James Bond ထံမွ ေလ့လာသင္ယူရမည့္ ေဆာင္ရန္ေရွာင္ရန္မ်ား
(Zawgyi)
နာမည္ေက်ာ္ စပိုင္ဇာတ္ေကာင္တစ္ခုျဖစ္တဲ့ ဂ်ိမ္းစ္ဘြန္းဟာ အဆင့္ျမင့္အသံုးအေဆာင္ပစၥည္းေတြ။ သပ္ရပ္ခမ္းနားတဲ့ အမိုက္စား၀တ္စံုေတြနဲ႔ အလန္းစားမိန္းမလွေလးေတြရဲ႕ အသဲစြဲျဖစ္ပါတယ္။ ဂ်ိမ္းစ္ဘြန္းရဲ႕ ဘ၀ေနထိုင္မႈပံုစံကေန ေလ့လာအတုယူႏိုင္စရာေတြရွိသလို ေရွာင္ၾကဥ္ပစ္ပယ္စရာေတြလည္း ရွိေနပါတယ္။ ဘာေတြကို ေဆာင္ၿပီး ဘာေတြကိုေရွာင္ရမလဲ ၾကည့္ရေအာင္။
ေဆာင္ရန္ (၁) ကိုယ္ပိုင္ပံုစံရွိပါေစ
ဂ်ိမ္းစ္ဘြန္းဇာတ္ကားေတြမွာ တစ္ခုသတိထားမိႏိုင္တာက သူအျမဲေသာက္ေလ့ရွိတဲ့ ယမကာျဖစ္ပါလိမ့္မယ္။ ေဗာ့ကာ မာတီနီ အေရာ မေမႊပဲ ရွိတ္လုပ္တာပါ။ သင့္အေနနဲ႔ အမ်ားနဲ႔ကြဲထြက္ခ်င္တယ္ဆိုရင္ သင့္ကိုယ္ပိုင္စတိုင္ကို ဖန္တီးတာ အေကာင္းဆံုးပါပဲ။ အ၀တ္အစား၊ ေသာက္စရာ၊ စာအုပ္၊ ရုပ္ရွင္နဲ႔ အေလ့အက်င့္ေတြမွာ အမ်ားနဲ႔မတူတဲ႔ သီးျခားပံုစံရွိဖို႔ ႀကိဳးစားပါ။
ေရွာင္ရန္ (၁) အလြန္အကၽြံမေသာက္ပါနဲ႔
ေယာကၤ်ားတစ္ေယာက္က ဘယ္ေလာက္ထိ အမ်ားဆံုးေသာက္ႏိုင္မွာလဲ။ သင္အႀကိဳက္ဆံုး ေသာက္စရာကို ေသာက္ပါ။ ဒါေပမယ့္ သ႐ုပ္ပ်က္ေလာက္တဲ့အထိ မူးေအာင္ မေသာက္ပါနဲ႔။
ေဆာင္ရန္ (၂) အရည္အခ်င္းေတြရွိပါေစ
ဂ်ိမ္းစ္ဘြန္းက ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ ရွင္သန္ႏိုင္စြမ္းရွိပါတယ္။ ကာစီႏိုမွာ ထိုင္ၿပီး ကမာၻ႕အဆင့္ ပိုကာကစားႏိုင္သလို၊ ေရငုပ္လည္း ကၽြမ္းက်င္ပါတယ္။ အပစ္အခတ္လည္း ေတာ္သလို ဘာသာစကားလည္း ကၽြမ္းက်င္ပါတယ္။ ဒါ့ေၾကာင့္ သင့္မွာ အရည္အခ်င္းေတြ မ်ားမ်ားရွိေလေလ၊ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ အလိုက္သင့္ ေအာင္ျမင္ႏိုင္မွာ ျဖစ္ပါတယ္။
ေရွာင္ရန္ (၂) မိန္းမမရႈပ္ပါနဲ႔
အရည္အခ်င္းေတြကို အသံုးခ်ၿပီး မိန္းကေလးေတြကို ဆြဲေဆာင္ႏိုင္တာ ေသခ်ာပါတယ္။ ဒါေပမယ့္ အေပ်ာ္ကေန အပ်က္ျဖစ္တတ္ပါတယ္။ ဂ်ိမ္းစ္ဘြန္း မ်က္ႏွာပြင့္သလို လိုက္လုပ္ေနမယ္ဆိုရင္ အျပင္ေလာကမွာက ကူးစက္ေရာဂါေပါင္းစံု ရရွိလာႏိုင္ပါတယ္။
ေဆာင္ရန္(၃) စကားေျပာတတ္ပါေစ
ဂ်ိမ္းစ္ဘြန္းဟာ ရန္သူေတြနဲ႔ စကားေျပာတဲ့အခါ ေ၀ခြဲရခက္ေစတဲ့ စကားေတြေျပာေလ့ရွိပါတယ္။ ဒီလိုလုပ္တာဟာ ရန္သူရဲ႕ စိတ္အာရံုကို လွည့္စားနည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ သင့္အေနနဲ႔လည္း အသိဥာဏ္နဲ႔ ယွဥ္တဲ့ စကားေတြေျပာတတ္ခဲ့မယ္ဆိုရင္ အေျခအေနတစ္ခုကို ထိန္းထားႏိုင္ၿပီး အားလံုးရဲ႕အာရုံစိုက္မႈကို ရရွိမွာ ျဖစ္ပါတယ္။
ေရွာင္ရန္(၄) အရမ္းမေျပာပါနဲ႔
ဘာအေၾကာင္းကိစၥပဲျဖစ္ျဖစ္ သိသင့္သိထိုက္တဲ့လူကိုပဲ ေျပာျပတာအေကာင္းဆံုးျဖစ္ပါတယ္။ က်န္တဲ့အခ်ိန္မွာ သူငယ္ခ်င္းပဲျဖစ္ျဖစ္၊ ဘယ္သူပဲျဖစ္ျဖစ္ ပါးစပ္ပိတ္ထားတာ အေကာင္းဆံုးပါပဲ။ စကားကို ထိန္းသိမ္းႏိုင္ၿပီး အတင္းမေျပာတတ္သူျဖစ္မယ္ဆိုရင္ ေလးစားမႈခံရမွာ ေသခ်ာပါတယ္။
ေဆာင္ရန္(၄) ဖိအားေအာက္မွာ တည္ၿငိမ္မႈရွိပါေစ
တစ္ခါတစ္ေလမွာ ပရမ္းပတာအေျခအေနေတြ၊ ျငင္းခံုမႈေတြနဲ႔ ၾကံဳရတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ စိတ္မလႈပ္ရွားပဲ တည္တည္ၿငိမ္ၿငိမ္ေနႏိုင္တာက အေျခအေနကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိလာေစပါတယ္။
ေရွာင္ရန္(၄) အားနည္းခ်က္ကို မသိခ်င္ေယာင္မေဆာင္ပါနဲ႔
မာနႀကီးတာ၊ မိန္းမ စတာေတြက ဂ်ိမ္းစ္ဘြန္းရဲ႕ အားနည္းခ်က္ေတြျဖစ္ပါတယ္။ သင့္အေနနဲ႔လည္း ကိုယ့္ရဲ႕အားနည္းခ်က္ကို သိထားၿပီး ေက်ာ္လႊားႏိုင္ေအာင္ ႀကိဳးစားပါ။
ေဆာင္ရန္(၅) အသံုးအေဆာင္ပစၥည္းေတြကို ေလးစားပါ
ဂ်ိမ္းစ္ဘြန္းေနရာမွာ မင္းသားႀကီးေရွာင္ကြန္နရီသ႐ုပ္ေဆာင္တဲ့ေခတ္တုန္းက ကားဒက္ဘုတ္ေပၚက ေခတ္လြန္ပစၥည္းေတြက အခုတကယ္အသံုးျပဳေနၾကရပါၿပီ။ ဂ်ိမ္းစ္ဘြန္းဟာ လိုအပ္တဲ့ေနရာမွာ လိုအပ္တဲ့ ပစၥည္းကိရိယာတစ္ခုခု အျမဲရွိေနတတ္ပါတယ္။ ဒါ့ေၾကာင့္ အေျခအေနတစ္ခု၊ အလုပ္တစ္ခုကို လုပ္ေဆာင္ေတာ့မယ္ဆိုရင္ လိုအပ္တဲ့ ပစၥည္းေတြ၊ ကိရိယာေတြ၊ App ေတြ ရွိေနဖို႔ ျပင္ဆင္ထားပါ။ ဒါမွသာ ေတြ႕ၾကံဳလာရမယ့္ အခက္အခဲေတြကို အလြယ္တကူေျဖရွင္းႏိုင္မွာ ျဖစ္ပါတယ္။
ေရွာင္ရန္(၅) ဖန္တီးေပးသူကို မေလးမစားမလုပ္ပါနဲ႔
ဂ်ိမ္းစ္ဘြန္းဟာ သူ႔အတြက္ လက္နက္ပစၥည္းအဆန္းအျပားေတြ တီထြင္ေပးေနတဲ့ Q နဲ႔ဓာတ္ခြဲခန္းထဲက လူေတြကို သိပ္ေလးစားသမႈမရွိပါဘူး။ ဒါေပမယ့္ သင့္အေနနဲ႔ကေတာ့ အကိ်ဳးရွိေစတဲ့အရာတစ္ခုခု ဖန္တီးလုပ္ေဆာင္ေပးသူကို ေလးစားမႈရွိသင့္ပါတယ္။ ဒါဆိုရင္ ေနာက္တစ္ခါမွာ ပိုေကာင္းတာေတြ ဖန္တီးေပးလာႏိုင္ပါတယ္။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++++++
James Bond ထံမှ လေ့လာသင်ယူရမည့် ဆောင်ရန်ရှောင်ရန်များ
(Unicode)
နာမည်ကျော် စပိုင်ဇာတ်ကောင်တစ်ခုဖြစ်တဲ့ ဂျိမ်းစ်ဘွန်းဟာ အဆင့်မြင့်အသုံးအဆောင်ပစ္စည်းတွေ။ သပ်ရပ်ခမ်းနားတဲ့ အမိုက်စားဝတ်စုံတွေနဲ့ အလန်းစားမိန်းမလှလေးတွေရဲ့ အသဲစွဲဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းရဲ့ ဘဝနေထိုင်မှုပုံစံကနေ လေ့လာအတုယူနိုင်စရာတွေရှိသလို ရှောင်ကြဉ်ပစ်ပယ်စရာတွေလည်း ရှိနေပါတယ်။ ဘာတွေကို ဆောင်ပြီး ဘာတွေကိုရှောင်ရမလဲ ကြည့်ရအောင်။
ဆောင်ရန် (၁) ကိုယ်ပိုင်ပုံစံရှိပါစေ
ဂျိမ်းစ်ဘွန်းဇာတ်ကားတွေမှာ တစ်ခုသတိထားမိနိုင်တာက သူအမြဲသောက်လေ့ရှိတဲ့ ယမကာဖြစ်ပါလိမ့်မယ်။ ဗော့ကာ မာတီနီ အရော မမွှေပဲ ရှိတ်လုပ်တာပါ။ သင့်အနေနဲ့ အများနဲ့ကွဲထွက်ချင်တယ်ဆိုရင် သင့်ကိုယ်ပိုင်စတိုင်ကို ဖန်တီးတာ အကောင်းဆုံးပါပဲ။ အဝတ်အစား၊ သောက်စရာ၊ စာအုပ်၊ ရုပ်ရှင်နဲ့ အလေ့အကျင့်တွေမှာ အများနဲ့မတူတဲ့ သီးခြားပုံစံရှိဖို့ ကြိုးစားပါ။
ရှောင်ရန် (၁) အလွန်အကျွံမသောက်ပါနဲ့
ယောင်္ကျားတစ်ယောက်က ဘယ်လောက်ထိ အများဆုံးသောက်နိုင်မှာလဲ။ သင်အကြိုက်ဆုံး သောက်စရာကို သောက်ပါ။ ဒါပေမယ့် သရုပ်ပျက်လောက်တဲ့အထိ မူးအောင် မသောက်ပါနဲ့။
ဆောင်ရန် (၂) အရည်အချင်းတွေရှိပါစေ
ဂျိမ်းစ်ဘွန်းက ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရှင်သန်နိုင်စွမ်းရှိပါတယ်။ ကာစီနိုမှာ ထိုင်ပြီး ကမ္ဘာ့အဆင့် ပိုကာကစားနိုင်သလို၊ ရေငုပ်လည်း ကျွမ်းကျင်ပါတယ်။ အပစ်အခတ်လည်း တော်သလို ဘာသာစကားလည်း ကျွမ်းကျင်ပါတယ်။ ဒါ့ကြောင့် သင့်မှာ အရည်အချင်းတွေ များများရှိလေလေ၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အလိုက်သင့် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ရှောင်ရန် (၂) မိန်းမမရှုပ်ပါနဲ့
အရည်အချင်းတွေကို အသုံးချပြီး မိန်းကလေးတွေကို ဆွဲဆောင်နိုင်တာ သေချာပါတယ်။ ဒါပေမယ့် အပျော်ကနေ အပျက်ဖြစ်တတ်ပါတယ်။ ဂျိမ်းစ်ဘွန်း မျက်နှာပွင့်သလို လိုက်လုပ်နေမယ်ဆိုရင် အပြင်လောကမှာက ကူးစက်ရောဂါပေါင်းစုံ ရရှိလာနိုင်ပါတယ်။
ဆောင်ရန်(၃) စကားပြောတတ်ပါစေ
ဂျိမ်းစ်ဘွန်းဟာ ရန်သူတွေနဲ့ စကားပြောတဲ့အခါ ဝေခွဲရခက်စေတဲ့ စကားတွေပြောလေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာ ရန်သူရဲ့ စိတ်အာရုံကို လှည့်စားနည်းတစ်မျိုးပဲဖြစ်ပါတယ်။ သင့်အနေနဲ့လည်း အသိဉာဏ်နဲ့ ယှဉ်တဲ့ စကားတွေပြောတတ်ခဲ့မယ်ဆိုရင် အခြေအနေတစ်ခုကို ထိန်းထားနိုင်ပြီး အားလုံးရဲ့အာရုံစိုက်မှုကို ရရှိမှာ ဖြစ်ပါတယ်။
ရှောင်ရန်(၄) အရမ်းမပြောပါနဲ့
ဘာအကြောင်းကိစ္စပဲဖြစ်ဖြစ် သိသင့်သိထိုက်တဲ့လူကိုပဲ ပြောပြတာအကောင်းဆုံးဖြစ်ပါတယ်။ ကျန်တဲ့အချိန်မှာ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပါပဲ။ စကားကို ထိန်းသိမ်းနိုင်ပြီး အတင်းမပြောတတ်သူဖြစ်မယ်ဆိုရင် လေးစားမှုခံရမှာ သေချာပါတယ်။
ဆောင်ရန်(၄) ဖိအားအောက်မှာ တည်ငြိမ်မှုရှိပါစေ
တစ်ခါတစ်လေမှာ ပရမ်းပတာအခြေအနေတွေ၊ ငြင်းခုံမှုတွေနဲ့ ကြုံရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စိတ်မလှုပ်ရှားပဲ တည်တည်ငြိမ်ငြိမ်နေနိုင်တာက အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိလာစေပါတယ်။
ရှောင်ရန်(၄) အားနည်းချက်ကို မသိချင်ယောင်မဆောင်ပါနဲ့
မာနကြီးတာ၊ မိန်းမ စတာတွေက ဂျိမ်းစ်ဘွန်းရဲ့ အားနည်းချက်တွေဖြစ်ပါတယ်။ သင့်အနေနဲ့လည်း ကိုယ့်ရဲ့အားနည်းချက်ကို သိထားပြီး ကျော်လွှားနိုင်အောင် ကြိုးစားပါ။
ဆောင်ရန်(၅) အသုံးအဆောင်ပစ္စည်းတွေကို လေးစားပါ
ဂျိမ်းစ်ဘွန်းနေရာမှာ မင်းသားကြီးရှောင်ကွန်နရီသရုပ်ဆောင်တဲ့ခေတ်တုန်းက ကားဒက်ဘုတ်ပေါ်က ခေတ်လွန်ပစ္စည်းတွေက အခုတကယ်အသုံးပြုနေကြရပါပြီ။ ဂျိမ်းစ်ဘွန်းဟာ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတစ်ခုခု အမြဲရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အခြေအနေတစ်ခု၊ အလုပ်တစ်ခုကို လုပ်ဆောင်တော့မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေ၊ ကိရိယာတွေ၊ App တွေ ရှိနေဖို့ ပြင်ဆင်ထားပါ။ ဒါမှသာ တွေ့ကြံုလာရမယ့် အခက်အခဲတွေကို အလွယ်တကူဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ရှောင်ရန်(၅) ဖန်တီးပေးသူကို မလေးမစားမလုပ်ပါနဲ့
ဂျိမ်းစ်ဘွန်းဟာ သူ့အတွက် လက်နက်ပစ္စည်းအဆန်းအပြားတွေ တီထွင်ပေးနေတဲ့ Q နဲ့ဓာတ်ခွဲခန်းထဲက လူတွေကို သိပ်လေးစားသမှုမရှိပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ကတော့ အကျိုးရှိစေတဲ့အရာတစ်ခုခု ဖန်တီးလုပ်ဆောင်ပေးသူကို လေးစားမှုရှိသင့်ပါတယ်။ ဒါဆိုရင် နောက်တစ်ခါမှာ ပိုကောင်းတာတွေ ဖန်တီးပေးလာနိုင်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine