သုညနဲ႔ စတင္ခဲ့ၾကသူမ်ား
(Zawgyi)
ေအာင္ျမင္မႈဆိုတာ အလြယ္တကူရရွိႏိုင္တဲ့ အရာမဟုတ္ပါဘူး။ ဒါေပမယ့္ တစ္ခ်ိဳ႕ပုဂၢိဳဟ္ေတြကေတာ့ ပံုမွန္ထက္ပိုၿပီး ခက္ခဲၾကမ္းတမ္းမႈေတြကို ျဖတ္ေက်ာ္ၿပီး ထိပ္ဆံုးထိေရာက္ေအာင္ တက္လွမ္းႏိုင္ခဲ့ၾကပါတယ္။ ဒီအေၾကာင္းအရာေတြကို သိထားမယ္ဆိုရင္ ေအာက္ဆံုးေရာက္ေနသည့္တိုင္ေအာင္ အျမင့္ဆံုးေအာင္ျမင္မႈကို လွမ္းယူႏိုင္ဖို႔အတြက္ မျဖစ္ႏိုင္ဘူးဆိုတာနဲ႔ ေနာက္က်သြားၿပီဆိုတာ မရွိတဲ့အေၾကာင္း နားလည္လာမွာပါ။ ဒါ့ေၾကာင့္ ဘာမွမရွိတဲ့ သုညဘ၀ကေန အားကစား၊ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ မီဒီယာ စတဲ့ နယ္ပယ္အသီးသီးမွာ ထိပ္ဆံုးေအာင္ျမင္မႈေတြ ရရွိလာသူေတြရဲ႕အေၾကာင္းကို ေဖာ္ျပလိုက္ပါတယ္။
၇။ Howard Schultz
ဘရြတ္ကလင္းၿမိဳ႕က ဆင္းရဲသားမိသားစုမွာ ေမြးဖြားလာခဲ့တဲ့ Howard Schultz ဟာ ငယ္စဥ္အခါက ထူးခၽြန္တဲ့ အားကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ေကာလိပ္ေက်ာင္းကို အားကစားထူးခၽြန္ ပညာသင္စရိတ္နဲ႔ တက္ေရာက္ခဲ့ၿပီး ဘြဲ႕ရၿပီးတဲ့ေနာက္မွာ Xerox ကုမၸဏီမွာ အေရာင္း၀န္ထမ္းလုပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ ဆြီဒင္ ေကာ္ဖီလုပ္ငန္းတစ္ခုျဖစ္တဲ့ Hammarplast မွာ အေထြေထြမန္ေနဂ်ာအျဖစ္လုပ္ခဲ့ၿပီး ဆီယက္တဲလ္ၿမိဳ႕အေျခစိုက္ ေကာ္ဖီေစ့အေရာင္းဆိုင္တစ္ခုျဖစ္တဲ့ Starbucks နဲ႔ အဆက္အသြယ္ရခဲ့ပါတယ္။ ဒီေနာက္မွာေတာ Starbucks ကုမၸဏီမွာ ဆက္လုပ္ျဖစ္ၿပီး ကမာၻ႕ကသိတဲ့ Starbucks ေကာ္ဖီလုပ္ငန္းႀကီးကို တည္ေထာင္လာႏိုင္ခဲ့ပါတယ္။
၆။ Dr. Dre
လြန္ခဲ့တဲ့ ရာစုႏွစ္အတြင္းမွာ Rap ဂီတဟာ ေျမေအာက္အေပ်ာ္တမ္းလႈပ္ရွားမႈေတြကန ကမာၻနဲ႔ခ်ီတဲ့ ေရစီးေၾကာင္း တစ္ခုျဖစ္လာခဲ့ပါတယ္။ Rap ဂီတနဲ႔ ပတ္သက္လာရင္ Dr. Dre လို႔ လူသိမ်ားၾကတဲ့ Andre Young ေလာက္ လႊမ္းမိုးႏိုင္သူ အနည္းစုပဲရွိပါတယ္။ Dr. Dre ဟာ Rap ေလာကမွာ ၾသဇာတိကၠမႀကီးမားလွတဲ့ N.W.A Rap Group ရဲ႕ တည္ေထာင္သူအဖြဲ႕၀င္ျဖစ္သလို႔ တစ္ဦးခ်င္းလုပ္ရွားမႈေတြလည္း ရွိပါတယ္။ သူရဲ႕အထူးခၽြန္ဆံုးအပိုင္းကေတာ့ Mixing Board ေနာက္မွာပဲျဖစ္ပါတယ္။ Dr. Dre ဟာ အေအာင္ျမင္ဆံုး Rapper လို႔ ခ်ီးက်ဴးဂုဏ္ျပဳခံရတဲ့ Eminem ကို ေျမေတာင္ေျမွာက္ေပးခဲ့သူလည္း ျဖစ္ပါတယ္။ အႏုပညာရွင္၊ ထုတ္လုပ္သူ စတာေတြအျပင္ Dr. Dre ဟာ ေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။ Aftermath Records အမည္ရ အသံသြင္းလုပ္ငန္းတစ္ခုကို တည္ေထာင္ထားသလို Beats အမွတ္တံဆိပ္နဲ႔ Headphones ေတြကိုလည္း ထုတ္လုပ္ခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ဒီ Headphones မူပိုင္ခြင့္ကို Apple ကုမၸဏီက ေဒၚလာ (၃)ဘီလီယံနဲ႔ ၀ယ္ယူခဲ့တဲ့အတြက္ Dr. Dre ဟာ အခ်မ္းသာဆံုး Rapper တစ္ေယာက္လည္း ျဖစ္လာခဲ့ပါတယ္။
၅။ Alan Rickman
Alan Rickman ဟာ အခုခ်ိန္မွာ ေဟာလိ၀ုဒ္ရုပ္ရွင္ေလာကရဲ႕ ေလးစားဂုဏ္ယူဖြယ္ နာမည္တစ္ခုျဖစ္ေနေပမယ့္ သူ႕ဘ၀ရဲ႕အစပိုင္း ဆယ္စုႏွစ္သံုးခုေလာက္က ရုပ္ရွင္ရိုက္ကြင္းနားေတာင္ မေရာက္ဖူးခဲ့ပါဘူး။ ငယ္စဥ္အခါက ဂရပ္ဖစ္ဒီဇိုင္နာတစ္ေယာက္အေနနဲ႔ အလုပ္လုပ္ခဲ့ၿပီး အသက္(၂၆)ႏွစ္ အရြယ္မွာ တစ္သက္မွာတစ္ခါပဲ ရွင္သန္ရတယ္ဆိုတာကို ေတြးမိခဲ့ပါတယ္။ ဒီလိုနဲ႔ သူငယ္ခ်င္းေတြနဲ႔ ေပါင္းစပ္လုပ္ကိုင္ခဲ့တဲ့ လုပ္ငန္းကို ပစ္ထားခဲ့ၿပီး သရုပ္ေဆာင္ေလာကကို ၀င္ေရာက္ခဲ့ပါတယ္။ အစပိုင္းမွာ အ၀တ္အစားဆင္ယင္ေပးသူအျဖစ္နဲ႔ လုပ္ကိုင္စားေသာက္ရၿပီး သရုပ္ေဆာင္စြမ္းရည္ကို လက္ခံလာႏိုင္ေအာင္ ႀကိဳးစားခဲ့ရပါတယ္။ သူ႔ကို လူသိမ်ားေအာင္ျမင္ေစခဲ့တာကေတာ့ Die Hard ဇာတ္ကားမွာ မင္းသားႀကီး Bruce Willis ရဲ႕ ဆန္႔က်င္ဘက္ ဗီလိန္ Hans Bruber အျဖစ္သရုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ နာမည္ေက်ာ္ ဗီလိန္ဇာတ္ေဆာင္တစ္ေယာက္ျဖစ္လာၿပီး Harry Potter စီးရီးေတြထဲက Severus Snape အျဖစ္နဲ႔လည္း သရုပ္ေဆာင္ခဲ့ပါေသးတယ္။ Alan Rickman သရုပ္ေဆာင္အျဖစ္နဲ႔ ပထမဆံုး စတင္သရုပ္ေဆာင္ရခ်ိန္မွာ သူ႔အသက္ (၄၆)ႏွစ္ ရွိေနၿပီျဖစ္ပါတယ္။
၄။ Barack Obama
အေမရိကန္သမၼတ Barack Obama ကလည္း မယံုႏိုင္ေလာက္စရာ ေအာင္ျမင္မႈကို ရယူႏိုင္ခဲ့သူ တစ္ဦးျဖစ္ပါတယ္။ Obama ကို အသက္(၁၈)ႏွစ္အရြယ္ တကၠသိုလ္ေက်ာင္းသူ မိခင္နဲ႔ သူမထက္ (၆)ႏွစ္ႀကီးတဲ ကင္ညာႏိုင္ငံသားဖခင္တို႔က ဟာ၀ိုင္အီမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ သူရဲ႕ ဘ၀က ပံုမွန္အတိုင္းပဲ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ ကိုလံဘီယာတကၠသိုလ္ကေန ဘြဲ႕ရၿပီးတဲ့ေနာက္မွာ Chicago က လူမႈအဖြဲ႕အစည္းတစ္ခုမွာ ႏွစ္အနည္းငယ္ၾကာေအာင္ အလုပ္လုပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Harvard ဥပေဒေက်ာင္းကို တက္ေရာက္ခဲ့ၿပီး Harvard ဥပေဒျပန္လည္စိစစ္ေရးအဖြဲ႕ရဲ႕ အယ္ဒီတာျဖစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဥကၠဌအထိ ျဖစ္လာခဲ့ပါတယ္။ ဥပေဒနဲ႔ (၁၂)ႏွစ္ၾကာေအာင္ အသက္ေမြး၀မ္းေက်ာင္းျပဳခဲ့ၿပီးေနာက္မွာေတာ့ အေမရိကန္ဆီးနိတ္လႊတ္ေတာ္မွာ ေရြးခ်ယ္ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ပထမဆံုး အာဖရိကန္ႏြယ္ဖြား အေမရိကန္နိုင္ငံသား လူမည္းသမၼတျဖစ္လာခဲ့ပါတယ္။
၃။ Harlan Sanders
Harlan Sanders ဆိုတဲ့ နာမည္ကို သတိမရရင္ေတာင္မွ KFC ဆိုရင္ သိၿပီးသားျဖစ္မွာပါ။ Harlan Sanders ဟာ သူ႔ဘ၀တစ္ေလွ်ာက္လံုးမွာ အလုပ္ေပါင္းစံုကို လုပ္ခဲ့ဖူးၿပီး ကံၾကမၼာက မ်က္ႏွာသာေပးျခင္းမခံခဲ့ရဖူးသူ ျဖစ္ပါတယ္။ သူဟာ ေရွ႕ေနတစ္ေယာက္အျဖစ္ကေန အလုပ္ျပဳတ္ခဲ့ဖူးသလို သူပိုင္ဆိုင္တဲ့ စားေသာက္ဆိုင္နဲ႔ ေမာ္တယ္တို႔လည္း မီးေလာင္းပ်က္စီးသြားခဲ့ဖူးပါတယ္။ ဒီအရာေတြကို ျပန္လည္တည္ေဆာက္ႏိုင္ခဲ့ေပမယ့္ ဒုတိယကမာၻစစ္ေၾကာင့္ စီးပြားေရးအဆင္မေျပျဖစ္ခဲ့ရျပန္ပါတယ္။ ေနာက္ဆံုးမွာေတာ့ Harlan Sanders ဟာ KFC ၾကက္ေၾကာ္လုပ္ငန္းစုၾကီးကို (၁၉၅၂)ခုႏွစ္မွာ တည္ေထာင္ႏိုင္ခဲ့ၿပီး ေအာင္ျမင္ခဲ့ပါတယ္။
၂။ Oprah Winfrey
ဒီကမာၻမွာ Oprah Winfrey ေလာက္ အေမရိကန္အိပ္မက္ မက္ဖူးတဲ့သူ ရွိမွာမဟုတ္ေလာက္ပါဘူး။ ဆယ္ေက်ာ္သက္အရြယ္ Single Mother တစ္ေယာက္ရဲ႕ သမီးျဖစ္သူ Oprah ဟာ လိမၼာထက္ျမက္ၿပီး ရည္မွန္းခ်က္ႀကီးသူျဖစ္ပါတယ္။ သူမရဲ႕ ပါရမီနဲ႔ အရည္အခ်င္းက စကားေျပာအစီအစဥ္ေတြအတြက္ အဆင္ေျပေအာင္ျမင္ခဲ့ပါတယ္။ အခုဆိုရင္ ၂၁ ရာစုရဲ႕ ကမာၻ႕ၾသဇာတိကၠမအႀကီးဆံုး ပုဂိၢဳဟ္စာရင္းမွာ ပါ၀င္ခဲ့ၿပီး ေအာ္စကာဆန္ကာတင္မင္းသမီး၊ ဘီလ်ံနာနဲ႔ အေမရိကန္မွာ အရက္ေရာဆံုး ပရဟိတသမွားတစ္ေယာက္လည္း ျဖစ္ေနပါၿပီ။
၁။ J.K. Rowling
Harry Potter စာအုပ္ေတြနဲ႔ ရုပ္ရွင္ဇာတ္လမ္းေတြ ကမာၻတစ္၀ွမ္းေက်ာ္ၾကားေအာင္ျမင္လာတဲ့အတြက္ ဒီစာအုပ္ေတြရဲ႕ စာေရးဆရာမ J.K Rowling ရဲ႕ ေအာင္ျမင္မႈကို မွန္းဆၾကည့္ႏိုင္မွာပါ။ ဒါေပမယ့္ J.K. Rowling ဟာ သူမရဲ႕ပထမဆံုး စာအုပ္ကို ထုတ္ေ၀ေပးမယ့္ စာအုပ္တိုက္ကို ေတြ႕ဖို႔ အခ်ိန္တစ္ႏွစ္ေလာက္ ၾကာခဲ့ပါတယ္။ စာအုပ္တိုက္ေပါင္းမ်ားစြာ သူမရဲ႕စာမူကို ျငင္းပယ္ခံေနခ်ိန္တစ္ေလွ်ာက္လံုးမွာ ဘ၀ကို ဆင္းဆင္းရဲရဲနဲ႔ ျဖတ္သန္းခဲ့ရပါတယ္။ အခုဆိုရင္ေတာ့ သူမစာအုပ္ေတြရဲ႕ ေအာင္ျမင္မႈနဲ႔အတူ ၿဗိတိန္မွာ အခ်မ္းသာဆံုး ပုဂၢိဳဟ္တစ္ဦးျဖစ္လာတဲ့အျပင္ စာေရးျခင္းကေန ေဒၚလာဘီလီယံခ်ီရရွိတဲ့ ဘီလ်ံနာတစ္ေယာက္လည္း ျဖစ္ေနပါၿပီ။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာက်ၤားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++++++++++++++++++++++
သုညနဲ့ စတင်ခဲ့ကြသူများ
(Unicode)
အောင်မြင်မှုဆိုတာ အလွယ်တကူရရှိနိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့ပုဂ္ဂိုဟ်တွေကတော့ ပုံမှန်ထက်ပိုပြီး ခက်ခဲကြမ်းတမ်းမှုတွေကို ဖြတ်ကျော်ပြီး ထိပ်ဆုံးထိရောက်အောင် တက်လှမ်းနိုင်ခဲ့ကြပါတယ်။ ဒီအကြောင်းအရာတွေကို သိထားမယ်ဆိုရင် အောက်ဆုံးရောက်နေသည့်တိုင်အောင် အမြင့်ဆုံးအောင်မြင်မှုကို လှမ်းယူနိုင်ဖို့အတွက် မဖြစ်နိုင်ဘူးဆိုတာနဲ့ နောက်ကျသွားပြီဆိုတာ မရှိတဲ့အကြောင်း နားလည်လာမှာပါ။ ဒါ့ကြောင့် ဘာမှမရှိတဲ့ သုညဘဝကနေ အားကစား၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ မီဒီယာ စတဲ့ နယ်ပယ်အသီးသီးမှာ ထိပ်ဆုံးအောင်မြင်မှုတွေ ရရှိလာသူတွေရဲ့အကြောင်းကို ဖော်ပြလိုက်ပါတယ်။
၇။ Howard Schultz
ဘရွတ်ကလင်းမြို့က ဆင်းရဲသားမိသားစုမှာ မွေးဖွားလာခဲ့တဲ့ Howard Schultz ဟာ ငယ်စဉ်အခါက ထူးချွန်တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကောလိပ်ကျောင်းကို အားကစားထူးချွန် ပညာသင်စရိတ်နဲ့ တက်ရောက်ခဲ့ပြီး ဘွဲ့ရပြီးတဲ့နောက်မှာ Xerox ကုမ္ပဏီမှာ အရောင်းဝန်ထမ်းလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဆွီဒင် ကော်ဖီလုပ်ငန်းတစ်ခုဖြစ်တဲ့ Hammarplast မှာ အထွေထွေမန်နေဂျာအဖြစ်လုပ်ခဲ့ပြီး ဆီယက်တဲလ်မြို့အခြေစိုက် ကော်ဖီစေ့အရောင်းဆိုင်တစ်ခုဖြစ်တဲ့ Starbucks နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ဒီနောက်မှာတော Starbucks ကုမ္ပဏီမှာ ဆက်လုပ်ဖြစ်ပြီး ကမ္ဘာ့ကသိတဲ့ Starbucks ကော်ဖီလုပ်ငန်းကြီးကို တည်ထောင်လာနိုင်ခဲ့ပါတယ်။
၆။ Dr. Dre
လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ Rap ဂီတဟာ မြေအောက်အပျော်တမ်းလှုပ်ရှားမှုတွေကန ကမ္ဘာနဲ့ချီတဲ့ ရေစီးကြောင်း တစ်ခုဖြစ်လာခဲ့ပါတယ်။ Rap ဂီတနဲ့ ပတ်သက်လာရင် Dr. Dre လို့ လူသိများကြတဲ့ Andre Young လောက် လွှမ်းမိုးနိုင်သူ အနည်းစုပဲရှိပါတယ်။ Dr. Dre ဟာ Rap လောကမှာ သြဇာတိက္ကမကြီးမားလှတဲ့ N.W.A Rap Group ရဲ့ တည်ထောင်သူအဖွဲ့ဝင်ဖြစ်သလို့ တစ်ဦးချင်းလုပ်ရှားမှုတွေလည်း ရှိပါတယ်။ သူရဲ့အထူးချွန်ဆုံးအပိုင်းကတော့ Mixing Board နောက်မှာပဲဖြစ်ပါတယ်။ Dr. Dre ဟာ အအောင်မြင်ဆုံး Rapper လို့ ချီးကျူးဂုဏ်ပြုခံရတဲ့ Eminem ကို မြေတောင်မြှောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ အနုပညာရှင်၊ ထုတ်လုပ်သူ စတာတွေအပြင် Dr. Dre ဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ Aftermath Records အမည်ရ အသံသွင်းလုပ်ငန်းတစ်ခုကို တည်ထောင်ထားသလို Beats အမှတ်တံဆိပ်နဲ့ Headphones တွေကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဒီ Headphones မူပိုင်ခွင့်ကို Apple ကုမ္ပဏီက ဒေါ်လာ (၃)ဘီလီယံနဲ့ ၀ယ်ယူခဲ့တဲ့အတွက် Dr. Dre ဟာ အချမ်းသာဆုံး Rapper တစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။
၅။ Alan Rickman
Alan Rickman ဟာ အခုချိန်မှာ ဟောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ လေးစားဂုဏ်ယူဖွယ် နာမည်တစ်ခုဖြစ်နေပေမယ့် သူ့ဘဝရဲ့အစပိုင်း ဆယ်စုနှစ်သုံးခုလောက်က ရုပ်ရှင်ရိုက်ကွင်းနားတောင် မရောက်ဖူးခဲ့ပါဘူး။ ငယ်စဉ်အခါက ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ပြီး အသက်(၂၆)နှစ် အရွယ်မှာ တစ်သက်မှာတစ်ခါပဲ ရှင်သန်ရတယ်ဆိုတာကို တွေးမိခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းစပ်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းကို ပစ်ထားခဲ့ပြီး သရုပ်ဆောင်လောကကို ၀င်ရောက်ခဲ့ပါတယ်။ အစပိုင်းမှာ အဝတ်အစားဆင်ယင်ပေးသူအဖြစ်နဲ့ လုပ်ကိုင်စားသောက်ရပြီး သရုပ်ဆောင်စွမ်းရည်ကို လက်ခံလာနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ သူ့ကို လူသိများအောင်မြင်စေခဲ့တာကတော့ Die Hard ဇာတ်ကားမှာ မင်းသားကြီး Bruce Willis ရဲ့ ဆန့်ကျင်ဘက် ဗီလိန် Hans Bruber အဖြစ်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ နာမည်ကျော် ဗီလိန်ဇာတ်ဆောင်တစ်ယောက်ဖြစ်လာပြီး Harry Potter စီးရီးတွေထဲက Severus Snape အဖြစ်နဲ့လည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။ Alan Rickman သရုပ်ဆောင်အဖြစ်နဲ့ ပထမဆုံး စတင်သရုပ်ဆောင်ရချိန်မှာ သူ့အသက် (၄၆)နှစ် ရှိနေပြီဖြစ်ပါတယ်။
၄။ Barack Obama
အမေရိကန်သမ္မတ Barack Obama ကလည်း မယုံနိုင်လောက်စရာ အောင်မြင်မှုကို ရယူနိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ Obama ကို အသက်(၁၈)နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မိခင်နဲ့ သူမထက် (၆)နှစ်ကြီးတဲ ကင်ညာနိုင်ငံသားဖခင်တို့က ဟာဝိုင်အီမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ ဘဝက ပုံမှန်အတိုင်းပဲ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာတက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက်မှာ Chicago က လူမှုအဖွဲ့အစည်းတစ်ခုမှာ နှစ်အနည်းငယ်ကြာအောင် အလုပ်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Harvard ဥပဒေကျောင်းကို တက်ရောက်ခဲ့ပြီး Harvard ဥပဒေပြန်လည်စိစစ်ရေးအဖွဲ့ရဲ့ အယ်ဒီတာဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဥက္ကဌအထိ ဖြစ်လာခဲ့ပါတယ်။ ဥပဒေနဲ့ (၁၂)နှစ်ကြာအောင် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီးနောက်မှာတော့ အမေရိကန်ဆီးနိတ်လွှတ်တော်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား လူမည်းသမ္မတဖြစ်လာခဲ့ပါတယ်။
၃။ Harlan Sanders
Harlan Sanders ဆိုတဲ့ နာမည်ကို သတိမရရင်တောင်မှ KFC ဆိုရင် သိပြီးသားဖြစ်မှာပါ။ Harlan Sanders ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ အလုပ်ပေါင်းစုံကို လုပ်ခဲ့ဖူးပြီး ကံကြမ္မာက မျက်နှာသာပေးခြင်းမခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ သူဟာ ရှေ့နေတစ်ယောက်အဖြစ်ကနေ အလုပ်ပြုတ်ခဲ့ဖူးသလို သူပိုင်ဆိုင်တဲ့ စားသောက်ဆိုင်နဲ့ မော်တယ်တို့လည်း မီးလောင်းပျက်စီးသွားခဲ့ဖူးပါတယ်။ ဒီအရာတွေကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ကြောင့် စီးပွားရေးအဆင်မပြေဖြစ်ခဲ့ရပြန်ပါတယ်။ နောက်ဆုံးမှာတော့ Harlan Sanders ဟာ KFC ကြက်ကြော်လုပ်ငန်းစုကြီးကို (၁၉၅၂)ခုနှစ်မှာ တည်ထောင်နိုင်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။
၂။ Oprah Winfrey
ဒီကမ္ဘာမှာ Oprah Winfrey လောက် အမေရိကန်အိပ်မက် မက်ဖူးတဲ့သူ ရှိမှာမဟုတ်လောက်ပါဘူး။ ဆယ်ကျော်သက်အရွယ် Single Mother တစ်ယောက်ရဲ့ သမီးဖြစ်သူ Oprah ဟာ လိမ္မာထက်မြက်ပြီး ရည်မှန်းချက်ကြီးသူဖြစ်ပါတယ်။ သူမရဲ့ ပါရမီနဲ့ အရည်အချင်းက စကားပြောအစီအစဉ်တွေအတွက် အဆင်ပြေအောင်မြင်ခဲ့ပါတယ်။ အခုဆိုရင် ၂၁ ရာစုရဲ့ ကမ္ဘာ့သြဇာတိက္ကမအကြီးဆုံး ပုဂ္ဂိုဟ်စာရင်းမှာ ပါ၀င်ခဲ့ပြီး အော်စကာဆန်ကာတင်မင်းသမီး၊ ဘီလျံနာနဲ့ အမေရိကန်မှာ အရက်ရောဆုံး ပရဟိတသမှားတစ်ယောက်လည်း ဖြစ်နေပါပြီ။
၁။ J.K. Rowling
Harry Potter စာအုပ်တွေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ကမ္ဘာတစ်ဝှမ်းကျော်ကြားအောင်မြင်လာတဲ့အတွက် ဒီစာအုပ်တွေရဲ့ စာရေးဆရာမ J.K Rowling ရဲ့ အောင်မြင်မှုကို မှန်းဆကြည့်နိုင်မှာပါ။ ဒါပေမယ့် J.K. Rowling ဟာ သူမရဲ့ပထမဆုံး စာအုပ်ကို ထုတ်ဝေပေးမယ့် စာအုပ်တိုက်ကို တွေ့ဖို့ အချိန်တစ်နှစ်လောက် ကြာခဲ့ပါတယ်။ စာအုပ်တိုက်ပေါင်းများစွာ သူမရဲ့စာမူကို ငြင်းပယ်ခံနေချိန်တစ်လျှောက်လုံးမှာ ဘဝကို ဆင်းဆင်းရဲရဲနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ အခုဆိုရင်တော့ သူမစာအုပ်တွေရဲ့ အောင်မြင်မှုနဲ့အတူ ဗြိတိန်မှာ အချမ်းသာဆုံး ပုဂ္ဂိုဟ်တစ်ဦးဖြစ်လာတဲ့အပြင် စာရေးခြင်းကနေ ဒေါ်လာဘီလီယံချီရရှိတဲ့ ဘီလျံနာတစ်ယောက်လည်း ဖြစ်နေပါပြီ။
မိန်းကလေးတိုင်း တောင့်တပြီး ယောကျင်္ားလေးတိုင်း အားကျစေမည့်
Gentleman Magazine