အကန္႔အသတ္ေတြကို ေက်ာ္လြန္ႏိုင္ဖို႔

(Zawgyi)

လူတိုင္းမွာ ကိုယ္တိုင္ပဲျဖစ္ေစ၊ ပတ္၀န္းက်င္ကျဖစ္ေစ ကန္႔သတ္ထားတဲ့ အကန္႔အသတ္ေတြရွိတတ္ပါတယ္။ မျဖစ္ႏိုင္ပါဘူး၊ မေအာင္ျမင္ႏိုင္ပါဘူး၊ ဘာလုပ္မွာလဲ၊ ဘာဆိုင္လို႔လဲ၊ ထိုင္ေနအေကာင္းသား ထသြားမွ က်ိဳးမွန္းသိေနမယ္၊ ေသခ်င္တဲ့က်ား ေတာေျပာင္းဆိုသလို ျဖစ္ေနမယ္ စတဲ့စကားေတြ၊ အေတြးေတြနဲ႔ သင့္ရဲ႕အလားအလာေတြက ကန္႔သတ္ခံေနရပါတယ္။ ဒါေပမယ့္ သင့္ပတ္၀န္းက်င္က အေအာင္ျမင္ဆံုးလူေတြကို ၾကည့္လိုက္မယ္ဆိုရင္ သူတို႔အားလံုးက ပံုမွန္လူသားေတြပဲဆိုတာကို သတိထားမိပါလိမ့္မယ္။ ဒါေပမယ့္ ေအာင္ျမင္သူေတြဆိုတာ သူတို႔ရဲ႕ ကန္႔သတ္ခ်က္ေတြကို ေက်ာ္လႊားႏိုင္သူေတြ ျဖစ္ပါတယ္။ သင့္အေနနဲ႔လည္း သူတို႔လိုပဲ ေအာင္ျမင္ခ်င္တယ္ဆိုရင္ ကန္႔သတ္ခ်က္ေတြကို ေက်ာ္လႊားႏိုင္ဖို႔ လိုပါတယ္။

၁။ မေၾကာက္ပါနဲ႔
လူအမ်ားစုက သူတို႔မွာရွိေနတဲ့ ကန္႔သတ္ခ်က္ေတြကို ရိုက္ခ်ိဳးဖို႔ ေၾကာက္လန္႔ေနတတ္ၾကပါတယ္။ ဒီလိုနဲ႔ပဲ ရရွိသင့္တဲ့ ေအာင္ျမင္မႈနဲ႔ လြဲေခ်ာ္ေနၾကရပါတယ္။ ကၽြန္ေတာ္တို႔က လက္ရွိထက္ အလုပ္ေတြပင္ပင္ပန္းပန္းလုပ္ရမွာကို ေၾကာက္ၾကပါတယ္။ မေအာင္ျမင္ခင္နဲ႔ ေအာင္ျမင္ၿပီးတဲ့အထိ မဆုတ္မနစ္လုပ္ကိုင္ရမွာကိုလည္း ေၾကာက္ၾကပါတယ္။ လက္ရွိအသားက်ေနတဲ့ အေျခအေန ပ်က္စီးသြားမွာကိုလည္း ေၾကာက္ၾကပါတယ္။ ဒီလို အေၾကာက္တရားေတြကပဲ သင့္ရဲ႕ ျဖစ္ထြန္းေအာင္ျမင္ႏိုင္ေခ်ကို ကန္႔သတ္ထားတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မေၾကာက္ပါနဲ႔။

၂။ ဆန္းသစ္တီထြင္မႈကို လမ္းဖြင့္ေပးပါ
အကန္႔အသတ္ေတြကို မေက်ာ္လြန္ႏိုင္တဲ့ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုက လမ္းရိုးလိုက္ျခင္းပဲ ျဖစ္ပါတယ္။ အလ်င္လိုလမ္းအိုလိုက္ဆိုတဲ့ စကားရွိတာ မွန္ပါတယ္။ ဒါေပမယ့္ လူတိုင္းလုပ္တဲ့အတိုင္း လိုက္လုပ္ေနမယ္ဆိုရင္ လူတိုင္းေအာင္ျမင္ႏိုင္သေလာက္ပဲ ေအာင္ျမင္မွာျဖစ္ပါတယ္။ ထူးကဲသာလြန္တဲ့ ေအာင္ျမင္မႈကို ရယူခ်င္တယ္ဆိုရင္ေတာ့ သင့္ရဲ႕ စိတ္ကူးအိုင္ဒီယာအသစ္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ေနာက္တြန္႔မေနပါနဲ႔။ ေအာင္ျမင္သူတိုင္းက ဒီလိုပဲလုပ္တတ္ၾကပါတယ္။ သူတို႔ရဲ႕ စိတ္ကိုဖြင့္ထားေပးၿပီး စိတ္ကူးအိုင္ဒီယာေတြကို အေကာင္အထည္ေဖာ္ၾကတာျဖစ္ပါတယ္။ သင့္အေနနဲ႔လည္း ေငြေၾကးအရေသာ္လည္းေကာင္း၊ ေက်ာ္ၾကားမႈအရေသာ္လည္း စိတ္ကူးေကာင္းတစ္ခုရၿပီဆိုရင္ ေသခ်ာထပ္စဥ္းစားၿပီး အေကာင္အထည္ေဖာ္ပါ။ ေတြေ၀ေႏွာင့္ေႏွးျခင္းဟာ လူပိန္းေတြရဲ႕ လမ္းစဥ္ျဖစ္ပါတယ္။

၃။ ေမးခြန္းေတြ ေမးၿပီး အခ်ိန္မျဖဳန္းပါနဲ႔
အေျဖတစ္ခုကို လိုခ်င္တိုင္း ေမးရမွာလား။ မဟုတ္ပါဘူး။ ကိုယ္တိုင္အေျဖရွာလို႔ ရႏိုင္တဲ့ ကိစၥမ်ိဳးေတြကို ဘာျဖစ္လို႔ အျခားသူေတြကိုလိုက္ေမးေနမွာလဲ။ ဒီလိုလိုက္ေမးေနၿပီဆိုကတည္းက သူတို႔ကို မွီခိုအားထားျပဳေနရတဲ့ သေဘာျဖစ္ပါတယ္။ တစ္ပါးသူကို မွီခိုအားထားေနရတာကလည္း သင့္အတြက္ ကန္႔သတ္ခ်က္တစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီကန္႔သတ္ခ်က္ကို ေက်ာ္လႊားဖို႔ လိုပါတယ္။ ေနာက္ထပ္ ေမးခြန္းေတြ လုိက္ေမးတတ္တဲ့အေၾကာင္းရင္းတစ္ခုက အေျဖကို သိေနေပမယ့္ အတည္ျပဳခ်က္လိုခ်င္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေမးခြန္းေတြ ေမးၿပီးအခ်ိန္ျဖဳန္းမေနပါနဲ႔။ သင့္ ရင္ထဲမွာရွိတဲ့အတိုင္း လုပ္ပါ။ ကိုယ္တိုင္ကလြဲၿပီး ဘယ္သူ႔ကိုမွ မယံုၾကည္ပါနဲ႔။ သင္ ဘာလိုခ်င္လဲဆိုတာကို အမွန္တကယ္သိတဲ့သူက သင္ကိုယ္တိုင္ပါပဲ။

၄။ သူမ်ားလုပ္တိုင္း လိုက္မလုပ္ပါနဲ႔
ေရြးခ်ယ္စရာႏွစ္ခုရွိတယ္ဆိုပါစို႔။
၁) ကုမၸဏီေကာင္းတစ္ခုမွာ အလုပ္၀င္လုပ္မယ္
၂) ကိုယ္ပိုင္လုပ္ငန္းတစ္ခုထူေထာင္ၿပီး အလုပ္ေပးႏိုင္သူျဖစ္ေအာင္လုပ္မယ္
အမ်ားစုက နံပါတ္(၁)ကို ေရြးခ်ယ္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုေရြးခ်ယ္တဲ့သူ မ်ားတာေၾကာင့္ ျဖစ္ပါတယ္။ ဒီအခ်က္ကို ဆန္႔က်င္ႏိုင္ဖို႔ လိုပါတယ္။ အမ်ားစုက လက္ခံထားတဲ့ စံႏႈန္းေတြကို ဆန္႔က်င္ၿပီး ကိုယ့္လမ္းေၾကာင္း ကိုယ္ေဖာက္ႏိုင္ဖို႔ လိုပါတယ္။ သင့္ေရြးခ်ယ္မႈက အမ်ားနဲ႔ ျငင္းခုန္စရာျဖစ္လာႏိုင္ေပမယ့္ ယုံၾကည္ခ်က္ရွိရွိ ေရွ႕ဆက္ႏိုင္ဖို႔ လိုပါတယ္။

၅။ ႏွလံုးသားထဲကေန ယုံၾကည္ထားလိုက္ပါ
သင္ လုပ္ေဆာင္မယ့္အရာတစ္ခုကို မယုံၾကည္ေတာ့ဘူးဆိုတာနဲ႔ ျဖတ္ေက်ာ္ရမယ့္ နံရံက ပိုျမင့္လာမွာျဖစ္ပါတယ္။ အခက္အခဲေတြ ၾကံဳလာတာနဲ႔အမွ် အေတြးေပါင္းစံုက ယုံၾကည္ခ်က္ကို ယိုင္နဲ႔လာေစမွာပါ။ အားလံုးကို လစ္လ်ဴရႈၿပီး ငါ လုပ္ႏိုင္တယ္လို႔ ေျပာလိုက္ပါ။ ေအာင္ျမင္သူေတြ၊ နာမည္ႀကီးပုဂၢိဳဟ္ေတြ အားလံုးက ယုံၾကည္မႈရွိသူေတြ ျဖစ္ၾကပါတယ္။ သင္ ျဖစ္ခ်င္တဲ့အတိုင္း ျဖစ္မလာရင္ သင္ယုံၾကည္ထားတဲ့အတိုင္း ျဖစ္လာလိမ့္မယ္ လို႔ Oprah Winfrey က ေျပာခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဘာကိုပဲလုပ္လုပ္ ယုံၾကည္ခ်က္ အျပည့္နဲ႔ ေအာင္ျမင္သည္အထိ လုပ္ျပလိုက္စမ္းပါ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++++

အကန့်အသတ်တွေကို ကျော်လွန်နိုင်ဖို့

(Unicode)

လူတိုင်းမှာ ကိုယ်တိုင်ပဲဖြစ်စေ၊ ပတ်ဝန်းကျင်ကဖြစ်စေ ကန့်သတ်ထားတဲ့ အကန့်အသတ်တွေရှိတတ်ပါတယ်။ မဖြစ်နိုင်ပါဘူး၊ မအောင်မြင်နိုင်ပါဘူး၊ ဘာလုပ်မှာလဲ၊ ဘာဆိုင်လို့လဲ၊ ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိနေမယ်၊ သေချင်တဲ့ကျား တောပြောင်းဆိုသလို ဖြစ်နေမယ် စတဲ့စကားတွေ၊ အတွေးတွေနဲ့ သင့်ရဲ့အလားအလာတွေက ကန့်သတ်ခံနေရပါတယ်။ ဒါပေမယ့် သင့်ပတ်ဝန်းကျင်က အအောင်မြင်ဆုံးလူတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့အားလုံးက ပုံမှန်လူသားတွေပဲဆိုတာကို သတိထားမိပါလိမ့်မယ်။ ဒါပေမယ့် အောင်မြင်သူတွေဆိုတာ သူတို့ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်သူတွေ ဖြစ်ပါတယ်။ သင့်အနေနဲ့လည်း သူတို့လိုပဲ အောင်မြင်ချင်တယ်ဆိုရင် ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ဖို့ လိုပါတယ်။

၁။ မကြောက်ပါနဲ့
လူအများစုက သူတို့မှာရှိနေတဲ့ ကန့်သတ်ချက်တွေကို ရိုက်ချိုးဖို့ ကြောက်လန့်နေတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ရရှိသင့်တဲ့ အောင်မြင်မှုနဲ့ လွဲချော်နေကြရပါတယ်။ ကျွန်တော်တို့က လက်ရှိထက် အလုပ်တွေပင်ပင်ပန်းပန်းလုပ်ရမှာကို ကြောက်ကြပါတယ်။ မအောင်မြင်ခင်နဲ့ အောင်မြင်ပြီးတဲ့အထိ မဆုတ်မနစ်လုပ်ကိုင်ရမှာကိုလည်း ကြောက်ကြပါတယ်။ လက်ရှိအသားကျနေတဲ့ အခြေအနေ ပျက်စီးသွားမှာကိုလည်း ကြောက်ကြပါတယ်။ ဒီလို အကြောက်တရားတွေကပဲ သင့်ရဲ့ ဖြစ်ထွန်းအောင်မြင်နိုင်ချေကို ကန့်သတ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မကြောက်ပါနဲ့။

၂။ ဆန်းသစ်တီထွင်မှုကို လမ်းဖွင့်ပေးပါ
အကန့်အသတ်တွေကို မကျော်လွန်နိုင်တဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက လမ်းရိုးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အလျင်လိုလမ်းအိုလိုက်ဆိုတဲ့ စကားရှိတာ မှန်ပါတယ်။ ဒါပေမယ့် လူတိုင်းလုပ်တဲ့အတိုင်း လိုက်လုပ်နေမယ်ဆိုရင် လူတိုင်းအောင်မြင်နိုင်သလောက်ပဲ အောင်မြင်မှာဖြစ်ပါတယ်။ ထူးကဲသာလွန်တဲ့ အောင်မြင်မှုကို ရယူချင်တယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ကူးအိုင်ဒီယာအသစ်တွေကို အကောင်အထည်ဖော်ဖို့ နောက်တွန့်မနေပါနဲ့။ အောင်မြင်သူတိုင်းက ဒီလိုပဲလုပ်တတ်ကြပါတယ်။ သူတို့ရဲ့ စိတ်ကိုဖွင့်ထားပေးပြီး စိတ်ကူးအိုင်ဒီယာတွေကို အကောင်အထည်ဖော်ကြတာဖြစ်ပါတယ်။ သင့်အနေနဲ့လည်း ငွေကြေးအရသော်လည်းကောင်း၊ ကျော်ကြားမှုအရသော်လည်း စိတ်ကူးကောင်းတစ်ခုရပြီဆိုရင် သေချာထပ်စဉ်းစားပြီး အကောင်အထည်ဖော်ပါ။ တွေဝေနှောင့်နှေးခြင်းဟာ လူပိန်းတွေရဲ့ လမ်းစဉ်ဖြစ်ပါတယ်။

၃။ မေးခွန်းတွေ မေးပြီး အချိန်မဖြုန်းပါနဲ့
အဖြေတစ်ခုကို လိုချင်တိုင်း မေးရမှာလား။ မဟုတ်ပါဘူး။ ကိုယ်တိုင်အဖြေရှာလို့ ရနိုင်တဲ့ ကိစ္စမျိုးတွေကို ဘာဖြစ်လို့ အခြားသူတွေကိုလိုက်မေးနေမှာလဲ။ ဒီလိုလိုက်မေးနေပြီဆိုကတည်းက သူတို့ကို မှီခိုအားထားပြုနေရတဲ့ သဘောဖြစ်ပါတယ်။ တစ်ပါးသူကို မှီခိုအားထားနေရတာကလည်း သင့်အတွက် ကန့်သတ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကန့်သတ်ချက်ကို ကျော်လွှားဖို့ လိုပါတယ်။ နောက်ထပ် မေးခွန်းတွေ လိုက်မေးတတ်တဲ့အကြောင်းရင်းတစ်ခုက အဖြေကို သိနေပေမယ့် အတည်ပြုချက်လိုချင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် မေးခွန်းတွေ မေးပြီးအချိန်ဖြုန်းမနေပါနဲ့။ သင့် ရင်ထဲမှာရှိတဲ့အတိုင်း လုပ်ပါ။ ကိုယ်တိုင်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့။ သင် ဘာလိုချင်လဲဆိုတာကို အမှန်တကယ်သိတဲ့သူက သင်ကိုယ်တိုင်ပါပဲ။

၄။ သူများလုပ်တိုင်း လိုက်မလုပ်ပါနဲ့
ရွေးချယ်စရာနှစ်ခုရှိတယ်ဆိုပါစို့။
၁) ကုမ္ပဏီကောင်းတစ်ခုမှာ အလုပ်ဝင်လုပ်မယ်
၂) ကိုယ်ပိုင်လုပ်ငန်းတစ်ခုထူထောင်ပြီး အလုပ်ပေးနိုင်သူဖြစ်အောင်လုပ်မယ်
အများစုက နံပါတ်(၁)ကို ရွေးချယ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုရွေးချယ်တဲ့သူ များတာကြောင့် ဖြစ်ပါတယ်။ ဒီအချက်ကို ဆန့်ကျင်နိုင်ဖို့ လိုပါတယ်။ အများစုက လက်ခံထားတဲ့ စံနှုန်းတွေကို ဆန့်ကျင်ပြီး ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်နိုင်ဖို့ လိုပါတယ်။ သင့်ရွေးချယ်မှုက အများနဲ့ ငြင်းခုန်စရာဖြစ်လာနိုင်ပေမယ့် ယုံကြည်ချက်ရှိရှိ ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။

၅။ နှလုံးသားထဲကနေ ယုံကြည်ထားလိုက်ပါ
သင် လုပ်ဆောင်မယ့်အရာတစ်ခုကို မယုံကြည်တော့ဘူးဆိုတာနဲ့ ဖြတ်ကျော်ရမယ့် နံရံက ပိုမြင့်လာမှာဖြစ်ပါတယ်။ အခက်အခဲတွေ ကြုံလာတာနဲ့အမျှ အတွေးပေါင်းစုံက ယုံကြည်ချက်ကို ယိုင်နဲ့လာစေမှာပါ။ အားလုံးကို လစ်လျူရှုပြီး ငါ လုပ်နိုင်တယ်လို့ ပြောလိုက်ပါ။ အောင်မြင်သူတွေ၊ နာမည်ကြီးပုဂ္ဂိုဟ်တွေ အားလုံးက ယုံကြည်မှုရှိသူတွေ ဖြစ်ကြပါတယ်။ သင် ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာရင် သင်ယုံကြည်ထားတဲ့အတိုင်း ဖြစ်လာလိမ့်မယ် လို့ Oprah Winfrey က ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ဘာကိုပဲလုပ်လုပ် ယုံကြည်ချက် အပြည့်နဲ့ အောင်မြင်သည်အထိ လုပ်ပြလိုက်စမ်းပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine