)
လူအများစုက သူတို့လုပ်သင့်တာထက် အလုပ်တွေကို ပိုလုပ်နေကြရပြီး လုံလောက်တဲ့ အနားယူချိန် မရှိတတ်ကြပါဘူး။ လုပ်သလောက် ထိုက်တန်အောင် ပြန်မရတဲ့အခါ ဘယ်သူမှလည်း ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံး ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်လုပ်တဲ့အခါမှာ အခုဖော်ပြမယ့် အချက်တွေကြုံတွေ့လာရပြီဆိုရင် လိုတာထက်ပိုပြီး အလုပ်တွေပိုလုပ်နေရပြီလို့ ဆိုနိုင်ပါတယ်။
၁။ အိပ်စက်မှုကို ထိခိုက်လာမယ်
အလုပ်ကို လိုတာထက်ပိုပြီးလုပ်နေရသူတွေမှာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေရှိတတ်ပါတယ်။ နေ့ဘက်မှာ အလုပ်ကြောင့် စိတ်ဖိစီးမှုတွေက အိပ်စက်ခြင်းကို ထိခိုက်စေတာဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းကို ဖြစ်စေပြီး နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် တစ်ညကို အိပ်ချိန် (၇)နာရီ သို့မဟုတ် (၈)နာရီလောက် အိပ်ပါ။
၂။ အလုပ်အရည်အသွေး နိမ့်လာမယ်
အလုပ်ကို အလွန်အကျွံလုပ်ရတဲ့အတွက် စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ကြောင့် လုပ်ငန်းပြီးမြောက်မှု အရည်အသွေး ကျဆင်းလာတတ်ပါတယ်။ အမှားတွေလုပ်မိမယ်။ ဆုံးဖြတ်ချက်တွေ မှားလာပါလိမ့်မယ်။ ပြောဆိုဆက်သွယ်ရတာလည်း ခက်ခဲလာပြီး အခြားသူတွေထက် အလုပ်ပြီးဖို့ အချိန်ပိုကြာတတ်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် လုပ်စရာတွေအများကြီးရှိနေတယ်ဆိုရင်တောင် နားနားပြီးလုပ်ဖို့ လိုအပ်ပါတယ်။ တောက်လျှောက်မလုပ်ပါနဲ့။
၃။ ကိုယ်အလေးချိန် အရမ်းတိုးလာမယ် ဒါမှမဟုတ် ကျသွားမယ်
စိတ်ဖိစီးမှုများလာတဲ့အခါမှာ အစားအသောက်ကို အာရုံမစိုက်နိုင်တော့ပါဘူး။ အလုပ်အတွက်ပဲ စိုးရိမ်နေတဲ့အတွက် စားသင့်သလောက် မစားတာ၊ ပိုစားမိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် အစားအသောက်ကို အချိန်နဲ့စားပြီး တစ်နေ့စာအတွက် လုံလောက်တဲ့အဟာရဖြစ်အောင် သတိထားစားသုံးပေးရမှာ ဖြစ်ပါတယ်။
၄။ တီထွင်ဖန်တီးဖို့ ခက်ခဲလာမယ်
အခြားနေ့တွေမှာ စာလုံးရေ နှစ်ထောင်လောက်နဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးနိုင်ပေမယ့် အခုရက်ပိုင်းမှာ စာလုံးငါးရာလောက် ချရေးဖို့တောင် အခက်အခဲဖြစ်နေပါသလား။ ဒါမှမဟုတ် ဆန်းသစ်တီထွင်မှုတွေ လုပ်ဖို့ ဘာမှစဉ်းစားမရအောင် ဖြစ်နေပါသလား။ တီထွင်ဖန်တီးနိုင်စွမ်းမရှိတော့တာဟာ အလုပ်အလွန်အကျွံလုပ်မိတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒီလိုမဖြစ်ဖို့အတွက် အချိန်တစ်နာရီ နှစ်နာရီလောက် အနားယူပါ။ ရုပ်ရှင်ကြည့်တာတို့၊ စာအုပ်ဖတ်တာတို့လို့ စိတ်ဝင်စားတဲ့ အခြားတစ်ခုခုကို လုပ်ပါ။
၅။ အလွယ်တကူ စိတ်အချဉ်ပေါက်လာမယ်
အလုပ်အလွန်အကျွံလုပ်လာရပြီဆိုရင် ပုံမှန်ထက်ပိုပြီး ဆတ်ဆတ်ထိမခံဖြစ်တတ်ပါတယ်။ အလွယ်တကူ စိတ်တို ဒေါသဖြစ်မယ်။ လူတိုင်းလောက်နီးပါးကို အော်ဟစ်ပြောဆိုနေမယ်ဆိုရင် ခဏလောက် အနားယူဖို့ အချိန်ပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် စိတ်တိုနေတုန်းမှာ ဆုံးဖြတ်ချက်မချမိပါစေနဲ့။ ရေချိုးတာ၊ တစ်ရေးလောက် အိပ်လိုက်တာ၊ လမ်းနည်းနည်းလောက်လျှောက်လိုက်တာ စတာတွေလုပ်ဆောင်ပြီး စိတ်တည်ငြိမ်အေးချမ်းအောင် အရင်လုပ်ပါ။
၆။ လက်ရှိအသက်အရွယ်ထက် ပိုကြီးတယ်လို့ ထင်ရမယ်
သဘာဝအတိုင်း အသက်အရွယ်ကြီးလာတာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် အသက်ငယ်ငယ်လေးနဲ့ လူကြီးပုံစံဖြစ်နေတာကတော့ ပြဿနာပါ။ တကယ်လက်ရှိအသက်က နှစ်ဆယ်ကျော်ရုံပဲ ရှိသေးပေမယ့် အသက်လေးဆယ်ကျော်ပုံစံဖြစ်နေပြီဆိုရင် သင့်ရဲ့ဘဝနေထိုင်မှုပုံစံမှာ တစ်ခုခုမှားယွင်းနေတာ သေချာပါတယ်။ အလုပ်တွေ အလွန်အကျွံလုပ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ အလုပ်အတွက် အရမ်းစိတ်ဖိစီးနေတာကို လျှော့ပါ။ မျက်နှာတင်းတင်းနေတာက သင့်ပျော်ရွှင်မှုကို ပျောက်ဆုံးစေရုံသာမက အသက်ပိုကြီးတယ်လို့လည်း ထင်ရစေပါတယ်။ ပြံုးပါ။ အကောင်းမြင်စိတ်မွေးပါ။
၇။ နှလုံးခုန်နှုန်း မြင့်တက်လာမယ်
ပုံမှန်စိတ်အေးချမ်းနေချိန်မှာဆိုရင် နှလုံးခုန်နှုန်းက တစ်မိနစ်ကိုအကြိမ်(၆၀)နဲ့ (၁၀၀)ကြားပဲ ရှိပါတယ်။ ဒါပေမယ့် အလုပ်တွေအရမ်းလုပ်ပြီး စိတ်ဖိစီးနေတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်က နှလုံးနဲ့ ဦးနှောက်ကို သွေးပိုမိုလည်ပတ်စေရတာဖြစ်တဲ့အတွက် နှလုံးခုန်နှုန်းမြင့်တက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ခဏလောက် အနားယူလိုက်ပါ။ တစ်ရေးလောက်အိပ်လိုက်တာ ဒါမှမဟုတ် ညဖက်အိပ်ချိန် ပိုယူလိုက်တာတွေက သင့်ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine