မိတ္ေဆြသူငယ္ခ်င္းအျဖစ္မွ စြန္႔လႊတ္သင့္တဲ့ လကၡဏာ(၇)ခု

မိတ္ေဆြသူငယ္ခ်င္းအျဖစ္မွ စြန္႔လႊတ္သင့္တဲ့ လကၡဏာ(၇)ခု

(Zawgyi)

မိတ္ေဆြသူငယ္ခ်င္း အေပါင္းအသင္းဆို ကၽြန္ေတာ္တို႔အားလံုး လိုခ်င္တတ္ၾကပါတယ္။ မိတ္ေဆြေကာင္းေတြ ရွိထားျခင္းက ဘ၀ကို တိုးတက္ေျပာင္းလဲေစႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ဘ၀ကို ပိုၿပီးေကာင္းမြန္ေအာင္လုပ္ေပးႏိုင္သူေတြကလည္း မိတ္ေဆြေကာင္းေတြပဲ ျဖစ္ပါတယ္။ ဒါဆိုရင္ တစ္ခ်ိဳ႕မိတ္ေဆြ သူငယ္ခ်င္းေတြေၾကာင့္ ဘာျဖစ္လို႔ ကၽြန္ေတာ္တို႔ နာက်င္ေနရတာပါလဲ။ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာ မိတ္ေဆြသူငယ္ခ်င္းေတြက ကၽြန္ေတာ္တို႔ဘ၀ထဲက ထုတ္ပစ္လိုက္ဖို႔ လိုပါတယ္။ ဘယ္လိုလူေတြကို ထုတ္ပစ္ရမလဲဆိုတာကေတာ့ ဒီအခ်က္ေတြနဲ႔ တိုက္ဆိုင္ၾကည့္လိုက္ပါ။

၁။ အက်င့္စရိုက္ မေကာင္းျခင္းနဲ႔ ရုိးသားေျဖာင့္မတ္မႈမရွိျခင္း

၂။ အလုပ္မွန္သမွ် တစ္ေယာက္တည္း လုပ္ေနရျခင္း
သင့္ သူငယ္ခ်င္းလုပ္သူက အျမဲတမ္းတစ္ကိုယ္ေကာင္းဆန္ေနမယ္ဆိုရင္ ျပန္စဥ္းစားဖို႔ လိုေနပါၿပီ။ သူငယ္ခ်င္းေကာင္းဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ပံ့ပိုးကူညီတတ္ဖို႔ လိုပါတယ္။ ဒီလိုမဟုတ္ပဲ လုပ္စရာရွိတာမွန္သမွ် သင္တစ္ေယာက္တည္း လုပ္ေနရမယ္ဆိုရင္ အဆင္မေျပပါဘူး။

၃။ မိမိကိုယ္ကို ယုံၾကည္မႈ မရွိေတာ့ျခင္း
သင့္ဘ၀ထဲက စြန္႔လႊတ္လိုက္သင့္တဲ့ မိတ္ေဆြ၊ သူငယ္ခ်င္းနားမွာ ရွိေနရင္ သင့္ကိုယ္သင္ ယုံၾကည္မႈမရွိျဖစ္ေနၿပီး အျခားသူတစ္ေယာက္ျဖစ္ခ်င္လာတာမ်ိဳးကို ဆိုလိုပါတယ္။ သင့္ရဲ႕ အရွိအတိုင္းကို လက္မခံႏိုင္ပဲ အျမဲတမ္းျပစ္တင္ေျပာဆိုေနသူေတြျဖစ္ပါတယ္။

၄။ သူတို႔ေပ်ာ္ရႊင္ဖို႔ အလံုးစံုတာ၀န္ယူေပးရျခင္း
သူတို႔ေပ်ာ္ရဖို႔ကို ဦးစားေပးၿပီး သင့္ေပ်ာ္ရႊင္မႈကို ထည့္မစဥ္းစားတတ္သူမ်ိဳးေတြျဖစ္ပါတယ္။ သူတို႔ ေပ်ာ္ဖို႔အတြက္ သင္က အားလံုးလုိက္လုပ္ေပးရတာလည္း ရွိႏိုင္ပါတယ္။ အျခားသူတစ္ေယာက္ရဲ႕ ေပ်ာ္ရႊင္မႈဟာ သင့္တာ၀န္မဟုတ္ပါဘူး။ သူတုိ႔ေပ်ာ္ရႊင္မႈမွာ သင္ကိုယ္တိုင္က တစိတ္တေဒသအျဖစ္ ပါ၀င္ႏိုင္ေပမယ့္ ေပ်ာ္ရႊင္ေအာင္လုပ္ေပးဖို႔ တာ၀န္မရွိပါဘူး။

၅။ ခ်စ္သူရည္းစားက ပိုေကာင္းတယ္လို႔ ခံစားမိလာျခင္း
သင့္ မိတ္ေဆြသူငယ္ခ်င္းေတြက သင့္ဘ၀အတြက္ အေထာက္အကူမျဖစ္တဲ့အခါမွာ သင့္ကို ကူညီပံ့ပိုးေပးႏိုင္တဲ့သူဆီကို အာရုံစိုက္သင့္ပါတယ္။

၆။ ယုံၾကည္အားကိုးမႈ မရွိျခင္း
သင့္ မိတ္ေဆြေတြကို မယုံၾကည္ဘူးဆိုရင္ မိတ္ေဆြမရွိတာနဲ႔ အတူတူပါပဲ

၇။ မရင့္က်က္သူမ်ားျဖစ္ေနျခင္း
မိတ္ေဆြသူငယ္ခ်င္းေတြ ၾကားမွာ ရင့္က်က္မႈမရွိျခင္းအတြက္ ေနရာမရွိပါဘူး။ တစ္ေယာက္ေယာက္က ဂိမ္းေတြကစားေနမယ္၊ အတင္းေျပာမယ္ ဒါမွမဟုတ္ အရြယ္ေရာက္ၿပီးသူတစ္ေယာက္ရဲ႕ အေတြးအေခၚ အျပဳအမူမ်ိဳး မရွိဘူးဆိုရင္ စြန္႔လႊတ္ဖို႔ အခ်ိန္တန္ပါၿပီ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++

မိတ်ဆွေသူငယ်ချင်းအဖြစ်မှ စွန့်လွှတ်သင့်တဲ့ လက္ခဏာ(၇)ခု

(Unicode)

မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းဆို ကျွန်တော်တို့အားလုံး လိုချင်တတ်ကြပါတယ်။ မိတ်ဆွေကောင်းတွေ ရှိထားခြင်းက ဘဝကို တိုးတက်ပြောင်းလဲစေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝကို ပိုပြီးကောင်းမွန်အောင်လုပ်ပေးနိုင်သူတွေကလည်း မိတ်ဆွေကောင်းတွေပဲ ဖြစ်ပါတယ်။ ဒါဆိုရင် တစ်ချို့မိတ်ဆွေ သူငယ်ချင်းတွေကြောင့် ဘာဖြစ်လို့ ကျွန်တော်တို့ နာကျင်နေရတာပါလဲ။ တစ်ချို့တစ်ချို့သော မိတ်ဆွေသူငယ်ချင်းတွေက ကျွန်တော်တို့ဘဝထဲက ထုတ်ပစ်လိုက်ဖို့ လိုပါတယ်။ ဘယ်လိုလူတွေကို ထုတ်ပစ်ရမလဲဆိုတာကတော့ ဒီအချက်တွေနဲ့ တိုက်ဆိုင်ကြည့်လိုက်ပါ။

၁။ အကျင့်စရိုက် မကောင်းခြင်းနဲ့ ရိုးသားဖြောင့်မတ်မှုမရှိခြင်း

၂။ အလုပ်မှန်သမျှ တစ်ယောက်တည်း လုပ်နေရခြင်း
သင့် သူငယ်ချင်းလုပ်သူက အမြဲတမ်းတစ်ကိုယ်ကောင်းဆန်နေမယ်ဆိုရင် ပြန်စဉ်းစားဖို့ လိုနေပါပြီ။ သူငယ်ချင်းကောင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပံ့ပိုးကူညီတတ်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ပဲ လုပ်စရာရှိတာမှန်သမျှ သင်တစ်ယောက်တည်း လုပ်နေရမယ်ဆိုရင် အဆင်မပြေပါဘူး။

၃။ မိမိကိုယ်ကို ယုံကြည်မှု မရှိတော့ခြင်း
သင့်ဘဝထဲက စွန့်လွှတ်လိုက်သင့်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းနားမှာ ရှိနေရင် သင့်ကိုယ်သင် ယုံကြည်မှုမရှိဖြစ်နေပြီး အခြားသူတစ်ယောက်ဖြစ်ချင်လာတာမျိုးကို ဆိုလိုပါတယ်။ သင့်ရဲ့ အရှိအတိုင်းကို လက်မခံနိုင်ပဲ အမြဲတမ်းပြစ်တင်ပြောဆိုနေသူတွေဖြစ်ပါတယ်။

၄။ သူတို့ပျော်ရွှင်ဖို့ အလုံးစုံတာဝန်ယူပေးရခြင်း
သူတို့ပျော်ရဖို့ကို ဦးစားပေးပြီး သင့်ပျော်ရွှင်မှုကို ထည့်မစဉ်းစားတတ်သူမျိုးတွေဖြစ်ပါတယ်။ သူတို့ ပျော်ဖို့အတွက် သင်က အားလုံးလိုက်လုပ်ပေးရတာလည်း ရှိနိုင်ပါတယ်။ အခြားသူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ သင့်တာဝန်မဟုတ်ပါဘူး။ သူတို့ပျော်ရွှင်မှုမှာ သင်ကိုယ်တိုင်က တစိတ်တဒေသအဖြစ် ပါ၀င်နိုင်ပေမယ့် ပျော်ရွှင်အောင်လုပ်ပေးဖို့ တာဝန်မရှိပါဘူး။

၅။ ချစ်သူရည်းစားက ပိုကောင်းတယ်လို့ ခံစားမိလာခြင်း
သင့် မိတ်ဆွေသူငယ်ချင်းတွေက သင့်ဘဝအတွက် အထောက်အကူမဖြစ်တဲ့အခါမှာ သင့်ကို ကူညီပံ့ပိုးပေးနိုင်တဲ့သူဆီကို အာရုံစိုက်သင့်ပါတယ်။

၆။ ယုံကြည်အားကိုးမှု မရှိခြင်း
သင့် မိတ်ဆွေတွေကို မယုံကြည်ဘူးဆိုရင် မိတ်ဆွေမရှိတာနဲ့ အတူတူပါပဲ

၇။ မရင့်ကျက်သူများဖြစ်နေခြင်း
မိတ်ဆွေသူငယ်ချင်းတွေ ကြားမှာ ရင့်ကျက်မှုမရှိခြင်းအတွက် နေရာမရှိပါဘူး။ တစ်ယောက်ယောက်က ဂိမ်းတွေကစားနေမယ်၊ အတင်းပြောမယ် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ အတွေးအခေါ် အပြုအမူမျိုး မရှိဘူးဆိုရင် စွန့်လွှတ်ဖို့ အချိန်တန်ပါပြီ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%