ဥာဏ္ရည္ထက္ျမက္ေစႏိုင္မည့္ နည္းလမ္း(၅)ခု

ဥာဏ္ရည္ထက္ျမက္ေစႏိုင္မည့္ နည္းလမ္း(၅)ခု

(Zawgyi)

လူတစ္ေယာက္မာ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာၾကံ႕ခိုင္ဖို႔ အေရးႀကီးသလို ဥာဏ္ရည္ထက္ျမက္ဖို႔လည္း အေရးႀကီးပါတယ္။ ဥာဏ္ေကာင္းလို႔ မေကာင္းတဲ့အရာ ဘာတစ္ခုမွ မရွိပါဘူး။ ဒါ့ေၾကာင့္ သင့္ရဲ႕ ဥာဏ္ရည္ကို အလြယ္တကူ တိုးတက္ျမွင့္တင္ေပးႏိုင္မယ့္ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကို ေ၀မွ်လိုက္ပါတယ္။

၁။ ဥာဏ္စမ္းပေဟဠိမ်ား ေျဖၾကည့္ပါ။
ကိန္းဂဏန္ေတြကို ေနရာခ်ေပးရတဲ့ Sudoku၊ စာလံုးေတြကို မွန္ကန္ေအာင္ထည့္သြင္းေပးရတဲ့ Cross-word စတဲ့ ဥာဏ္စမ္းပေဟဠိေတြကို ရံဖန္ရံခါကစားေပးတာ၊ သီခ်င္းနားေထာင္တဲ့အခါ Beat သံေတြကို ပံုေဖာ္ခံစားၾကည့္တာေတြက ဥာဏ္ရည္ကိုသာမက စံုေထာက္ႀကီးရွားေလာ့ခ္ဟုမ္းလို ေကာက္ခ်က္ဆြဲဆင္ျခင္သံုးသပ္မႈစြမ္းရည္လည္း ျမင့္တက္လာေစႏိုင္ပါတယ္။

၂။ အရည္အခ်င္းတစ္ခုကို ကၽြမ္းက်င္ေအာင္လုပ္ပါ။
ဂီတပညာရွင္ေတြ၊ အႏုပညာရွင္ေတြေတာ္ေတာ္မ်ားမ်ားမွာ သူမတူတဲ့ဥာဏ္ရည္ေတြ ရွိၾကပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ အေတြးေတြ၊ စိတ္ခံစားမႈေတြကို ထြက္ေပါက္ေပးႏိုင္ဖို႔အတြက္ ဂီတတူရိယာပစၥည္းတစ္ခုခု တီးတတ္ေအာင္ သင္ယူသင့္ပါတယ္။ ဒီလိုေလ့လာသင္ယူတဲ့အခါမွာ ဦးေႏွာက္စြမ္းရည္ကို တိုးတက္ေစႏိုင္မယ့္ ႀကိမ္ဖန္မ်ားစြာ ေလ့က်င့္မႈေတြ ပါ၀င္လာမွာျဖစ္ပါတယ္။

၃။ အေႏွးေျပးျခင္း
ခႏၶာကိုယ္မွာရွိတဲ့ အဂၤါအစိတ္အပိုင္းတိုင္းက ဆက္စပ္ေနတာျဖစ္ပါတယ္။ အထိုင္မ်ားၿပီး ကိုယ္လက္လႈပ္ရွားမႈ နည္းပါးရင္ သင့္ဦးေႏွာက္ကလည္း အလုပ္ေကာင္းေကာင္းလုပ္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ ႏွလံုးက်န္းမာေရးေကာင္းရင္ ဦးေႏွာက္က်န္းမာေရးလည္း ေကာင္းေစပါတယ္။ ကိုယ္လက္လႈပ္ရွားမႈ လုပ္ခ်ိန္မွာ သင့္ခႏၶာကိုယ္က ထုတ္ေပးတဲ့ အန္ဒိုဖင္းဓာတ္ပစၥည္းကလည္း ဦးေႏွာက္ကို စြမ္းေဆာင္ရည္ျပည့္၀ေစဖို႔ အေထာက္အကူျဖစ္စပါတယ္။

၄။ ေလ့လာသင္ယူမႈ ရွိပါေစ
ဥာဏ္ရည္ဥာဏ္ေသြးနဲ႔ ပတ္သက္လာရင္ လူေတြအရင္ဆံုး သတိထားမိတာက ပညာအရည္အခ်င္းပဲ ျဖစ္ပါတယ္။ မ်ားမ်ားသိေလေလ၊ ပိုေတာ္ေလပဲ ျဖစ္ပါတယ္။ သင့္အတြက္ မရင္းႏွီးေသးတဲ့ အသစ္အဆန္းတစ္ခုခုကို သင္ယူျခင္းက ဥာဏ္ရည္ထက္ျမက္လာေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေလ့လာသင္ယူမႈကို ဘယ္ေတာ့မွ မရပ္လိုက္ပါနဲ႔။

၅။ အေတြ႕အၾကံဳသစ္ေတြ ရွာေဖြပါ။
တစ္ေနရာထဲမွာပဲ လုပ္ရိုးလုပ္စဥ္အလုပ္ေတြကို လုပ္ေနမယ္ဆိုရင္ သင့္ဦးေႏွာက္က သတင္းအခ်က္အလက္အသစ္ေတြကို စုပ္ယူလက္ခံႏိုင္စြမ္း နည္းသြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ မေရာက္ဖူးေသးတဲ့ေနရာတစ္ခုကို အလည္ခရီးသြားတာ၊ ေက်ာပိုးအိတ္တစ္လံုးနဲ႔ ေတာင္တက္ခရီးသြားတာ စတဲ့ အေတြ႕အၾကံသစ္ေတြကို ရွာေဖြခံစားပါ။ ပံုမွန္အတိုင္းလည္ပတ္ေနတာကေန ခဏအနားယူၿပီး ေခါင္းရွင္းတာကလည္း ဥာဏ္ရည္ထက္ျမက္လာေစဖို႔၊ အေတြးသစ္အျမင္သစ္ေတြ ရရွိဖို႔ ကူညီေပးႏိုင္ပါတယ္။ အေတြ႕အၾကံဳတိုင္းကေန ဘ၀အတြက္ သင္ခန္းစာေတြ ယူႏိုင္ပါေသးတယ္။ ဒါ့ေၾကာင့္ အသစ္အဆန္းတစ္ခုခုကို စမ္းသပ္ၾကည့္ဖို႔ ဘယ္ေတာ့မွ မေၾကာက္ပါနဲ႔။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

+++++++++++++++++++++++++++++++++++++++++++++++++++++

ဉာဏ်ရည်ထက်မြက်စေနိုင်မည့် နည်းလမ်း(၅)ခု

(Unicode)

လူတစ်ယောက်မာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ဖို့ အရေးကြီးသလို ဉာဏ်ရည်ထက်မြက်ဖို့လည်း အရေးကြီးပါတယ်။ ဉာဏ်ကောင်းလို့ မကောင်းတဲ့အရာ ဘာတစ်ခုမှ မရှိပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ ဉာဏ်ရည်ကို အလွယ်တကူ တိုးတက်မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ချို့ကို ဝေမျှလိုက်ပါတယ်။

၁။ ဉာဏ်စမ်းပဟေဠိများ ဖြေကြည့်ပါ။
ကိန်းဂဏန်တွေကို နေရာချပေးရတဲ့ Sudoku၊ စာလုံးတွေကို မှန်ကန်အောင်ထည့်သွင်းပေးရတဲ့ Cross-word စတဲ့ ဉာဏ်စမ်းပဟေဠိတွေကို ရံဖန်ရံခါကစားပေးတာ၊ သီချင်းနားထောင်တဲ့အခါ Beat သံတွေကို ပုံဖော်ခံစားကြည့်တာတွေက ဉာဏ်ရည်ကိုသာမက စုံထောက်ကြီးရှားလော့ခ်ဟုမ်းလို ကောက်ချက်ဆွဲဆင်ခြင်သုံးသပ်မှုစွမ်းရည်လည်း မြင့်တက်လာစေနိုင်ပါတယ်။

၂။ အရည်အချင်းတစ်ခုကို ကျွမ်းကျင်အောင်လုပ်ပါ။
ဂီတပညာရှင်တွေ၊ အနုပညာရှင်တွေတော်တော်များများမှာ သူမတူတဲ့ဉာဏ်ရည်တွေ ရှိကြပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ အတွေးတွေ၊ စိတ်ခံစားမှုတွေကို ထွက်ပေါက်ပေးနိုင်ဖို့အတွက် ဂီတတူရိယာပစ္စည်းတစ်ခုခု တီးတတ်အောင် သင်ယူသင့်ပါတယ်။ ဒီလိုလေ့လာသင်ယူတဲ့အခါမှာ ဦးနှောက်စွမ်းရည်ကို တိုးတက်စေနိုင်မယ့် ကြိမ်ဖန်များစွာ လေ့ကျင့်မှုတွေ ပါ၀င်လာမှာဖြစ်ပါတယ်။

၃။ အနှေးပြေးခြင်း
ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းက ဆက်စပ်နေတာဖြစ်ပါတယ်။ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးရင် သင့်ဦးနှောက်ကလည်း အလုပ်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် နှလုံးကျန်းမာရေးကောင်းရင် ဦးနှောက်ကျန်းမာရေးလည်း ကောင်းစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်ချိန်မှာ သင့်ခန္ဓာကိုယ်က ထုတ်ပေးတဲ့ အန်ဒိုဖင်းဓာတ်ပစ္စည်းကလည်း ဦးနှောက်ကို စွမ်းဆောင်ရည်ပြည့်ဝစေဖို့ အထောက်အကူဖြစ်စပါတယ်။

၄။ လေ့လာသင်ယူမှု ရှိပါစေ
ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်လာရင် လူတွေအရင်ဆုံး သတိထားမိတာက ပညာအရည်အချင်းပဲ ဖြစ်ပါတယ်။ များများသိလေလေ၊ ပိုတော်လေပဲ ဖြစ်ပါတယ်။ သင့်အတွက် မရင်းနှီးသေးတဲ့ အသစ်အဆန်းတစ်ခုခုကို သင်ယူခြင်းက ဉာဏ်ရည်ထက်မြက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်လိုက်ပါနဲ့။

၅။ အတွေ့အကြုံသစ်တွေ ရှာဖွေပါ။
တစ်နေရာထဲမှာပဲ လုပ်ရိုးလုပ်စဉ်အလုပ်တွေကို လုပ်နေမယ်ဆိုရင် သင့်ဦးနှောက်က သတင်းအချက်အလက်အသစ်တွေကို စုပ်ယူလက်ခံနိုင်စွမ်း နည်းသွားပါလိမ့်မယ်။ ဒါ့ကြောင့် မရောက်ဖူးသေးတဲ့နေရာတစ်ခုကို အလည်ခရီးသွားတာ၊ ကျောပိုးအိတ်တစ်လုံးနဲ့ တောင်တက်ခရီးသွားတာ စတဲ့ အတွေ့အကြံသစ်တွေကို ရှာဖွေခံစားပါ။ ပုံမှန်အတိုင်းလည်ပတ်နေတာကနေ ခဏအနားယူပြီး ခေါင်းရှင်းတာကလည်း ဉာဏ်ရည်ထက်မြက်လာစေဖို့၊ အတွေးသစ်အမြင်သစ်တွေ ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ အတွေ့အကြံုတိုင်းကနေ ဘဝအတွက် သင်ခန်းစာတွေ ယူနိုင်ပါသေးတယ်။ ဒါ့ကြောင့် အသစ်အဆန်းတစ်ခုခုကို စမ်းသပ်ကြည့်ဖို့ ဘယ်တော့မှ မကြောက်ပါနဲ့။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%