ေအာင္ျမင္ခ်င္ရင္ စိုးရိမ္မေနသင့္တဲ့ အေၾကာင္း (၄)ခု
(Zawgyi)
ေစ်းကြက္သစ္ထြင္ စြန္႔ဦးလုပ္ငန္းရွင္တစ္ေယာက္ရဲ႕ ေအာင္ျမင္မႈခရီးလမ္းဟာ ဘ၀မွာအေတြ႕အၾကံဳမ်ားစြာကို ရရွိေစႏိုင္တဲ့ ခရီးျဖစ္ပါတယ္။ ေအာင္ျမင္ဖို႔အတြက္ စိတ္အားထက္သန္ရာကို လုပ္ေဆာင္ဖို႔၊ အလုပ္ႀကိဳးစားဖို႔ စသျဖင့္ ေျပာၾကတာေတြ ၾကားဖူးပါလိမ့္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အမွန္တကယ္ႀကိဳးစားမယ္ဆိုရင္ လုပ္ငန္းတစ္ခုဟာ အက်ိဳးအျမတ္ျဖစ္ထြန္းၿပီး ေအာင္ျမင္ႏိုင္ပါတယ္။ ဒါေပမယ့္ လိုအပ္တဲ့ စည္းစနစ္နဲ႔ အာရုံစူးစိုက္မႈမရွိရင္ လုပ္ငန္းက ဘ၀တစ္ခုလံုးကို သိမ္းပိုက္သြားတတ္ပါတယ္။
ဘာကိုအာရုံစိုက္ရမလဲဆိုတာကို သိျခင္းက ၀င္ေငြကို ေျပာင္းလဲေစပါတယ္။ ဒါေပမယ့္ အလုပ္နဲ႔ဘ၀ ဟန္ခ်က္ညီမွ်ၿပီး ေငြေၾကးဆိုင္ရာေအာင္ျမင္မႈတဆင့္တက္ႏိုင္ဖို႔ကေတာ့ လစ္လ်ဴရႈသင့္တဲ့ အရာအခ်ိဳ႕ကို သိထားဖို႔ လိုအပ္ပါတယ္။ အာရုံစိုက္မႈ မွားယြင္းခဲ့မယ္ဆိုရင္ အခ်ိန္ေတြ၊ ခြန္အားေတြနဲ႔ တီထြင္ဖန္တီးမႈေတြကို ျဖဳန္းတီးပစ္လိုက္သလိုပါပဲ။ ဒါ့ေၾကာင့္ စစ္မွန္တဲ့ေအာင္ျမင္မႈကို တည္ေဆာက္ႏုိင္ဖို႔အတြက္ လစ္လ်ဴ႐ႈထားသင့္တဲ့ အရာ(၄)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ လုပ္ခဲ့မိတဲ့ အမွားေတြ
လူတိုင္း အမွားနဲ႔မကင္းႏိုင္ၾကပါဘူး။ ဒါေပမယ့္ အမွားအတြက္ ထိခိုက္ခံစားေနမယ္ဆိုရင္ေတာ့ ေန႔တိုင္းကိုယ္ဒုကၡကိုယ္ရွာေနသလိုပါပဲ။ အမွားေတြကေန သင္ခန္းစာယူရမွာျဖစ္ပါတယ္။ ဒါေပမယ့္ စြန္႔ဦးလုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ားက အမွားေတြရဲ႕ ေျခာက္လွန္းျခင္းကို ခံေနရၾကပါတယ္။ အတိတ္ကို ေျပာင္းလဲလို႔ မရႏိုင္ပါဘူး။ အမွားကေန ပညာယူပါ။ ေတာင္းပန္စရာလိုအပ္ရင္ ေတာင္းပန္လိုက္ပါ။ အမွားေတြကိုပဲ အာရုံစိုက္ေနမယ္ဆိုရင္ ေရွ႕ဆက္ရမယ့္ကိစၥေတြအတြက္ စိတ္ဓာတ္ခြန္အား ဆံုး႐ႈံးရပါလိမ့္မယ္။
၂။ စီးပြားေရး အေျခအေနေတြ
စြန္႔ဦးတီထြင္လုပ္ငန္းရွင္ အမ်ားစုက သူတို႔မထိန္းခ်ဳပ္ႏိုင္တဲ့ စီးပြားေရးအေျခအေနနဲ႔ ပတ္သက္ၿပီး အာရုံမ်ားတတ္ၾကပါတယ္။ မူ၀ါဒေတြနဲ႔ ေစ်းကြက္အင္အားစုေတြက လုပ္ငန္းကို သက္ေရာက္တာ မွန္ပါတယ္။ ဒါေပမယ့္ ဒီလိုအေျခအေနေတြမွာ လုပ္ငန္းကို ဘယ္လိုလည္ပတ္မလဲဆိုတာကိုပဲ အာရုံစိုက္ထားသင့္ပါတယ္။ ေျပာင္းလဲဖို႔ လက္လွမ္းမမွီနိုင္တဲ့ စီးပြားေရးအေျခအေနေတြကို အာရုံစိုက္ေနတာက စိုးရိမ္မႈေတြ၊ အလုပ္မလုပ္ႏိုင္တာေတြပဲ ျဖစ္လာေစပါတယ္။ ဒါ့ေၾကာင့္ စီးပြားေရးသတင္းေတြကို အလြန္အကၽြံအာရုံစိုက္မေနပဲ လုပ္ငန္းရပ္တည္မႈ ခိုင္မာေအာင္ပဲ ႀကိဳးစားလိုက္ပါ။
၃။ ၿပိဳင္ဘက္ေတြ
ၿပိဳင္ဖက္ေတြအေၾကာင္းကို မိမိလုပ္ငန္းနဲ႔ ဘယ္လိုကြဲျပားျခားနားလဲဆိုတာ သိရရုံေလာက္ပဲ ေကာင္းပါတယ္။ ဒီထက္လြန္သြားၿပီး ႏႈိင္းယွဥ္ၾကည့္ေနမယ္ဆိုရင္ေတာ့ ဘာအက်ိဳးအျမတ္မွရလာမွာ မဟုတ္ပါဘူး။ လုပ္ငန္းတစ္ခုကို ၿပိဳင္ဖက္လုပ္ငန္းေတြနဲ႔ ႏႈိင္းယွဥ္ေနမယ့္အစား သင့္လုပ္ငန္းကို လက္ရွိအေနအထားထက္ ပိုေကာင္းတဲ့ အေနအထားျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ အာရံုစိုက္သင့္ပါတယ္။
၄။ အနာဂတ္
ဒီေန႔ကို မ်က္လံုးတစ္ဖက္နဲ႔ ၾကည့္ၿပီး အနာဂတ္ကို ေနာက္တစ္ဖက္နဲ႔ လွမ္းေမွ်ာ္ၾကည့္ေနမယ္ဆိုရင္ ဒီေန႔အတြက္ မ်က္လံုးတစ္ဖက္ ဆံုး႐ႈံးလိုက္ရပါၿပီ။ ဒီေန႔ကို အျပည့္အ၀အာရုံမစိုက္ႏိုင္ဘူးဆိုရင္ အေကာင္းဆံုးဆိုတာ ျဖစ္လာမွာမဟုတ္ပါဘူး။ ေနာက္တစ္ရက္အတြက္ ဒါမွမဟုတ္ ေနာက္ထပ္လုပ္ငန္းတစ္ခုအတြက္ စိုးရိမ္တာက လြယ္ပါတယ္။ ဒါေပမယ့္ ဒီလိုစိုးရိမ္ေနမယ္ဆိုရင္ လက္ရွိအခ်ိန္၊ လက္ရွိလုပ္ငန္းအတြက္ အလားအလာေတြကို လုယက္ခံလိုက္ရသလိုပါပဲ။ ဒီေန႔မွာပဲ သင့္လုပ္ငန္းကို ပိုေကာင္းေအာင္၊ ပိုခိုင္မာေအာင္လုပ္ေပးႏိုင္တဲ့ အခြင့္အေရးေတါ အမ်ားႀကီးရွိေနပါတယ္။
သင့္အေနနဲ႔ ထိန္းခ်ဳပ္လို႔မရႏိုင္တဲ့ အရာေတြကို အာရုံစိုက္မေနဘူးဆိုရင္ လုပ္ငန္းတစ္ခုကို အေကာင္းဆံုး တည္ေဆာက္လာႏိုင္မွာျဖစ္ပါတယ္။ ထိန္းခ်ဳပ္ကိုင္တြယ္လိုရတာေတြကိုပဲ အာရုံစိုက္ပါ။ ဒီေန႔မွာ တိုးတက္မႈ တစ္စံုတစ္ရာမေတြ႕ရေပမယ့္ အခ်ိန္တစ္ခုေရာက္တဲ့အခါမွာ အလြယ္တကူထိန္းခ်ဳပ္ကိုင္တြယ္ႏိုင္တဲ့ လုပ္ငန္းႀကီးတစ္ခုျဖစ္လာမွာ ေသခ်ာပါတယ္။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++++
အောင်မြင်ချင်ရင် စိုးရိမ်မနေသင့်တဲ့ အကြောင်း (၄)ခု
(Unicode)
စျေးကွက်သစ်ထွင် စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ရဲ့ အောင်မြင်မှုခရီးလမ်းဟာ ဘဝမှာအတွေ့အကြုံများစွာကို ရရှိစေနိုင်တဲ့ ခရီးဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက် စိတ်အားထက်သန်ရာကို လုပ်ဆောင်ဖို့၊ အလုပ်ကြိုးစားဖို့ စသဖြင့် ပြောကြတာတွေ ကြားဖူးပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမှန်တကယ်ကြိုးစားမယ်ဆိုရင် လုပ်ငန်းတစ်ခုဟာ အကျိုးအမြတ်ဖြစ်ထွန်းပြီး အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ စည်းစနစ်နဲ့ အာရုံစူးစိုက်မှုမရှိရင် လုပ်ငန်းက ဘဝတစ်ခုလုံးကို သိမ်းပိုက်သွားတတ်ပါတယ်။
ဘာကိုအာရုံစိုက်ရမလဲဆိုတာကို သိခြင်းက ၀င်ငွေကို ပြောင်းလဲစေပါတယ်။ ဒါပေမယ့် အလုပ်နဲ့ဘဝ ဟန်ချက်ညီမျှပြီး ငွေကြေးဆိုင်ရာအောင်မြင်မှုတဆင့်တက်နိုင်ဖို့ကတော့ လစ်လျူရှုသင့်တဲ့ အရာအချို့ကို သိထားဖို့ လိုအပ်ပါတယ်။ အာရုံစိုက်မှု မှားယွင်းခဲ့မယ်ဆိုရင် အချိန်တွေ၊ ခွန်အားတွေနဲ့ တီထွင်ဖန်တီးမှုတွေကို ဖြုန်းတီးပစ်လိုက်သလိုပါပဲ။ ဒါ့ကြောင့် စစ်မှန်တဲ့အောင်မြင်မှုကို တည်ဆောက်နိုင်ဖို့အတွက် လစ်လျူရှုထားသင့်တဲ့ အရာ(၄)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ လုပ်ခဲ့မိတဲ့ အမှားတွေ
လူတိုင်း အမှားနဲ့မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် အမှားအတွက် ထိခိုက်ခံစားနေမယ်ဆိုရင်တော့ နေ့တိုင်းကိုယ်ဒုက္ခကိုယ်ရှာနေသလိုပါပဲ။ အမှားတွေကနေ သင်ခန်းစာယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် စွန့်ဦးလုပ်ငန်းရှင်တော်တော်များများက အမှားတွေရဲ့ ခြောက်လှန်းခြင်းကို ခံနေရကြပါတယ်။ အတိတ်ကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ အမှားကနေ ပညာယူပါ။ တောင်းပန်စရာလိုအပ်ရင် တောင်းပန်လိုက်ပါ။ အမှားတွေကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ရှေ့ဆက်ရမယ့်ကိစ္စတွေအတွက် စိတ်ဓာတ်ခွန်အား ဆုံးရှုံးရပါလိမ့်မယ်။
၂။ စီးပွားရေး အခြေအနေတွေ
စွန့်ဦးတီထွင်လုပ်ငန်းရှင် အများစုက သူတို့မထိန်းချုပ်နိုင်တဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး အာရုံများတတ်ကြပါတယ်။ မူဝါဒတွေနဲ့ စျေးကွက်အင်အားစုတွေက လုပ်ငန်းကို သက်ရောက်တာ မှန်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေမှာ လုပ်ငန်းကို ဘယ်လိုလည်ပတ်မလဲဆိုတာကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။ ပြောင်းလဲဖို့ လက်လှမ်းမမှီနိုင်တဲ့ စီးပွားရေးအခြေအနေတွေကို အာရုံစိုက်နေတာက စိုးရိမ်မှုတွေ၊ အလုပ်မလုပ်နိုင်တာတွေပဲ ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် စီးပွားရေးသတင်းတွေကို အလွန်အကျွံအာရုံစိုက်မနေပဲ လုပ်ငန်းရပ်တည်မှု ခိုင်မာအောင်ပဲ ကြိုးစားလိုက်ပါ။
၃။ ပြိုင်ဘက်တွေ
ပြိုင်ဖက်တွေအကြောင်းကို မိမိလုပ်ငန်းနဲ့ ဘယ်လိုကွဲပြားခြားနားလဲဆိုတာ သိရရုံလောက်ပဲ ကောင်းပါတယ်။ ဒီထက်လွန်သွားပြီး နှိုင်းယှဉ်ကြည့်နေမယ်ဆိုရင်တော့ ဘာအကျိုးအမြတ်မှရလာမှာ မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုကို ပြိုင်ဖက်လုပ်ငန်းတွေနဲ့ နှိုင်းယှဉ်နေမယ့်အစား သင့်လုပ်ငန်းကို လက်ရှိအနေအထားထက် ပိုကောင်းတဲ့ အနေအထားဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အာရုံစိုက်သင့်ပါတယ်။
၄။ အနာဂတ်
ဒီနေ့ကို မျက်လုံးတစ်ဖက်နဲ့ ကြည့်ပြီး အနာဂတ်ကို နောက်တစ်ဖက်နဲ့ လှမ်းမျှော်ကြည့်နေမယ်ဆိုရင် ဒီနေ့အတွက် မျက်လုံးတစ်ဖက် ဆုံးရှုံးလိုက်ရပါပြီ။ ဒီနေ့ကို အပြည့်အဝအာရုံမစိုက်နိုင်ဘူးဆိုရင် အကောင်းဆုံးဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ နောက်တစ်ရက်အတွက် ဒါမှမဟုတ် နောက်ထပ်လုပ်ငန်းတစ်ခုအတွက် စိုးရိမ်တာက လွယ်ပါတယ်။ ဒါပေမယ့် ဒီလိုစိုးရိမ်နေမယ်ဆိုရင် လက်ရှိအချိန်၊ လက်ရှိလုပ်ငန်းအတွက် အလားအလာတွေကို လုယက်ခံလိုက်ရသလိုပါပဲ။ ဒီနေ့မှာပဲ သင့်လုပ်ငန်းကို ပိုကောင်းအောင်၊ ပိုခိုင်မာအောင်လုပ်ပေးနိုင်တဲ့ အခွင့်အရေးတေါ အများကြီးရှိနေပါတယ်။
သင့်အနေနဲ့ ထိန်းချုပ်လို့မရနိုင်တဲ့ အရာတွေကို အာရုံစိုက်မနေဘူးဆိုရင် လုပ်ငန်းတစ်ခုကို အကောင်းဆုံး တည်ဆောက်လာနိုင်မှာဖြစ်ပါတယ်။ ထိန်းချုပ်ကိုင်တွယ်လိုရတာတွေကိုပဲ အာရုံစိုက်ပါ။ ဒီနေ့မှာ တိုးတက်မှု တစ်စုံတစ်ရာမတွေ့ရပေမယ့် အချိန်တစ်ခုရောက်တဲ့အခါမှာ အလွယ်တကူထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်လာမှာ သေချာပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine