ကေလးတစ္ေယာက္လို ေပ်ာ္ရႊင္ႏိုင္ဖို႔

(Zawgyi)

ဘ၀မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနနိုင္ဖို႔အတြက္ အေ၀းႀကီးကို ၾကည့္ေနစရာမလိုပါဘူး။ ေပ်ာ္ရႊင္မႈအတြက္ ေစ်းႀကီးတဲ့ ေဆြးေႏြးပြဲေတြ၊ စာအုပ္ေတြ ဖတ္ေနဖို႔၊ အတြင္းစိတ္ကို သိရွိလာတဲ့အထိ တရားထိုင္ေနစရာလည္း မလိုအပ္ပါဘူး။ ေပ်ာ္ရႊင္မႈကို ေတြ႕ခ်င္တယ္ဆိုရင္ သင့္ပတ္၀န္းက်င္မွာ အျမဲတမ္းေပ်ာ္ရႊင္ေနသူေတြကို သတိထားၾကည့္လိုက္ရုံပါပဲ။ ဟုတ္ပါတယ္။ ကေလးေတြပဲျဖစ္ပါတယ္။

ရယ္ေမာေပ်ာ္ရႊင္ျခင္းဟာ ကေလးေတြရဲ႕ သဘာ၀ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ကေလးေတြနဲ႔ ေနၾကည့္မယ္ဆိုရင္ သူတို႔ရဲ႕ ေပ်ာ္ရႊင္မႈက သင့္ဆီကိုအလြယ္တကူ ကူးစက္လာႏိုင္ပါတယ္။ ကေလးေတြမွာလည္း စိတ္ညစ္၊ ၀မ္းနည္းရတဲ့အခ်ိန္ေတြရွိေပမယ့္ သူတို႔ရဲ႕ ေဒါသနဲ႔ စိတ္ညစ္စရာေတြကို ဘယ္လိုေမ့ေပ်ာက္သြားၾကလဲဆိုတာကို ေလ့လာႏိုင္ပါတယ္။ သင့္အေနနဲ႔လည္း ကေလးတစ္ေယာက္လို ပူပင္ေသာကမရွိပဲ ဘ၀ကို ေပ်ာ္ရႊင္စြာေနထိုင္ဖို႔ ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုေပ်ာ္ရႊင္ရမလဲဆိုတာကိုေတာ့ ကေလးေတြဆီကေန ေလ့လာသင္ယူရမွာျဖစ္ပါတယ္။

ပစၥဳပၸန္မွာပဲ ရွင္သန္ပါ
ကေလးေတြရဲ႕စိတ္ဟာ လက္ရွိအခ်ိန္ေလးမွာပဲ သိျမင္ခံစားေနၾကတာျဖစ္ပါတယ္။ သူတို႔ရဲ႕ ခံစားမႈေတြအားလံုးက လက္ရွိအခ်ိန္မွာ ျဖစ္ပ်က္တဲ့အရာေတြေပၚမွာပဲ မူတည္ပါတယ္။ တစ္ခါတစ္ေလမွာ သူတို႔စိတ္ထဲမွာ မေကာင္းတာေတြျဖစ္လာတတ္ၿပီး အရုပ္လုတာ၊ ရန္ျဖစ္တာေတြ ရွိတတ္ပါတယ္။ ဒါေပမယ့္လည္း အျခားစိတ္၀င္စားစရာတစ္ခုခုကို ေတြ႕လိုက္တာနဲ႔ သူတို႔ရဲ႕ မေကာင္းတဲ့စိတ္ကို လႊတ္ခ်လိုက္ၾကပါတယ္။ သူတို႔ ျပန္ၿပီး ေပ်ာ္ရႊင္ၾကရပါတယ္။ လူႀကီးေတြကေတာ့ ဒီလိုမဟုတ္ပါဘူး။ ျဖစ္ရပ္တစ္ခုအေပၚမွာ ေဒါသေတြ၊ အဃာတေတြကို သိမ္းထားတတ္ၾကၿပီး အတိတ္မွာပဲ ပိတ္မိေနတတ္ၾကပါတယ္။ လက္ရွိအခ်ိန္ကို အရွိအရွိအတိုင္းမခံစားတတ္ၾကပါဘူး။ ဒီလိုနဲ႔ လက္ရွိအခ်ိန္ရဲ႕ ေပ်ာ္ရႊင္စရာအေၾကာင္းအရာေတြကို မခံစားႏိုင္ၾကရပါဘူး။

အာရုံမမ်ားပါနဲ႔
ကေလးေတြက အရုပ္ဆက္ကစားေနရင္ အရုပ္ကိုပဲ ဆက္ေနတတ္ပါတယ္။ အရုပ္ဆက္မကစားေတာ့ဘူးဆိုရင္ သူ ဆြဲခ်င္တဲ့ ပံုအေၾကာင္းကို စဥ္းစားခ်င္စဥ္းစာေနပါလိမ့္မယ္။ ဒါမွမဟုတ္ ေနာက္တစ္ေန႔က်ရင္ ဘယ္လိုပံုစံကို အရုပ္ေတြနဲ႔ ဆက္မလဲဆိုတာကို ေတြးရင္ေတြးေနပါလိမ့္မယ္။ ကေလးေတြဟာ တစ္ခုဆို တစ္ခုထဲကိုပဲ အာရုံစိုက္တတ္ၾကပါတယ္။
လူႀကီးေတြအတြက္ေတာ့ တစ္ခ်ိန္တည္းမွာပဲ အာရုံစိုက္စရာေတြ မ်ားလာတဲ့အတြက္ စိတ္ဖိစီးမႈေတြ ျဖစ္လာပါတယ္။ လုပ္စရာရွိတာေတြမ်ားလာတဲ့အခါမွာ တစ္ခ်ိန္တည္းတၿပိဳင္နက္တည္း လုပ္ႏုိင္ေအာင္ ႀကိဳးစားၾကပါတယ္။ ဒီအခါမွာ တစ္ခုခ်င္းစီကို အျပည့္အ၀အာရုံမစိုက္ႏိုင္တဲ့အတြက္ ပင္ပန္းရျပန္ပါတယ္။ အသက္႐ႈဖို႔အခ်ိန္မရွိေလာက္ေအာင္ကို ေျပးလႊားလႈပ္ရွားရုန္းကန္ေနၾကရပါတယ္။ အဆိုးဆံုးကေတာ့ ဒီေလာက္လုပ္ေပမယ့္ ဘာမွျဖစ္ေျမာက္ေအာင္ မၿပီးစီးတာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အရင္ဆံုးၿပီးရမယ့္ကိစၥေတြ အာရုံစိုက္ပါ။ တစ္ခုၿပီးမွ ေနာက္တစ္ခုကို လုပ္ေဆာင္ပါ။ ဒီလိုဆိုရင္ ပိုၿပီးသက္ေတာင့္သက္သာရွိသလို စိတ္ဖိစီးမႈလည္း ေလ်ာ့ပါးသြားမွာ ျဖစ္ပါတယ္။

စိတ္ကူးစိတ္သန္းကို အသံုးခ်ပါ
ကေလးေတြက အခ်ိန္တိုင္းမွာ သူတို႔ရဲ႕ စိတ္ကူးစိတ္သန္းကို အသံုးခ်ၾကပါတယ္။ သူတို႔ဟာ ေမွာ္ဆန္တဲ့ပံုျပင္ေတြ၊ စိတ္ကူးေတြ၊ လက္ေတြ႕မွာမျဖစ္ႏိုင္တဲ့အရာေတြကို သေဘာက်တတ္ၾကပါတယ္။ ဒီအခ်က္ကို စဥ္းစားၾကည့္မယ္ဆိုရင္ စိတ္ကူးယဥ္ျခင္းဟာ ေပ်ာ္ရႊင္မႈရဲ႕ မ်ိဳးေစ့ျဖစ္ပါတယ္။ သင့္ရဲ႕စိတ္ကူးအိပ္မက္ေတြကို ေတြးၿပီးျမင္ေယာင္ၾကည့္ေနမယ္ဆိုရင္ ေပ်ာ္ရႊင္တဲ့ခံစားခ်က္ကို ျဖစ္ေစႏိုင္ပါတယ္။ လူႀကီးေတြက စိတ္ကူးစိတ္သန္းကို မသံုးတတ္ၾကတာ မ်ားပါတယ္။ ေက်ာင္းစာသင္ခန္းေတြထဲမွာ ယုတၱိရွိရွိေတြးေခၚတတ္ဖို႔ပဲ သင္ေပးလိုက္တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ စီစဥ္ထားတဲ့အတိုင္း၊ ေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္မလာတဲ့အခါမွာ မေပ်ာ္မရႊင္ျဖစ္တတ္ၾကပါတယ္။ အျခားျဖစ္ႏိုင္ေခ်ေတြကို မျမင္တတ္ၾကပါဘူး။ ဒါဟာ စိတ္ကူးစိတ္သန္းကို အသံုးမခ်မိတာေၾကာင့္ပဲ ျဖစ္ပါတယ္။

အနာဂတ္မွာ ဘာမဆိုျဖစ္ႏိုင္တယ္
ကေလးေတြအတြက္ သူတို႔ဘ၀မွာ ဘာမဆိုျဖစ္ႏိုင္ေခ်ရွိပါတယ္။ သူတို႔စိတ္တုိင္းက် ပံုေဖာ္ႏိုင္တဲ့ ဘ၀ရွိပါတယ္။ သူတို႔အတြက္ အခ်ိန္မရွိေတာ့ဘူးလို႔ ခံစားေနစရာအေၾကာင္းလဲ မရွိပါဘူး။ သိလည္းမသိၾကပါဘူး။ လူႀကီးေတြကေတာ့ တစ္ခါတစ္ေလမွာ တစ္ခုခုလုပ္ဖို႔ အရမ္းေနာက္က်ေနၿပီလို႔ ထင္တတ္ၾကပါတယ္။ ဘယ္အရာမွေနာက္က်တယ္ဆိုတာ မရွိပါဘူး။ သင့္အေနနဲ႔ လုပ္ခ်င္တာတစ္ခုခုရွိခဲ့ရင္ လုပ္လိုက္စမ္းပါ။ ဒီလိုမဟုတ္ရင္ေတာ့ ေနာင္တေတြနဲ႔ ဘ၀ကိုပဲ ရရွိၿပီး ေပ်ာ္ရႊင္မႈကေတာ့ ထြက္ေျပးသြားပါလိမ့္မယ္။

ေပ်ာ္ေပ်ာ္ေနပါ
ကေလးေတြဟာ ေသးငယ္တဲ့အရာေလးေတြမွာေတာင္မွ ေပ်ာ္ရႊင္မႈကို ရွာေဖြေတြ႕ရွိတတ္တာေၾကာင့္ အျမဲတမ္း ေပ်ာ္ရႊင္ေနတတ္ၾကပါတယ္။ လိပ္ျပာေလးေတြကို ေတြ႕ရင္ေပ်ာ္တယ္၊ ေခြးေပၚကို ခုန္ေက်ာ္လိုက္ရတာကို ေပ်ာ္တယ္၊ မုန္႔ဆိုင္သြားရတာကိုလည္း ေပ်ာ္တတ္ၾကပါတယ္။ သူတို႔က အေျခအေနေတြကို စိစစ္ေ၀ဖန္မေနသလို လူေတြအေၾကာင္းလည္း သိပ္မေတြးတတ္ၾကပါဘူး။ အားလံုးကို ရိုးရိုးရွင္းရွင္းပဲ ထင္မွတ္ယူထားၾကပါတယ္။

လူႀကီးတစ္ေယာက္အေနနဲ႔ ေပ်ာ္ေပ်ာ္ေနႏိုင္ဖို႔ဆိုရင္ ေန႔စဥ္မွတ္တမ္းတစ္ခု ေရးပါ။ သင့္ဘ၀ကို လက္ရွိအခ်ိန္မွာ ေပ်ာ္စရာျဖစ္ေစတဲ့အရာေတြ၊ အေထာက္အကူျဖစ္ေစတဲ့အရာေတြ၊ ၾကည္ႏူးစရာေတြကို ခ်ေရးထားပါ။ ၿပီးရင္ သင့္အတြက္ေပ်ာ္ရႊင္စရာျဖစ္ေစမယ့္ အရာတစ္ခုခုကို မျဖစ္မေနလုပ္ေဆာင္ပါ။

အေကာင္းျမင္စိတ္ေမြးၿပီး ေကာင္းေအာင္ေနပါ။ အျခားသူေတြကို ယုံၾကည္ပါ
ကေလးေတြဟာ အျမဲတမ္းအေကာင္းျမင္စိတ္ရွိၾကပါတယ္။ သူတို႔ကိုယ္ သူတို႔လည္း ေကာင္းေအာင္ေနၾကပါတယ္။ ဘယ္သူ႔ကိုမွ ထိခိုက္နာက်င္ေစလိုတဲ့ ရည္ရြယ္ခ်က္မရွိသလို သူတို႔ကိုလည္း ဘယ္သူကမွ နာက်င္ေအာင္ မလုပ္ဘူးလို႔ ယုံၾကည္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ စိတ္ပူစရာမရွိပဲ တစ္ေန႔လံုးေပ်ာ္ေနႏိုင္ပါတယ္။

လူတိုင္းက ကေလးေတြလိုပဲ ေနထိုင္ဆက္ဆံမယ္ဆိုရင္ ေလာကႀကီးဘယ္ေလာက္သာယာသြားမလဲဆိုတာ စဥ္းစားၾကည့္ပါ။ လူႀကီးေတြအေနနဲ႔ သူတို႔ရဲ႕အတၱေတြ၊ မာနေတြကို ေဘးခ်ၿပီး အခ်င္းခ်င္း စာနာတတ္ေအာင္ ကေလးေတြဆီက သင္ယူရမွာျဖစ္ပါတယ္။ ခ်စ္ျခင္းေမတၱာဟာ ေပ်ာ္ရႊင္မႈေတြကို ဖန္တီးႏိုင္ပါတယ္။

ဆႏၵေတြျပည့္၀မယ္လို႔ အျပည့္အ၀ယုံၾကည္ထားပါ
ကေလးေတြဟာ သူတို႔ရဲ႕ဆႏၵေတြ တစ္ေန႔ေန႔မွာ ျပည့္၀မယ္လို႔ ယုံၾကည္ထားၾကသူေတြျဖစ္ပါတယ္။ သူတို႔လိုခ်င္တာကို မရမခ်င္း ဒီဆႏၵကို လက္မလႊတ္တတ္ၾကပါဘူး။

ကၽြန္ေတာ္တို႔ လူႀကီးေတြအေနနဲ႔ေရာ စိတ္ကူးအိပ္မက္ေတြကို တကယ္ျဖစ္လာမယ္လို႔ ယုံၾကည္ၾကပါသလား။ မျဖစ္ႏိုင္ဖို႔ မ်ားပါတယ္။ ကၽြန္ေတာ္တို႔ဟာ မလိုလားအပ္တဲ့ စိုးရိမ္ေသာကေတြနဲ႔ ျပည့္ေနၾကပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ကန္႔သတ္ထားၾကပါတယ္။ အဆင္မေျပတာေတြမ်ားလာတာနဲ႔ စိတ္ကူးအိပ္မက္ေတြကို လႊတ္ခ်ၿပီး လက္ေလွ်ာ့အ႐ႈံးေပးလိုက္ၾကတာ မ်ားပါတယ္။

သင္လည္း ငယ္ရာက ႀကီးလာတာျဖစ္ပါတယ္။ အရင္က ကေလးတစ္ေယာက္ျဖစ္ခဲ့ဖူးပါတယ္။ ဒါ့ေၾကာင့္ ကေလးဘ၀က ေပ်ာ္ရႊင္မႈေတြကို ျပန္လည္ခံစားပါ။ ကေလးေတြရဲ႕ ရိုးရွင္းတဲ့ ခံယူခ်က္၊ ေပ်ာ္ရႊင္မႈေတြကို အတုယူၿပီး သင့္ဘ၀အတြ႕္ ျပန္အသံုးခ်ပါ။

[sg_popup id=6]

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++++++++++++++++++++

ကလေးတစ်ယောက်လို့ ပျော်ရွှင်နိုင်ဖို့

(Unicode)

ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက် အဝေးကြီးကို ကြည့်နေစရာမလိုပါဘူး။ ပျော်ရွှင်မှုအတွက် စျေးကြီးတဲ့ ဆွေးနွေးပွဲတွေ၊ စာအုပ်တွေ ဖတ်နေဖို့၊ အတွင်းစိတ်ကို သိရှိလာတဲ့အထိ တရားထိုင်နေစရာလည်း မလိုအပ်ပါဘူး။ ပျော်ရွှင်မှုကို တွေ့ချင်တယ်ဆိုရင် သင့်ပတ်ဝန်းကျင်မှာ အမြဲတမ်းပျော်ရွှင်နေသူတွေကို သတိထားကြည့်လိုက်ရုံပါပဲ။ ဟုတ်ပါတယ်။ ကလေးတွေပဲဖြစ်ပါတယ်။

ရယ်မောပျော်ရွှင်ခြင်းဟာ ကလေးတွေရဲ့ သဘာဝဖြစ်ပါတယ်။ အချိန်ပေးပြီး ကလေးတွေနဲ့ နေကြည့်မယ်ဆိုရင် သူတို့ရဲ့ ပျော်ရွှင်မှုက သင့်ဆီကိုအလွယ်တကူ ကူးစက်လာနိုင်ပါတယ်။ ကလေးတွေမှာလည်း စိတ်ညစ်၊ ၀မ်းနည်းရတဲ့အချိန်တွေရှိပေမယ့် သူတို့ရဲ့ ဒေါသနဲ့ စိတ်ညစ်စရာတွေကို ဘယ်လိုမေ့ပျောက်သွားကြလဲဆိုတာကို လေ့လာနိုင်ပါတယ်။ သင့်အနေနဲ့လည်း ကလေးတစ်ယောက်လို ပူပင်သောကမရှိပဲ ဘဝကို ပျော်ရွှင်စွာနေထိုင်ဖို့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပျော်ရွှင်ရမလဲဆိုတာကိုတော့ ကလေးတွေဆီကနေ လေ့လာသင်ယူရမှာဖြစ်ပါတယ်။

ပစ္စုပ္ပန်မှာပဲ ရှင်သန်ပါ
ကလေးတွေရဲ့စိတ်ဟာ လက်ရှိအချိန်လေးမှာပဲ သိမြင်ခံစားနေကြတာဖြစ်ပါတယ်။ သူတို့ရဲ့ ခံစားမှုတွေအားလုံးက လက်ရှိအချိန်မှာ ဖြစ်ပျက်တဲ့အရာတွေပေါ်မှာပဲ မူတည်ပါတယ်။ တစ်ခါတစ်လေမှာ သူတို့စိတ်ထဲမှာ မကောင်းတာတွေဖြစ်လာတတ်ပြီး အရုပ်လုတာ၊ ရန်ဖြစ်တာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း အခြားစိတ်ဝင်စားစရာတစ်ခုခုကို တွေ့လိုက်တာနဲ့ သူတို့ရဲ့ မကောင်းတဲ့စိတ်ကို လွှတ်ချလိုက်ကြပါတယ်။ သူတို့ ပြန်ပြီး ပျော်ရွှင်ကြရပါတယ်။ လူကြီးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ဖြစ်ရပ်တစ်ခုအပေါ်မှာ ဒေါသတွေ၊ အဃာတတွေကို သိမ်းထားတတ်ကြပြီး အတိတ်မှာပဲ ပိတ်မိနေတတ်ကြပါတယ်။ လက်ရှိအချိန်ကို အရှိအရှိအတိုင်းမခံစားတတ်ကြပါဘူး။ ဒီလိုနဲ့ လက်ရှိအချိန်ရဲ့ ပျော်ရွှင်စရာအကြောင်းအရာတွေကို မခံစားနိုင်ကြရပါဘူး။

အာရုံမများပါနဲ့
ကလေးတွေက အရုပ်ဆက်ကစားနေရင် အရုပ်ကိုပဲ ဆက်နေတတ်ပါတယ်။ အရုပ်ဆက်မကစားတော့ဘူးဆိုရင် သူ ဆွဲချင်တဲ့ ပုံအကြောင်းကို စဉ်းစားချင်စဉ်းစာနေပါလိမ့်မယ်။ ဒါမှမဟုတ် နောက်တစ်နေ့ကျရင် ဘယ်လိုပုံစံကို အရုပ်တွေနဲ့ ဆက်မလဲဆိုတာကို တွေးရင်တွေးနေပါလိမ့်မယ်။ ကလေးတွေဟာ တစ်ခုဆို တစ်ခုထဲကိုပဲ အာရုံစိုက်တတ်ကြပါတယ်။
လူကြီးတွေအတွက်တော့ တစ်ချိန်တည်းမှာပဲ အာရုံစိုက်စရာတွေ များလာတဲ့အတွက် စိတ်ဖိစီးမှုတွေ ဖြစ်လာပါတယ်။ လုပ်စရာရှိတာတွေများလာတဲ့အခါမှာ တစ်ချိန်တည်းတပြိုင်နက်တည်း လုပ်နိုင်အောင် ကြိုးစားကြပါတယ်။ ဒီအခါမှာ တစ်ခုချင်းစီကို အပြည့်အဝအာရုံမစိုက်နိုင်တဲ့အတွက် ပင်ပန်းရပြန်ပါတယ်။ အသက်ရှုဖို့အချိန်မရှိလောက်အောင်ကို ပြေးလွှားလှုပ်ရှားရုန်းကန်နေကြရပါတယ်။ အဆိုးဆုံးကတော့ ဒီလောက်လုပ်ပေမယ့် ဘာမှဖြစ်မြောက်အောင် မပြီးစီးတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အရင်ဆုံးပြီးရမယ့်ကိစ္စတွေ အာရုံစိုက်ပါ။ တစ်ခုပြီးမှ နောက်တစ်ခုကို လုပ်ဆောင်ပါ။ ဒီလိုဆိုရင် ပိုပြီးသက်တောင့်သက်သာရှိသလို စိတ်ဖိစီးမှုလည်း လျော့ပါးသွားမှာ ဖြစ်ပါတယ်။

စိတ်ကူးစိတ်သန်းကို အသုံးချပါ
ကလေးတွေက အချိန်တိုင်းမှာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းကို အသုံးချကြပါတယ်။ သူတို့ဟာ မှော်ဆန်တဲ့ပုံပြင်တွေ၊ စိတ်ကူးတွေ၊ လက်တွေ့မှာမဖြစ်နိုင်တဲ့အရာတွေကို သဘောကျတတ်ကြပါတယ်။ ဒီအချက်ကို စဉ်းစားကြည့်မယ်ဆိုရင် စိတ်ကူးယဉ်ခြင်းဟာ ပျော်ရွှင်မှုရဲ့ မျိုးစေ့ဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို တွေးပြီးမြင်ယောင်ကြည့်နေမယ်ဆိုရင် ပျော်ရွှင်တဲ့ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ လူကြီးတွေက စိတ်ကူးစိတ်သန်းကို မသုံးတတ်ကြတာ များပါတယ်။ ကျောင်းစာသင်ခန်းတွေထဲမှာ ယုတ္တိရှိရှိတွေးခေါ်တတ်ဖို့ပဲ သင်ပေးလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စီစဉ်ထားတဲ့အတိုင်း၊ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ မပျော်မရွှင်ဖြစ်တတ်ကြပါတယ်။ အခြားဖြစ်နိုင်ချေတွေကို မမြင်တတ်ကြပါဘူး။ ဒါဟာ စိတ်ကူးစိတ်သန်းကို အသုံးမချမိတာကြောင့်ပဲ ဖြစ်ပါတယ်။

အနာဂတ်မှာ ဘာမဆိုဖြစ်နိုင်တယ်
ကလေးတွေအတွက် သူတို့ဘဝမှာ ဘာမဆိုဖြစ်နိုင်ချေရှိပါတယ်။ သူတို့စိတ်တိုင်းကျ ပုံဖော်နိုင်တဲ့ ဘဝရှိပါတယ်။ သူတို့အတွက် အချိန်မရှိတော့ဘူးလို့ ခံစားနေစရာအကြောင်းလဲ မရှိပါဘူး။ သိလည်းမသိကြပါဘူး။ လူကြီးတွေကတော့ တစ်ခါတစ်လေမှာ တစ်ခုခုလုပ်ဖို့ အရမ်းနောက်ကျနေပြီလို့ ထင်တတ်ကြပါတယ်။ ဘယ်အရာမှနောက်ကျတယ်ဆိုတာ မရှိပါဘူး။ သင့်အနေနဲ့ လုပ်ချင်တာတစ်ခုခုရှိခဲ့ရင် လုပ်လိုက်စမ်းပါ။ ဒီလိုမဟုတ်ရင်တော့ နောင်တတွေနဲ့ ဘဝကိုပဲ ရရှိပြီး ပျော်ရွှင်မှုကတော့ ထွက်ပြေးသွားပါလိမ့်မယ်။

ပျော်ပျော်နေပါ
ကလေးတွေဟာ သေးငယ်တဲ့အရာလေးတွေမှာတောင်မှ ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိတတ်တာကြောင့် အမြဲတမ်း ပျော်ရွှင်နေတတ်ကြပါတယ်။ လိပ်ပြာလေးတွေကို တွေ့ရင်ပျော်တယ်၊ ခွေးပေါ်ကို ခုန်ကျော်လိုက်ရတာကို ပျော်တယ်၊ မုန့်ဆိုင်သွားရတာကိုလည်း ပျော်တတ်ကြပါတယ်။ သူတို့က အခြေအနေတွေကို စိစစ်ဝေဖန်မနေသလို လူတွေအကြောင်းလည်း သိပ်မတွေးတတ်ကြပါဘူး။ အားလုံးကို ရိုးရိုးရှင်းရှင်းပဲ ထင်မှတ်ယူထားကြပါတယ်။

လူကြီးတစ်ယောက်အနေနဲ့ ပျော်ပျော်နေနိုင်ဖို့ဆိုရင် နေ့စဉ်မှတ်တမ်းတစ်ခု ရေးပါ။ သင့်ဘဝကို လက်ရှိအချိန်မှာ ပျော်စရာဖြစ်စေတဲ့အရာတွေ၊ အထောက်အကူဖြစ်စေတဲ့အရာတွေ၊ ကြည်နူးစရာတွေကို ချရေးထားပါ။ ပြီးရင် သင့်အတွက်ပျော်ရွှင်စရာဖြစ်စေမယ့် အရာတစ်ခုခုကို မဖြစ်မနေလုပ်ဆောင်ပါ။

အကောင်းမြင်စိတ်မွေးပြီး ကောင်းအောင်နေပါ။ အခြားသူတွေကို ယုံကြည်ပါ
ကလေးတွေဟာ အမြဲတမ်းအကောင်းမြင်စိတ်ရှိကြပါတယ်။ သူတို့ကိုယ် သူတို့လည်း ကောင်းအောင်နေကြပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်နာကျင်စေလိုတဲ့ ရည်ရွယ်ချက်မရှိသလို သူတို့ကိုလည်း ဘယ်သူကမှ နာကျင်အောင် မလုပ်ဘူးလို့ ယုံကြည်တတ်ကြပါတယ်။ ဒါ့ကြောင့် စိတ်ပူစရာမရှိပဲ တစ်နေ့လုံးပျော်နေနိုင်ပါတယ်။

လူတိုင်းက ကလေးတွေလိုပဲ နေထိုင်ဆက်ဆံမယ်ဆိုရင် လောကကြီးဘယ်လောက်သာယာသွားမလဲဆိုတာ စဉ်းစားကြည့်ပါ။ လူကြီးတွေအနေနဲ့ သူတို့ရဲ့အတ္တတွေ၊ မာနတွေကို ဘေးချပြီး အချင်းချင်း စာနာတတ်အောင် ကလေးတွေဆီက သင်ယူရမှာဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ ပျော်ရွှင်မှုတွေကို ဖန်တီးနိုင်ပါတယ်။

ဆန္ဒတွေပြည့်ဝမယ်လို့ အပြည့်အဝယုံကြည်ထားပါ
ကလေးတွေဟာ သူတို့ရဲ့ဆန္ဒတွေ တစ်နေ့နေ့မှာ ပြည့်ဝမယ်လို့ ယုံကြည်ထားကြသူတွေဖြစ်ပါတယ်။ သူတို့လိုချင်တာကို မရမချင်း ဒီဆန္ဒကို လက်မလွှတ်တတ်ကြပါဘူး။

ကျွန်တော်တို့ လူကြီးတွေအနေနဲ့ရော စိတ်ကူးအိပ်မက်တွေကို တကယ်ဖြစ်လာမယ်လို့ ယုံကြည်ကြပါသလား။ မဖြစ်နိုင်ဖို့ များပါတယ်။ ကျွန်တော်တို့ဟာ မလိုလားအပ်တဲ့ စိုးရိမ်သောကတွေနဲ့ ပြည့်နေကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားကြပါတယ်။ အဆင်မပြေတာတွေများလာတာနဲ့ စိတ်ကူးအိပ်မက်တွေကို လွှတ်ချပြီး လက်လျှော့အရှုံးပေးလိုက်ကြတာ များပါတယ်။

သင်လည်း ငယ်ရာက ကြီးလာတာဖြစ်ပါတယ်။ အရင်က ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ကလေးဘဝက ပျော်ရွှင်မှုတွေကို ပြန်လည်ခံစားပါ။ ကလေးတွေရဲ့ ရိုးရှင်းတဲ့ ခံယူချက်၊ ပျော်ရွှင်မှုတွေကို အတုယူပြီး သင့်ဘဝအတွ့် ပြန်အသုံးချပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine