(Zawgyi)
၁။ Spontaneous Sex
၂။ Hotel Sex
၃။ Rough Sex
၎။ Sensual Sex
၅။ Oral Sex
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++
မိန်းကလေးတွေ သဘောကျသည့် ချစ်တင်းနှောမှု အမျိုးအစားများ
(Unicode)
ယောင်္ကျားလေးတွေအနေနဲ့ ချစ်တင်းနှောတဲ့ကိစ္စမှာ ဘယ်လိုပဲဖြစ်ဖြစ် သာယာမှုကို ပိုခံစားတတ်ကြရသူတွေ ဖြစ်ပါတယ်။ ဘယ်လိုအနေအထား၊ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ယောင်္ကျားလေးတွေက သဘောကျခံစားတတ်ကြပါတယ်။ ဒါပေမယ့် အိပ်ခန်းထဲမှာ သာယာမှုခံစားနေတာ သင် တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။ တကယ်တော့ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် မိန်းကလေးတွေ ပိုပြီး ခံစားတတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ချင်းစီကလည်း သူတို့ကိစ္စပြီးမြောက်စေတဲ့အချက်တွေမှာ မတူညီတတ်ကြပါဘူး။ ဒါပေမယ့် ကံကောင်းတာက ကုတင်ပေါ်ရောက်တဲ့အခါ မိန်းကလေးအများစု တူညီစွာ လိုလားတောင့်တာကြတစ်ချို့ ရှိနေတာပဲဖြစ်ပါတယ်။ သူတို့ဟာ တပ်မက်မှုကို ခံစားချင်တယ်၊ အသိအမှတ်ပြု ခံရချင်တယ်၊ ပြီးတော့ အရေးအကြီးဆုံးက သူတို့ရဲ့ သာယာမှုကို ဦးစားပေးစေချင်တတ်ကြပါတယ်။ ဒါ့ကြောင့် ချစ်တင်းနှောတာနဲ့ ပတ်သက်လာရင် မိန်းကလေးတွေ သဘောကျတတ်တဲ့ အမျိုးအစားတွေကို သိထားမယ်ဆိုရင် အထောက်အကူဖြစ်စေနိုင်ပါတယ်။
၁။ Spontaneous Sex
မိန်းကလေးတွေက ချစ်သူရဲ့ လိုချင်တပ်မက်မှုကို ခံစားချင်တတ်ကြပါတယ်။ သေချာစီစဉ်ထားတာမျိုး မဟုတ်ပဲ နှစ်ဦးသားတွေ့ဆုံရင်း ရုတ်တရက် စိတ်တွေနိုးကြားတက်ကြွလာပြီး ချစ်တင်းနှောရတာမျိုးကို သဘောကျတတ်ကြပါတယ်။ ဘယ်အချိန်ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သူမကို လိုအပ်လာတဲ့အကြောင်း ပြောပြပြီး စိတ်ကြွလာအောင် လုပ်ဆောင်ပါ။ သင်တို့ ရုတ်တရက်ချစ်တင်းနှောတဲ့ နေရာနဲ့ အချိန်ပေါ်မှာလိုက်ပြီး တစ်ယောက်ယောက်က မြင်တွေ့သွားမှာကို စိုးရိမ်စိတ်ကလည်း စိတ်လှုပ်ရှားမှုကို တိုးစေနိုင်ပါတယ်။ လေ့လာမှုတွေအရ လူမိခံရနိုင်တဲ့နေရာတွေမှာ ချစ်တင်းနှောဖို့ကို မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက် ပိုပြီးသဘောကျတတ်တယ်လို့လည်း ဆိုပါတယ်။
၂။ Hotel Sex
ဟိုတယ်မှာ ချစ်တင်းနှောရတာကိုတော့ သဘောမကျတဲ့သူ မရှိသလောက်ပါပဲ။ ဘယ်သူဘယ်ဝါဆိုတာ နာမည်ဖော်ပြစရာမလိုတဲ့ ဇိမ်ခံပစ္စည်းတွေအပြည့်နဲ့ နေရာတစ်ခုမှာ ချစ်တင်းနှောရရမယ်ဆိုတဲ့ ခံစားချက်က မိန်းကလေးတွေကို စိတ်ကြွစေပါတယ်။ သန့်ရှင်းသစ်လွင်တဲ့ အိပ်ရာခင်းတွေ၊ အခန်းဝန်ဆောင်မှုတွေနဲ့ လိုအပ်တာတွေကို လှမ်းပြောလိုက်ရုံနဲ့ ၀န်ဆောင်မှုပေးခံတာတွေက စိတ်ကို ပြေလျှော့ပြီး ခံစားမှုအရှိန်ကို မြင့်တက်စေမှာပါ။ နောက်တစ်ချက်က Do Not Disturb (မနှောက်ယှက်ရ) ကဒ်ပြားလေးချိတ်ထားလိုက်တာနဲ့ အခြားနေရာတွေမှာလို စိတ်ပူနေစရာမလိုပဲ စိတ်ရှိတိုင်းချစ်လို့ ရမှာဖြစ်ပါတယ်။
၃။ Rough Sex
ယောင်္ကျားကောင်းတစ်ယောက်ဟာ မိန်းမကို လက်နဲ့တောင် မရွယ်ရဘူးဆိုတဲ့ စကားရှိပါတယ်။ ဒါပေမယ့် အိပ်ရာထဲမှာတော့ ခပ်ကြမ်းကြမ်းလှုပ်ရှားတတ်တာမျိုးကို မိန်းကလေးတွေက သဘောကျတတ်ကြပြန်ပါတယ်။ မိန်းကလေးအများစုဟာ လိင်ပိုင်းဆိုင်ရာအရ လွှမ်းမိုးခံတာကို လိုချင်တတ်ကြပါတယ်။ ခွင့်ပြုထားသလောက်အထိ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုးကို တောင့်တကြပါတယ်။ အရင်ဆုံး သူမအနေနဲ့ ခပ်ကြမ်းကြမ်းဆက်ဆံတာမျိုး လိုချင်လာ သိအောင်လုပ်ပါ။ ပြီးရင် နှစ်ယောက်စလုံးအတွက် ဘေးဥပါဒ်မဖြစ်စေနိုင်လောက်မယ့် စည်းကမ်းတွေ ချမှတ်ပြီး လှုပ်ရှားပါ။ ဆံပင်ကို ဆွဲတာ၊ တင်ပါးကို ရိုက်တာ၊ မျက်လုံးကို ပိတ်ချည်ထားတာ၊ လက်ပြန်ကြိုးတုပ်တာ စတာတွေက တမူထူးခြားတဲ့ စိတ်လှုပ်ရှားသာယာမှုတွေကို ပေးနိုင်မှာပါ။
၄။ Sensual Sex
ဒီလို ချစ်တင်းနှောမှုအမျိုးအစားကို မိန်းကလေးတွေ ကြိုက်တတ်တာ ယောင်္ကျားလေးအများစု သိပြီးသားဖြစ်မှာပါ။ ဖယောင်းတိုင်လေးတွေ၊ ရေချိုးကန်မှာ အတူစိမ်တာ၊ တစ်ကိုယ်လုံး နှိပ်နယ်ပေးတာ၊ သာယာနူးညံ့တဲ့ တေးဂီတသံလေး ဖွင့်ထားတာ စတဲ့ အရမ်းရိုဆန်တဲ့ အပြင်အဆင်နဲ့ စိတ်ကို ဖြည်းဖြည်းချင်း နှိုးဆွယူတာမျိုး ဖြစ်ပါတယ်။ အရင်ဆုံး အလုပ်တွေအားအောင် လုပ်ပါ။ နေရာတစ်ခုရွေးပါ။ တစ်နေ့လုံး တစ်ညလုံး သူမကို အာရုံစိုက်နေမယ့်အကြောင်း သိနေပါစေ။ ဖုန်းတွေ၊ တီဗွီတွေ ပိတ်ထားပါ။ အပျိုးပိုင်းက အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။ အချိန်ယူပါ။ ဖြည်းဖြည်းချင်း အထိအတွေ့ကို ခံစားနိုင်မယ့်နေရာတွေကို ဖော်ထုတ်ပြီး နှိုးဆွပေးပါ။ စိတ်ပါလက်ပါနဲ့ လုပ်ပါ။ သူမ သဘောကျမှာ သေချာပါတယ်။
၅။ Oral Sex
ချစ်တင်းနှောခြင်းက ပီဇာတစ်ခုဆိုရင် ပါးစပ်နဲ့လုပ်ခြင်း (Oral Sex) က ရေခဲမုန့်လိုပါပဲ။ သေချာလုပ်ကိုင်တတ်ရင် အရသာရှိသလောက် ဖြစ်သလိုလုပ်ရင်တော့ စိတ်ပျက်စရာဖြစ်ပါတယ်။ အရင်ဆုံး နှစ်ယောက်စလုံးအတွက် သက်တောင့်သက်သာဖြစ်စေမယ့် ပုံစံတစ်ခုကို ရွေးချယ်ပါ။ ဒီအချိန်မှာ အဓိကနေရာကို အလောတကြီးသွားတာက မဟာအမှားတစ်ခုပါပဲ။ အချိန်ပေးပြီး သူမရဲ့ ပန်းဖူး (Clitoris) နားတဝိုက်က အာရုံခံစားနိုင်တဲ့နေရာတွေကို အရင်နှိုးဆွပါ။ စက္ကန့်သုံးဆယ်လောက် ကြာပြီးတော့မှ ပန်းဖူးလေးကို ဖြည်းဖြည်းချင်း နှိုးဆွရင်း ဘယ်လိုတုံ့ပြန်မှုရှိလဲဆိုတာ သတိထားကြည့်ပါ။ သူမရဲ့ ခံစားမှု မြင့်တက်စေဖို့အတွက် လက်ကိုသုံးသင့်ရင် သုံးပါ။ Oral Sex ဟာ သင့်ကောင်မလေးရဲ့ သာယာမှုအတွက် အချိန်ပေးအားထုတ်ရတဲ့ အလုပ်ဖြစ်ပါတယ်။ သင့်အနေနဲ့ သူမရဲ့ သာယာမှုကိုလည်း အလေးထားကြောင်း ပြသပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine