(Zawgyi)
၁။ အသုံးစရိတ်
၂။ အချိန်
၃။ စားသောက်မှုပုံစံ
၎။ အစားအသောက်
၅။ ကလေးတွေ
၆။ လူမှုဆက်ဆံရေး
၇။ ရည်မှန်းချက်တွေ
၈။ စာတွေ့နဲ့ လက်တွေ့
၉။ အကောင်းနဲ့ အဆိုး
[sg_popup id=6]
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++++
ဘဝမှာ ဘာတွေဟန်ချက်ညီနေဖို့ လိုလဲ
(Unicode)
လူတိုင်းမှာ နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတစ်ခုရှိပါတယ်။ အိပ်ရာထ၊ အစားစား၊ အလုပ်သွား၊ အစားစား၊ ပြန်အိပ် စသဖြင့် လည်ပတ်နေကြရပါတယ်။ သင့်အနေနဲ့ ဘဝရဲ့အခြားသော ရှုထောင့်တွေကို စဉ်းစားဖို့အချိန်မရှိဘူးဆိုရင် ဘဝရဲ့ဟန်ချက်ညီမျှမှုပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ ဘဝမှာ မဖြစ်မနေ ဟန်ချက်ညီမျှနေရမယ့် အရာတွေ ရှိပါတယ်။
၁။ အသုံးစရိတ်
အသုံးလွန်နေပါသလား။ ဒါက လူတိုင်းနီးပါးဖြစ်တတ်ကြပါတယ်။ သင့်ရဲ့ လစဉ်ဝင်ငွေ ထွက်ငွေကို ပြန်ကြည့်ပြီး ဘယ်နေရာတွေမှ လျှော့ချဖြတ်တောက်လို့ရနိုင်မလဲ ဆန်းစစ်ပါ။ ဒါပေမယ့် အရမ်းတော့ ကပ်စေးမနှဲပါနဲ့။ ကပ်စေးနဲလွန်းတာက လူမှုရေးမှာ ထိခိုက်စေနိုင်ပါတယ်။
၂။ အချိန်
ကျွန်တော်တို့ အများစုက အလုပ်တွေတောက်လျှောက်လုပ်ပြီး ခဏတဖြုတ်လေး အနားယူဖို့ အချိန်တောင် မပေးတတ်ကြပါဘူး။ တစ်ချို့တွေကလည်း ဘာမှလုပ်ဖို့ သတိမရလောက်အောင် အနားယူချိန်တွေ များနေတတ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုက အချိန်ဆိုတာက အကန့်အသတ်နဲ့ပဲ ရှိတာကြောင့် အလုပ်ချိန်နဲ့ အနားယူချိန်တွေ ဟန်ချက်ညီနေဖို့ လိုပါတယ်။
၃။ စားသောက်မှုပုံစံ
မနက်စား မစားပဲ ညစာအများကြီး စားဖြစ်နေပြီလား။ ဒါက လူအများစု စားဖြစ်နေတတ်တဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ မနက်စာများများစားပြီး ညစာအနည်းငယ်သာ စားသုံးတာက ဟန်ချက်ညီတဲ့ စားသောက်မှု ပုံစံဖြစ်ပါတယ်။
၄။ အစားအသောက်
တစ်နေ့တာ စားသုံးတဲ့အစားအသောက်တွေမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကာဗိုဟိုက်ဒြိတ်တွေ၊ အဆီတွေ များနေပါသလား။ ဒါမှမဟုတ် အလွယ်ရတဲ့ အသင့်စား စားသောက်ကုန်တွေချညး်ပဲ စားဖြစ်နေပါသလား။ ဒီလိုဆိုရင်တော့ သက်တမ်းစေ့နေရဖို့ သိပ်မသေချာပါဘူး။ အစားသောက်မှာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်အောင် မျှတစွာ စားသောက်ပေးဖို့ လိုပါတယ်။
၅။ ကလေးတွေ
အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး ကလေးတွေရှိခဲ့မယ်ဆိုရင် သူတို့အတွက် အချိန်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ကိုလည်း ကစားချိန်၊ နားချိန်၊ စာကျက်ချိန် စသဖြင့် ဟန်ချက်ညီအောင် ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။
၆။ လူမှုဆက်ဆံရေး
မိတ်ဆွေတွေက သင့်ကို စိမ်းသွားကြပြီလား။ သင်ကပဲ အဆက်အသွယ်မလုပ်ဖြစ်နေတာလား။ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးရှိဖို့ လိုပါတယ်။ ဒီအတွက် အဆက်အသွယ်လုပ်ပါ။ အတူတူပျော်စရာတွေ လုပ်ဆောင်ဖို့ အချိန်ပေးပါ။
၇။ ရည်မှန်းချက်တွေ
သင်ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကလည်း အရမ်းခက်ခဲပြီး မဖြစ်နိုင်တာတွေချည်းပဲ ဖြစ်နေလို့မရပါဘူး။ စိတ်ခေါ်မှုရှိပြီး အမှန်တကယ်လုပ်ဆောင်အောင်မြင်နိုင်တာတွေ ဖြစ်ဖို့ လိုပါတယ်။
၈။ စာတွေ့နဲ့ လက်တွေ့
ဘာကိုမှမလေ့လာပဲ လျှောက်လုပ်နေတာက အမှားတွေနဲ့ ကျရှုံးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ လေ့လာသင်ယူမှုပဲရှိပြီး တကယ်မလုပ်တာကတော့ စိတ်ကူးယဉ်သက်သက်ပါပဲ။ ဒ့ါကြောင့် စာတွေ့လေ့လာသင်ယူသလို လက်တွေ့မှာလည်း အကောင်အထည်ဖော်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
၉။ အကောင်းနဲ့ အဆိုး
အကောင်းတွေချည်းပဲ ပြန်ကြားနေရမယ်ဆိုရင်လည်း တိုးတက်မှု မရှိဖြစ်ပါလိမ့်မယ်။ ဝေဖန်တာနဲ့ အပြုသဘောဆောင်တဲ့ ပြစ်တင်တာတို့လိုမျိုး မကောင်းတာလေးတွေပါမှ တိုးတက်နိုင်မှာပါ။ မကောင်းတာတွေချည်းပဲဆိုရင်တော့ ဘာမှားနေလဲ ပြန်ပြင်ဆင်ဖို့ လိုနေပါပြီ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine