ည(၉)နာရီေနာက္ပိုင္းမွာ ဘာေတြလုပ္သင့္လဲ

ည(၉)နာရီေနာက္ပိုင္းမွာ ဘာေတြလုပ္သင့္လဲ

(Zawgyi)

ေအာင္ျမင္ေသာ ဘ၀တစ္ခုကို ပိုင္ဆိုင္ႏိုင္ဖို႔ မနက္ခင္းမွာ လုပ္ေဆာင္သင့္တဲ့အရာေတြ အေၾကာင္းအမ်ားႀကီး ဖတ္ဖူးၿပီးသား ျဖစ္မွာပါ။ ဒါေပမယ့္ ညဖက္မွာေရာ ဘာေတြလုပ္သင့္လဲဆိုတာ သိပါသလား။ ဟုတ္ပါတယ္။ မနက္ခင္မွာ လုပ္ေဆာင္သင့္တဲ့အရာေတြလိုပဲ ညဖက္မွာ ဘာလုပ္ရမလဲဆိုတာက အေရးႀကီးပါတယ္။ ဒါေၾကာင့္ ည(၉)နာရီေနာက္ပိုင္းမွာ လုပ္သင့္တဲ့အရာ (၉)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ နည္းပညာသံုးပစၥည္းေတြကို ပိတ္လိုက္ပါ
ဖုန္း၊ ကြန္ပ်ဴတာ၊ တက္ဘလက္ အစရွိတဲ့ နည္းပညာနဲ႔ပတ္သက္ဆက္ႏြယ္တဲ့ အသံုးအေဆာင္ပစၥည္းေတြ အားလံုးကို အိပ္ရာမ၀င္ခင္တစ္နာရီေလာက္အလိုကတည္းက ပါ၀ါပိတ္ထားတာ ဒါမွမဟုတ္ အသံတိတ္ထားၿပီး လံုး၀မသံုးေတာ့တာေတြ လုပ္ရမွာျဖစ္ပါတယ္။ ဒီပစၥည္းေတြကေန အျပာေရာင္အလင္းတစ္မ်ိဳးထြက္ေလ့ရွိၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခ်ိဳက္ အိပ္မေပ်ာ္ေအာင္ အေႏွာက္အယွက္ျဖစ္ေစႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။

၂။ စာအုပ္အစစ္ကို ဖတ္ပါ
Microsoft ကုမၸဏီရဲ႕ တည္ေထာင္သူ ကမာၻအခ်မ္းသာဆံုး ဘီလ်ံနာ Bill Gates ဟာ အိပ္ရာမ၀င္ခင္ အခ်ိန္တစ္နာရီေလာက္ကို အျမဲတမ္းစာဖတ္ေလ့ရွိပါတယ္။ စာဖတ္ျခင္းဟာ စိတ္ဖိစီးစီးမႈေတြကို ေလွ်ာ့ခ်ေပးဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ ေလ့လာမႈေတြအရ အခ်ိန္(၆)မိနစ္ေလာက္ စာဖတ္မယ္ဆိုရင္ေတာင္ စိတ္ဖိစီးမႈကို (၆၈)ရာခုိင္းႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ စာဖတ္တဲ့ေနရာမွာ စာရြက္ေတြနဲ႔ စာအုပ္အစစ္ကို ဖတ္ရမွာျဖစ္ၿပီး ebook ေတြ ဖတ္ရမွာ မဟုတ္ပါဘူး။

၃။ ေန႔စဥ္မွတ္တမ္းေရးပါ
ညဖက္ အိပ္ရာမ၀င္ခင္မွာ တစ္ေန႔တာလုပ္ေဆာင္ ေတြ႕ၾကံဳလာခဲ့သမွ်ေတြကို ခ်ေရးထားဖို႔ ျဖစ္ပါတယ္။ ဒီလို ေန႔စဥ္မွတ္တမ္းေရးသားျခင္းဟာ ကိုယ္တိုင္ေတြ႕ၾကံဳရတဲ့ အေတြ႕အၾကံဳေတြကေန ျပန္ၿပီး သင္ခန္းစာယူႏိုင္တာေၾကာင့္ အလုပ္ၿပီးေျမာက္မႈကို တိုးတက္ေစႏိုင္ပါတယ္။

၄။ ေနာက္တစ္ရက္အတြက္ အစီအစဥ္ေရးဆြဲပါ
မနက္ျဖန္မွာ ဘာေတြလုပ္မယ္ဆိုတာကို အၾကမ္းဖ်င္းေလာက္ပဲျဖစ္ျဖစ္ အစီအစဥ္ေရးဆြဲထာတာဟာ ေအာင္ျမင္မႈအတြက္ အေရးပါတဲ့ေျခလွမ္းတစ္ခုျဖစ္ပါတယ္။ အေမရိကန္သမၼတေဟာင္း အိုဘားမား ဟာ သူ႔ရဲ႕ တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြကို ညကတည္းက ႀကိဳတင္စီစဥ္ထားေလ့ရွိပါတယ္။ ေန႔စဥ္မွတ္တမ္းေရးသားရင္းနဲ႔လည္း ေနာက္ေန႔မွာ ျဖစ္ေအာင္လုပ္ေဆာင္မယ့္အလုပ္ေတြကို ခ်ေရးထားလိုက္ႏိုင္ပါတယ္။ ဒီလိုဆိုရင္ ေနာက္တစ္ေန႔မွာ ရွင္းလင္းတိက်တဲ့ လုပ္ငန္းစဥ္တစ္ခုနဲ႔ အလုပ္ေတြကို ပိုမိုၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

၅။ အပူခ်ိန္ကို ထိန္းညွိပါ
အိပ္ေပ်ာ္သြားရမယ့္အစား ဟိုဖက္လွိမ့္လိုက္ ဒီဖက္လွိမ့္လိုက္နဲ႔ ျဖစ္ေနမယ္ဆိုရင္ ပူလြန္းတာ ဒါမွမဟုတ္ ေအးလြန္းေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အိပ္စက္ဖို႔အတြက္ အေကာင္းဆံုး အပူခ်ိန္က (၆၀)နဲ႔ (၆၇) ဒီဂရီဖာရင္ဟိုက္အၾကား ျဖစ္ပါတယ္။ အပူခ်ိန္ (၇၅)ဒီဂရီထက္မ်ားတာ (၅၄)ဒီဂရီထက္ နည္းတာဆိုရင္ အိပ္စက္မႈကို ထိခိုက္ေစပါတယ္။ ပူလြန္းတာေၾကာင့္ အိပ္လို႔မရဘူးဆိုရင္ အိပ္ရာ၀င္ခါနီး ေရခ်ိဳးတာ၊ ေပါ့ပါး ေအးျမတဲ့အ၀တ္အစား၀တ္တာ စတာေတြလုပ္ေဆာင္ၿပီး အပူခ်ိန္ကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

၆။ တရား႐ႈမွတ္ပါ၊ ဘုရားရွိခိုးပါ၊ အေပါ့စားေလ့က်င့္ခန္းေတြ လုပ္ပါ
တရားထိုင္တာနဲ႔ ဘုရားရွိခိုးတာေတြက သင့္ရဲ႕စိတ္စြမ္းအင္ကို တိုးတက္ေစႏိုင္ၿပီး စိတ္ဖိစီးမႈကို ေလ်ာ့က်သြားေစပါတယ္။ ေခၽြးမထြက္တဲ့ အေပ့ါစားေလ့က်င့္ခန္းေလးေတြကလည္း သင့္ကို ေကာင္းေကာင္းအိပ္ေပ်ာ္သြားေစဖို႔ ကူညီေပးႏိုင္ပါတယ္။

၇။ မိသာစု၀င္ေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြအတြက္ အခ်ိန္ေပးပါ
သင့္ဘ၀ထဲက လူေတြဟာ အေကာင္းဆံုးလက္ေဆာင္မြန္ေတြပဲ ျဖစ္ပါတယ္။ သူတို႔ကလည္း ကၽြန္ေတာ္တို႔ကို ေကာင္းေကာင္းအိပ္ေပ်ာ္သြားေအာင္ လုပ္ေပးႏိုင္ပါတယ္။ ဇနီးမယား၊ သားသမီးေတြနဲ႔ စကားေျပာတာ၊ ကစားတာ၊ အိမ္ေမြးတိရိစာၦန္ကို ျပဳစုတာေတြအတြက္ အခိ်န္ေပးမယ္ဆိုရင္ ေကာင္းမြန္တဲ့ဆက္ဆံေရးကို တည္ေဆာက္ႏို္င္မွာျဖစ္ၿပီး အပူအပင္နည္းနည္းနဲ႔ အိပ္ေပ်ာ္ေစႏိုင္မွာ ျဖစ္ပါတယ္။

၈။ သန္႔ရွင္းေရးလုပ္ပါ
ေလ့လာမႈေတြအရ သန္႔ရွင္းသပ္ရပ္တဲ့ အခန္းကလည္း အိပ္ေပ်ာ္ဖို႔အတြက္ အေထာက္အကူျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ သန္႔ရွင္းေရးလုပ္တာဟာ စိတ္ဖိစီးမႈကိုလည္း သက္သာေစႏိုင္ၿပီး မနက္ခင္းအိပ္ရာႏိုးထတဲ့အခါမွာလည္း စိတ္ၾကည္လင္ေစမွာ ျဖစ္ပါတယ္။

၉။ အိပ္ပါ
ဟုတ္ပါတယ္။ ညဖက္မွာ အိပ္ဖို႔က အေရးႀကီးဆံုးပါပဲ။ အခ်ိန္ဘယ္ေလာက္ၾကာေအာင္ အိပ္ရမလဲဆိုတာကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ကြဲျပားျခားနားၾကပါတယ္။ အဓိကအခ်က္က သင့္အတြက္ လံုေလာက္တဲ့အိပ္ခ်ိန္တစ္ခုကို သတ္မွတ္ထားၿပီး မေျပာင္းမလဲအိပ္စက္ဖို႔ပဲ ျဖစ္ပါတယ္။ အေပၚမွာ ေျပာခဲ့တဲ့အခ်က္(၈)ခုက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေအာင္ ကူညီေပးပါလိမ့္မယ္။ အိပ္စက္ပါ။ ေနာက္တစ္ေန႔ကို အေကာင္းဆံုးျဖတ္သန္းလိုက္ပါ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ည(၉)နာရီနောက်ပိုင်းမှာ ဘာတွေလုပ်သင့်လဲ

(Unicode)

အောင်မြင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ မနက်ခင်းမှာ လုပ်ဆောင်သင့်တဲ့အရာတွေ အကြောင်းအများကြီး ဖတ်ဖူးပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ညဖက်မှာရော ဘာတွေလုပ်သင့်လဲဆိုတာ သိပါသလား။ ဟုတ်ပါတယ်။ မနက်ခင်မှာ လုပ်ဆောင်သင့်တဲ့အရာတွေလိုပဲ ညဖက်မှာ ဘာလုပ်ရမလဲဆိုတာက အရေးကြီးပါတယ်။ ဒါကြောင့် ည(၉)နာရီနောက်ပိုင်းမှာ လုပ်သင့်တဲ့အရာ (၉)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ နည်းပညာသုံးပစ္စည်းတွေကို ပိတ်လိုက်ပါ
ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် အစရှိတဲ့ နည်းပညာနဲ့ပတ်သက်ဆက်နွယ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ အားလုံးကို အိပ်ရာမဝင်ခင်တစ်နာရီလောက်အလိုကတည်းက ပါ၀ါပိတ်ထားတာ ဒါမှမဟုတ် အသံတိတ်ထားပြီး လုံးဝမသုံးတော့တာတွေ လုပ်ရမှာဖြစ်ပါတယ်။ ဒီပစ္စည်းတွေကနေ အပြာရောင်အလင်းတစ်မျိုးထွက်လေ့ရှိပြီး နှစ်နှစ်ခြိုက်ခြျိုက် အိပ်မပျော်အောင် အနှောက်အယှက်ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

၂။ စာအုပ်အစစ်ကို ဖတ်ပါ
Microsoft ကုမ္ပဏီရဲ့ တည်ထောင်သူ ကမ္ဘာအချမ်းသာဆုံး ဘီလျံနာ Bill Gates ဟာ အိပ်ရာမဝင်ခင် အချိန်တစ်နာရီလောက်ကို အမြဲတမ်းစာဖတ်လေ့ရှိပါတယ်။ စာဖတ်ခြင်းဟာ စိတ်ဖိစီးစီးမှုတွေကို လျှော့ချပေးဖို့ အထောက်အကူဖြစ်စေပါတယ်။ လေ့လာမှုတွေအရ အချိန်(၆)မိနစ်လောက် စာဖတ်မယ်ဆိုရင်တောင် စိတ်ဖိစီးမှုကို (၆၈)ရာခိုင်းနှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ စာဖတ်တဲ့နေရာမှာ စာရွက်တွေနဲ့ စာအုပ်အစစ်ကို ဖတ်ရမှာဖြစ်ပြီး ebook တွေ ဖတ်ရမှာ မဟုတ်ပါဘူး။

၃။ နေ့စဉ်မှတ်တမ်းရေးပါ
ညဖက် အိပ်ရာမဝင်ခင်မှာ တစ်နေ့တာလုပ်ဆောင် တွေ့ကြုံလာခဲ့သမျှတွေကို ချရေးထားဖို့ ဖြစ်ပါတယ်။ ဒီလို နေ့စဉ်မှတ်တမ်းရေးသားခြင်းဟာ ကိုယ်တိုင်တွေ့ကြံုရတဲ့ အတွေ့အကြံုတွေကနေ ပြန်ပြီး သင်ခန်းစာယူနိုင်တာကြောင့် အလုပ်ပြီးမြောက်မှုကို တိုးတက်စေနိုင်ပါတယ်။

၄။ နောက်တစ်ရက်အတွက် အစီအစဉ်ရေးဆွဲပါ
မနက်ဖြန်မှာ ဘာတွေလုပ်မယ်ဆိုတာကို အကြမ်းဖျင်းလောက်ပဲဖြစ်ဖြစ် အစီအစဉ်ရေးဆွဲထာတာဟာ အောင်မြင်မှုအတွက် အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်း အိုဘားမား ဟာ သူ့ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ညကတည်းက ကြိုတင်စီစဉ်ထားလေ့ရှိပါတယ်။ နေ့စဉ်မှတ်တမ်းရေးသားရင်းနဲ့လည်း နောက်နေ့မှာ ဖြစ်အောင်လုပ်ဆောင်မယ့်အလုပ်တွေကို ချရေးထားလိုက်နိုင်ပါတယ်။ ဒီလိုဆိုရင် နောက်တစ်နေ့မှာ ရှင်းလင်းတိကျတဲ့ လုပ်ငန်းစဉ်တစ်ခုနဲ့ အလုပ်တွေကို ပိုမိုပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၅။ အပူချိန်ကို ထိန်းညှိပါ
အိပ်ပျော်သွားရမယ့်အစား ဟိုဖက်လှိမ့်လိုက် ဒီဖက်လှိမ့်လိုက်နဲ့ ဖြစ်နေမယ်ဆိုရင် ပူလွန်းတာ ဒါမှမဟုတ် အေးလွန်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်စက်ဖို့အတွက် အကောင်းဆုံး အပူချိန်က (၆၀)နဲ့ (၆၇) ဒီဂရီဖာရင်ဟိုက်အကြား ဖြစ်ပါတယ်။ အပူချိန် (၇၅)ဒီဂရီထက်များတာ (၅၄)ဒီဂရီထက် နည်းတာဆိုရင် အိပ်စက်မှုကို ထိခိုက်စေပါတယ်။ ပူလွန်းတာကြောင့် အိပ်လို့မရဘူးဆိုရင် အိပ်ရာဝင်ခါနီး ရေချိုးတာ၊ ပေါ့ပါး အေးမြတဲ့အဝတ်အစားဝတ်တာ စတာတွေလုပ်ဆောင်ပြီး အပူချိန်ကို လျှော့ချနိုင်ပါတယ်။

၆။ တရားရှုမှတ်ပါ၊ ဘုရားရှိခိုးပါ၊ အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်ပါ
တရားထိုင်တာနဲ့ ဘုရားရှိခိုးတာတွေက သင့်ရဲ့စိတ်စွမ်းအင်ကို တိုးတက်စေနိုင်ပြီး စိတ်ဖိစီးမှုကို လျော့ကျသွားစေပါတယ်။ ချွေးမထွက်တဲ့ အပေ့ါစားလေ့ကျင့်ခန်းလေးတွေကလည်း သင့်ကို ကောင်းကောင်းအိပ်ပျော်သွားစေဖို့ ကူညီပေးနိုင်ပါတယ်။

၇။ မိသာစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေအတွက် အချိန်ပေးပါ
သင့်ဘဝထဲက လူတွေဟာ အကောင်းဆုံးလက်ဆောင်မွန်တွေပဲ ဖြစ်ပါတယ်။ သူတို့ကလည်း ကျွန်တော်တို့ကို ကောင်းကောင်းအိပ်ပျော်သွားအောင် လုပ်ပေးနိုင်ပါတယ်။ ဇနီးမယား၊ သားသမီးတွေနဲ့ စကားပြောတာ၊ ကစားတာ၊ အိမ်မွေးတိရိစ္ဆာန်ကို ပြုစုတာတွေအတွက် အချိန်ပေးမယ်ဆိုရင် ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်နို်င်မှာဖြစ်ပြီး အပူအပင်နည်းနည်းနဲ့ အိပ်ပျော်စေနိုင်မှာ ဖြစ်ပါတယ်။

၈။ သန့်ရှင်းရေးလုပ်ပါ
လေ့လာမှုတွေအရ သန့်ရှင်းသပ်ရပ်တဲ့ အခန်းကလည်း အိပ်ပျော်ဖို့အတွက် အထောက်အကူဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ သန့်ရှင်းရေးလုပ်တာဟာ စိတ်ဖိစီးမှုကိုလည်း သက်သာစေနိုင်ပြီး မနက်ခင်းအိပ်ရာနိုးထတဲ့အခါမှာလည်း စိတ်ကြည်လင်စေမှာ ဖြစ်ပါတယ်။

၉။ အိပ်ပါ
ဟုတ်ပါတယ်။ ညဖက်မှာ အိပ်ဖို့က အရေးကြီးဆုံးပါပဲ။ အချိန်ဘယ်လောက်ကြာအောင် အိပ်ရမလဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားကြပါတယ်။ အဓိကအချက်က သင့်အတွက် လုံလောက်တဲ့အိပ်ချိန်တစ်ခုကို သတ်မှတ်ထားပြီး မပြောင်းမလဲအိပ်စက်ဖို့ပဲ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့အချက်(၈)ခုက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားအောင် ကူညီပေးပါလိမ့်မယ်။ အိပ်စက်ပါ။ နောက်တစ်နေ့ကို အကောင်းဆုံးဖြတ်သန်းလိုက်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%