အသက္(၂၀)ေက်ာ္မွာ လုပ္ေဆာင္ရမည့္ အရာမ်ား

(Zawgyi)

၁။ တစ္ေယာက္ထဲ ခရီးသြားပါ
အားလံုးနဲ႔ အေ၀းဆံုးကို ခဏေလာက္သြားၾကည့္လိုက္ပါ။ တစ္ခါမွမေရာက္ဖူးတဲ့ေနရာတစ္ခုကို သြားၿပီး ဘ၀ရဲ႕ ရည္ရြယ္ခ်က္အစစ္အမွန္က ဘာလဲဆိုတာကို ရွာေဖြလိုက္ပါ။ မျမင္ဖူးတာေတြ၊ မၾကံဳဖူးတာေတြကို ရွာေဖြေဖာ္ထုတ္ပါ။ မတူညီတဲ့ ယဥ္ေက်းမႈဓေလ့ထံုးစံေတြကို ခံစားၾကည့္ပါ။ ဘာသာစကားအသစ္သင္ယူၿပီး လူအမ်ိဳးမ်ိဳးနဲ႔ ေတြ႕ဆံုဆက္ဆံၾကည့္ပါ။ သင့္ရဲ႕ စိတ္၀ိဥာဥ္ကို အေတြ႕အၾကံဳေတြ စိတ္လႈပ္ရွားမႈေတြနဲ႔ ႏႈိးဆြေပးပါ။ တစ္ေယာက္ထဲခရီးသြားျခင္းက ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္ဖို႔ သင္ၾကားေပးႏိုင္ပါတယ္။

၂။ ကိုယ့္ကိုယ္ကိုယ္ နားလည္သိျမင္လာေအာင္ ႀကိဳးစားပါ
ဒီအခ်ိန္က သင္ ဘာကိုစိတ္၀င္စားလဲဆိုတာကို ေဖာ္ထုတ္ဖို႔ အေကာင္းဆံုးအခ်ိန္ျဖစ္ပါတယ္။ သင့္ရဲ႕ စိတ္ကူးအိပ္မက္ေတြေနာက္ကို လိုက္ပါ။ ရင္ထဲက လုပ္ခ်င္တာကို လုပ္ပါ။ သင္အတြက္ ေပ်ာ္ရႊင္ေစႏိုင္မယ့္အရာေတြကို လုပ္ေဆာင္ပါ။ ေတာ္သင့္ရုံေလာက္နဲ႔ ေက်နပ္မေနပါနဲ႔။ ကိုယ့္ကိုယ္ကိုယ့္ အေကာင္းဆံုးျဖစ္ေအာင္ ေနပါ။ သင့္ဘ၀ရဲ႕ ရည္ရြယ္ခ်က္အစစ္အမွန္ကို အေကာင္အထည္ေဖာ္ပါ။ လမ္းခရီးမွာ ေအာင္ျမင္မႈနဲ႔ အျခားအရာေတြ အားလံုးရရွိလာပါလိမ့္မယ္။

၃။ အေပါင္းအသင္းေတြ ေရြးခ်ယ္ပါ
ဒီအသက္အရြယ္မွာ သင့္ပတ္၀န္းက်င္မွာ ရွိေနမယ့္လူေတြကို ေသခ်ာေရြးခ်ယ္ဖို႔ လိုအပ္ပါတယ္။ သင့္အားက်ရၿပီး အတုယူရမယ့္လူေတြနဲ႔ ေပါင္းသင္းပါ။ သူတို႔နဲ႔ ထပ္တူထပ္မွ် ေကာ္ပီကူးယူရမွာမဟုတ္ပါဘူး။ သူတို႔ဆီကေန ပညာယူရၿပီး ကိုယ္ပိုင္ပံုစံတစ္ခုကို ဖန္တီးရမွာျဖစ္ပါတယ္။ သင့္ကို စိတ္အားတက္ၾကြေစမယ့္သူ၊ တိုက္တြန္းအားေပးႏိုင္မယ့္သူ၊ အမွန္အမွား လမ္းျပေပးႏိုင္တဲ့သူေတြနဲ႔ပဲ ၀န္းရံထားပါ။

၄။ စြန္႔လႊတ္ စြန္႔စားဖို႔ မေၾကာက္ပါနဲ႔
အခုလက္ရွိအေျခအေနကို ပင္ပန္းစိတ္ကုန္ေနၿပီဆိုရင္ အသစ္ျပန္ျဖစ္ေအာင္ လုပ္ယူပါ။ စိတ္မပါတဲ့အလုပ္တစ္ခုကို ပင္ပင္ပန္းပန္းနဲ႔ ေနာက္ထပ္ဆက္လုပ္ဦးမလား၊ လုပ္ေနရရင္ေပ်ာ္ေနတဲ့ အရာတစ္ခုကို လုပ္မလားဆိုတာကို ေသခ်ာဆံုးျဖတ္ပါ။ သင့္ပတ္၀န္းက်င္က အရာေတြကို ေလ့လာၾကည့္ပါ။ စြန္႔စားစရာရွိရင္ စြန္႔စားပါ။ စြန္႔စားမႈဆိုတာက လက္ရွိအေျခအေနရဲ႕ အျခားတစ္ဖက္ကို သြားဖို႔အတြက္ တံတားတစ္စင္းျဖစ္ပါတယ္။ ဒီတံတားကိုျဖတ္ၿပီး သင္ကိုယ္တိုင္ေတာင္ သတိမထားမိတဲ့ သင့္အတြက္ အခြင့္အေရးေတြကို အရယူဖို႔ မေၾကာက္ေနပါနဲ႔။

၅။ အလုပ္နဲ႔ ဘ၀ ဟန္ခ်က္ညီမွ်ပါေစ
ကၽြန္ေတာ္တို႔အားလံုးမွာ တစ္ရက္ကို (၂၄)နာရီပဲ ရွိတာျဖစ္တဲ့အတြက္ စကၠန္႔တိုင္းက အေရးႀကီးပါတယ္။ အခ်ိန္ေတြကို အလဟႆျဖစ္မသြားပါေစနဲ႔။ အခ်ိန္ကို စီမံခန္႔ခြဲတတ္ေအာင္ ေလ့လာပါ။ သင့္အတြက္ ေပ်ာ္ရႊင္စရာေတြ လုပ္ဖို႔လည္း အခ်ိန္ေပးပါ။ မိသားစုအတြက္၊ သင္ခ်စ္တဲ့လူေတြအတြက္၊ အလုပ္အကိုင္ တိုးတက္ဖို႔အတြက္ စသျဖင့္ အခ်ိန္ေတြကို ဟန္ခ်က္ညီမွ်ေအာင္ ေပးႏိုင္ဖို႔ လိုပါတယ္။

၆။ ေက်းဇူးသိတတ္ပါေစ
သင့္အတြက္ တစ္ခုခုအက်ိဳးျပဳထားတဲ့သူေတြကို ေက်းဇူးတင္စကား လႈိက္လႈိက္လွဲလွဲေျပာတတ္ေအာင္ အေလ့အက်င့္လုပ္ပါ။ သူတို႔ဘ၀မွာ ဘယ္လိုမုန္တိုင္းေတြ ထန္ခဲ့ဖူးလဲ သင္မသိႏိုင္ပါဘူး။ ဒါ့ေၾကာင့္ သူတို႔အတြက္ သက္တန္႔တစ္စင္းျဖစ္ေပးႏိုင္ေအာင္ ႀကိဳးစားပါ။ အျပဳံးေတြကို ေ၀မွ်ပါ။ အသိအမွတ္ျပဳပါ။ သင့္အတြက္ ဘာမွမဟုတ္ေပမယ့္ သူတို႔အတြက္ တစ္ေန႔လံုး စိတ္ခ်မ္းသာသြားေစႏိုင္ပါတယ္။

၇။ ထူးျခားဆန္းျပားတာတစ္ခုခု လုပ္ေဆာင္ပါ
တစ္ခါတစ္ေလမွာ ပံုမွန္အတိုင္း ဘ၀ကိုျဖတ္သန္းရတာက ပ်င္းစရာေကာင္းပါတယ္။ အားလံုးေနသားတက်ျဖစ္ေနတဲ့ Comfort Zone ကို ခ်ဲ႕ႏိုင္ဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ သင့္ဘ၀မွာ ျပန္ၾကည့္တိုင္း သေဘာက်ရယ္ေမာရႏိုင္မယ့္ ထူးထူးျခားျခားကိစၥတစ္ခုကို လုပ္ၾကည့္ပါ။

၈။ ေပ်ာ္စရာေတြ ဖန္တီးပါ
ေန႔စဥ္ေန႔တိုင္း ကိုယ္တိုင္အတြက္ေရာ၊ ပတ္၀န္းက်င္က လူေတြအတြက္ပါ စိတ္ေပ်ာ္ရႊင္ေစရမယ့္ အရာေတြကို လုပ္ေဆာင္ပါ။

၉။ ယုံၾကည္သက္၀င္မႈကို ျပန္ဆန္းစစ္ပါ
အရြယ္ေရာက္သူတစ္ေယာက္ျဖစ္လာတဲ့အခါမွာ အလုပ္နဲ႔ စိတ္ဖိစီးမႈက ပိုမိုမ်ားျပားလာတတ္ပါတယ္။ ဒီလိုနဲ႔ အလုပ္နဲ႔ဘ၀ ဟန္ခ်က္ပ်က္ၿပီး ရည္ရြယ္ခ်က္ေတြ ေပ်ာက္ဆံုးသြားတတ္ပါတယ္။ ဒီအခ်ိန္မွာ ယုံၾကည္သက္၀င္မႈ ဘာသာတရားအဆံုးအမေတြက အပူေတြကို ၿငိမ္းခ်မ္းေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဘာသာတရားတစ္ခုခုရဲ႕ အဆံုးအမေတြကို ေလ့လာမွတ္သားပါ။

၁၀။ ေလာကႀကီးမွာ လြယ္လြယ္ရတာ တစ္ခုမွမရွိဘူးဆိုတာ လက္ခံလိုက္ပါ
အဆင္မေျပတာေတြအတြက္ ဆင္ေျခမေပးပါနဲ႔။ မဆိုင္တာေတြ အျပစ္မတင္ပါနဲ႔။ ေျပာင္းလဲႏိုင္စြမ္း မရွိတာေတြအေၾကာင္း ေတြးၿ႔ပီး စိတ္ပ်က္မေနပါနဲ႔။ ထိန္းခ်ဳပ္ႏိုင္တဲ့အရာေပၚမွာပဲ အာ႐ုံစိုက္ပါ။ တစ္ခုခုေအာင္ျမင္တိုင္းမွာ ကိုယ့္ကိုယ္ကိုယ္ဆုခ်ိီးျမင့္ပါ။ ေအာင္ျမင္ဖို႔အတြက္ ေျပာင္းလဲမႈနဲ႔ စိတ္အားတက္ၾကြမႈတို႔ ရွိေနဖို႔ လိုအပ္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++

အသက်(၂၀)ကျော်မှာ လုပ်ဆောင်ရမည့် အရာများ

(Unicode)

၁။ တစ်ယောက်ထဲ ခရီးသွားပါ
အားလုံးနဲ့ အဝေးဆုံးကို ခဏလောက်သွားကြည့်လိုက်ပါ။ တစ်ခါမှမရောက်ဖူးတဲ့နေရာတစ်ခုကို သွားပြီး ဘဝရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲဆိုတာကို ရှာဖွေလိုက်ပါ။ မမြင်ဖူးတာတွေ၊ မကြုံဖူးတာတွေကို ရှာဖွေဖော်ထုတ်ပါ။ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ခံစားကြည့်ပါ။ ဘာသာစကားအသစ်သင်ယူပြီး လူအမျိုးမျိုးနဲ့ တွေ့ဆုံဆက်ဆံကြည့်ပါ။ သင့်ရဲ့ စိတ်ဝိဉာဉ်ကို အတွေ့အကြံုတွေ စိတ်လှုပ်ရှားမှုတွေနဲ့ နှိုးဆွပေးပါ။ တစ်ယောက်ထဲခရီးသွားခြင်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ သင်ကြားပေးနိုင်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် နားလည်သိမြင်လာအောင် ကြိုးစားပါ
ဒီအချိန်က သင် ဘာကိုစိတ်ဝင်စားလဲဆိုတာကို ဖော်ထုတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေနောက်ကို လိုက်ပါ။ ရင်ထဲက လုပ်ချင်တာကို လုပ်ပါ။ သင်အတွက် ပျော်ရွှင်စေနိုင်မယ့်အရာတွေကို လုပ်ဆောင်ပါ။ တော်သင့်ရုံလောက်နဲ့ ကျေနပ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ့် အကောင်းဆုံးဖြစ်အောင် နေပါ။ သင့်ဘဝရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို အကောင်အထည်ဖော်ပါ။ လမ်းခရီးမှာ အောင်မြင်မှုနဲ့ အခြားအရာတွေ အားလုံးရရှိလာပါလိမ့်မယ်။

၃။ အပေါင်းအသင်းတွေ ရွေးချယ်ပါ
ဒီအသက်အရွယ်မှာ သင့်ပတ်ဝန်းကျင်မှာ ရှိနေမယ့်လူတွေကို သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။ သင့်အားကျရပြီး အတုယူရမယ့်လူတွေနဲ့ ပေါင်းသင်းပါ။ သူတို့နဲ့ ထပ်တူထပ်မျှ ကော်ပီကူးယူရမှာမဟုတ်ပါဘူး။ သူတို့ဆီကနေ ပညာယူရပြီး ကိုယ်ပိုင်ပုံစံတစ်ခုကို ဖန်တီးရမှာဖြစ်ပါတယ်။ သင့်ကို စိတ်အားတက်ကြွစေမယ့်သူ၊ တိုက်တွန်းအားပေးနိုင်မယ့်သူ၊ အမှန်အမှား လမ်းပြပေးနိုင်တဲ့သူတွေနဲ့ပဲ ၀န်းရံထားပါ။

၄။ စွန့်လွှတ် စွန့်စားဖို့ မကြောက်ပါနဲ့
အခုလက်ရှိအခြေအနေကို ပင်ပန်းစိတ်ကုန်နေပြီဆိုရင် အသစ်ပြန်ဖြစ်အောင် လုပ်ယူပါ။ စိတ်မပါတဲ့အလုပ်တစ်ခုကို ပင်ပင်ပန်းပန်းနဲ့ နောက်ထပ်ဆက်လုပ်ဦးမလား၊ လုပ်နေရရင်ပျော်နေတဲ့ အရာတစ်ခုကို လုပ်မလားဆိုတာကို သေချာဆုံးဖြတ်ပါ။ သင့်ပတ်ဝန်းကျင်က အရာတွေကို လေ့လာကြည့်ပါ။ စွန့်စားစရာရှိရင် စွန့်စားပါ။ စွန့်စားမှုဆိုတာက လက်ရှိအခြေအနေရဲ့ အခြားတစ်ဖက်ကို သွားဖို့အတွက် တံတားတစ်စင်းဖြစ်ပါတယ်။ ဒီတံတားကိုဖြတ်ပြီး သင်ကိုယ်တိုင်တောင် သတိမထားမိတဲ့ သင့်အတွက် အခွင့်အရေးတွေကို အရယူဖို့ မကြောက်နေပါနဲ့။

၅။ အလုပ်နဲ့ ဘဝ ဟန်ချက်ညီမျှပါစေ
ကျွန်တော်တို့အားလုံးမှာ တစ်ရက်ကို (၂၄)နာရီပဲ ရှိတာဖြစ်တဲ့အတွက် စက္ကန့်တိုင်းက အရေးကြီးပါတယ်။ အချိန်တွေကို အလဟဿဖြစ်မသွားပါစေနဲ့။ အချိန်ကို စီမံခန့်ခွဲတတ်အောင် လေ့လာပါ။ သင့်အတွက် ပျော်ရွှင်စရာတွေ လုပ်ဖို့လည်း အချိန်ပေးပါ။ မိသားစုအတွက်၊ သင်ချစ်တဲ့လူတွေအတွက်၊ အလုပ်အကိုင် တိုးတက်ဖို့အတွက် စသဖြင့် အချိန်တွေကို ဟန်ချက်ညီမျှအောင် ပေးနိုင်ဖို့ လိုပါတယ်။

၆။ ကျေးဇူးသိတတ်ပါစေ
သင့်အတွက် တစ်ခုခုအကျိုးပြုထားတဲ့သူတွေကို ကျေးဇူးတင်စကား လှိုက်လှိုက်လှဲလှဲပြောတတ်အောင် အလေ့အကျင့်လုပ်ပါ။ သူတို့ဘဝမှာ ဘယ်လိုမုန်တိုင်းတွေ ထန်ခဲ့ဖူးလဲ သင်မသိနိုင်ပါဘူး။ ဒါ့ကြောင့် သူတို့အတွက် သက်တန့်တစ်စင်းဖြစ်ပေးနိုင်အောင် ကြိုးစားပါ။ အပြုံးတွေကို ဝေမျှပါ။ အသိအမှတ်ပြုပါ။ သင့်အတွက် ဘာမှမဟုတ်ပေမယ့် သူတို့အတွက် တစ်နေ့လုံး စိတ်ချမ်းသာသွားစေနိုင်ပါတယ်။

၇။ ထူးခြားဆန်းပြားတာတစ်ခုခု လုပ်ဆောင်ပါ
တစ်ခါတစ်လေမှာ ပုံမှန်အတိုင်း ဘဝကိုဖြတ်သန်းရတာက ပျင်းစရာကောင်းပါတယ်။ အားလုံးနေသားတကျဖြစ်နေတဲ့ Comfort Zone ကို ချဲ့နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် သင့်ဘဝမှာ ပြန်ကြည့်တိုင်း သဘောကျရယ်မောရနိုင်မယ့် ထူးထူးခြားခြားကိစ္စတစ်ခုကို လုပ်ကြည့်ပါ။

၈။ ပျော်စရာတွေ ဖန်တီးပါ
နေ့စဉ်နေ့တိုင်း ကိုယ်တိုင်အတွက်ရော၊ ပတ်ဝန်းကျင်က လူတွေအတွက်ပါ စိတ်ပျော်ရွှင်စေရမယ့် အရာတွေကို လုပ်ဆောင်ပါ။

၉။ ယုံကြည်သက်ဝင်မှုကို ပြန်ဆန်းစစ်ပါ
အရွယ်ရောက်သူတစ်ယောက်ဖြစ်လာတဲ့အခါမှာ အလုပ်နဲ့ စိတ်ဖိစီးမှုက ပိုမိုများပြားလာတတ်ပါတယ်။ ဒီလိုနဲ့ အလုပ်နဲ့ဘဝ ဟန်ချက်ပျက်ပြီး ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒီအချိန်မှာ ယုံကြည်သက်ဝင်မှု ဘာသာတရားအဆုံးအမတွေက အပူတွေကို ငြိမ်းချမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ဘာသာတရားတစ်ခုခုရဲ့ အဆုံးအမတွေကို လေ့လာမှတ်သားပါ။

၁၀။ လောကကြီးမှာ လွယ်လွယ်ရတာ တစ်ခုမှမရှိဘူးဆိုတာ လက်ခံလိုက်ပါ
အဆင်မပြေတာတွေအတွက် ဆင်ခြေမပေးပါနဲ့။ မဆိုင်တာတွေ အပြစ်မတင်ပါနဲ့။ ပြောင်းလဲနိုင်စွမ်း မရှိတာတွေအကြောင်း တွေးြ့ပီး စိတ်ပျက်မနေပါနဲ့။ ထိန်းချုပ်နိုင်တဲ့အရာပေါ်မှာပဲ အာရုံစိုက်ပါ။ တစ်ခုခုအောင်မြင်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ဆုချိီးမြင့်ပါ။ အောင်မြင်ဖို့အတွက် ပြောင်းလဲမှုနဲ့ စိတ်အားတက်ကြွမှုတို့ ရှိနေဖို့ လိုအပ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine