အညတရမွ အထင္ကရသို႔
(Zawgyi)
သင္ နာမည္ေက်ာ္တစ္ေယာက္ျဖစ္ခ်င္ပါသလား။
ေသဆံုးသြားသည့္တိုင္ေအာင္ သင့္နာမည္ကို လူသန္းေပါင္းမ်ားစြာရဲ႕စိတ္ထဲမွာ အမွတ္တရျဖစ္က်န္ေနခဲ့ေစခ်င္ပါသလား
အားလံုး ဒီလိုျဖစ္ခ်င္ၾကမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ လက္ရွိအေနအထားအရ ဒီလိုျဖစ္လာဖို႔ဆိုတာက လူနည္းစုပဲ ရွိပါတယ္။ က်န္တဲ့လူအမ်ားစုက သာမန္အညတရဘ၀နဲ႔ပဲ တစ္သက္လံုး ျဖတ္သန္းသြားမွာပါ။
သင့္အေနနဲ႔ သာမင္ေညာင္ည အညတရဘ၀က အထင္ကရတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ ပထမဆံုး လုပ္ရမယ့္အလုပ္က စိတ္ကူးယဥ္ဖို႔ပဲ ျဖစ္ပါတယ္။ ဘ၀ကို အႏိုင္လိုခ်င္ရင္၊ အမွန္တကယ္ အႏိုင္လိုခ်င္တယ္ဆိုရင္ ၾကယ္ေတြဆီကိုလည္း ေရာက္ေအာင္ သြားမယ္ဆိုတဲ့ စိတ္မ်ိဳးရွိဖို႔ လိုပါတယ္။ သင့္ စိတ္ကူးအိပ္မက္က ေသးငယ္ေနမယ္ဆိုရင္ ေအာင္ႏိုင္မႈကလည္း ေသးငယ္ေနမွာျဖစ္ပါတယ္။
စိတ္ကူးအိပ္မက္ႀကီးႀကီးမရွိပဲ ဘ၀ေအာင္ျမင္ႀကီးႀကီးမားမားလည္း ရွိလာမွမဟုတ္ပါဘူး။ ဘာျဖစ္လို႔ တတ္ႏိုင္သေလာက္ အႀကီးဆံုး စိတ္ကူးကို မယဥ္ႏိုင္ရတာလဲ။
အဆံုးသတ္မွာ ေအာင္ျမင္မႈမရွိတဲ့ ဘ၀မ်ိဳးမွာပဲ ေနခ်င္ပါသလား။
မဟုတ္ပါဘူး။ ေနခ်င္မွာမဟုတ္ပါဘူး။ ဒါဆိုရင္ ဘာျဖစ္လို႔ ျဖစ္ခ်င္တာေတြကို ျဖစ္ေအာင္လုပ္ဖို႔ စိတ္ကို လမ္းဖြင့္မေပးႏိုင္ရတာလဲ။ ေအာင္ျမင္မႈနဲ႔ ထိုက္တန္ရဲ႕သားနဲ႔ ဘာေၾကာင့္ ေနာင္တေတြနဲ႔ ဘ၀ကို ကုန္ဆံုးခ်င္ရတာလဲ။
အိပ္မက္ႀကီးႀကီးမက္ပါ။
ေအာင္ႏိုင္သူတစ္ေယာက္အေနနဲ႔ အားလံုးကို ငံု႔ၾကည့္ႏိုင္ဖို႔က အျမင့္ဆံုးကို ေရာက္ေနဖို႔ လိုပါတယ္။ အႀကီးႀကီးေတြးပါ။ သာမန္ဘ၀ကေန ရုန္းထြက္ပါ။ ဘာျဖစ္လို႔ သာမန္ဘ၀မွာပဲ ရပ္တန္႔ေနရတာလဲ။ ရုိးရိုးေလးပါ။ သင့္စိတ္ရဲ႕အတိမ္အနက္ကို တိုးခ်ဲ႕ပါ။ ေသးေသးေလးေတြ ေတြးမေနပါနဲ႔ေတာ့။ သင့္ရဲ႕ စိတ္ကို ေကာင္းကင္ထိျမွင့္တင္ထားၿပီး မိုးကုပ္စက္၀ိုင္းအထိ ျဖန္႔က်က္ထားလိုက္ပါ။
Apple ရဲ႕ တည္ေထာင္သူ Steve Jobs လုပ္ငန္းစတင္ခ်ိန္က အျခားသူေတြလို သာမန္ေလာက္ပဲ စိတ္ကူးရွိမယ္လို႔ ထင္ပါသလား။ လံုး၀မဟုတ္ပါဘူး။
သူက အညတရေနရာမွာ ရပ္မေနပါဘူး။ သူက အႀကီးႀကီးေတြ အိပ္မက္ခဲ့ရုံသာမကပါဘူး။ သူ႔အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ အခ်ိန္ကိုပါ ယူခဲ့ပါတယ္။ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြနဲ႔ သူ႔စိတ္ကို အလဟႆအျဖစ္မခံပါဘူး။
အျခားသူေတြအားလံုးက လက္ရွိမွ်ေျခကိုပဲ ထိန္းသိမ္းဖို႔ အာရုံစိုက္ေနခ်ိန္မွာ Steve Jobs က လုပ္ငန္းနယ္ပယ္တစ္ခုလံုးကို ေျပာင္းလဲတိုးတက္သြားေအာင္ စိတ္ကူးလုပ္ေဆာင္ခဲ့ပါတယ္။ သူ႔အေနနဲ႔သာ ႀကီးမားဆန္းျပားတာတစ္ခုကို လုပ္ေဆာင္ဖို႔ ရည္မွန္းခ်က္မရွိခဲ့ရင္ အျခားသူေတြလိုပဲ မထင္မရွားနဲ႔ ၿပီးဆံုးသြားမွာျဖစ္ပါတယ္။
သူ႔ကိုယ္သူ ထူးျခားတယ္ဆိုတာကို သိခဲ့ပါတယ္။ ဒီခံစားခ်က္ကို ေလာင္စာအျဖစ္အသံုးခ်ၿပီး သူလိုခ်င္ခဲ့တဲ့ အရာကို ရယူခဲ့တာျဖစ္ပါတယ္။
သင္လည္း ထူးျခားပါတယ္။
ဘ၀ရဲ႕ကစားပြဲကို မစတင္ခင္မွာ ဘယ္ေလာက္အထိ ကစားမွာလဲဆိုတာကို သိဖို႔လိုပါတယ္။ သင္ စြမ္းေဆာင္ႏိုင္မယ္လို႔ ထင္ထားသေလာက္ပဲ စြမ္းေအာင္ေအာင္ျမင္ႏိုင္မွာ ျဖစ္ပါတယ္။
သင္အိပ္မက္ေတြက အကန္႔အသတ္ျဖစ္ေနပါတယ္။ ဒါ့ေၾကာင့္ စိတ္ကူးအိပ္မက္ ေသးေသးေလးပဲ ရွိမယ္ဆိုရင္ သင္ရဲ႕ စြမ္းေဆာင္ရည္ကလည္း ေသးငယ္ေနမွာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ တကယ္စြမ္းေဆာင္ႏိုင္တာရဲ႕ ထက္၀က္ေလာက္ပဲ ေအာင္ျမင္ႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တတ္ႏိုင္သမွ် စိတ္ကူးအိပ္မက္ ႀကီးႀကီးထားပါ။
သင့္ စိတ္ကူးအိပ္မက္ကို သင္ကိုယ္တိုင္ေတာင္ မယုံႏိုင္ေအာင္မျဖစ္ေသးဘူးဆိုရင္ လုံေလာက္ေအာင္ မႀကီးမားေသးပါဘူး။ ဒီစိတ္ကူးအိပ္မက္ကို တစ္ေန႔မွာျဖစ္ေျမာက္လာေအာင္ လုပ္ႏိုင္ပါ့မလားဆိုၿပီး သင္ကိုယ္တိုင္က ေၾကာက္လန္႔ေနတဲ့အထိ ေတြးပစ္လိုက္ပါ။
ဒါက ပထမဆံုးအဆင့္ပဲရွိပါေသးတယ္။
ဒီအခ်က္က အေျခခံျဖစ္ပါတယ္။ သင့္ရဲ႕ဘ၀ကို စိတ္ကူးအိပ္မက္ေပၚမွာ အေျခခံတည္ေဆာက္ရမွာ ျဖစ္ပါတယ္။ ဘ၀ရဲ႕ အေရးကိစၥေတြသာမက ဘ၀ရဲ႕အရည္အေသြးကိုပါ တည္ေဆာက္ရမွာပါ။ စိတ္ကူးအိပ္မက္ႀကီးႀကီးထားၿပီး အထင္ကရ ဘ၀မွာ ေနမလား၊ ခပ္ေသးေသးပဲ စိတ္ကူးၿပီး သာမန္ အညတရဘ၀မွာပဲေနမလားဆိုတာက သင့္ရဲ႕ ေရြးခ်ယ္မႈပါပဲ။
တကယ္လို႔မ်ား သင့္အတြက္ ေအာင္ျမင္မႈက ေသခ်ာၿပီး က်႐ႈံးဖို႔အေၾကာင္းမရွိဘူးဆိုရင္ သင္ ဘာလုပ္မလဲ ???
ဒီေမးခြန္းအတြက္ သင့္ရဲ႕အေျဖက သင့္စိတ္ကူးအိပ္မက္ပဲ ျဖစ္ပါတယ္။ ေမးခြန္းကို နားလည္ေအာင္ျပန္ဖတ္ပါ။ ျပန္ေျဖၾကည့္ပါဦး။
သင့္အေနနဲ႔ အဆံုးသတ္လွေစခ်င္ရင္ အစေကာင္းဖို႔လိုပါတယ္။ သင့္ရဲ႕ စိတ္ကူးအိပ္မက္က သင္ကိုယ္တိုင္ အမွန္တကယ္လိုခ်င္တဲ့အရာျဖစ္ဖို႔ လိုပါတယ္။ မိသားစု သူငယ္ခ်င္း စတဲ့အျခားတစ္ေယာက္ေယာက္ရဲ႕ အိပ္မက္ျဖစ္ေနလို႔ မရပါဘူး။ အျခားလူတစ္ေယာက္ရဲ႕ အိပ္မက္ကို အေကာင္အထည္ေဖာ္ေနရုံနဲ႔ အႀကီးအက်ယ္ေအာင္ျမင္မႈကို မရႏိုင္ပါဘူး။ Martin Luther King ကေန Leonardo Da Vinci အထိ အထင္ကရျဖစ္ခဲ့သူတိုင္းက ကိုယ္ပိုင္အိပ္မက္ေတြေနာက္ကို လိုက္ခဲ့ၾကသူေတြခ်ည္းပဲ ျဖစ္ပါတယ္။
လာမယ့္ႏွစ္မွာ သင့္အလိုခ်င္ဆံုးအရာက ဘာလဲ ?
သင့္ရဲ႕ ေနာက္ဆံုး ရည္မွန္းခ်က္၊ စိတ္ကူးအိပ္မက္ေတြက ဘာေတြလဲ ?
အားလံုးကို စာရြက္တစ္ရြက္မွာ ခ်ေရးထားလိုက္ပါ။
အိပ္ရာမ၀င္ခင္နဲ႔ မနက္မိုးလင္း အိပ္ရာထခ်ိန္တိုင္းမွာ ဖတ္ပါ။ ႀကိဳးစားပါ။ အေကာင္အထည္ေဖာ္ပါ။ ေအာင္ျမင္မႈဆိုတာ လက္တကမ္းမွာရွိပါတယ္။ အျခားလူတစ္ေယာက္ရဲ႕ သမိုင္းတစိတ္တေဒသျဖစ္ေနမယ့္ သာမန္ အညတရဘ၀ကေန ရုန္းထြက္ၿပီး ကိုယ္ပိုင္အထင္ကရသမိုင္းတစ္ခုကို ေရးထိုးလိုက္ပါ။
[sg_popup id=6]
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++++++++++++++++++++++
အညတရမှ အထင်ကရသို့
(Unicode)
သင် နာမည်ကျော်တစ်ယောက်ဖြစ်ချင်ပါသလား။
သေဆုံးသွားသည့်တိုင်အောင် သင့်နာမည်ကို လူသန်းပေါင်းများစွာရဲ့စိတ်ထဲမှာ အမှတ်တရဖြစ်ကျန်နေခဲ့စေချင်ပါသလား
အားလုံး ဒီလိုဖြစ်ချင်ကြမှာ သေချာပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ ဒီလိုဖြစ်လာဖို့ဆိုတာက လူနည်းစုပဲ ရှိပါတယ်။ ကျန်တဲ့လူအများစုက သာမန်အညတရဘဝနဲ့ပဲ တစ်သက်လုံး ဖြတ်သန်းသွားမှာပါ။
သင့်အနေနဲ့ သာမင်ညောင်ည အညတရဘဝက အထင်ကရတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ပထမဆုံး လုပ်ရမယ့်အလုပ်က စိတ်ကူးယဉ်ဖို့ပဲ ဖြစ်ပါတယ်။ ဘဝကို အနိုင်လိုချင်ရင်၊ အမှန်တကယ် အနိုင်လိုချင်တယ်ဆိုရင် ကြယ်တွေဆီကိုလည်း ရောက်အောင် သွားမယ်ဆိုတဲ့ စိတ်မျိုးရှိဖို့ လိုပါတယ်။ သင့် စိတ်ကူးအိပ်မက်က သေးငယ်နေမယ်ဆိုရင် အောင်နိုင်မှုကလည်း သေးငယ်နေမှာဖြစ်ပါတယ်။
စိတ်ကူးအိပ်မက်ကြီးကြီးမရှိပဲ ဘဝအောင်မြင်ကြီးကြီးမားမားလည်း ရှိလာမှမဟုတ်ပါဘူး။ ဘာဖြစ်လို့ တတ်နိုင်သလောက် အကြီးဆုံး စိတ်ကူးကို မယဉ်နိုင်ရတာလဲ။
အဆုံးသတ်မှာ အောင်မြင်မှုမရှိတဲ့ ဘဝမျိုးမှာပဲ နေချင်ပါသလား။
မဟုတ်ပါဘူး။ နေချင်မှာမဟုတ်ပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဖို့ စိတ်ကို လမ်းဖွင့်မပေးနိုင်ရတာလဲ။ အောင်မြင်မှုနဲ့ ထိုက်တန်ရဲ့သားနဲ့ ဘာကြောင့် နောင်တတွေနဲ့ ဘဝကို ကုန်ဆုံးချင်ရတာလဲ။
အိပ်မက်ကြီးကြီးမက်ပါ။
အောင်နိုင်သူတစ်ယောက်အနေနဲ့ အားလုံးကို ငုံ့ကြည့်နိုင်ဖို့က အမြင့်ဆုံးကို ရောက်နေဖို့ လိုပါတယ်။ အကြီးကြီးတွေးပါ။ သာမန်ဘဝကနေ ရုန်းထွက်ပါ။ ဘာဖြစ်လို့ သာမန်ဘဝမှာပဲ ရပ်တန့်နေရတာလဲ။ ရိုးရိုးလေးပါ။ သင့်စိတ်ရဲ့အတိမ်အနက်ကို တိုးချဲ့ပါ။ သေးသေးလေးတွေ တွေးမနေပါနဲ့တော့။ သင့်ရဲ့ စိတ်ကို ကောင်းကင်ထိမြှင့်တင်ထားပြီး မိုးကုပ်စက်ဝိုင်းအထိ ဖြန့်ကျက်ထားလိုက်ပါ။
Apple ရဲ့ တည်ထောင်သူ Steve Jobs လုပ်ငန်းစတင်ချိန်က အခြားသူတွေလို သာမန်လောက်ပဲ စိတ်ကူးရှိမယ်လို့ ထင်ပါသလား။ လုံးဝမဟုတ်ပါဘူး။
သူက အညတရနေရာမှာ ရပ်မနေပါဘူး။ သူက အကြီးကြီးတွေ အိပ်မက်ခဲ့ရုံသာမကပါဘူး။ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်ကိုပါ ယူခဲ့ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ သူ့စိတ်ကို အလဟဿအဖြစ်မခံပါဘူး။
အခြားသူတွေအားလုံးက လက်ရှိမျှခြေကိုပဲ ထိန်းသိမ်းဖို့ အာရုံစိုက်နေချိန်မှာ Steve Jobs က လုပ်ငန်းနယ်ပယ်တစ်ခုလုံးကို ပြောင်းလဲတိုးတက်သွားအောင် စိတ်ကူးလုပ်ဆောင်ခဲ့ပါတယ်။ သူ့အနေနဲ့သာ ကြီးမားဆန်းပြားတာတစ်ခုကို လုပ်ဆောင်ဖို့ ရည်မှန်းချက်မရှိခဲ့ရင် အခြားသူတွေလိုပဲ မထင်မရှားနဲ့ ပြီးဆုံးသွားမှာဖြစ်ပါတယ်။
သူ့ကိုယ်သူ ထူးခြားတယ်ဆိုတာကို သိခဲ့ပါတယ်။ ဒီခံစားချက်ကို လောင်စာအဖြစ်အသုံးချပြီး သူလိုချင်ခဲ့တဲ့ အရာကို ရယူခဲ့တာဖြစ်ပါတယ်။
သင်လည်း ထူးခြားပါတယ်။
ဘဝရဲ့ကစားပွဲကို မစတင်ခင်မှာ ဘယ်လောက်အထိ ကစားမှာလဲဆိုတာကို သိဖို့လိုပါတယ်။ သင် စွမ်းဆောင်နိုင်မယ်လို့ ထင်ထားသလောက်ပဲ စွမ်းအောင်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
သင်အိပ်မက်တွေက အကန့်အသတ်ဖြစ်နေပါတယ်။ ဒါ့ကြောင့် စိတ်ကူးအိပ်မက် သေးသေးလေးပဲ ရှိမယ်ဆိုရင် သင်ရဲ့ စွမ်းဆောင်ရည်ကလည်း သေးငယ်နေမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တကယ်စွမ်းဆောင်နိုင်တာရဲ့ ထက်ဝက်လောက်ပဲ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ စိတ်ကူးအိပ်မက် ကြီးကြီးထားပါ။
သင့် စိတ်ကူးအိပ်မက်ကို သင်ကိုယ်တိုင်တောင် မယုံနိုင်အောင်မဖြစ်သေးဘူးဆိုရင် လုံလောက်အောင် မကြီးမားသေးပါဘူး။ ဒီစိတ်ကူးအိပ်မက်ကို တစ်နေ့မှာဖြစ်မြောက်လာအောင် လုပ်နိုင်ပါ့မလားဆိုပြီး သင်ကိုယ်တိုင်က ကြောက်လန့်နေတဲ့အထိ တွေးပစ်လိုက်ပါ။
ဒါက ပထမဆုံးအဆင့်ပဲရှိပါသေးတယ်။
ဒီအချက်က အခြေခံဖြစ်ပါတယ်။ သင့်ရဲ့ဘဝကို စိတ်ကူးအိပ်မက်ပေါ်မှာ အခြေခံတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဘဝရဲ့ အရေးကိစ္စတွေသာမက ဘဝရဲ့အရည်အသွေးကိုပါ တည်ဆောက်ရမှာပါ။ စိတ်ကူးအိပ်မက်ကြီးကြီးထားပြီး အထင်ကရ ဘဝမှာ နေမလား၊ ခပ်သေးသေးပဲ စိတ်ကူးပြီး သာမန် အညတရဘဝမှာပဲနေမလားဆိုတာက သင့်ရဲ့ ရွေးချယ်မှုပါပဲ။
တကယ်လို့များ သင့်အတွက် အောင်မြင်မှုက သေချာပြီး ကျရှုံးဖို့အကြောင်းမရှိဘူးဆိုရင် သင် ဘာလုပ်မလဲ ???
ဒီမေးခွန်းအတွက် သင့်ရဲ့အဖြေက သင့်စိတ်ကူးအိပ်မက်ပဲ ဖြစ်ပါတယ်။ မေးခွန်းကို နားလည်အောင်ပြန်ဖတ်ပါ။ ပြန်ဖြေကြည့်ပါဦး။
သင့်အနေနဲ့ အဆုံးသတ်လှစေချင်ရင် အစကောင်းဖို့လိုပါတယ်။ သင့်ရဲ့ စိတ်ကူးအိပ်မက်က သင်ကိုယ်တိုင် အမှန်တကယ်လိုချင်တဲ့အရာဖြစ်ဖို့ လိုပါတယ်။ မိသားစု သူငယ်ချင်း စတဲ့အခြားတစ်ယောက်ယောက်ရဲ့ အိပ်မက်ဖြစ်နေလို့ မရပါဘူး။ အခြားလူတစ်ယောက်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေရုံနဲ့ အကြီးအကျယ်အောင်မြင်မှုကို မရနိုင်ပါဘူး။ Martin Luther King ကနေ Leonardo Da Vinci အထိ အထင်ကရဖြစ်ခဲ့သူတိုင်းက ကိုယ်ပိုင်အိပ်မက်တွေနောက်ကို လိုက်ခဲ့ကြသူတွေချည်းပဲ ဖြစ်ပါတယ်။
လာမယ့်နှစ်မှာ သင့်အလိုချင်ဆုံးအရာက ဘာလဲ ?
သင့်ရဲ့ နောက်ဆုံး ရည်မှန်းချက်၊ စိတ်ကူးအိပ်မက်တွေက ဘာတွေလဲ ?
အားလုံးကို စာရွက်တစ်ရွက်မှာ ချရေးထားလိုက်ပါ။
အိပ်ရာမဝင်ခင်နဲ့ မနက်မိုးလင်း အိပ်ရာထချိန်တိုင်းမှာ ဖတ်ပါ။ ကြိုးစားပါ။ အကောင်အထည်ဖော်ပါ။ အောင်မြင်မှုဆိုတာ လက်တကမ်းမှာရှိပါတယ်။ အခြားလူတစ်ယောက်ရဲ့ သမိုင်းတစိတ်တဒေသဖြစ်နေမယ့် သာမန် အညတရဘဝကနေ ရုန်းထွက်ပြီး ကိုယ်ပိုင်အထင်ကရသမိုင်းတစ်ခုကို ရေးထိုးလိုက်ပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine